Pages

Tuesday, November 12, 2013

ပါကစ္စတန်တွင် ဟက်ကွာနီကွန်ရက်ခေါင်းဆောင် ပစ်သတ်ခံရ



နိုဝင်ဘာ ၁၂။

ပါကစ္စတန်နိုင်ငံ အစ်လာမာဘက်မြို့တော် ဆင်ခြေဖုံးဒေသတစ်ခုတွင် အာဖဂန်နစ္စတန်မှ အမေရိကန် တပ်များ ကိုကို အဓိကခြိမ်းခြောက်နေသော ဟက်ကွာနီကွန်ရက်၏ ခေါင်းဆောင် နာဆာရူဒင်ဟက် ကွာနီသည် သေနတ် ဒဏ်ရာနှင့် သေဆုံးခဲ့ကြောင်း ပါကစ္စတန် ထောက်လှမ်းရေးနှင့် တာလီဘန် ခေါင်းဆောင်များက အတည်ပြု ပြောကြားခဲ့သည်။ ယခု နာဆာရူဒင်၏ သေဆုံးမှုသည် မည်သူ့လက်ချက်ဖြစ်ကြောင်း မည်သည့် ဘက်ကမှ အတည်ပြု ပြောကြားခြင်း မရှိသေးပေ။

နာဆာရူဒင်သည် နိုဝင်ဘာ ၁၀ရက် ညပိုင်းက ပါကစ္စတန်နိုင်ငံရှိ အမေရိကန်သံရုံးနှင့် ကီလိုမီတာ အနည်းငယ် အကွာ ဘာရာကာဟူ ဟုခေါ်သော နေရပ်တွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဟက်ကွာနီကွန်ရက်ကို နာဆာရူဒင်၏ ဖခင် ဂျာလာလူဒင် ဟက်ကွာနီက ၁၉၇၉ခုနှစ်စတင် တည်ထောင်ခဲ့သည်။ ထိုစဉ်က အာဖဂန်သို့ ရုရှားတပ်များကျူးကျော်မှုကို အဓိက တွန်းလှန်ခဲ့သော အဖွဲ့အစည်း ဖြစ်ခဲ့သည်။ လက်ရှိအချိန်တွင်း ယင်းကွန်ရက်ကို နာဆာရူဒင်၏ ညီဖြစ်သူ ဆာရာဂျက်ဒင်၏ ဦးဆောင်မှုဖြင့် ဆက်လက်ရပ်တည်နေသည်။

အာဖဂန်စစ် နှောင်းပိုင်း ကာလများတွင် ဟက်ကွာနီကွန်ရက်သည် အာဖဂန် တာလီဘန်များနှင့် ပတ်သတ် ဆက်နွယ်နေပြီး နာဆာရူဒင်မှာလည်း အမေရိကန်တို့၏ အလိုရှိသူစာရင်းတွင် ပါဝင်နေသည်။ ယခုဖြစ် ရပ်အတွက် ပါကစ္စတန်က အမေရိကန်တို့၏ လက်ချက် ဟုတ်မဟုတ် မေးခွန်းထုတ်လျက် ရှိသည်။

Ref: Xinhua

The Myanma Age

No comments:

Post a Comment