Pages

Monday, November 25, 2013

နှစ်ပေါင်း ၂၀ ကျော် မြန်မာနိုင်ငံ၌ ၀င်ရောက်မြှုပ်နှံခြင်း မရှိခဲ့သည့် လူဇင်ဘတ်နိုင်ငံက ပထမဆုံး အကြိမ်အဖြစ် ချင်းတွင်းနှင့် ဧရာဝတီမြစ်ကြောင်း အပျော်စီးသင်္ဘော လုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ သန်း စတင်မြှုပ်နှံ


နိုင်ငံသားပိုင် Royal Green River အပျော်စီး သင်္ဘောအား ရန်ကုန်မြစ်အတွင်း တွေ့ရစဉ် 

နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံ၌ ၀င်ရောက်မြှုပ်နှံခြင်း မရှိခဲ့သည့် လူဇင် ဘတ်နိုင်ငံ က ပထမဆုံး အကြိမ်အဖြစ် ချင်းတွင်းနှင့် ဧရာဝတီ မြစ်ကြောင်းတွင် အပျော်စီး သင်္ဘောနှင့် ဆက်နွှယ်သည့် လုပ်ငန်းလုပ်ကိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ သန်း စတင်မြှုပ်နှံ လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ယင်းကဲ့သို့ မြှုပ်နှံမှု ပြုလုပ်ရာတွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလအတွင်း ၀င်ရောက်မြှုပ်နှံ ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၅ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၁/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် လူဇင်ဘတ်နိုင်ငံ၊ Abercrombie & Kent S.a.r.I မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရာနှုန်းပြည့် နိုင်ငံခြား မြှုပ်နှံမှုဖြင့် လုပ်ကိုင်ရန် လျှောက်ထားချက်အား လုပ်ကိုင်ခွင့် ပြန်လည်ချထား ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၁၉၈၈ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဥပဒေသစ် ပြန်လည်ရေးဆွဲ ပြဋ္ဌာန်းပြီးသည့် အချိန်အထိ လူဇင်ဘတ်နိုင်ငံက ၀င်ရောက်မြှုပ်နှံလာခြင်း မရှိဘဲ အခြားပြည်ပ နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၃ ဘီလျံကျော်ရှိပြီး တရုတ်နိုင်ငံမှ အများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် လျှောက်ထားသည့် လုပ်ငန်းများကို စိစစ် ချထား ပေး လျက်ရှိရာ နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် လက်ခစား စနစ်ဖြင့် ကုန်ထုတ် လုပ်ခြင်းနှင့် အထည်ချုပ်လုပ်ခြင်း စသည့်လုပ်ငန်းများတွင် ၀င်ရောက်မြှုပ်နှံမှု အများဆုံးဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍတွင်လည်း ဆက်တိုက်ဝင်ရောက် လုပ်ကိုင်မှုများ ရှိကြောင်း သိရသည်။

Eleven

No comments:

Post a Comment