2.12.2013
အိန္ဒိယ၏ ပထမဆုံး အင်္ဂါဂြိုဟ်သွား အာကာသယဉ်သည် ကမ္ဘာ့၏
ဂြိုဟ်ပတ်လမ်းကြောင်းနှင့် ကမ္ဘာ့ဆွဲအား များ အပြင်ဘက်သို့
လွတ်လွတ်ကျွတ်ကျွတ် ရောက်ရှိသွားပြီ ဖြစ်ကြောင်းသိရသည်။
အာကာသယာဉ်သည် နောက်နှစ် စက်တင်ဘာလရောက်မှသာ ရည်မှန်းရာ နေရာသို့
ရောက်နိုင်လိမ့် မည်ဖြစ်ကြောင်း အိန္ဒိအာကာသသုတေသနအဖွဲ့က ဒီဇင်ဘာ တစ်ရက်က ပြောကြားခဲ့သည်။ အစပိုင်းက ယင်းအာကာသယာဉ်ကို တွန်းပို့ သည့် ခြောက်ခုမြောက် လောင်စာကန်တွင် ပြဿနာ အနည်းငယ် ရှိခဲ့သဖြင့် သက်ဆိုင်သူများက စိုးရိမ်ခဲ့ကြသော်လည်း
ယခုအချိန်တွင် စိတ်ချရသော တည်ငြိမ်သည့် အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်သည်။
ယင်းအင်္ဂါဂြိုဟ်သွားယာဉ်ကို နိုဝင်ဘာ ၅ရက်က လွတ်တင်ခဲ့သည်။ ဒေါ်လာ ၇၃သန်း အကုန်အကျခံ ထားသည့် ယခုမစ်ရှင်သည် အင်္ဂါပြိုဟ်ကို ဓာတ်ပုံရိုက်ခြင်း၊ တစ်ချိန်က ရေရှိခဲ့ဖူးသည်ဟု ယူဆရ သော ဂြိုဟ်၏ မိုးလေ၀သကို လေ့လာရန်တို့ ဖြစ်သည်။
ယခု မန်ဂယ်ယန်း ဂြိုဟ်ပတ်ယာဉ်၏ အောင်မြင်မှုများသည် အင်္ဂါဂြိုဟ်သို့ သွားနို်င်သော နိုင်ငံသုံးခု စာရင်းတွင် လေးခုမြောက်အဖြစ် စာရင်းဝင်သွားခဲ့သည်။
The Myanma Age
No comments:
Post a Comment