Pages

Tuesday, November 12, 2013

အီရန် ကုန်သွယ်ရေး ဒုတိယ၀န်ကြီး လုပ်ကြံခံရ

နိုဝင်ဘာ ၁၀ရက် ညပိုင်းက အီရန်နိုင်ငံ၏ မြို့တော်တီဟီရန်တွင် အီရန် ကုန်သွယ်ရေး ဒုဝန်ကြီးသည် သူ၏ ကားအတွင်း၌ လုပ်ကြံခံခဲ့ရကြောင်း အစိုးရပိုင် သတင်းအေဂျင်စီမှ ပြောကြားခဲ့သည်။

လုပ်ကြံခံရသည့် ဒုဝန်ကြီး ဆက်ဒါ ရမ်မာတာဘာဒီ၏ ရင်ဘက်နှင့် ဦးခေါင်းတို့တွင် သေနတ်ဒဏ်ရာများ ရှိပြီး သူ၏ ကားသည် ဆက်ဘယ်လန်ရင်ပြင်တွင် ရပ်ထားသည်။ လုပ်ကြံသူနှင့် ဒုဝန်ကြီးတို့အကြား စကားအပြန် အလှန် ပြောခဲ့ပုံရကြောင်းလည်း ရဲများက ဆိုသည်။ ရမ်မာတာဘာဒီသည် ကုန်သွယ်ရေးသာမက စက်မှုနှင့် သတ္တုတူးဖော်ရေး ၀န်ကြီးလည်းဖြစ်သည်။

Ref: Al Jazeera

No comments:

Post a Comment