Pages

Thursday, December 26, 2013

ပုဂံတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပထမဦးဆုံး အစည်းအဝေးတွင် သတင်းရယူမည့် မီဒီယာသမားများ အဆင်ပြေစေရေး စီစဉ်ထားရှိ

26.12.2013

မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ဆောင်ရွက်ရာတွင် ပထမဦးဆုံး ကျင်းပမည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး ASEAN Foreigen Minister’s Meeting Retreat,AMM(Retreat) ကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်မှ ၁၈ ရက်အထိ ပုဂံမြို့တွင် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပရာတွင် သတင်းရယူကြမည့် ပြည် တွင်း ပြည်ပသတင်းထောက်များနှင့် နိုင်ငံခြားသတင်းထောက်များအသင်း(Foreign Correspondents’ Club) အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ဦးရဲနိုင်(အထွေထွေမန်နေဂျာ) ၀၆၇-၃၆၁၃၇၊ ၀၆၇-၄၁၂၁၁၉၊ ၀၉-၈၃၀၆၃၅၈ သိုလည်းကောင်း၊ ဦးလှိုင်မြင့် (ညွှန်ကြားရေးမှုး) ၀၆၇-၄၁၂၁၂၆၊၀၉-၄၉၂၀၅၀၀၄ npemoi@gmail.com သို့လည်းကောင်း ဆက်သွယ်၍ အမည် စာရင်း ပေးပို့ကြရမည်ဖြစ်ပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ သတင်းထောက်ကတ်များ ထုတ်ပေး မည်ဖြစ်သည်။

နိုင်ငံတကာသတင်းထောက်များအနေဖြင့်ဗီဇာလျှောက်ထားရာတွင်နီးစပ်ရာသံရုံးများမှတစ်ဆင့် လျှောက်ထား ကြရမည်ဖြစ်သည်။ ပြည်တွင်းပြည်ပမှ သတင်းထောက်များအနေဖြင့် သတင်းထောက်ကတ် လျှောက်ထား ရယူရန် လျှောက်လွှာပုံစံအား ASEAN Webportal ဖြစ်သော www.asean 2014, gov.mm events ခေါင်းစဉ်အောက်ရှိ asean 2014 summit, more detail,ASEAN Foreign Minister’s Meeting Retreat,AMM (Retreat)တွင် ဗီဇာပုံစံကို download ရယူနိုင်ပါသည်။

အဆိုပါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ သတင်းတောက် ကတ်ရရှိရေးနှင့် ပက်သက်၍ သိရှိလိုပါက ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ဦးလှိုင်မြင့်(ညွန်ကြားရေးမှူး) ထံသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

The Mirror Daily

No comments:

Post a Comment