Pages

Wednesday, September 25, 2013

ပင်လယ်လှိုင်းများ ရိုက်ခတ်မှု ပြင်းထန်လာသဖြင့် အနောက်ဖရုံဂါ ကျွန်းပေါ်ရှိ လူနေအိမ်ခြေနှင့် သာသနိက အဆောက်အအုံများ ပြိုပျက်ခဲ့ပြီး စာသင်ကျောင်းအား ပြောင်းရွှေ့ရဖွယ်ရှိ

                                  (သဲခုန်ကျေးရွာ ကမ်းခြေတစ်နေရာအား တွေ့ရစဉ်)
25.9.2013

ဘင်္ဂလားပင်လယ်အော် ပင်လယ်လှိုင်းများ ရိုက်ခတ်မှု ပြင်းထန်းလာသဖြင့် အနောက်ဖရုံဂါ ကျွန်းပေါ်ရှိ လူနေအိမ်ခြေနှင့်သာသနိကအဆောက်အဦများပြိုပျက်မှု ဖြစ်ပေါ်နေပြီးစာသင်ကျောင်းအား ပြောင်းရွှေ့ရဖွယ် ရှိနေကြောင်း သတင်းရရှိသည်။

ယင်းသို့ ပင်လယ်လှိုင်းများ ပြင်းထန်လာမှုမှာ လွန်ခဲ့သည့် ငါးနှစ်အတွင်း သိသာစွာ ဖြစ်ပေါ်လာပြီး ကမ်းခြေအား ရိုက်ခတ်သဖြင့် ကမ်းပြိုခြင်းများ ဆိုးရွားစွာ ဖြစ်ပေါ်ခြင်းများ ကြုံတွေ့ လာ ရခြင်း ဖြစ်ကြောင်းနှင့် ကမ်းခြေရှိ လူနေအိမ်ခြေများ ထပ်မံပြောင်းရွှေ့ရဖွယ် ရှိနေပြီဖြစ်ကြောင်း သဲခုံကျေးရွာ တွင် နေထိုင်သူများက ပြောကြားသည်။

"အခုအိမ်ခြံထိ ရေရောက်လာပြီ။ နေရာလည်း နှစ်ခါလောက် ပြောင်းရွှေ့ခဲ့ရပြီ။ ဘုန်းကြီးကျောင်းပြိုတာ ၄ နှစ်ရှိပြီ။ သိမ်လည်း ဒီနှစ်ပြိုတယ်။ ဒီမိုးတွင်းမှာတောင် အိမ်ပြောင်းရမယ် ထင်တယ်။ ပြောင်းရွှေ့ဖို့လည်း နေရာရှာနေသေးတယ်။ အရင်ကတော့ ဒီလောက်လှိုင်းမကြီးဘူး။ ဒီနှစ်မှာ အိမ် ငါးဆောင် ပြိုသွားတယ်" ဟု ဦးမောင်ကျောက်သီးက ပြောကြားသည်။

"လွန်ခဲ့ ၅ နှစ်ကစပြီး ပင်လယ်လှိုင်းက ပိုကြမ်းလာတယ်။ လှိုင်းရိုက်လို့ ကမ်းပြိုတာ ဆက်တိုက်ဖြစ် လာတော့ အိမ်ခြေ ၅၀ လောက် ပြောင်းရွှေ့ခဲ့ရပြီးပြီ။ ဒါအပြင် ဘုန်းတော်ကြီးကျောင်း ကိုလည်း လှိုင်းကွယ်ဘက်ကို ပြောင်းရွှေ့လိုက်ရပြီ။ အခုဆို လှိုင်းရိုက်လို့ ကုန်းပေါ်မှာ တည်ခဲ့တဲ့ သိမ်တော် အဆောက်အဦလည်း ဒီနှစ်မိုးတွင်းမှာပဲ လှိုင်းရိုက်လို့ ပြိုပျက်ခဲ့တယ်။ ရွာအလယ်မှာ တည်ဆောက်ခဲ့တဲ့ မူလတန်း စာသင်ကျောင်းနားထိ လှိုင်းရောက်နေပြီဖြစ်လို့ နောက်နှစ်ဆို စာသင်ကျောင်းတောင် ပါတော့မယ်။ အခုနှစ်မှာ ဒီရေက ရွာထဲထိ ရောက်လာတတ်တယ်" ဟု သဲခုံကျေးရွာသား ဦးစောသိန်းရွှေက ပြောကြားသည်။

သဲခုံ အနောက်ဘက်ကမ်းခြေမှာ လှိုင်းဒဏ်ကြောင့် ပြိုဆင်းနေပြီး ဆင် တက်မော် ရေလက်ကြားတွင် သောင်ထွန်းလာကာ ရေကြောင်းကျပ်တည်းခြင်းများ ဖြစ်ပေါ်လာနေကြောင်း သိရသည်း။ ယခင်က လှိုင်းမရောက်သည့်နေရာတွင် တည်ရှိခဲ့သည့် ကျေးရွာလူနေအိမ်ခြေများမှာ ယခုနှစ်ပိုင်း၌ ဒီရေတက်ချိန်တွင်ပင် ရွာထဲရေ၀င်လာပြီ ဖြစ်ကြောင်းနှင့် မုန်တိုင်းဝင်လာမည်ကို ရွာခံများ စိုးရိမ်နေကြကြောင်း သိရသည်။

Eleven

No comments:

Post a Comment