တပ်မတော်၊လွှတ်တော်နှင့်နိုင်ငံတော်သမ္မတ ငြိမ်းချမ်းရေးဖော်ဆောင်ရန်ဆုံးဖြတ်ထား အားလုံးလက်ခံသည့်မူဘောင်ကိုအခြေခံပြီးနိုင်ငံရေးဆွေးနွေးမည်
Tuesday, November 5, 2013
တိုင်းရင်းသားများ အမြဲတောင်းဆိုခဲ့သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင် ပေးနိုင်ရန် အတွက် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးအာသီသရှိပါကြောင်းဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက နံနက် ၁ဝနာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့ မဂျွယ်ခန်းမ၌ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
၎င်းက ဆက်လက်ပြောကြားရာတွင် အဖွဲ့ ပေါင်းများစွာနှင့် တစ်ပြိုင်တည်းစကားပြောပြီး ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ရမည်မှာ အခက် အခဲများရှိပါကြောင်း၊ သို့ရာတွင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုအပေါ်အခြေခံသည့်အဖြေရှာမှုကိုလက်ခံ ခဲ့သည့်အတွက် နိုင်ငံရေးဆွေးနွေးပွဲသို့မရောက်
ရောက်အောင် ဆုံးဖြတ်ထားပြီးဖြစ်ပါကြောင်း၊ Framework for Political
Dialouge မူဘောင်ကို အစိုးရကလက်ဦးမှုယူပြီး ရေးဆွဲမည် မဟုတ်ဘဲ
အစိုးရအပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊
အခြားအဓိကကျသည့် နိုင်ငံရေးအင်အားစုများ လည်း ပါဝင်ရမည်ဖြစ်ကြောင်း၊
လူထုအခြေပြု အဖွဲ့များ၏အသံများကိုလည်း နားထောင်သွားရ မည်ဖြစ်ပြီး
အဓိကအင်အားစုများ လက်ခံသည့် မူဘောင်တစ်ခုအပေါ်အခြေခံ၍ နိုင်ငံရေးဆွေး
နွေးပွဲများကျင်းပသွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
အလားတူ ဒုတိယဥက္ကဋ္ဌပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင် မှုကော်မတီဥက္ကဋ္ဌဦးသိန်းဇော်က မိမိ တို့သည် နိုင်ငံတော်သမ္မတကိုယ်တိုင် ဖွဲ့စည်းစေ လွှတ်လိုက်သည့် အဖွဲ့ဖြစ်ပါကြောင်း၊ နိုင်ငံတော် သမ္မတ၏သဝဏ်လွှာတွင် လိုင်ဇာအစည်းအဝေး ဆုံးဖြတ်ချက်နှင့်ရှေ့ ဆက်ဆောင်ရွက်မည့်လုပ်ငန်း စဉ်များသည် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အတွက် အထောက်အကူပြုမည်ဟု ယုံကြည် ကြောင်းကိုဖော်ပြထားပြီဖြစ်ကြောင်း၊ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကလည်း
နှုတ်ဆက်ဆုတောင်းစကားပါးလိုက်ပါကြောင်း။
ပြည်ထောင်စုလွှတ်တော်နာယကကလည်း လက်ရှိကာလသည် နိုင်ငံပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်အတွက် ဦးတည်ဆောင်ရွက်လျက်ရှိ သည့်
ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းများ ကို မိမိတို့နိုင်ငံသားများ၊ ကမ္ဘာ့နိုင်ငံများ၊ ကုလ သမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများက လိုလား အားပေးကူညီနေချိန်ဖြစ်ကြောင်း၊ တိုင်းရင်းသား ရေးရာနှင် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီများဖွဲ့စည်းပြီး လွှတ်တော်စတင်ကျင်းပ ချိန်မှစ၍ ငြိမ်းချမ်းရေးလုပ်ငန်းများတွင်ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း။
ထို့အပြင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်အထောက်အကူပြုမည့်တိုင်းရင်းသားကာကွယ် စောင့်ရှောက်သည့်
ဥပဒေပြဋ္ဌာန်းနိုင်ရန် ဆောင် ရွက်လျက်ရှိကြောင်း၊ အခြေခံဥပဒေလေ့လာရေး
ကော်မတီဖွဲ့စည်း၍ လေ့လာသုံးသပ်လျက်ရှိပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုး သား ပြန်လည်သင့်မြတ်ရေးကိုဆောင်ရွက်လျက် ရှိကြောင်း နှုတ်ခွန်းဆက်စကားပါးလိုက်ပါသည် ဟု ပြောကြားသည်။
ထို့နောက်ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းက နိုင်ငံတော်သမ္မတ၏ ငြိမ်းချမ်းရေးဆိုင်ရာ မိန့်ခွန်း များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ငြိမ်း ချမ်းရေးဆိုင်ရာသဘောထားများကို ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို
စားပွဲ ဝိုင်းတွင် ယခုလိုတွေ့မြင်ရသည့်အတွက် ဝမ်း မြောက်မိကြောင်း၊
တပ်မတော်က ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ကလည်း
ထိုသို့ပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပေးအပ်သည့်တာဝန်များကို တိတိကျကျ
ဆောင်ရွက် ရမည်ဖြစ်သည့် အတွက် ယင်းကိုသံသယမရှိစေလိုကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် တစ်ပြည်လုံးအတိုင်း
အတာဖြင့် အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးအရဆွေးနွေး ရန်အတွက်
မူဘောင်တစ်ခု ချမှတ်ရေး ၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးတို့ကို
ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၊ ပြည်သူ၊
အချုပ်အခြာအာဏာနှင့် နယ်နိမိတ်တို့ကို ကိုယ်စားပြုပါကြောင်း၊ ယခုဆိုလျှင်
အပစ် အခတ်ရပ်စဲရေး အထိုက် အလျောက်ခရီးရောက် ပြီဖြစ်ပါကြောင်း၊
ယခုဆွေးနွေးပွဲမှ တစ်ဆင့်ပြီး တစ်ဆင့်ဆောင်ရွက်နိုင်မည် ဟု
ယုံကြည်ကြောင်း ပြောကြားသည်။
ထို့အတူ ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုးက KNU က အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်မှုကို
လက်ခံခဲ့ကြောင်း၊ နှစ် ၆ဝ ကျော်ပဋိပက္ခကြောင့် အသက်ပေါင်းများစွာနှင့်
အိုးအိမ်မြောက်မြားစွာ ဆုံးရှုံးခဲ့ရကြောင်း၊ KNU (၁၅) ကြိမ်မြောက်
ညီလာခံတွင် ပဋိပက္ခများကို စစ်မြေပြင်တွင် မည်သို့မျှဖြေရှင်း၍မရနိုင်ဟုဆုံးဖြတ်ခဲ့ကြောင်း၊
စားပွဲဝိုင်းတွင်သာ နိုင်ငံရေးအရဖြေရှင်းရန် KNU ကဆန္ဒရှိပါကြောင်း၊
သမ္မတကြီး၊ ကာကွယ်ရေး ဦးစီးချုပ်တို့နှင့်တွေ့ဆုံစဉ်၌လည်း မိမိတို့သဘော ထားကိုပြောကြားခဲ့ပါကြောင်း၊ KNU အနေဖြင့် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် မရိုးသားသော စိတ်ထားမရှိခဲ့ကြောင်းပြောကြားသည်။
The Union Daily
No comments:
Post a Comment