Pages

Tuesday, November 5, 2013

မရမ်းကုန်းမြို့နယ်တွင် လူသတ်မှုဖြစ်

5.11.2013

၎.၁၁.၂၀၁၃ရက်နေ့ ၁၉၃၀အချိန် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊အောင်မင်္ဂလာလမ်းသွယ် (၂)နေ ဦးလှသိန်း (၄၆)နှစ် ၊ရွှေကမ္ဘာအိမ်ယာလုံခြုံရေး (ဘ)ဦးဖိုးမောင်သည် (၃)ရပ်ကွက်၊ ရွှေကမ္ဘာအိမ်ယာလုံခြုံရေး
ကင်းတဲတွင် သတိမေ့လဲကျနေ၍ ၎င်း၏ညီမဖြစ်သူ မဌေးဝင်းမှ အင်းစိန်ဆေးရုံသို့ တင်ပို့ခဲ့ရာ ဦးလှသိန်းတွင် ယာမျက်လုံး၊နှုတ်ခမ်းဖူးယောင်ဒဏ်ရာ၊ နောက်စေ့ပေါက်ပြဲဒဏ်ရာများနှင့်သွေးအန်နေသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းကုသစဉ် ၅.၁၁.၂၀၁၃ရက်နေ့၀၇၀၀အချိန် ဦးလှသိန်းမှာသေဆုံးသွားခဲ့ပါသည်။

ဦးလှသိန်းအား ရွှေကမ္ဘာအိမ်ယာ တိုက်(A- 8)၊ အခန်း (၂၀၂)နေဇေယျာမင်းကြိုင်မှ ၄.၁၁.၂၀၁၃ရက်နေ့ ၁၉၀၀အချိန် ခန့်တွင် လက်သီးနှင့်ထိုးသဖြင့် နောက်ပြန်လဲကျရာ တမံတလင်းကြမ်းပြင်နှင့် ဦးခေါင်းနောက်စေ့ထိခိုက်မိပြီး ဒဏ်ရာရသေဆုံးသွားကြောင်း သိရှိရသဖြင့် ဇေယျာမင်းကြိုင်အား ဘုရင့်နောင်နယ်မြေရဲစခန်း(ပ) ၃၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
Yangon Police

No comments:

Post a Comment