အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးဆောင်ပြီး ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလား ဆိုတာနဲ့ပတ်သက်ပြီး၊
ရခိုင်ပြည်နယ် သံတွဲမြို့မှာ ခရိုင်အဆင့် လူထုဆန္ဒသဘောထားကို ဒီကနေ့ ကောက်ယူခဲ့ရာမှာ အားလုံးက ပြန်လည်ပြင်ဆင်ရေးကိုသာ ထောက်ခံခဲ့ကြတယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥက္ကဌ ဦးညီပုက RFA ကို အခုလိုပြောပါတယ်။
ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေးဆွဲမလားဆိုတာနဲ့
ပတ်သက်ပြီး ကျောက်ဖြူခရိုင်နဲ့ စစ်တွေခရိုင်မှာ အောက်တိုဘာလ ၁၃ ရက်နဲ့ ၂၇
ရက်နေ့တွေမှာ လူထုဆန္ဒသဘောထားကောက်ယူခဲ့ရာမှာလည်း ၉၀ ရာခိုင်နှုန်းက
ပြင်ဆင်ရေး ကို ထောက်ခံခဲ့ကြတယ်လို့လည်းသိရပါတယ်။
အဲဒီသံတွဲမြို့
လူထုဆန္ဒခံယူပွဲကို ခရိုင်ပါတီရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး
လူမှုအဖွဲ့အစည်းတစ်ချို့က တာဝန်ရှိသူတွေ နဲ့ ပါတီဝင်တွေစုစုပေါင်း ၁၀၀
ခန့်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။
RFA
No comments:
Post a Comment