9.11.2013
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ တပြေးကျေးရွာ၌ လယ်ယာမြေမှတ်ပုံတင်ကျပြီးသော လယ်မြေ များကို KNU အဖွဲ့မှ လက်နက်များ ကိုင် ဆောင်ပြီး ၀င်ရိတ်နေကြောင်း ၎င်းလယ်ပိုင်ရှင် ဦးမြင့်အောင် က ပြောကြားသည်။
“ဒီနေ့မနက် ၇နာရီကျော်လောက်ကတည်းက စရိတ်နေတယ်။ စစ်တပ်နဲ့ သက်ဆိုင်ရာတွေကိုတော့ အကြောင်းကြားထားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လယ်လာရောက်ရိတ်သိမ်းသူ ၁၆ဦးရှိပြီး ၄ဦးမှာ လက်နက်များ ကိုင်ဆောင်ထားကြောင်းနှင့် ၄ဦးမှာ အရပ်သားများဖြစ်ကာ ကျန်သည့် ၈ဦးမှာ KNU မှဖြစ်ကြောင်း ၎င်းကပြောကြားသည်။
လွန်ခဲ့သည့် ၁နှစ်ကျော်ခန့််က လယ်ယာမြေအငြင်းပွားမှုများဖြစ်ပေါ်ခဲ့ပြီး၊ တရားရုံးသို့တိုင်တန်းခဲ့မှုကြော င့် KNU ဘက်မှ အမှုရှုံးခဲ့ ကြောင်း ထန်းတပင်မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။
ယခင်လကုန်ပိုင်းတွင် KNU ဘက်မှ စပါးဝင်ရိတ်မှုများကြောင့် ရဲစခန်းတွင် စပါးရိတ်သူ ၉ယောက် အမှုဖွင့်ခဲ့ပြီး အာမခံကြောင့်ပြန်လည်လွတ်မြောက် ပြီး လယ်ပိုင်ရှင်များဘက်မှ စပါးရိတ်သောအခါ ခြိမ်းခြောက်မှုများကြောင့် စပါးရိတ်မည့်သူ ရှာမရ သည့်အခြေအနေ မျိုးလည်း ဖြစ်ပေါ်နေကြောင်း တပြေးကျေးရွာဒေသခံလယ်သမားများက ပြောသည်။
“ထန်းတပင်လယ်ယာမြေကိစ္စနဲ့ပတ်သက် ပြီး KNU ဗဟိုကစေခိုင်းထားတာလည်း တစ်ခုမှမရှိသလို သိလည်းမသိပါဘူး”ဟု KNU ဗဟိုကော်မတီဝင် ဦးစောဒါဒိုမူးက ပြောကြားသည်။
ကရင်အမျိုးသားအစည်းအရုံးမှ စပါးဝင်ရိတ်ခြင်းနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မသိရှိ ရသေးကြောင်းနှင့် သတင်းရရှိ လာပါက အထက်ကို တင်ပြရန်စီစဉ်ထားကြောင်း ပဲခူးတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဒီကိစ္စက ရဲအရေးမပိုင်ဘူး။ သူတို့ လုပ်နိုင်တာတစ်ခုတော့ ရှိတယ်။ တရားရုံးကို ဦးတိုက်လျှောက်။ တရားရုံးက ခိုင်းရင်တော့ ကူညီပေးလို့ ရတယ်” ဟု ပဲခူးတိုင်းဒေသကြီး ရဲတပ် ဖွဲ့ မှူး မြ၀င်း ကပြောကြားသည်။
နတ်တလင်းမြို့တွင် ခမရ ၅ လယ်မြေကို ၀၀်ရောက်စပါးရိတ်သူများကို တရားရုံးဦးတိုက်လျှောက် ထားသောေ ကြာင့် ရဲတပ်ဖွဲ့ မှ ဖြေရှင်းခဲ့ရမှုမျိုး ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ထန်းတပင်လယ်ယာမြေကိစ္စကိုလွှတ်တော်ကိုယ်စားလှယ်တွေကို ပြောထားတာလည်းရှိတယ်။တိုင်းဒေသ ကြီးဝန်ကြီးချုပ်ကို ပြောထားတာလည်း ရှိတယ်။ ဒါပေမယ့် ပြည်ထောင်စုအဆင့်က ဆုံးဖြတ်မယ် လို့ပြော တယ်” ဟု ထန်းတပင်မြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးခွန်တင်မြင့် ကပြော ကြားသည်။
