Pages

Monday, December 2, 2013

ဆီးရီးယား ဓာတုလက်နက်အချို့ အမေရိကန်စစ်ရေယာဉ်ပေါ်တွင် ဖျက်ဆီးနေ

2.12.2013

ဆီးရီးယား ဓာတုလက်နက် ဖျက်သိမ်းမှုတွင် ပါဝင်ကူညီစောင့်ကြည့်နေသည့် ငြိမ်းချမ်းရေှးနိုဗယ်ဆုရှင် OPCW အဖွဲ့က ဓာတုလက်နက်အချို့ကို အမေရိကန်စစ်ရေယာဉ်တစ်ဦးပေါ်တွင် ဓာတ်ပျယ်စေခြင်း ပြုကာ ဖျက်ဆီးနိုင်ခံ့ကြောင်း ကြေညာသည်။ ဓာတုလက်နက် ဖျက်ဆီးရေးတွင် အမေရိကန်သည် ငွေကြေးနှင့် နည်းပညာ နှစ်ရပ်ဆုံး ပံ့ပိုးကူညီခဲ့သည်။

ယခု ဓာတုလက်နက်များသည် ဟိုက်ဒရိုလစ်စစ် စနစ်ဖြင့် စိတ်ချရသောအဆင့်အထိ ရောနှော နိုင်ခဲ့သည်။
ယခုဖြစ်ရပ် အတွက် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၃၅ဖွဲ့က အသေးစိတ်ရှင်းလင်းချက်များ ဖော်ပြရန် OPCW အဖွဲ့ကို တောင်းဆိုထားသည်။

ဖျက်ဆီးမှုပြုလုပ်မည့် နေရာကို တာဝန်ယူခဲ့သည့် ရေတပ်သင်္ဘောအမည်ကို တရားဝင် ပြောဆိုခြင်း မရှိသော်လည်း MV Cape Ray စစ်ရေယာဉ်တွင် ပြုလုပ်ခြင်း ဖြစ်မည်ဟု သုံးသပ်ထားကြသည်။ ယခု ဓာတုလက်နက် ဖျက်သိမ်းမှုသည် ဒီဇင်ဘာ ၃၁ရက်တွင် အပြီးသတ်နိုင်လိမ့်မည်မဟု OPCW က ကြေညာသည်။

နို်င်ငံတကာတွင် ဓာတုလက်နက်များ ဖျက်သိမ်းမှုများကို ကြည့်လျှင် ရုရှားသည် ၂၉၅၀၀တန်မျှ ဖျက်ဆီး ခဲ့သဖြင့် ဓာတုလက်နက်ပိုင်ဆိုင်မှု ၇၄%ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်က ၉၀%ဖြစ်သော ၂၅၀၀၀တန်ကို ဖျက်ခဲ့သည်။ လစ်ဗျားက ၈၅%ခန့်ရှိသာ ဓာတုလက်နက် ၂၂.၃တန်ကို ဖျက်သိမ်းပေး ခဲ့ဖူးသည်။

The  Myanma Age

No comments:

Post a Comment