Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts
Tuesday, July 1, 2014

အပစ်ရပ်စဲရေးမူကြမ်းအတွက် ဇူလိုင်မှာ ထပ်တွေ့ကြမည်

0 comments


တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်မူကြမ်းတစ်ခုရလာဖို့အတွက် လာမယ့်ဇူလိုင်လမှာ အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ထပ်မံတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆာင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြား လိုက်ပါ တယ်။

အမျိုးသားလွှတ်တော်ကို ဒီနေ့ ရောက်ရှိသွားတဲ့ ၀န်ကြီးဦးအောင်မင်းက သတင်းထောက်တွေ ကို ပြောခဲ့တာဖြစ်ပါတယ်။

" သူတို့နဲ့ ကျနော်တို့နဲ့ ဆွေးနွေးတဲ့အခါမှာ အကြိမ် ၇ ကြိမ်ရှိပါပြီ၊ ပထမတော့ သူ့မူ ကိုယ့်မူကိုယ့်ဟာကိုယ်ကိုင်စွဲနေပါတယ်၊ အခုကတော့ ကျနော်တို့က အဲ့လိုမလုပ်တော့ပဲနဲ့ မူတစ်ခုပဲ ကိုင်ရပါတယ်၊ အဲ့ဒီမှာ အချက် ၁၁၂ ချက်ရှိတယ်၊ ပထမအကြိမ် ဆွေးနွေးချက်ကို မူကြမ်းထွက်လာတဲ့ အချိန်မှာ ၇၇ ချက်သဘောတူတယ်၊ ၄၅ ချက်ကျန်တယ်လေ၊ ဒုတိယအကြိမ် မူကြမ်းဆွေးနွေးပွဲမှာ အဲ့ဒီကျန်တဲ့ ၄၅ ချက်ထဲက ၁၄ ချက်ကိုသဘောတူတယ်၊ အဲ့တော့ ၃၁ ချက်ပဲကျန်တယ်၊ အဲ့ဒီ ၃၁ ချက်ကလည်း ကျနော်တို့ လာမဲ့ဇူလိုင်လထဲမှာ ဆွေးနွေးဖို့ရှိတယ်၊ ဒီ ၃၁ ချက်ကို ကျနော်တို့ ပြန် ပြီးတော့ဆွေးနွေးကြမယ်၊ ဆွေးနွေးလို့ သဘောတူပြီးသွားရင်ဆိုရင်တော့ လူကြီးတွေတင်ပြပြီးတဲ့ အခါမှာ ကျနော်တို့ လက်မှတ်ထိုးဖို့ပဲရှိတာပေါ့၊ တော်တော်တော့ နီးစပ်နေပြီလို့ ပြောလို့ရတာပေါ့"

ကျင်းပမယ့်နေရာနဲ့ ရက်စွဲကိုတော့ ဦးအောင်မင်းက ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။

တိုင်းရင်းသားခေါင်းဆောင်တွေဘက်ကလည်း လာမယ့်ဇူလိုင်လထဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

#RFA
Read more...
Monday, June 30, 2014

တစ်ဦးလျှင် ကျပ်သုံးသိန်းဖြင့် ဘင်္ဂါလီများခိုးသွင်းသည့်အမှု နောက်ဆက်တွဲဘင်္ဂါလီဆယ်ဦး ထပ်မိ

0 comments
30.6.2014

ဘင်္ဂါလီကိုးဦးအား ရန်ကုန် သို့ ခိုးပို့ရန်ကြိုးစားခဲ့သည့် လူကုန် ကူးဂိုဏ်းကို စစ်ဆေးနေစဉ်အဆို ပါအမှု၏ နောက် ဆက်တွဲအဖြစ် နောက်ထပ် ဘင်္ဂါလီဆယ်ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး နေပြည် တော်မှ ကွပ်ကဲမှုဖြင့် ရခိုင်ပြည် နယ်ဒုတိယရဲမှူးဦးဆောင်ကာ ခုံရုံးဖွဲ့ စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ပြည်နယ်ဒုတိယရဲမှူး ဦး ဆောင်ပြီး စစစ်နေပြီ။ ဒီအမှုကအ ဖွဲ့လိုက်၊ လူကုန်ကူးဂိုဏ်းအနေနဲ့ လှုပ်ရှားနေတယ်လို့ ယူဆရတယ်။ သူတို့ ကားနဲ့သယ်ပြီး လမ်းမှာ ချထားခဲ့တဲ့ ဘင်္ဂါလီဆယ်ဦးထပ် ဖမ်းမိတယ်။ ဒါကြောင့် စုံစမ်းစစ် ဆေးရေးခုံရုံးဖွဲ့ပြီးစစ်နေတာ’’ ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ပြည် နယ်အဆင့် ရဲအရာရှိတစ်ဦးက ပြောသည်။

ဇွန်လ၂၇ရက်က ဘင်္ဂါလီကိုး ဦးသယ်လာသည့် ကားတစ်စီးကို အမ်းမြို့၊ ပဲ့ပဒုံစစ်ဆေးရေးဂိတ် တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ကိုအခကြေးငွေယူ၍ ရန်ကုန်သို့ကား ဖြင့်သယ်ပို့ရန် ကြိုးစားသည့် သံ သယရှိသူသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ သည်။ ဇွန်လ၂၉ရက် နံနက်တွင် ဘင်္ဂါလီ ဆယ်ဦးကို ကျောက်တော်-အမ်းကားလမ်းမ ဘေးရှောက်ချုံရွာတွင် ထပ်မံဖမ်းနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများက စုစုပေါင်းဘင်္ဂါလီ ၁၉ ဦးအား ရန် ကုန်သို့ ပို့ရန်စီစဉ်ခြင်းဖြစ်သည်။

‘‘ကားနဲ့ သယ်လာတဲ့သူတွေ က လူကြီးလမ်းကြောင်းလို့ပြော ပြီး စစ်ဆေးရေးဂိတ်ကိုဖြတ်ဖို့ကြိုး စားတယ်ဆိုတဲ့ သတင်းတွေ က မ ဟုတ်ပါဘူးဗျာ။ ဒီအမှုနဲ့ပတ်သက် လို့ အရေးကြီးနေတော့ လိုအပ်ရင် တာဝန်ရှိသူတွေကို အချိန်မရွေး မေးစေချင်ပါတယ်။ ဒီနေ့အထိ စု စုပေါင်း ဘင်္ဂါလီ ၁၉ဦးကိုထိန်း သိမ်းထားပါတယ်’’ဟု အမ်းမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး သောင်း လွင်ကပြောသည်။

ကားဖြင့် သယ်ဆောင်လာ သူများသည် ဘင်္ဂါလီတစ်ဦးလျှင် သုံးသိန်းကျပ်ဖြင့် လူကုန်ကူးခြင်း ဖြစ်ပြီး ၎င်းတို့အား ဥပဒေပုဒ်မ ၃၆၇ဖြင့်အမှုဖွင့်ထားကာ ဘင်္ဂါလီ ၁၉ဦးကို လ၀ကဥပဒေဖြင့်အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

7Day Daily
Read more...
Thursday, June 26, 2014

TNLA ကြောင့် ပလောင်ဒေသငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်

0 comments
25.6.2014

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မာန်အောင် ကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒီနေ့အချိန်ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ပါပဲ။ သေနတ်သံတွေကြားထဲမှာ မာန်အောင်ရွာလေးကတော့ တိတ်ဆိတ်ငြိမ် သက်နေလို့ ရွာသူရွာသားတွေ လွတ်ရာကျွတ်ရာ ထွက်ပြေးသွားကြပြီလို့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။

တချို့ နာမည်ကြီး ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာဆိုရင် အစိုးရတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွား မှုကြောင့် ဒေသ ခံ(၂၀၀၀)ကျော် နမ့်ခမ်းမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြထားကြ ပါတယ်။ ဒါပေမယ့် နမ့်ခမ်းမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးတစ်လေတောင် မရှိပါဘူး။ ဒေသခံပလောင် တိုင်းရင်းသားတွေဟာ တိုက်ပွဲတွေကြားထဲမှာ ကျီးလန့်စာစား ဘ၀နဲ့ နေနေရတယ်။ တစ်ဖက်မှာလည်း မီဒီယာတွေရဲ့ ၀ါဒဖြန့်မှုကြောင့် ကြောက် လန့်ပြီး အိုးအိမ်ပစ်ကာ ထွက်ပြေးရမလို ဖြစ်နေပါပြီ။