လွန်ခဲ့သည့် နှစ် ၂၀ကျော်က အဆိုပါလယ်ယာမြေများကို KNU ဘက်မှ ပိုင်ဆိုင်ကြောင်း ကရင် အမျိုးသားအစည်းအရုံး တောင်ငူ ခရိုင်မှ KNU ဗိုလ်မှူးတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ တပြေးဒေသ ခံအချို့ကပြောကြားသည်။
ရေးသားသူ-မောင်မျိုး
တည်းဖြတ်-နီတိုး
People power
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ တပြေးကျေးရွာ၌ လယ်ယာမြေမှတ်ပုံတင်ကျပြီးသော လယ်မြေ များကို KNU အဖွဲ့မှ လက်နက်များ ကိုင် ဆောင်ပြီး ၀င်ရိတ်နေကြောင်း ၎င်းလယ်ပိုင်ရှင် ဦးမြင့်အောင် က ပြောကြားသည်။
“ဒီနေ့မနက် ၇နာရီကျော်လောက်ကတည်းက စရိတ်နေတယ်။ စစ်တပ်နဲ့ သက်ဆိုင်ရာတွေကိုတော့ အကြောင်းကြားထားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လယ်လာရောက်ရိတ်သိမ်းသူ ၁၆ဦးရှိပြီး ၄ဦးမှာ လက်နက်များ ကိုင်ဆောင်ထားကြောင်းနှင့် ၄ဦးမှာ အရပ်သားများဖြစ်ကာ ကျန်သည့် ၈ဦးမှာ KNU မှဖြစ်ကြောင်း ၎င်းကပြောကြားသည်။
လွန်ခဲ့သည့် ၁နှစ်ကျော်ခန့််က လယ်ယာမြေအငြင်းပွားမှုများဖြစ်ပေါ်ခဲ့ပြီး၊ တရားရုံးသို့တိုင်တန်းခဲ့မှုကြော
ယခင်လကုန်ပိုင်းတွင် KNU ဘက်မှ စပါးဝင်ရိတ်မှုများကြောင့် ရဲစခန်းတွင် စပါးရိတ်သူ ၉ယောက် အမှုဖွင့်ခဲ့ပြီး အာမခံကြောင့်ပြန်လည်လွတ်မြောက် ပြီး လယ်ပိုင်ရှင်များဘက်မှ စပါးရိတ်သောအခါ ခြိမ်းခြောက်မှုများကြောင့် စပါးရိတ်မည့်သူ ရှာမရ သည့်အခြေအနေ မျိုးလည်း ဖြစ်ပေါ်နေကြောင်း တပြေးကျေးရွာဒေသခံလယ်သမားများက ပြောသည်။
“ထန်းတပင်လယ်ယာမြေကိစ္စနဲ့ပတ်သက်
ကရင်အမျိုးသားအစည်းအရုံးမှ စပါးဝင်ရိတ်ခြင်းနှင့်ပတ်သက်ပြီ
“ဒီကိစ္စက ရဲအရေးမပိုင်ဘူး။ သူတို့ လုပ်နိုင်တာတစ်ခုတော့ ရှိတယ်။ တရားရုံးကို ဦးတိုက်လျှောက်။ တရားရုံးက ခိုင်းရင်တော့ ကူညီပေးလို့ ရတယ်” ဟု ပဲခူးတိုင်းဒေသကြီး ရဲတပ် ဖွဲ့ မှူး မြ၀င်း ကပြောကြားသည်။
နတ်တလင်းမြို့တွင် ခမရ ၅ လယ်မြေကို ၀၀်ရောက်စပါးရိတ်သူများကို တရားရုံးဦးတိုက်လျှောက် ထားသောေ
“ထန်းတပင်လယ်ယာမြေကိစ္စကိုလွှတ်တော်ကိုယ်စားလှယ်တွေကို ပြောထားတာလည်းရှိတယ်။တိုင်းဒေသ ကြီးဝန်ကြီးချုပ်ကို ပြောထားတာလည်း ရှိတယ်။ ဒါပေမယ့် ပြည်ထောင်စုအဆင့်က ဆုံးဖြတ်မယ် လို့ပြော တယ်” ဟု ထန်းတပင်မြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးခွန်တင်မြင့် ကပြော ကြားသည်။
လွန်ခဲ့သည့် နှစ် ၂၀ကျော်က အဆိုပါလယ်ယာမြေများကို KNU ဘက်မှ ပိုင်ဆိုင်ကြောင်း ကရင် အမျိုးသားအစည်းအရုံး တောင်ငူ ခရိုင်မှ KNU ဗိုလ်မှူးတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ တပြေးဒေသ ခံအချို့ကပြောကြားသည်။
ရေးသားသူ-မောင်မျိုး
တည်းဖြတ်-နီတိုး
People power
No comments:
Post a Comment