Pages

Monday, December 2, 2013

ဒုသမ္မတမိသားစုမှကြီးမှူးသော အခမဲ့ဆေးကုသခြင်း အခမ်းအနား ပြုလုပ်

2.12.2013

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီးဒေါ်နန်းရွှေမှုန်တို့မှကြီးမှုး၍စေတနာရှင်များက မျက်စိ၊ သွား၊ နှုတ်ခမ်း၊ အာခေါင်ကွဲဝေဒနာရှင်များအား အခမဲ့ခွဲစိပ်ကုသပေးခြင်း အခမ်းအနားကိုဒီဇင်ဘာ၂ရက်နေ့၊ လားရှိုးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ၌ ကျင်းပပြုလုပ်သည်။

“ကျနော်တို့က မန်းပွဲကျေးရွာကလာတာပါ၊ ဒီကိုလာဖို့ အတွက်ဝေဒနာရှင်တွေကို လိုက်ပြီး အကြောင်း ကြားပေးရတာ နှစ်ရက်ကြာတယ်၊ သူတို့က အလုပ်ပျက်မှာစိုးလို့ မလိုက်ချင်ကြဘူး၊ မနည်ြးေ့ပာပြီး မှခေါ်လာရတယ်၊ အားလုံးသုံးဆယ့်ငါးဦးပါတယ်။ တစ်ဦးကတော့ တော်တော်ဆိုးတယ် ခွဲစိတ်ရမယ်၊နေ့/ည ထမင်းကျွေးတယ်ဆိုတော့ ကျွန်တော်တို့အတွက် အဆင်ပြေတာပေါ့၊ အခုလို ကုသပေးတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျနော်တို့တောသူ/တောင်သားတွေမှာငွေမရှိဘူး၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် မကုနိုင်ဘူး၊ ဒီလိုအခမဲ့ကုသပေးတော့ကျေးဇူးတင်တယ်၊ ဒီမျိုးကုသပေးတဲ့ သူတွေကို အရမ်းကျေးဇူး တင်ပါတယ်”ဟု မန်းပွဲကျေးရွာသားဦးကျော်ဆွေကပြောသည်။

အဆိုပါအခမဲ့ဆေးကုသမှုပြုရာတွင် လူနာများကို ဆေးဝါးများ၊ မျက်မှန်များကို အခမဲ့ပေးသည့်အပြင် ခွဲစိပ်ရန် လိုအပ်သေသာ လူနာများကိုလည်းလားရှိုးပြည်သူ့ဆေးရုံကြီးသို့ အခမဲ့ဆေးကု သပေး မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ(၈)မြို့နယ်မှ လာရောက်ကုသကြပြီး ကုသသည့် ဝေဒနာ ရှင်များကို လားရှိုးမြို့ မန်ဆူရှမ်းကျောင်းတွင် နေရာထိုင်ခင်းပေးကာ ထမင်းကျွေးပြုစုစောင့်ရှောက်ပေးထားသည်။

ယင်းအခမဲ့ ဆေးကုသမှုကို သုံးရက်ကြာ ကုသပေးသွားမည်ဖြစ်ကြောင်း၊ အုပ်စုနှစ်စုခွဲကာမနက်ပိုင်း
တွင်နယ်မြို့ မှ လူနာများကို ကုသပေးပြီး၊ နေ့လည်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်မှ လူနာများကို အလှည့်ကျ ကုသပေးသွားမည်ဖြစ်ကြောင်း၊ လာရောက်ကုသသည့် လူနာ တစ်ထောင်ကျော်ရှိကြောင်း စာရင်းကောက် ခံမှုဇယားအရသိရသည်။

The  Myanma Age

No comments:

Post a Comment