ဒီဇင်ဘာလ ၂၈
သောကြာနေ့နံနက် အစိုးရတပ်က ထိုးစစ်ဆင်မှုတွင်တိုက်လေယာဉ်များပင် အသုံးပြုတိုက်ခိုက် နေကြောင်း
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။
“လေယာဉ် လေးစီးနဲ့ လဂျားယန်မှာ ပစ်နေတုန်းပဲ။ မနက် ၉ နာရီ ပတ်ဝန်းကျင်ကနေ တိုက်လေယဉ်နဲ့ ပစ်
တယ်။ခါတိုင်းတော့စစ်ရဟတ်ယဉ်ပေါ့။ဒီတခေါက်ကတိုက်လေယာဉ်ပါတယ်။သူတို့ပျံသန်းမှုကတော့တရုတ်ပြည်
ဘက်ဝင်ပြီးတော့ လှည့်ပတ်ပျံလာပြီး ပစ်ခတ်တာမျိုးတွေ့ မြင်ရတယ်” ဟုဦးလနန်ကတယ်လီဖုန်းမှ တစ်ဆင့် မဇ္စျိမကို ပြောသည်။
KIO ၏ဌာနချုပ်ရှိရာ လိုင်ဇာမှ ရှစ်မိုင်ကွာဝေးသောကချင်ရှေ့တန်းစခန်းကြီးတစ်ခုဖြစ်သောလဂျားယန်တွင်
တိုက်ခိုက်နေမှုကိုအမြင့်ဘက်ကျသောလိုင်ဇာမြို့မှ မြင်တွေ့ေ နရသလို အသံများလည်း ကြားနေရသည်ဟု
ဦးလနန်က ပြောသည်။
KIO ၏ မဟာမိတ် တပ်တစ်ခုဖြစ်သော ကျောင်းသားတပ်မတော် (မြောက်ပိုင်း)တာဝန်ခံဦးလဆိုင်းကလည်း “တိုက်ပွဲ ပြင်းနေတယ်။ လဂျားယန်မှာ အစိုးရက စစ်တိုက်လေယာဉ်တွေ၊ ဂျက်လေယဉ်နဲ့ တိုက်တာ ၉ နာရီ
ကနေ ခုထိဘဲ။ ခုတော့ လေယာဉ်ပျံတော့ ဆုတ်သွားပြီ။ ရဟတ်ယဉ်က ပြန်လာတယ်။ခုခန်းကိုင်တောင်
ကနေ လက်နက်ကြီးနဲ့ ပစ်နေတယ်”ဟု မဇ္စျိမကို ပြောသည်။
လေကြောင်းမှ တိုက်ခိုက်မှုကြောင့်ကချင်တပ်နှင့် ကျောင်းသားတပ်အတွင်းအကျအဆုံးပတ်သက်၍ထိခိုက်
ဒဏ်ရာရရှိမှုတော့ရှိတယ်လို့ နှစ်ဖွဲ့လုံးက ပြောသည်။
တချိန်ထဲတွင်ပင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရ စစ်အင်အားများ တိုးမြင့်
လာကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
မဇ္စျိမ