Pages

Tuesday, August 27, 2013

တရားမ၀င် သစ်တန် ၂၀ ခန့် ဖမ်းဆီးရမိ


27.8.2013

ရှမ်းပြည်နယ် ( တောင်ပိုင်း ) လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့နယ်ခွဲ ၌ မိုးနဲ မြို့နယ် သစ်တော ဦးစီးဌာနမှူး ဦးလှမြင့် နှင့် ခိုလမ် မြို့နယ်ခွဲမှ သစ်တော ၀န်ထမ်းများ ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ခိုလမ် - ကျိုင်းတောင်း ကားလမ်းပေါ် ရှိ လွယ်ဖွီး ကျေးရွာ အနီးတွင် တရားမ၀င် သစ်များ သယ်ဆောင် လာသည့် ယာဉ်အမှတ်မပါ နစ်ဆန်း UD ၁၂ ဘီးယာဉ် တစ်စီးအား သစ်များနှင့် အတူ ပိုင်ရှင်မဲ့ သိမ်းဆည်း ရရှိခဲ့ပြီး ယာဉ်ပေါ်တွင် တရားမ၀င် ပိတောက်သစ် စကွဲယားတုံး ၅၂ တုံး ( ၁၉ ဒသမ ၀၄၅ တန် ) ၊ ကျွန်း တံခါးရွက် ၅၆ ချပ် အား သိမ်းဆည်း ရမိခဲ့ပြီး နစ်ဆန်း UD သစ်တင်ကား မှာ စက်ချို့ယွင်း နေသဖြင့် ဖမ်းဆီး ရမိ သစ်များအား ထော်လာဂျီ ယာဉ်ဖြင့် ခိုလမ် မြို့နယ်ခွဲ သစ်တောဝင်း အတွင်းသို့ သယ်ယူ ထားရှိပြီး ဖမ်းဆီး ရမိ သစ်နှင့် ယာဉ်အား ခိုလမ်မြို့နယ်ခွဲ ရဲစခန်း မှ တရား ဥပဒေအရ အရေးယူ နိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment