အင်္ဂလန်အောက်စဖို့ တက္ကသိုလ်မှ ကျောင်းသားနှင့်
ဆရာများက ရန်ကုန်တက္ကသိုလ် အဆောင်၌ ကျောင်းသားများနှင့်အတူ နေထိုင်၍
အင်္ဂလိပ်ဘာသာစကား လေ့ကျင့်သင်ကြားပေး မည့်အစီအစဉ်ကို ပညာရေးဝန်ကြီးဌာနက
မတ်လထဲတွင် စတင်အကောင် အထည်ဖော်သွားမည်ဟု ယင်းဝန်ကြီး ဌာနမှ
ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က ပြောသည်။
၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပညာရေး ဝန်ကြီးဌာနက ဗြိတိန်တက္ကသိုလ် ၄ ခု နှင့် သီးခြားစီတွေ့၍ ၃ ရက်ကြာ ဆွေးနွေးခဲ့မှုတွင် သဘောတူညီမှု ရရှိခဲ့သော အချက်တစ်ခုဖြစ်ပြီး ၎င်းတို့လာရောက် နေထိုင်မှုသည် လချီကြာလိမ့်မည်ဟု ၎င်းက Popular
News သို့ ပြောသည်။
''ရက်အတိအကျကိုတော့ ဆက် ဆွေးနွေးရမှာပေါ့''ဟု ဒုတိယညွှန်ချုပ် ဒေါက်တာဇော်မြင့် က ပြောသည်။ အောက်စဖို့တက္ကသိုလ်နှင့် ကနဦး ဆွေးနွေးမှု သဘောတူညီချက်တွင် ယင်း တက္ကသိုလ်မှ အင်္ဂလိပ်ဘာသာ စကားသင် ဆရာတစ်ဦးနှင့် တက္ကသိုလ် ကျောင်းသား ၅ ဦးတို့က ရန်ကုန်တက္က သိုလ်တွင် ခေတ္တလာနေကြပြီး အစီအစဉ်ကို အကောင်အထည်ဖော်မည်ဟု သိရသည်။ အစိုးရသစ် တက်ပြီး ၂ နှစ်ကျော် အကြာတွင် ဘွဲ့ကြိုသင်တန်း များနှင့် ကျောင်းအဆောင်များကို ရန်ကုန်တက္က သိုလ်က ခွင့်ပြုမိန့်ဖြင့် ပြန်လည်ဖွင့်ခဲ့ပြီး ၎င်းမှာ အမေရိကန် ဂျွန်ဟော့ကင်းတက္က သိုလ်နှင့် ၂ဝ၁၃ ခုနှစ်တွင် ပူးပေါင်းမှု ပြုခဲ့သည့်တက္ကသိုလ်တစ်ခုလည်း ဖြစ် သည်ဟု သိရသည်။
လက်ရှိတွင် ဗြိတိန် တက္ကသိုလ်များနှင့်ပါ ထပ်မံပူးပေါင်း သွားမည့် အစီအစဉ်များကို ထပ်မံတိုး ချဲ့လိုက်ခြင်းလည်း ဖြစ်သည်။
အောက်စဖို့တက္ကသိုလ်က လာ ရောက်၍ အင်္ဂလိပ်ဘာသာစကား သင်ကြားပေးမည့် အစီအစဉ်အပြင် ရန် ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ကထိက၊ စာကြည့်တိုက်မှူး များပါဝင်သော သင်တန်းသား ၁၅ ဦး တို့ကို ခေါ်ယူသင်တန်းပေးသွားမည့် အစီအစဉ်နှင့် အခြားအစီအစဉ်တို့လည်း ရှိသည်ဟု ထပ်မံသိရသည်။

Popular Myanmar News Journal
No comments:
Post a Comment