Pages

Friday, December 20, 2013

အဖျက်အမှောင့်လုပ်ရန်အဖွဲ့သုံးဖွဲ့ကကြံစည်နေဟုဆို


20.12.2013

ဖောက်ခွဲမှုများလုပ်ဆောင်ရန် အတွက် အဖွဲ့သုံးဖွဲ့က ကြံစည် နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန က အကြောင်းကြား အသိပေးထား သဖြင့် ညောင်ဦးမြို့ ပေါ်တွင် လုံခြုံ ရေး တိုးမြှင့်ဆောင်ရွက်နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထိန်ဝင်း က ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တွင် နှစ်ပတ်တစ်ကြိမ် ကျင်းပသည့် အစည်းအဝေးသို့တက်ရောက်လာသူ များကို သတင်းပေး ၍ လုံခြုံရေးသတိ မလစ်စေရန် တိုက်တွန်းပြောကြား ခဲ့သည်။

ပထမအဖွဲ့''နိုဝင်ဘာ ၂ဝ ရက်မှာ မူဆလင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မိုဟာမက်အလီခေါင်းဆောင်တဲ့ အင်အားငါးဦးခန့် (ဖောက်ခွဲရေး ကြေးစားအဖွဲ့)က စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်ဒေသတွေ မှာဖောက်ခွဲဖို့ ရန်ကုန်မြို့ကထွက် လာတယ်။ အဆိုပါအဖွဲ့က ထိုင်း နိုင်ငံ မဲဆောက်မြို့ တောင်ဘက် ဘန်ကောက်မြို့ သွားရာလမ်း တောင်ဘက်မှာရှိတဲ့(ဖုန်ပုံရှန်)ဒုက္ခ သည်စခန်းကနေ မြဝတီမြို့ကို ဖြတ်ပြီး နိုဝင်ဘာ ၂ဝရက်မှာ ရန်ကုန်မြို့ကို ရောက်ရှိတယ်။ဖောက်ခွဲရေး လုပ်ငန်းတွေကို လုပ် ဆောင်မယ့် လက်နက်ကိရိယာတွေ တော့ တစ်ပါတည်းပါလာခြင်းမရှိ ဘဲနဲ့ ရှမ်းပြည်နယ် တာချီလိတ်က တစ်ဆင့် သူတို့ကိုဆက်သွယ်ပေး အပ်ပြီး (၂၇)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲကို ဖောက်ခွဲဖျက်ဆီးမယ်ဆိုပြီးသတင်း ရရှိတယ်။ ဒီသတင်းနဲ့ပတ်သက် ပြီးတော့ ကျွန်တော်တို့အားလုံး လုံခြုံရေးသတိ ရှိရပါမယ်ဆိုပြီး အသိပေးလိုခြင်းဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။

ဒုတိယအဖွဲ့''နောက်တစ်ဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ထဲက နိုင်ငံတော်နဲ့ ငြိမ်းချမ်းရေး မယူတဲ့အဖွဲ့ခွဲပေါ့။ မလိုလားတဲ့ အဖွဲ့။ အဲ့ဒီအဖွဲ့က ဆီးဂိမ်းကို ဖောက်ခွဲဖို့ကြိုတင်ပြင်ဆင်ပြီး ဝင် လာတာရှိပါတယ်။ အဲ့ဒီအဖွဲ့က လိပ်သိုဘက် ကနေပြီးတော့ ရှမ်း ပြည်နယ် အဲ့ဒီကနေပြီး တောလမ်းအတိုင်းလာပြီးတော့ နေပြည်တော် ဆာဖာရီဥယျာဉ် ကိုဖြတ်ပြီးနေပြည်တော်ကို ဖောက်ခွဲဖျက်ဆီးဖို့လာ တယ်လို့ သတင်းရရှိထားတာ ရှိပါတယ်။ အဲ့ဒီသတင်းနဲ့ပတ်သက်ပြီး တော့ ကျွန်တော် တို့ဒေသမှာလဲ လုံခြုံရေးနဲ့ပတ်သက်ပြီးယခင်ထက် ပိုမိုဆောင်ရွက်ကြ ရမှာဖြစ်ပါတယ်'' ဟု ဆက်လက်ပြော ကြားခဲ့သည်။

တတိယအဖွဲ့ထို့ပြင်အဖွဲ့တစ်ခုမှအကြမ်းဖက် သမားသုံးဦးကလည်းလိုင်ဇာဘက်မှ ထွက်ခွာလာသည့် သတင်းရရှိထား ကြောင်း၊ ယင်းအဖွဲ့တွင် ဗိုလ်ကြီး အဆင့်ရှိသူ ရန်အောင်အသက်(၂၈) နှစ်ခန့်၊ ကရင်လူမျိုး၊ အသားလတ်၊ ယာမျက်ခုံးမှဲ့နက်ရှိ၊ ဆံပင်အလယ် ခွဲ၊ မျက်နှာဝိုင်းနှင့် ဖြစ်ကြောင်း၊ နောက်တစ်ဦးမှာ ဒုအရာခံဗိုလ်အဆင့် ရှိ မျိုးနိုင် အသက်(၂၇)နှစ်ခန့်၊ ကရင်လူမျိုး၊ အသားဖြူ၊ယာဘက် လက်ဖျံတွင် ဆေးမင်ကြောင်ဖြင့် မိဘမေတ္တာဟု စာတန်းထိုးထားကြောင်း၊နောက်တစ်ဦးမှာ တပ်ကြပ် အဆင့်ရှိသူတစ်ဦးဖြစ်ကြောင်း၊၄င်းတို့ကို ပြည်ထဲရေး ဝန်ကြီးဌာန က သတင်းဆက်လက်ဖော်ထုတ်၍ ဖမ်းဆီးရမိရေးဆောင်ရွက်ရန် မှတ် ချက်ပြုညွှန်ကြားထားကြောင်း၊ယင်း ကိစ္စများနှင့်ပတ်သက်၍ ညောင်ဦး မြို့နယ်တွင်းသို့ စိမ့်ဝင်လာခြင်းမရှိစေရန် သတိထားဆောင်ရွက်နိုင်ရန် အတွက် ချပြရခြင်းဖြစ်ကြောင်း၊ ပုဂံ၊ ညောင်ဦးမြို့နယ်များအတွင်း တွင်လည်း နှစ်နေရာခွဲ၍လုံခြုံရေး အရ စစ်ဆေးခြင်းများပြုလုပ်နေပြီး ကျန် ကျေးရွာ/ ရပ်ကွက် များတွင် လည်း အုပ်ချုပ်ရေးမှူးများက ကိုယ့်နယ်မြေ လုံခြုံရေး ဆောင်ရွက် နိုင်ရန်၊ထူးခြားပါက သတင်းပေး နိုင်ရန် တင်ပြရခြင်းဖြစ်ကြောင်း ဖြင့် ၄င်းက ထပ်လောင်းပြော ကြားခဲ့သည်။

The Union Daily

No comments:

Post a Comment