Pages

Monday, December 2, 2013

မြောက်ကိုရီးယားတွင် အထိန်းသိမ်းခံ အမေရိကန် အဘိုးအိုက စစ်ရာဇ၀တ်မှုများအတွက် တောင်းပန်စကားဆို

2.12.2013

မြောက်ကိုရီးယားသို့ အလည်အပတ်ခရီးသွားရောက်ရာမှ စစ်ရာဇ၀တ်မှုဖြင့် အထိန်းသိမ်းခံခဲ့ရသူ အမေရိကန် စစ်ပြန် အဘိုးအို မာရယ်နယူးမဲန် သူ၏လုပ်ရပ်အတွက် တောင်းပန်းစာကို ဖတ်ပြ ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းများသည် နိုဝင်ဘာ ၃၀ရက်က ထုတ်လွှင့်ပြသသွားခဲ့သည်။

အသက် ၈၅နှစ်အရယ် စစ်မှုထမ်းဟောင်း မစ္စတာ နယူးမဲန်သည် လွန်ခဲ့သောည နှစ်ပေါင်း ၆၀ခန့်က ကိုရီးယားစစ်ပွဲတွင် အရပ်သားမြောက်များစွာကို သတ်ခဲ့သည်ဟု ၀န်ခံခဲ့ကြောင်း ယင်းဗီဒီယိုဖိုင် တွင် တွေ့ရသည်။ KCNA ၏ ကြေညာချက် တွင် နယူးမဲန်သည် ထိုအချိန်က အထူးတပ်ဖွဲ့တွင် အရာရှိ တစ်ဦဖြစ်ပြီး စစ်ဆင်ရေးများစွာကို ဦးဆောင်ခဲ့သူဖြစ်ကြောင်း၊ ကိုရီးယားပြည်သူများနှင့် အစိုးရတို့ကို ဆန့်ကျင်တိုက်ခိုက်သည့် စစ်ရာဇ၀တ်မှုများစွာကို ကျူလွန်းခဲ့သူဖြစ်သည်ဟု ဆိုထားသည်။

ဗီဒီယိုဖိုင်တွင် မစ္စတာနယူးမဲန်သည် ၂၀၁၃ခုနှစ် နိုဝင်ဘာ ၉ရက်ဟု ရက်စွဲတပ်ထားသော လက်ရေးဖြင့်ရေး သားထားသည့် ကြေညာချက်ကို ဖတ်ပြနေသည့်ပုံကို ပေါ်လွင်အောင် ရိုက်ပြထားသည်။ စာရွက်အောက် နားတွင် လက်ဗွေနှိပ်ပြီး လက်မှတ်ထိုးထားသည်ကို တွေ့ရသည်။

နယူးမဲန်က သူ၏ ကျူးကျော်တိုက်ခိုက်မှုများကို မေ့မရကြောင်း၊ ထိုလုပ်ရပ်များအတွက် အနူးအ ညွတ်တောင်းပန်းကြောင်း ကြေကွဲစွာ ဖတ်ပြခဲ့သည်ဟု သတင်းဌာက ဆိုသည်။ အမေ၇ိကန် နိုင်ငံ ကယ်လီ ဖိုးနီးယားပြည်နယ် ပါလိုအယ်တိုမှ စစ်တပ်ပင်စင်စား မစ္စတာနယူးမဲန်သည် အောက်တိုဘာ ၂၉ရက် က မြောက်ကိုရီးယားမှ ဘေကျင်းသို့ ကိုရ်ယိုလေ ကြောင်းဖြင့် မထွက်ခွာမီ မိနစ်ပိုင်းအတွင်း အဖမ်းခံ ခဲ့ရသည်။

ယခု ရက်သတ္တပတ် အစောပိုင်းက သူ၏ ဇနီးသည် လင်းနယူးမဲန်က ခင်ပွန်းသည် သည် အမေရိကန် စစ်တပ်တွင် အမှုထမ်းစဉ်းက ကိစ္စတစ်ချို့အတွက် မြောက်ကိုရီးယားသို့ ထွက်ခွာခဲ့ကြောင်း၊ ထိုနေ့ထိုရက် များသည် သူ့ဘ၀အတွက် အရေးကြီးသည့်နေရက်များ ဖြစ်ကြောင်း စီအင်အင် သတင်းဌာန သို့ ပြောကြားခဲ့သည်။ 

The  Myanma  Age

No comments:

Post a Comment