Pages

Wednesday, December 18, 2013

ရန်ကုန်တွင် ရှမ်းလူဦးရေစာရင်း ကောက်ယူမည်

18.12.2013

ရန်ကုန်တိုင်းဒေသကြီးတွင် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ်တို့ကို ရွေးကောက် တင်မြှောက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သော ရှမ်းလူဦးရေ စာရင်းကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလအတွင်း ကောက်ယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး ရှမ်းလူဦးရေ ကောက်ခံရေး ကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းကျောက်တစ်က The Voice သို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ၄၅ မြို့နယ်တွင် စေတနာ့ဝန်ထမ်း ၁၀၀ ခန့်ဖြင့် ကောက်ခံသွားမည်ဖြစ်ကာ စာရင်း ကောက်ခံရေး ကာလကို တစ်နှစ်ခွဲ သတ်မှတ်ထား၍ ထိုကာလထက် စော၍ ပြီးစီးနိုင်သည်ဟု ၎င်းကဆိုသည်။
“ဒီစာရင်း ကောက်ခံဖို့ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ စမ်းသပ်စာရင်း အနေနဲ့ အိမ်ထောင်စုသုံးရာ၊ လူဦးရေ သုံးထောင်လောက် အရင်ဆုံး ကောက်ခံခဲ့ပါတယ်။ တကယ့်စာရင်းကို လာမယ့် ဇန်နဝါရီလမှာ စကောက်တော့မှာပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ရန်ကုန်ရှိ ရှမ်းလူဦးရေစာရင်း ကောက်ခံရန် လိုအပ်သော ရန်ပုံငွေကို ရှမ်းတိုင်းရင်းသား လုပ်ငန်းရှင်များက လှူဒါန်းကြောင်းနှင့် ရန်ပုံငွေများ လိုအပ်ဆဲ ဖြစ်ကြောင်းဟု ၎င်းကဆက်ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၆၁ (ခ) အရ နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ ၀ ဒသမ ၁ရာခိုင်နှုန်း တိုင်းရင်းသားရေးရာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တို့ကို ရွေးကောက် တင်မြှောက်နိုင်ကြောင်း ထည့်သွင်း ဖော်ပြထားသဖြင့် ရန်ကုန်မြို့ လူဦးရေ စုစုပေါင်း ၅ သန်းကျော် ရှိသောကြောင့် ရှမ်းလူဦးရေ ငါးသောင်းကျော် ရန်ကုန်မြို့တွင် နေထိုင်ပါက ရှမ်း တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ဦးကို ရွေးကောက် တင်မြှောက်နိုင်မည် ဖြစ်သည်။

The Voice

No comments:

Post a Comment