Pages

Sunday, June 23, 2013

သောက်သုံးရေ ဖူလုံစွာရရှိရေး သဲနုန်းများဆယ်တင်

ဇွန်လ   ၂၁ရက်  
ရှမ်းပြည်နယ် တောင်ကြီးမြို့ ရေအေးကွင်း ရပ်ကွက်ရှိ ရေထွက်ဦး ရေကန်မှ  ရေကောင်း ရေသန့် ရရှိရေး အတွက် မြို့နယ်စည်ပင် သာယာရေး အဖွဲ့အမှုဆောင် အရာရှိ ဦးထက်နေရှိန်၊ မြို့နယ် အင်ဂျင်နီယာမှူး ဦးထွန်းထွန်းဇော်တို့ ဦးဆောင်၍ စည်ပင် သာယာရေး အဖွဲ့ ဝန်ထမ်း ၂ဝ ကျော်တို့နှင့် အတူ  ယမန်နေ့ နံနက် ၈ နာရီမှ စတင်၍ စက်ယန္တရားများဖြင့် သဲနုန်းများ တူးဖော်ခြင်း၊ ရေကန် အတွင်း လဲပြိုကျနေသည့် သစ်ပင်ကြီးအား ခုတ်ထွင် ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ

No comments:

Post a Comment