Pages

Wednesday, September 25, 2013

ကာချုပ်မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး လက်မှတ်ထိုးပွဲမတိုင်မီ ဆွေဆုံဖွယ်ရှိ

25.9.2013

အဆိုပါ သတင်းကို ပြီးခဲ့တဲ့ ၂၃ ရက်နေ့ က လွှတ်တော်နာယက သူရရွှေမန်း၏ ထိုင်းခရီးစဉ် အတွင်း ထိုင်းဝန်ကြီးချုပ် ရင်လပ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကောလဟလများကြောင့် မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြုတ်နှံမှုများ ပြုလုပ်ရန် စိုးရိမ်နေသည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောကြားရာတွင် သူရရွှေမန်းမှ အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ရင်လပ်ကလည်း အဆိုပါသတင်းကို ဝမ်းမြောက် ဝမ်းသာစွာ ကြိုဆိုလိုက်ပြီး ကာချုပ် မင်းအောင်လှိုင်သည် စစ်သားကောင်း ပီသသူ တစ်ဦး ဖြစ်ပြီး စစ်တပ်ကို ဒီမိုကရေစီ စစ်တပ် အဖြစ် ချောမွေ့စွာ အသွင် ကူးပြောင်းနိုင်မည့်သူဟု မိမိယုံကြည်ကြောင်း ပြောကြားပါသည် ၊

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာချုပ် မင်းအောင်လှိုင်တို့၏ တွေ့ဆုံဆွေးနွေးမှုကို တာဝန်ယူ စီစဉ်ပေးသော သူရရွှေမန်းကို အထူးပင် ကျေးဇူးတင်နေမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ထို့နောက် ကာချုပ်မင်းအောင်လှိုင် အလည်အပတ် လာစဉ်က ယာယီ သဘောတူညီမှု ရခဲ့သော လာမည့် မြွေဟောက် စစ်ရေးလေ့ကျင့်မှုတွင် မြန်မာ့စစ်တပ် ရာနှုန်းပြည့် ပါဝင်နိုင်ရေးအတွက် ကြိုဆိုပါကြောင်း ထိုင်းဝန်ကြီးချုပ် ရင်လပ်က ပြောကြားပါသည် ၊

ကာချုပ် မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ကြိုတင် တွေ့ဆုံမှုတွင် သမ္မတ ဦးသိန်းစိန်လည်း ပါဝင်မည် ဖြစ်ကြောင်း ဦးရွှေမန်းက ပြောကြား သွားပါသည်။

သတင်းများကို ဘန်ကောက် ရှိ ထိုင်းဝန်ကြီးချုပ်ရုံး အသိုင်းအဝိုင်းမှ ရရှိပါသည်။
~~~~~~~~~*~~~~~~~~~
Credit to>>>Hawdeka Khalaylay<<<Thanks

No comments:

Post a Comment