Pages

Monday, September 10, 2012

အင်္ဂလန်ကို ဖျော်ဖြေရေး သွားရင်း Documentary ပါရိုက်မယ့် သျှီ

၈၈မျိုးဆက်ကျောင်းသားများရဲ့ စေတနာဝဿန်ရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ  “ကျွန်မတို့ အားလုံးဒီနေ့ကစပြီး ရာဇဝင်အသစ်တစ်ခုကို ပူးပေါင်းပြီး ရေးကြရအောင်၊ ဧရာဝတီနဲ့အတူ ပျော်ရွှင်ခြင်းတွေ ၊ကောင်းမွန်တဲ့အနာဂတ် တွေစီးဆင်းနေမှာပါ”ဆိုတဲ့စကားတွေကို သီချင်းမဆိုခင်မှာ ပြောကြားသွား တဲ့သူကတော့ ရာဇဝင်သီချင်းကို အားမာန်အပြည့်နဲ့ သီဆိုခဲ့တဲ့သျှီပဲဖြစ်ပါတယ်။ အဲဒီပွဲမှာတော့ သျှီက သီချင်းနှစ်ပုဒ်သီဆိုဖို့ စီစဉ်ထားပေမယ့် ပါဝင်ကူညီသီဆိုကြတဲ့ အနုပညာရှင်တွေနဲ့အချိန် ကိုကြည့် ပြီး တစ်ပုဒ်ပဲသီဆိုဖြစ်သွားတယ်လို့လည်း သျှီကပြောပါတယ်။ “မဆိုလိုက်ရတဲ့တစ်ပုဒ်က ကျွန်မကိုယ်တိုင်ဂစ်တာတီးပြီး ဖျော်ဖြေမယ့်အပုဒ်၊ ဒါပေမဲ့ နှစ်ပုဒ်မှာ တစ်ပုဒ်ေ ရွးရမယ်ဆိုတော့ သျှီဆိုရင် ပရိသတ်တွေကသိတဲ့ပုံစံ အတိုင်း ရာဇဝင်သီချင်းကိုရွေးလိုက်တာ။ အဲဒါလည်း ကြိုက်ပါတယ်။  ကျွန်မတို့အားလုံးက ကိုယ့်ရာဇဝင်ကိုယ်ေ ရးနေကြပဲလေ။ ပွင့်လင်းလာ တဲ့လူ့အဖွဲ့အစည်းနဲ့ အပြောင်းအလဲတစ်ခုမှာ အဲဒီနေ့ကလည်း ပြောခဲ့ပါတယ်။အကောင်းဆုံး ရာဇဝင်တစ်ခုကိုစုပြီး ရေးရအောင် လို့ ပြော ခဲ့တယ်။ အဲဒီအတွက်လည်း နောင်တမရဘူး။ ကျေလည်း ကျေနပ်တယ်”လို့ သျှီက ပြောပါတယ်။သျှီက စက်တင်ဘာ ၅ရက်နေ့မှာတော့ အင်္ဂလန်ကို ဖျော်ဖြေပွဲသွားခဲ့ပြီး တစ်ပတ်ကြာမှာဖြစ်ပါတယ်။ အဲဒီခရီးစဉ် မှာတော့Lazy Club တီးဝိုင်းနဲ့အတူ စိုးပိုင်၊သျှီ၊နောနော်၊ အောင်လတို့ ၄ဦးပါဝင်ကြပြီး အင်္ဂလန်မှာ အောင်ရင်နဲ့ တင်ဇာ မော် တို့လည်းလာရောက်ပူးပေါင်း ဖျော်ဖြေမယ်လို့ သိရပါတယ်။“စက်တင်ဘာလ ၉ရက်နေ့မှာဆိုမယ်။ အလှူငွေပွဲလေးပါ။ Street Childကလေးငယ်တွေအတွက် ရန်ပုံေ ငွလုပ်တဲ့ပွဲပါ။ သီချင်း တွေကတော့ ဟိုမှာရှိတဲ့ ပရိသတ်တွေ နှစ် သက်မယ့် သီချင်းမျိုးတွေရွေး ဆိုမှာပါ။ ပွဲကတစ်ရက်ပဲ ဖျော်ဖြေမှာဆိုတော့ ကျန်တဲ့ရက်မှာတော့ဟိုမှာ ရှိတဲ့ သူငယ်ချင်း ကိုရဲခန့်က ကျွန်မအကြောင်းကို Documentary  ရိုက်ချင်တယ်လို့ ပြောတယ်။ အဲဒါ ကျန်းမာရေး အခြေအနေကောင်း ရင်တော့ ရိုက်ဖြစ်မယ်။ ရိုက်ဖြစ်ဖို့တော့များပါတယ်။ ဘယ်အကြောင်း အရာကို ရိုက်ဖြစ်မလဲတော့မသိသေးဘူး”လို့ သျှီက ပြောပါတယ်။ ၁၂ ရက်နေ့မှာ အင်္ဂလန်က ပြန်ရောက်မယ့်သျှီက သူ့အခွေအတွက်လုပ်ဖို့ ရော၊ ချန်နယ်တွေမှာ ရိုက်ကူးရေးလုပ်ဖို့တွေရော၊ ကဗျာစာအုပ်ကိစ္စ တွေပါ ရှိနေတဲ့အတွက် အလုပ်ကတော့ နည်းနည်းများနေမယ့် ကာလတွေ ပဲဖြစ်တယ်လို့လည်း သျှီက ပြောပြခဲ့ပါတယ်။
 ရဲရဲ

No comments:

Post a Comment