Pages

Wednesday, December 11, 2013

မန်စီမြို့နယ်ရှိ ကျေးရွာများတွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့များက အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်ဖြစ်ပွား

11.12.2013

ကချင်ပြည်နယ် မန်စီမြို့နယ် မန်စီမြို့နှင့် နှစ်မိုင်ဝန်းကျင်ခန့်ဝေးသော ကျေးရွာများတွင် ကေအိုင်အေ လက်နက်ကိုင် အဖွဲ့အစည်း များက အရပ်သားများကိုကချင်ပြည်နယ် မန်စီမြို့နယ် မန်စီမြို့နှင့် နှစ်မိုင်ဝန်းကျင်ခန့် ဝေးသော ကျေးရွာများတွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့အစည်းများကအရပ်သားများကိုဖမ်းဆီးခေါ်ဆောင်မှုများဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။ ယင်းသို့ လူခေါ်ဆောင်မှုများကို မန်စီမြို့အနီးရှိ မန်ဖွ၊ ပါတော်၊ ကျော်ခေါင် စသည့်ကျေးရွာများတွင် ဒီဇင်ဘာ ၄ ရက်၊ ၇ ရက်၊ ၈ ရက်နေ့များက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန်စီမြို့မှ ဒေသခံ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦး....က "၄ ရက် မန်ဖွမှာ ဆွဲတာက လယ်ကွင်းထဲမှာဆွဲတာ ၂၁ ဦးရှိတယ်။ ၇ ရက်က ပါတော်မှာ ညပိုင်းဆွဲတာ။ စိန်လိန်ရွာက ကလေးတွေ ၃၀ ကျော်တယ်လို့ စာရင်းရတယ်။ မိဘတွေကတော့ ညှိနေတုန်းပါပဲ။ ၈ရက်ကကျာ်ခေါင်ရွာမှာ ဆွဲတယ်။ ဒီအနီးက လူတွေကတော့ သတင်းရလို့ ပါမသွားဘူး။ သစ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ရောက်လာတဲ့ အောက်ချောင်းက အများစုပဲပါသွား တာ။ ကျေးရွာအများစုက ကလေးတွေတော့ မြို့တက်ပြီး ရှောင်နေကြတာ များတယ်။ အဲဒီရွာတွေမှာက ကုန်းပေါ်တွေမှာ စစ်တပ်တွေ ရှိပါတယ်။ မြင်ပေမယ့် ဘာအသံမှ မပေးတာ ကတော့ ဘာကြောင့်လဲ မပြောတတ်ဘူး။ ဒီနေ့အထိတော့ ပြန်လွတ်လာတာမျိုး မရှိသေးဘူး" ဟု The Daily Eleven သို့ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက ပြောကြားသည်။

မန်ဖွမှာ ဆွဲတာက လယ်ကွင်းထဲမှာဆွဲတာ ၂၁ ဦးရှိတယ်။ ၇ ရက်က ပါတော်မှာ ညပိုင်းဆွဲတာ။ စိန်လိန်ရွာက ကလေးတွေ ၃၀ ကျော်တယ်လို့ စာရင်းရတယ်။ မိဘတွေကတော့ ညှိနေတုန်းပါပဲ။ ၈ ရက်က ကျော်ခေါင်ရွာမှာ ဆွဲတယ်။ ဒီအနီးက လူတွေကတော့ သတင်းရလို့ ပါမသွားဘူး . . .ကချင်ပြည်နယ်အစိုးရသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မန်ဖွကျေးရွာတွင် ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ပါကြောင်း၊ ၇၊ ၈ ရက်များတွင် ပါတော်၊ ကျော်ခေါင်စသည့် ရွာများတွင် ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များအတွက် သတင်းအချက်အလက်များ မရောက် ရှိသေးကြောင်း ဖြေကြားသည်။
ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က "အဲဒီဟာတွေကို ကျွန်တော်တို့ သတင်းမရသေးဘူး။ တင်ပြလာတာမျိုးလည်း မတွေ့ ရသေးဘူး။ မန်ဖွမှာဖြစ်တဲ့ ကိစ္စတွေလည်း ဘာမှမကြားရသေးဘူး။ ခရီးက ပြန်လာတာတော့ မကြာသေးဘူး။ မန်စီနားက ရွာတွေ မှာတော့ စစ်တပ်ပဲရှိတာပါ"ဟု ဆိုသည်။

ဗန်းမော်ခရိုင်အတွင်းရှိ မြို့နှင့်ဝေးကွာသော ကျေးရွာအများစုမှာ ၂၀၁၁ ခုနှစ် တိုက်ပွဲများ စတင်ဖြစ်ပေါ်ပြီးနောက်ပိုင်း လူငယ် အများစုမှာ ဗန်းမော်မြို့ပေါ်ရှိ ဆွေမျိုးများ၊ ဘုန်းကြီးကျောင်းများ၌ ခိုလှုံနေရကြောင်း ဗန်းမော်ဒေသခံများက ပြောကြားသည်။

Eleven Media  Group

No comments:

Post a Comment