Pages

Wednesday, December 11, 2013

ပါမစ်မပါဘဲ သယ်ဆောင်လာသော နွာကားများဖမ်းဆီးအရေးယူးထား



မူဆယ်၊ ဒီဇင်ဘာ ၁၀။

မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို.နယ် နမ့်ဖတ်ကာကျေးရွာအတွင်း ကောင်းခါးပြည်သူ့စစ် အဖွဲမှ ပါမစ်မပါဘဲနွားများ တရားမ၀င် သယ်ဆောင် လာသောကြောင့် ဖမ်းဆီးအရေးယူထားကြောင်း နမ့်ဖတ်ကာကျေးရွာ ရဲစခန်းတာဝန်ရှိသူများထံမှ သိရှိရသည်။

အဆိုပါအဖွဲ့မှ ကာင်းခါး ပြည်သူ့စစ် သက်သာချောင်ချိရေးအတွက်ဟုဆိုကာလာရှိုးဘက် ခြမ်းမှ သယ်ဆောင်လာသည်ဟု ဆို၍ သယ်ဆောင်ခွင့် ပြသခိုင်းရာတွင် ပြသနိုင်ခြင်း မရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

“ကျွဲး၊နွာကစုစုပေါင်း(၁၄၁)ကောင်ပါတယ်၊ ကား(၆)စီးနဲ့ သယ်လာတာ စစ်မေးတေားသေချာမပြောနိုင်ဘူ”ဟု နမ့်ဖတ်ကာ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့နွားကားများအား ဖမ်းဆီးနေသော်လည်းနွား ကားများဖြတ်သန်းမှုများ ရှိနေသေးကြောင်း နမ့်ဖတ်ကာဒေသခံများပ ပြောသည်။

“ဖမ်တော့ဖမ်းနေတယ်သွာတဲ့ကားတွေလည်း သွားနေတုန်းပဲ၊ ဒီလိုမျိုးနောက်ထပ် သေချာစစ်ဆေးဖို့ အများကြီးလိုနေပါသေးတယ် ၊တချို့ကားတွေက ပါမစ်ပါပေမဲ့ ပိုတင်ထားတာတွေ ရှိနေပါတယ်”ဟု နမ့်ဖတ်ကာကျေးရွာလူမှုရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသောနွာကားများအတွက် သယ်ဆောင်လာသူ ကားသမား(၆)ဦးနှင့် ကာင်းခါးပြည်သူ့စစ် စီးပွားရေး တာဝန်ခံ ဦးအောင်မြင့်ဆိုသူအား ပ၁၄/၂၀၁၃အရေးကြီး ပစ္စည်းနှင့် ကုန်စည်ဝန်ဆောင်မှု ဥပဒေပုဒ်မ၅ဖြင့်နမ့်ဖတ်ကာ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း နမ့်ဖတ်ကာ ရဲစခန်းတာဝန်ရှိသူများထံမှ သိရှိရသည်။

စိုင်းကံသာ(လားရှိုး)
The Myanma Age

No comments:

Post a Comment