Pages

Wednesday, October 30, 2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်ရန် နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီများ လာရောက်ကမ်းလှမ်း

30.10.2013

ချိုကို

ပြည်တွင်းတွင် ဆက်သွယ်ရေးအော်ပရေတာတစ်ခုအဖြစ် သီးခြားရပ်တည်မည်ဖြစ်သော မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရန်အတွက် လာရောက် ကမ်းလှမ်းသော နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီများရှိနေသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်းက အောက်တိုဘာ ၂၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၀န်ကြီးဌာနမှ ခွဲထွက်၍ သီးခြားအော်ပရေတာအဖြစ် ရပ်တည် မည်ဖြစ်ကာ ယင်းသို့လုပ်ကိုင်ခြင်းမှာ ဆက်သွယ်ရေးနည်းဥပဒေ ထွက်ရှိပြီးမှဖြစ်သော်လည်း လက်ရှိ အချိန်တွင် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီများက ကမ်းလှမ်းနေခြင်းဖြစ်သည်။

ဦးကျော်စိုးဝင်းက “ကျွန်တော်တို့ ဆက်သွယ်ရေးဘက်ကတော့ ပြင်ပနည်းပညာကုမ္ပဏီတွေကို ပူးပေါင်း လုပ်ကိုင်လိုတယ်ဆိုပြီး ကမ်းလှမ်းမှုတွေ မလုပ်ရသေးပါဘူး။ ဒါပေမဲ့ နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီ အချို့ကတော့ MPT ကို လာရောက်ကမ်းလှမ်းတာမျိုးတော့ ရှိနေပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

နိုင်ငံတကာသတင်းများအရ မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ကိုင်ရန် Vodafone နှင့် Orange အပါအ၀င်အခြားနိုင်ငံတကာ ကုမ္ပဏီများက ကမ်းလှမ်းထားသည်ဟု ဆိုသော်လည်း မြန်မာ့ ဆက်သွယ်ရေး ကမူ နာမည်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ မြန်မာ့ဆက်သွယ်ရေး အနေဖြင့်မူ မည် သည့် နိုင်ငံတကာကုမ္ပဏီကိုမှ ကမ်းလှမ်းထားခြင်းမရှိသေးဟုလည်း ဦးကျော်စိုးဝင်းက ဆိုသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ပြည်တွင်းတွင် နည်းပညာရှင် နည်းပါးသည့် ပြဿနာများအပြင် အခြားစိန်ခေါ်မှုများစွာရှိနေကြောင်းလည်း ပြည်တွင်းအော်ပရေတာ အဖြစ် လုပ်ကိုင်မည့် ရတနာပုံတယ်လီပို့၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းက စက်တင်ဘာ လတွင် နေပြည်တော်၌ ပြုလုပ်သော Myanmar Contact 2013 တွင် ပြောကြားထားသည်။

ပြည်တွင်းအော်ပရေတာများအနေဖြင့်လည်း ဆက်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံမှု ပိုင်းတွင် ရေရှည်ရင်းနှီးမြှုပ်နှံကာ ပူးပေါင်းလုပ်ဆောင်နိုင်မည့် စီးပွားရေးပါတနာများလိုအပ်သည်ဟု ပြော ကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိတွင် အော်ပရောတာလုပ်ငန်းလုပ်ကိုင်မည့် အများပိုင် ဆက်သွယ်ရေးအော်ပရေတာအဖြစ် ခွဲထွက်ရန် ပြင်ဆင်နေသည်။ သို့သော် လက်ရှိတွင် ဆက်သွယ် ရေးလုပ်ငန်း၏ Roaming စနစ်အတွက် ဆက်သွယ်ရေးအော်ပရေတာ အရန်အဖြစ်ရွေးချယ် ခံထားရ သည့် Orange နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းများရှိနေကြောင်း ဦးကျော်စိုးဝင်းက ပြောသည်။

၎င်းက “Orange နဲ့တော့ Roaming စနစ်အတွက် ပူးပေါင်းလုပ်ကိုင်နေတာတော့ရှိတယ်။ ဆီးဂိမ်းမတိုင်ခင် နိုင်ငံတော်တော်များများနဲ့ Roaming စနစ် ချိတ်ဆက်ဖို့ လုပ်နေတာပါ။ Roaming စနစ်အတွက်Orange အပြင် အခြားအော်ပရေတာနဲ့ချိတ်ဆက်ထားတာ အခုဆို နိုင်ငံပေါင်း ၃၃ နိုင်ငံလောက် အသုံး ပြုနိုင်ပြီဖြစ်ပါတယ်”ဟု ဆိုသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုများ လုပ်ကိုင်ရန်အတွက် ပြည်တွင်းအော်ပရေတာနှစ်ခုအပြင် နော်ဝေနိုင်ငံ အခြေစိုက် Telenor နှင့် ကာတာနိုင်ငံအခြေစိုက် Ooredoo ကဲ့သို့ ပြင်ပအော်ပရေတာနှစ်ခု ကို ရွေးချယ် ထားပြီး ဆက်သွယ်ရေးနည်းဥပေဒ ထွက်ရှိလာပြီးနောက်ပိုင်း တွင် အော်ပရေတာ လိုင်စင်များ ချထား ပေးနိုင်မည်ဖြစ်သည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောကြားထားသည်။


Mizzima

No comments:

Post a Comment