တကယ်တမ်း နစ်နာတာကတော့ ဒေသခံပလောင်တွေပဲ ဖြစ်ပါတယ်။ TNLA အဖွဲ့ရဲ့ သူများကြိုးဆွဲရာ ကနေတဲ့ လုပ်ရပ်ကြောင့် မြေဇာပင်ဘ၀ရောက်ရတော့မှာ ဖြစ်ပါတယ်။ TNLA အဖွဲ့ဆိုတာ အမည်ခံသာဖြစ်ပြီး လူ၊ လက်နက် အင်အား အနည်းငယ်မျှသာရှိတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ နမ့်ခမ်း၊ ကွတ်ခိုင်၊ တာမိုးညဲ စတဲ့ မြို့နယ်တွေဟာ TNLA ရဲ့ နယ်မြေဖြစ်ပေမယ့် တကယ်တမ်းနေရာယူ မင်းမူနေတာကတော့ KIA အဖွဲ့ပဲ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် TNLA ဆိုတာ KIA ရဲ့ ထားရာနေ စေရာသွားနေရတဲ့ နယ်ရုပ်တစ်ရုပ်သာ ဖြစ်ပါတယ်။

KIA ကြိုးဆွဲရာ ကနေတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် သူတို့ခိုင်းသမျှ လုပ်နေရတာဖြစ်ပါတယ်။ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ကို ဖန်တီးပြီး KIA က TNLA အဖွဲ့ကို ထိုးကျွေးထားတာ ဖြစ်ပါတယ်။ အစိုးရတပ်တွေနဲ့ TNLA အဖွဲ့ တွေ့ဆုံ တိုက်ပွဲဖြစ်ရင် ထိခိုက်ကျဆုံးမှုများတာ TNLA အဖွဲ့ပါ။ အောင်မြင်မှုရရင် နာမည်ကြီးမယ်ဆိုရင် KIA အဖွဲ့က၀င်ပြီး နေရာ ယူလိုက်တာပါ၊ ခံစရာရှိရင် အပြစ်ပုံချစရာရှိရင် TNLA အဖွဲ့ကို လွှဲချတာဖြစ်ပါတယ်။

TNLA အနေနဲ့ KIA အတွက် သြဇာခံတိုက်ပွဲတွေ ဆင်နွှဲနေပေမယ့် ဘာအကျိုးခံစားခွင့်မှ မရပါဘူး။ KIA ခေါင်းဆောင်ပိုင်းတွေ ကတော့ ဇိမ်ခံကားစီး၊ မူးရူးသောက်စားပျော်ပါးကာ လောကစည်းစိမ်ခံနေချိန်မှာ TNLA ခေါင်းဆောင်တွေခမျာ ထမင်းနပ်မှန်အောင် မနည်းရုန်းကန်နေရတာပါ။ KIA က ဆက်ကြေးကောက်တယ်၊ သစ်မှောင်ခို၊ ကျွဲ/နွားမှောင်ခို၊ ဘိန်းမှောင်ခိုတွေကနေ ပိုက်ဆံရပြီး ကြီးပွားချမ်းသာနေကြပြီ။ TNLA အဖွဲ့ကတော့ ဘာစီးပွားရေးလုပ်ငန်းမှ လုပ်စားစရာမရှိသလို KIA ရဲ့ ပေးစာကမ်းစာကို စားနေရတဲ့ဘ၀ ဖြစ်ပါတယ်။

KIA ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ TNLA အဖွဲ့အနေနဲ့ မိအေးနှစ်ခါနာ ဖြစ်နေရပါပြီ။ ပထမတစ်ခုက အစိုးရတပ်တွေနဲ့ TNLA တို့ တိုက်ပွဲဖြစ်နေတဲ့ စစ်မြေပြင်ဖြစ်နေတဲ့အတွက် ကျီးလန့်စာစားဘ၀ ရောက်နေတယ်၊ ဒုတိယတစ်ချက်က ကိုယ့်ပလောင်တိုင်းရင်းသားတွေကို KIA က လူသစ်စုရင်လည်း TNLA က ငြိမ်ခံပြီး ရပ်ကြည့်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်ဘူး။

