ဖွဲ့စည်းပုံအခြေခံဥပဒေသည်မြန်မာ့နိုင်ငံရေးဆိုင်ရာအခြေခံအဆောက် အအုံဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေး မှူးဆွေးနွေးပြော ကြား
Tuesday, November 5, 2013
ယမန်နေ့မွန်းလွဲ ၁နာရီမှ ၃နာရီ ၄၅မိနစ် အထိ ရန်ကုန်မြို့ ဗဟန်းမြို့နယ်
အနောက်မြင်း ပြိုင်ကွင်းလမ်းနှင့် ဆရာစံလမ်းထောင့် အမှတ် (၉ဝ)ရှိ
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ
လေ့လာသုံးသပ်ရေးဆွေးနွေးပွဲ ကျင်းပ ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသ ကြီးတာဝန်ခံ
ဦးမောင်မောင်သိမ်းတက်ရောက် ခဲ့ပြီး ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည်
မြန်မာ့နိုင်ငံရေး အခြေခံအဆောက်အအုံဖြစ် ကြောင်းဆွေးနွေးပြောကြားသည်။
ယင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီး/ခရိုင်/
မြို့နယ် အသီးသီးတို့မှ ပါတီကော်မတီဝင်များ စုစုပေါင်း ၁၅ဝ
တက်ရောက်ခဲ့ကြသည်။ ယင်း ဆွေးနွေးပွဲတွင် ပါတီအထွေထွေအတွင်းရေးမှူး
ဦးမောင်မောင်သိမ်း က ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်တွင်
ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာ သုံးသပ်ရေးအတွက် အရေးကြီးအဆိုတင်သွင်း
ထောက်ခံခဲ့မှုများနှင့် ပါတီ၏သဘောထားကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး
၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာ့ဒီမိုကရေစီ
ဖော်ဆောင်ရေးလုပ်ငန်းစဉ်၏ အဓိကအရေးကြီး သော အခြေခံအုတ်မြစ်ကြီးဖြစ်ကြောင်း၊
ယင်း အခြေခံဥပဒေကြောင့် ရှေးယခင်ကမရရှိခဲ့သေး သည့်
နိုင်ငံသားအခွင့်အရေးများကို ရရှိခံစား ခွင့်ရှိနေကြောင်း၊ ၂ဝဝ၈ ခုနှစ်
ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေး အခန်းကဏ္ဍ၏ အဓိက
မောင်းနှင်အားဖြစ်ခဲ့ပြီး အခြားနိုင်ငံများရှိ ဒီမိုကရေစီဖော်ဆောင်ရေး
လုပ်ငန်းစဉ်များနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့နိုင်ငံ များ၏
စံပြုအားထားလေ့ လာရမည့် မြန်မာ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ခဲ့ကြောင်း၊ အခြား နိုင်ငံများ၏ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်း
များတွင် နောက်ကြောင်းပြန်လှည့်သည့် ဖြစ်စဉ် ဖြစ်ရပ်များဖြစ်ပေါ်နေသည်ကို
နိုင်ငံတကာမီဒီယာ များမှတစ်ဆင့် လေ့လာသိရှိနိုင်မည်ဖြစ်ကြောင်း၊ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာ့ ဒီမိုကရေစီဖြစ်ထွန်းဖွံ့ဖြိုးရေးအတွက်
မရှိမဖြစ် လိုအပ်သည့် မြန်မာ့နိုင်ငံရေးဆိုင်ရာ အခြေခံ အဆောက်အအုံ
(Political Infrastructure) ကြီး တစ်ခုဖြစ်နေကြောင်းပြောကြားသည်။ ထို့နောက် ယင်း နိုင်ငံရေးဆိုင်ရာ အခြေခံအဆောက်အအုံ ကြီးမှဖော်ညွှန်းသောလုပ်ငန်းစဉ်များနှင့် နိုင်ငံ သားအခွင့်အရေး များကို နိုင်ငံတစ်ဝန်း ရရှိခံစား အကောင်အထည်ဖော်ဆောင်ပေးနိုင်မှုအခြေအနေ များ၊၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များမှ ခေတ်နှင့်လျော်ညီသော အကြောင်း အရာများနှင့်ခေတ်နှင့်မလျော်ညီသော အကြောင်း အရာဖော်ပြချက်များကိုဓမ္မဓိဋ္ဌာန်ကျကျဖော်ထုတ် ၍ လေ့လာသုံးသပ်ဆွေးနွေးကြရန် တိုက်တွန်း မှာကြားသည်။
တက်ရောက်သူများထဲမှ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်း
ဆွေက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်ခဲ့သည့်
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ခဲ့ရာတွင် နိုင်ငံခြားသား
ဥပဒေပညာရှင်တစ်ဦး၏ မြန်မာ့ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်
ရှုမြင်သုံးသပ်ခဲ့ သည့် အခြေအနေများကိုရှင်းလင်းတင်ပြသည်။ ယင်းနောက်တက်ရောက်လာသည့် ခရိုင်/မြို့နယ် များက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာ သုံးသပ်မှုများနှင့် ခရိုင်/မြို့နယ်/ရပ်ကွက်များ အလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ် ရေး ဆွေးနွေးပွဲများကျင်းပပြီးစီးမှုနှင့် တက် ရောက်ဆွေးနွေး ခဲ့သည့် ပြည်သူများ၏ ဆွေးနွေး ချက်/လိုလားချက်များတင်ပြထားမှုကို ပါတီ အထွေထွေအတွင်းရေးမှူးထံ တင်ပြဆွေးနွေး ခဲ့ကြသည်။
The Union Daily
No comments:
Post a Comment