Pages

Tuesday, November 5, 2013

ငြိမ်းချမ်းရေး ဆွေးနွေး နေချိန် တွင် လူသတ် တရားခံ အား ဖမ်းလာ သည့် ပြည်သူ့ ရဲတပ်ဖွဲ့ဝင် များ ၏ ကားကို KIA က မိုင်းခွဲ တိုက်ခိုက်

နိုဝင်ဘာ ၄ ရက်နေ့ က မန်စီ စခန်းမှူး ရဲအုပ် ဇော်လေး ဦးစီး အင်အား ၁၀ ဦး ပါဝင်တဲ့ ပြည်သူ့ ရဲတပ်ဖွဲ့ ၀င် တွေ ဟာ လူသတ် တရားခံ ၄ ဦး ကို ကားဖြင့် ဖမ်းဆီး ခေါ်ဆောင် လာစဉ် လမ်းမှာ KIA အဖွဲ့ က နေပြီး ရီမု မိုင်းဖြင့် ယာဉ်တန်း ကို မိုင်းခွဲ တိုက်ခိုက် ခဲ့ကြောင်း သိရ သည်။

ရဲအုပ် ဇော်လေး ဦးစီး တဲ့ ရဲ တပ်ဖွဲ့ဝင် များ သည် မန်ဝိန်းလေး နဲ့ ကုန်းတိမ် ကျေးရွာ မှ လူသတ် တရားခံ ၄ ဦး ကို ကားဖြင့် မန်စီ သို့ ဖမ်းဆီး ခေါ်ဆောင် လာစဉ် လမ်းမှာ KIA အဖွဲ့က ရီမုမိုင်း ဖြင့် တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည် ။ အဆိုပါ တိုက်ခိုက်မှု ကြောင့် ထိခိုက် ဒဏ်ရာ ရမှု မရှိသော် လည်း ကားမှာ အနည်းငယ် ပျက်စီး သွားကြောင်း သိရှိသည်။

အစိုးရမှ လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေး လက်မှတ် ထိုးနိုင်ရေး ဆွေးနွေး နေချိန် တွင် KIA ၏ တရား ဥပဒေ စိုးမိုးရေး ဆောင်ရွက် နေသည့် ရဲ တပ်ဖွဲ့ဝင် များ အပေါ် ယင်း ကဲ့သို့ တိုက်ခိုက် နေမှုများ နှင့် အများ ပြည်သူ သွားလာ နေသည့် လမ်း အပေါ် မိုင်းထောင်တိုက်ခိုက် နေမှုများကငြိမ်းချမ်းရေး ဆောင်ရွက် နေမှု အပေါ် ထိခိုက် စေနိုင် ကြောင်း မန်စီ ဒေသခံ များမှ ပြောဆိုလျက် ရှိကြောင်း သိရ သည်။

Kachin News

No comments:

Post a Comment