Pages

Wednesday, December 18, 2013

ဆီးဂိမ်းပိတ်ပွဲအခမ်းအနား လက်မှတ်များကို ပရိသတ်အတွက် စောင်ရေ ၈,၀၀၀ ခန့်သာ ရောင်းချ

18.12.2013

ဝဏ္ဏသိဒ်္ဓိကွင်းတွင် ကျင်းပမည့် ဆီးဂိမ်းပိတ်ပွဲအခမ်းအနား လက်မှတ်ကို အများပြည်သူကြည့်ရှုနိုင်ရန် လက်မှတ်အရေအတွက် ၈,၀၀၀ ခန့်သာ ရောင်းချ နိုင်မည်ဟု အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမိုးဇော်ထွဋ်က ပြောသည်။

“၁၁ လပိုင်း ၁၈ ရက်နေ့ထဲက ဖွင့်ပွဲနဲ့ပိတ်ပွဲကို ရောင်းပေးတာ။ တချို့ကလည်း ဖွင့်ပွဲရောပိတ်ပွဲရောဝယ် သွားကြတယ်။ ၃၀ ရက်နေ့မှာ ပြည်တွင်းလက်မှတ် ကုန်သွားတယ်။ အွန်လိုင်းမှာတင်ထားတဲ့လက် မှတ် တွေ ပြန်ရောင်းတာလည်း ကုန်သလောက်နီးပါးဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။

ဝဏ္ဏသိဒ်္ဓိကွင်း ထိုင်ခုံအရေအတွက်မှာ ပရိသတ် ၃ သောင်းခန့် ဆန့်သော် လည်း ဆီးဂိမ်း ဖွင့်ပွဲပိတ်ပွဲ အ ခမ်းအနားအတွက် မျက်စိပဒေသာဖြစ်အောင် ဖန်တီးထားသော LED စင်အနောက်ရှိ ထိုင်ခုံများမှာ ပရိ သတ်အတွက် လက်မှတ်ရောင်းချခြင်း မရှိပေ။

“ဖွင့်ပွဲပိတ်ပွဲ လက်မှတ်တွေ ကုန်သွားတာ မှောင်ခိုကြောင့်တော့ မဖြစ်နိုင်ဘူး။ ရောင်းတုန်းက မှတ်ပုံတင် နဲ့ ကိုယ်တိုင်ကြည့်မယ်ဆိုလို့ ရောင်းတာ။ ကွင်းထဲကိုလည်း တခြားလူလာကြည့်လို့မရဘူး။ လုံခြုံရေးအ၀င် မှာ မှတ်ပုံတင်ကုဒ်နံပါတ်တွေ မှတ်ထားတာ။ မတူရင် ပေးဝင်မှာမဟုတ်ဘူး”ဟု ညွှန်ကြားရေးမှူးဦးမိုးဇော် ထွဋ်က ဆိုသည်။ ဆီးဂိမ်းပိတ်ပွဲ အခမ်းအနား အတွက် ပရိသတ်ကြည့်ရှုနိုင်မည့် ထိုင်ခုံအရေအတွက်မှာ တစ်သောင်းခန့် သာရှိပြီး အခမ်းအနားကို ဖွင့်ပွဲကဲ့သို့ပင် ရိုးရာယဉ်ကျေးမှုအက၊ အလှများဖြင့် ခမ်းနားစွာ ကျင်းပရန် စီစဉ်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment