စက်မှုလုပ်ငန်းသုံး ဓာတ်အားခ နှစ်ဆတိုးမြင့်လာခြင်းနှင့်အတူ ၂၄ နာရီ လျှပ်စစ်ရရှိလိုသည်ဟု စက်မှုလုပ်ငန်းရှင်များဆို
30.10.2013
ထင်လင်းအောင်
လျှပ်စစ်ဓာတ်အား ယူနစ်ငါးထောင် အထက်သုံးစွဲသည့် စက်မှုလုပ်ငန်းများအား ယခင်မီတာခနှုန်းထား ၏ နှစ်ဆတိုးမြှင့်ကောက်ခံလိုက်ခြင်းနှင့်အတူ
စက်မှုလုပ်ငန်းများအား ၂၄ နာရီအပြည့် လျှပ်စစ်မီးပေးနိုင်ရေးကိုပါ
ဆောင်ရွက်သင့်ကြောင်း စက်မှုလုပ်ငန်းရှင်များက မဇ္ဈိမသို့ ပြောသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလမှ စတင်၍သုံးစွဲသည့် လျှပ်စစ်ဓာတ်အားနှုန်းထားများကို ပြောင်းလဲကောက်ခံ မည်ဖြစ်ပြီး အိမ်သုံးနှင့် စက်မှုလုပ်ငန်းသုံးလျှပ်စစ်ဓာတ်အားခနှုန်းထား နှစ်မျိုးစလုံးအား ပြင်ဆင်ကောက်ခံ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ထုတ်ပြန်လိုက်ခြင်းအပေါ် စက်မှုလုပ်ရှင်များကထိုသို့ ပြောခြင်းဖြစ်သည်။
ယခင်က စက်မှုလုပ်ငန်းသုံးလျှပ်စစ်မီတာခများကို
တစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်းထားဖြင့် ကောက်ခံနေရာ မှ တစ်ယူနစ်မှ
ယူနစ်ငါးထောင်အထိအား တစ်ယူနစ်လျှင် ကျပ် ၁၀၀ နှုန်းထားနှင့်
ငါးထောင့်တစ်ယူနစ် အထက်သုံးစွဲသည့် စက်မှုလုပ်ငန်းကို တစ်ယူနစ်လျှင် ကျပ်
၁၅၀ နှုန်းဖြင့် တိုးမြှင့်လိုက်ခြင်းဖြစ်သည်။
ထို့အတူ အိမ်သုံးမီတာခနှုန်းထားများကိုလည်း
တိုးမြှင့်ကောက်ခံရန် ပြင်ဆင်လိုက်သည်။ဖန်ချက်စက်ရုံ
လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဘတင့်ဆွေက “ပြည်တွင်း လျှပ်စစ်ဖြန့်ဖြူးတာကို
နိုင်ငံတော်က အရှုံးပြနေ တယ်လို့ပြောတယ်။ ဒါကြောင့် တိုးကောက်တယ်ဆိုရင်
တိုးပါ။ တစ်ခုပဲ တိုးကောက်တာနဲ့အတူ ၂၄ နာရီ အပြည့်ကို
မီးအားပြည့်ပြည့်နဲ့ပေးနိုင်အောင်လည်းလုပ်ပေးပါ။
ဒါဆိုရင် စက်မှုလုပ်ငန်းရှင်တွေက တိုးပေး ရလည်း ကျေနပ်တယ်။ တိုးကောက်ပေမယ့်
မီးကတော့ ပုံမှန်အတိုင်းပျက်နေတယ်ဆိုရင် တိုးကောက် တာရော၊ မီးပျက်လို့
ဒီဇယ်နဲ့မောင်းတဲ့ ကုန်ကျစရိတ်ရောဆိုရင်တော့ မဟုတ်တော့ဘူး” ဟု ပြောသည်။
စက်မှုလုပ်ငန်းများသည် တစ်လလျှင် အနည်းဆုံး ယူနစ်နှစ်သောင်း
ကျော်အထက်သုံးစွဲရခြင်းဖြစ်ရာ ယခုကဲ့သို့ မီတာခပြင်ဆင်လိုက်ခြင်းကြောင့်
ထုတ်လုပ်မှုစရိတ်တွင် ပိုများသွားမည်ဖြစ်ကြောင်း ယင်းတို့က ဆိုသည်။
တစ်လလျှင် ယူနစ်သုံးသောင်းသုံးစွဲသည့် စက်ရုံများသည် ယခင် ၇၅
ကျပ်နှုန်းဖြင့်ပင် တစ်လလျှင် ဓာတ် အားခ ကျပ် ၂၂ သိန်းကျော် ပေးဆောင်နေရကာ
ယခုတစ်ယူနစ် ကျပ် ၁၅၀ နှုန်းဖြင့်ဆိုပါက တစ်လလျှင် ကျပ် ၄၅ သိန်းခန့်
ကျသင့်ပေးဆောင်ရတော့မည်ဖြစ်သည်။
ငါးပုစွန်အအေးခန်းစက်ရုံလုပ်ငန်းရှင်
ဒေါ်တိုးနန္ဒာတင်က “ကျွန်မတို့ စက်ရုံမှာဆို တစ်လကို ယူနစ်သုံး သောင်းလောက်
သုံးတယ်။ အခုလိုတိုးတော့ ဓာတ်အားခက တစ်လသိန်း ၂၀ ကျော်လောက် ပိုပြီးကုန်
ကျမှာဖြစ်တဲ့အတွက် ကုန်ထုတ်စရိတ်က ပိုကြီးသွားပြီ။ ဒါပေမဲ့ ၂၄နာရီ
လျှပ်စစ်မီးရမယ် ဆိုရင်တော့ ဒီဇယ်ဆီနဲ့မမောင်းရတဲ့အတွက် သက်သာသွားမယ်။
အဲတော့ တိုးလာတာနဲ့အတူ ၂၄ နာရီမီးပေးနိုင် အောင်လည်း
လုပ်ပေးပါလို့ပဲပြောချင်တယ်” ဟု ပြောသည်။
စက်မှုလုပ်ငန်းများအနေဖြင့် ထုတ်လုပ်မှုစရိတ်တိုးမြင့်လာခြင်းသည် ထုတ်ကုန်များအပေါ်တွင်ပြန်လည် ရယူမည်ဖြစ်ခြင်းကြောင့် နောက်ဆုံးစားသုံးသူများတွင်သာ နစ်နာမှုဖြစ်နိုင်ကြောင်းကိုလည်း ယင်းတို့က ဆိုသည်။
ဦးဘတင့်ဆွေက “စီးပွားရေးလုပ်ငန်းရှင်ဆိုတာ အရှုံးခံတဲ့သူတွေ မဟုတ်ပါဘူး။
မီတာခပိုကုန်တာကို ထုတ်ကုန်အပေါ်မှာ ပြန်ယူမှာပဲ။ ဒီတော့
စားသုံးသူပဲနစ်နာမှာပဲလေ။ အဲဒါကိုအစိုးရက ဘာလုပ်နိုင်လဲ ဆိုတော့
စက်မှုလုပ်ငန်းတွေကို ၂၄ နာရီ မီးအပြည့်ပေးပြီး ဒီဇယ်ဆီ
သုံးစွဲမှုကုန်ကျစရိတ်ကို လျော့အောင် လုပ်ပေးဖို့ပဲရှိတယ်။ ဒါဆိုရင်
ထုတ်ကုန်ဈေးတက်တာကို ကာကွယ်နိုင်မှာပေါ့” ဟုပြောသည်။
Mizzima
No comments:
Post a Comment