Pages

Tuesday, November 5, 2013

မန္တလေးတွင် သက်တမ်းလွန်ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်း သိန်းခုနစ်ရာကျော်ဖိုး မီးရှို့ဖျက်ဆီးမည်


Tuesday, November 5, 2013

မန္တလေးမြို့တော်တွင် တန်ဖိုးကျပ်သိန်း ခုနစ်ရာကျော်ရှိသော သက်တမ်း လွန်နေသည့် ဆေးဝါးများ၊ စားသောက် ကုန် များနှင့် အလှကုန်ပစ္စည်းများကို နိုဝင်ဘာလ ၉ရက်နေ့တွင် အေးရိပ်ငြိမ် သုသာန်၌ မီးရှို့ဖျက်ဆီး မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။"ဆေးကုမ္ပဏီ တစ်ခုတည်းကကို သိန်းခြောက်ရာကျော်ဖိုး လောက်ရှိတယ်။ တခြား လူသုံးကုန် ပစ္စည်း တွေရယ်၊ စားသုံးကုန်တွေရယ် ပေါင်းလိုက်ရင် ကျပ်သိန်း ခုနစ်ရာကျော်တယ်" ဟု ၄င်းက ဆိုသည်။

အဆိုပါ သက်တမ်းလွန်ပစ္စည်းများကို မီးရှို့ရန် ကုမ္ပဏီများက ဌာနသို့ လာရောက် ပေးအပ်ထားခြင်း ဖြစ်ကြောင်း ၊ ကုမ္ပဏီများနှင့် အရောင်းဆိုင်များ အနေဖြင့် သက်တမ်းလွန် ဆေးဝါးများ၊ စားသောက်ကုန်များနှင့် အလှကုန် ပစ္စည်း များကို ဖျက်ဆီးလိုပါက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနသို့ အသိပေး အကြောင်းကြားရမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

"ဈေးဝယ်ရင်တော့ ဆေးတွေသက် တမ်းလွန်မလွန် ကြည့်ပြီးဝယ်ရတာပဲ။ တချို့ ဆေးဆိုင်တွေမှာသက် တမ်းပြည့် ခါနီးတဲ့ ပစ္စည်းတွေ ဖြစ်တတ်တယ်" ဟု အောင်မြေသာစံ မြို့နယ်တွင် နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

The Voice Weekly

No comments:

Post a Comment