Pages

Saturday, November 9, 2013

မြန်မာအပေါ်ချမှတ်သော ပစ်မှတ်ထားပိတ်ဆို့သူစာရင်း ပြင်ဆင်ရန် အိုဘားမားကိုတိုက်တွန်း

9.11.2013

အမေရိကန်အဖွဲ့ပေါင်း ၃၀ ကျော်က မြန်မာနိုင်ငံဆိုင်ရာ ဘဏ္ဍာရေးပိတ်ဆို့မှု ပစ်မှတ်ထားသူများ စာရင်း ကို ပြန်လည်စိစစ်ပေးရန် သမ္မတအိုဘားမားကို တောင်းဆိုလိုက်ကြသည်။

အမေရိကန် ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲနိုင်ရန် စီစဉ်ပေးမည်ဟု ဆိုထားသော်လည်း အထူးပစ်မှတ်ထားသူများစာရင်း Special Designated Nationals (SND)ကို ပြန်လည်စိစစ်ရန် ပျက်ကွက်နေကြောင်း အဖွဲ့ပေါင်း ၃၇ ဖွဲ့ ပါဝင်ရေးသားပြီး နိုဝင်ဘာ ၇ ရက်က ပေးပို့သည့် သမ္မတထံပေးစာတွင် ဖော်ပြထားသည်။အဆိုပါပေးစာကို Burma Campaign UK Freedom House မြန်မာနိုင်ငံရှေ့နေများကောင်စီ စသော အဖွဲ့ပေါင်း ၃၇ ဖွဲ့ ပါဝင်သည်။ ပြီးခဲ့သည့်နှစ်ပိုင်းတွင် အိုဘားမားအစိုးရအနေနှင့် ယင်းပစ်မှတ်ထားပိတ်ဆို့သည့်စာရင်းမှ အချို့ကိုသာ ဖယ်ရှားခြင်း၊ ဖြည့်စွက်ခြင်းပြုလုပ်ခဲ့ကြောင်း။ တစ်ပြေးညီမဟုတ်သော ယင်းဆုံးဖြတ် ချက်များ က မြန်မာပြည်သူများအတွက် ရှုပ်ထွေးမှုများဖြစ်စေကြောင်း ပူးတွဲပေးစာ တွင် ဖော်ပြထားသည်။

ဥပမာအားဖြင့် ဖော်ပြထားရာတွင် အစိုးရအဖွဲ့က အေးရှားစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD)အပါအ၀င် ဦးတေဇပိုင် ကုမ္ပဏီနှစ်ခုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ၌ ယင်းစာရင်းတွင် ထည့်သွင်းခဲ့ကြောင်း၊ ၎င်းနောက် ဦးတေဇက မြန်မာစစ်တပ်နှင့် ဆက်လက်ပူးပေါင်းနေခြင်း၊ ကချင်တွင် စစ်ပွဲများ ဆက်လက်ဖြစ် ပွားနေခြင်းတို့ကြားကပင် ၎င်း၏ဘဏ်များကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ပိတ်ဆို့မှုမှ ကင်းလွတ်ခွင့်ပေးခဲ့ကြောင်း ပါရှိသည်။ ထို့အပြင် မြောက်ပိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်ကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တာဝန်ရှိသူများကို အထူးပစ်မှတ်ထား ပိတ်ဆို့သည့်စာရင်းအတွင်း ဖြည့်စွက်ထည့်သွင်းသင့်ကြောင်း စာတွင် တိုက်တွန်းထားသည်။သူသည် ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေနှင့် ဆက်လက်ဖြစ်ပွားနေသော စစ်တွင် နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာဥပဒေကို ချိုးဖောက်မှုများနှင့် ပြည်သူလူထုကို တိုက်ခိုက်မှုများ၊ လူ့အခွင့် အရေး ဆိုးရွားစွာချိုးဖောက်မှုများအတွက် တာဝန်ရှိသည်ဟု ဆိုထားသည်။

ယင်းဖြစ်ရပ်များကြောင့် ပြုပြင်ပြောင်းလဲလာသော အရပ်သားကို ဤစာရင်းမှ ပယ်ဖျက်နိုင်မှုအတွက် အစိုးရအဖွဲ့အနေနှင့် ရှင်းလင်းပြတ်သားသည့် သတ်မှတ်ချက်များ ထုတ်ပြန်ပေးရန် စာတွင် တောင်း ဆိုထားသည်။လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးလာနေဆဲ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေး တို့အတွက် စိုးရိမ်နေဆဲ၊ မြေယာသိမ်းယူမှုများနှင့် စစ်တပ်၏ တိုက်ခိုက်မှုများက စီးပွားရေးဖွံ့ဖြိုးမှုနှင့် တိုက်ရိုက်ပတ်သက်နေချိန်တွင် ယင်းအထူးပစ်မှတ်ထားပိတ်ဆို့သည့် စာရင်းကို အိုဘားမား အစိုးရက ပြင်ဆင်ရန် ပျက်ကွက်နေကြောင်း ပူးတွဲပေးစာက အလေးပေးဖော်ပြထားသည်။

ကိုးကား- Obama asked to update targeted financial sanctions on Myanmar, Press Trust Of India, Nov 08.2013
7Day Daily

No comments:

Post a Comment