Pages

Thursday, December 26, 2013

ကဘူးလ်မှ အမေရိကန်သံရုံးဝန်းအတွင်း ဒုံးကျည်နှစ်လုံးကျ

26.12.2013

ခရစ္စမတ်နေ့က အာဖဂန်နစ္စတန်အလယ်ပိုင်း ကဘူးလ်မြို့ရှိ အမေရိကန် သံရုံးဝန်းအတွင်း တာလီဘန် တို့၏ လက်ချက်ဖြစိသော ဒုံကျည်းနှစ်ခု ကျလာခဲ့သည်။ ယခုဒုံးကျညကြောင် တစ်ဦး တစ်ယောက် မှ ထိခိုက်ဒါဏ်ရာ ရခြင်း မရှိခဲ့ပေ။

သို့သော်လည်း အာဖဂန်မှ နိုင်ငံခြားသားများ အတွက် လုံခြုံရေးပြဿနာ အစိုးရိမ်ရဆုံး အနေအထား တွင် ရောက်နေကြောင်း ယခုဖြစ်ရပ်က ဖော်ပြလိုက်သလို ဖြစ်လာခဲ့သည်။

တာလီဘန်းတို့သည် ၂၀၀၁ခုနှစ်ကတည်းက အမေရိကန်တို့ ကျောထောက်နောက်ခံပြုပေး ထာသော အစိုးရကို ဆန့်ကျင် တိုက်ခိုက်လျက်ရှိရာ ခရစ္စမတ်နေ့တွင်မြို့အတွင်း အခြား တိုက်ခိုက်မှု တစ်ရပ် ကိုလည် ပြုလုပ်ကာ သူတို့၏ လုပ်ရပ်ဖြစ်ကြောင်း ကြေညာခဲ့သည်။

နောက်ထပ် ဒုံးကျည်တစ်လုံးသည် ဘုရင်ဟောင်းနှင့် သူ၏တော်ဝင်မိသားစုများ မြေမြုပ်သဂြ်ုဟ်ရာ မာ၇န်ဂျန် တောင်တန်းအနီးသို့ ကျရောက်ခဲ့ကောင်း အမျိုးသားလုံခြုံရေး ညွှန်ကြားရေးမှုးရုံး မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဒုံးကျည်ပစ်ခတ်မှုတိုင်းတွင် ထိခိုက်ဒဏ်ရာရရသူ မည်သူမျှမရှိသော်လည်း တစ်ခုပြီးတိုင်း တာလီဘန် တို့က သူတို့၏ လက်ချက်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနသို့ စာတိုများပေးပို့ အကြောင်းကြား ခဲ့သည်။

The Myanma Age

No comments:

Post a Comment