Pages

Monday, February 17, 2014

နှစ် ၃၀ စီမံကိန်း၏ ပထမငါးနှစ်တွင် လမ်းသစ်များ ဦးစားပေးဖောက် လုပ်မည်

17.2.2014

မန္တလေးမြို့၏ နှစ် ၃၀ စီမံကိန်းကို ငါးနှစ်စီပိုင်းလျက် အကောင်အထည်ဖော်သွားမည်ဖြစ်ရာ ပထမငါးနှစ် တာ၌ လမ်းသစ်များဖောက်လုပ်ခြင်းကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့ပတ်လမ်းများ ဖောက် လုပ်ခြင်း၊ ကန်တော်ကြီးပတ်လမ်းကို ကွန်ကရစ်လမ်းခင်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင်(၁) ဦးထွန်းကြည်က မဇ်္ဈိမကို ပြောသည်။

၂၀၁၄- ၂၀၁၅ စည်ပင်ဘဏ္ဍာနှစ်အတွင်း လမ်းတံတားပြင်ဆင် ထိန်းသိမ်းစရိတ် ကျပ်သိန်းပေါင်း တစ် သောင်းကျော်ကို သုံးစွဲသွားမည်ဖြစ်ပြီး ရေနှင့် သန့်ရှင်းရေးလုပ်ငန်းများအတွက် ကျပ်သန်းပေါင်း ၄,၀၀၀ ကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“လမ်းအမျိုးအစားအလိုက် အဆင့်မြှင့်တင်မယ်။ အကျယ်လုံလောက်မှု မရှိတဲ့ လမ်းတွေကို ချဲ့ခင်းမယ်။ ကြံ့ခိုင်မှုမရှိတဲ့ လမ်းတွေ ထပ်ပိုးလွှာတင်ခင်းမယ်။ လမ်းတွေ ထိန်းသိမ်းဖို့တွက်ကတော့ တစ်ပေါက် တွေ့ ရင် တစ်ပေါက်ဖာစနစ်နဲ့ သွားနေပါတယ်”ဟု အဆိုပါကော်မတီ လမ်းတံတားဌာနမှ ဌာနမှူး ဒေါ်ခင် မေဌေး က ပြောသည်။

မန္တလေးမြို့တွင် လက်ရှိလူဦးရေ ၁ ဒသမ ၂ သန်းခန့်ရှိပြီး နောင်နှစ် ၃၀ တွင် တိုးတက်လာမည့် လူဦး ရေပေါ် အခြေခံကာ မြို့ပြနှင့် လိုအပ်ကိုက်ညီမည့်အချက်များ ထည့်သွင်းကာ မြို့ပြစီမံကိန်း (Town Plan) ရေးဆွဲခြင်းဖြစ်သည်။

မန္တလေးမြို့၏ နှစ် ၃၀ စီမံကိန်းတွင် လူတိုင်း ကိုယ်ပိုင်အိမ်ရာနှင့် နေနိုင် မည့် ၀ယ်ယူနိုင်စွမ်းရှိ အိမ်ရာများ(Affordable Housings) နှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ ဆောက်လုပ်ပြီး ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ၊ အပန်းဖြေရန်နေရာ၊ စီးပွားရေးအတွက် အချက်အချာကျသည့် ဧရိယာများကို စီမံကိန်း၌ ထည့် သွင်းရေးဆွဲထားသည်။

Mizzima - News in Burmese

No comments:

Post a Comment