Pages

Monday, November 4, 2013

ခြောက်လကျော်အတွင်း အကြွေးဝယ်ကတ် အသုံးပြုနိုင်မည်ဟု Visa မျှော်လင့်သော်လည်း ပြည်တွင်းဘဏ်များဘက်က ခက်ခဲဦးမည်ဆို

4.11.2013

ဗီဇာအကြွေးဝယ်ကတ်(Credit Visa Card )ကို လာမည့်ခြောက်လမှ တစ်နှစ်အတွင်း ပြည်တွင်း၌ ထုတ် ပေးနိုင်လိမ့် မည်ဖြစ်ကြောင်း Visa ၏ မြန်မာနှင့်ထိုင်းနိုင်ငံဆိုင်ရာ မန်နေဂျာ Mr.Somboon Krobteeranon က နိုဝင်ဘာ ၁ ရက်တွင် ပြောကြားလိုက်သော်လည်း ပြည်တွင်းဘဏ်များအနေဖြင့် အကြွေးဝယ် ကတ်ထုတ်ပေးနိုင်ရန် အခက်အခဲများရှိလိမ့်ဦးမည်ဖြစ်သည်ဟု ပြည်တွင်းပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သည့် CB ဘဏ်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဖေမြင့်က ပြောသည်။

မန်နေဂျာ Mr.Somboon Krobteeranon က နိုဝင်ဘာ ၁ ရက်က Park royal ဟိုတယ်တွင် ပြုလုပ် သည့် Visa Multicurency Travel Prepaid Card နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမ ၏မေးမြန်းမှု ကို ဖြေကြားခြင်းဖြစ်သည်။

လတ်တလောတွင်လည်း ကြိုတင် ငွေထည့်သွင်းရသည့် Visa Multicurency Travel Prepaid Cardကို ဆီးဂိမ်းမတိုင်ခင် ပြည်တွင်းဘဏ်များ၌ ထုတ်လုပ်နိုင်ရန် လုပ်ဆောင်နေပြီဖြစ်ကာ Visa ကတ်ကို လက်ခံ သုံးစွဲနေသည့်ဘဏ်ရှစ်ခုရှိပြီး ဘဏ်နှစ်ခုက travel ကတ်ကို ထုတ်လုပ်အသုံးပြုနိုင်ရန် သေချာနေပြီဟု Mr.Som-boon Krobteeranon က ပြောသည်။

၎င်းက “ဆီးဂိမ်းပြိုင်ပွဲမတိုင်ခင်တော့ Visa Multicurency Travel Prepaid Card ကို မြန်မာနိုင်ငံဘဏ် များက ထုတ်နိုင်အောင် လုပ်နေတယ်။ အကြွေးဝယ်ကတ် (Visa Credit Card) ကိုတော့ နောက် ခြောက်လက တစ်နှစ်အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ ကတ်ထုတ်လုပ်အသုံးပြုလာနိုင်ဖို့ မျှော်လင့်နေပါ တယ်”ဟု နိုဝင်ဘာ ၁ ရက်တွင် မဇ္ဈိမ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ပြည်တွင်း၌ ဗီဇာအကြွေးဝယ်ကတ်ထုတ်ပေးရန်မှာ အဆင်သင့်ဖြစ်သည့် အနေအထားမျိုး မရှိသေး ကြောင်း ၊ ပြည်တွင်းဘဏ်များအနေဖြင့် ထုတ်ပေးရန်မှာ ငွေကြေးဆိုင်ရာများအတွက် စိုးရိမ်မှုများရှိနေကြောင်း CB ဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာဦးဖေမြင့်က ပြောသည်။

ဦးဖေမြင့်က “ဗီဇာနဲ့ မာစတာဘက်ကတော့ နည်းပညာပိုင်းထောက်ပံ့မှုတွေ လုပ်နိုင်တယ်ဆိုပေမယ့် တကယ် တမ်း ငွေကြေးဆိုင်ရာဆုံးရှုံးမှုတွေ ဖြစ်လာရင် ပြည်တွင်းဘဏ်တွေကပဲ ခံရမှာလေ။ ပြည်တွင်း ဘဏ်နှစ်ခုက လည်း အရင်တုန်းက အဲဒီလိုစနစ်ပုံစံမျိုး ပြုလုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ တကယ်တမ်း ဆုံးရှုံးမှု တွေဖြစ်ခဲ့ဖူးတော့ ဗဟိုဘဏ်အနေနဲ့လည်း လက်ရှိမှာ ဒါမျိုးကိုခွင့်ပြုပေးဖို့ တော်တော်စဉ်းစားလိမ့်မယ် ထင်တယ်”ဟု မဇ္ဈိမကို ပြောသည်။

Mr.Somboon Krobteeranon ကလည်း မြန်မာနိုင်ငံတွင် အကြွေးဝယ်ကတ်များ အသုံးပြုနိုင်ရန် စတင် လုပ်ဆောင်မည် ဆိုသော်လည်း နိုင်ငံတကာတွင် အသုံးပြုနေသည့်စံနှုန်းအတိုင်း အပြည့်အ၀အသုံးပြုနိုင် မည်မဟုတ်သေးဘဲ ကတ်ထုတ်ပေးမည့်သူကို ဘဏ်များက သေချာစိစစ်၍ စမ်းသုံးသည့်အဆင့်အဖြစ် သာ စတင်သွားမည်ဟု ဆိုသည်။

၎င်းက “နိုင်ငံတကာမှာ အသုံးပြုသလိုတော့ အပြည့်အ၀အသုံးပြုနိုင်မယ့် ပုံစံတော့ မဟုတ်ဘူး။ ဥပမာ-နိုင်ငံ တကာ မှာ အကြွေးဝယ်ကတ်နဲ့သုံးရင် သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာ နည်းနည်းဆီ ငွေ ကိုပြန်လည်ပေးချေသွားလို့ရတယ်။ ဒီမှာစသုံးရင် တစ်လတစ်ကြိမ် ပြန်ဆပ်တဲ့ပုံစံမျိုးနဲ့ စတင်အသုံးပြုရ လိမ့်မယ်”ဟု သုံးသပ်သည်။

အကြွေးဝယ်ကတ်ထုတ်ပေးရန်မှာ သုံးစွဲသူ၏ ၀င်ငွေ၊ ပိုင်ဆိုင်မှုစသည့် အချက်အလက်များကို တိကျစွာ သိထားရန် လိုအပ်ပြီး ထုတ်ပေးနိုင်သည့်သတ်မှတ်ချက်နှင့် ညီသည့်အခါမှသာ ထုတ်ပေးရမည်ဖြစ် ကြောင်း၊ ထို့ပြင် အဆိုပါအချက်အလက်များ စိစစ်သတ်မှတ်ရန်အတွက် ဗဟိုဘဏ် သို့မဟုတ် အစိုးရက ဖွဲ့စည်းထား သည့် အဖွဲ့အစည်းတစ်ခုလိုအပ်ကြောင်း ဦးဖေမြင့်က သုံးသပ်ပြောကြားသည်။


Mizzima

No comments:

Post a Comment