TNLA ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု မရသေးတဲ့အဖွဲ့ဆိုပြီး နာမည်ဆိုးနဲ့ ကျော်စောနေသောအဖွဲ့ အဖြစ် ကင်ပွန်းတပ်ခံထားရပါတယ်။ TNLA အနေနဲ့ ဘယ်လိုပဲ အကြောင်းပြနေပါစေ၊ တိုက်ပွဲတွေ ရပ်တန့်စေချင်ရင် ငြိမ်းချမ်းရေး ယူရုံကလွဲလို့ အခြားနည်းလမ်းမရှိပါဘူး။ ကိုယ့်အဖွဲ့တစ်ဖွဲ့တည်းကောင်းစားဖို့ KIA သြဇာခံအဖြစ် ဆက်လုပ်နေဦး မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ဘ၀ဟာ တိုက်ပွဲတွေကြားမှာပဲ ပြေးလွှားပုန်းရှောင်ရင်း စစ်ပြေးဒုက္ခသည် ဘ၀ ရောက်ရတော့မှာဖြစ်ပါတယ်။ TNLA အဖွဲ့ကြောင့် ပလောင်တိုင်းရင်းသားတွေ မြေဇာပင် ဖြစ်ရတော့မှာလား ?? အဲ့ဒီအကြောင်းတရားတွေနဲ့အတူ TNLA ကြောင့် ပလောင်ဒေသငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည်သာ ဖြစ်ပါတယ်။

မိုင်းအိုက်ပီး
Read more...
Friday, May 9, 2014

KIA ထောင်ထားသည့် မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာ ဒေသခံ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

0 comments
9.5.2014

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့အထွက် နမ့်ခမ်း-မန်ဝိန်းကြီးသွား ကားလမ်းဘေးတွင် မေ ၆ ရက် ညနေ ၄ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့ ရာ ဒေသခံ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်နေ ဦးစိုင်းအောင်ညွန့် (၅၁)နှစ်သည် လယ်စိုက် ပျိုးရန်၊ ရွှေလီကြိုးတံတားဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် မြို့အထွက် ကားလမ်းမဘေး ဘယ် ဘက်ခြမ်း ၌ မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ မြို့အထွက်မှာ မိုင်းကွဲတာဆိုတော့ မြို့သူမြို့သားတွေ အတော်လန့်သွားကြတယ်၊ မြို့ထဲမှာလည်း မိုင်းခဏ ခဏကွဲနေတော့ စိုးရိမ်စရာအနေအထားဖြစ်လာတာပေါ့၊ ကြာလာရင် ဒီ့ထက်ပိုဆိုးလာပြီး မြို့သူ မြို့သားတွေ အတွက် အရမ်းကို အန္တရာယ်များပါတယ် ” ဟု မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦးက ဆိုသည်။

KIA မှ ထောင်ထားသော မိုင်းများအား ဒေသခံပြည်သူအချို့ နင်းမိပေါက်ကွဲမှုကြောင့် နမ့်ခမ်းမြို့ ပြည် သူ့ ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေရပြီး ယနေ့အချိန်ထိ မိုင်းထောင်မှုများကို မတားဆီးနိုင် သလို ဒေသခံများ၏ လုံခြုံရေးကိုလည်း အကာအကွယ်မပေးနိုင်ကြောင်း မြို့နယ်လွှတ်တော် အမတ်တစ်ဦးက ပြောကြားသွားသည်။

အေပြီ ၃၀ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မန်ဝိန်းကြီးအုပ်စု၊ နမ့်ခမ်း-မန်ဝိန်းကြီး-မန်စီ သွား ကားလမ်း၏ ညာဘက် လဂတ်တော့ကျေးရွာအနီး၌ KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့ရာ ဒေသခံ တစ်ဦး သေဆုံးပြီး (၄)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

“ ဒီနမ့်ခမ်းနဲ့ မန်ဝိန်းကြီး အစပ်က မိုင်းပေါက်ကွဲမှု ခဏခဏ ဖြစ်နေတယ်၊ တိုက်ပွဲတွေ ပြန်ဖြစ်နေတော့ KIA က မိုင်းထောင်ပြီး အစိုးရတပ်ကို လုပ်ချင်တာ နေမှာပေါ့၊ ဒါပေမယ့် ခံနေရတာက ပြည်သူတွေပါ၊ ဒီပြဿနာကို ထိထိရောက်ရောက်ဖြေရှင်းပေးသင့်တယ်၊ ဒီကြားထဲ ဟိုမသွားရ ဒီမလာရဆိုပြီး KIA က လာခြိမ်းခြောက် သေးတယ်၊ မိုင်းတွေကြောင့် မြို့သူမြို့သားအားလုံး အရမ်းကြောက်နေကြတယ် ” ဟု မြို့ခံ ဦးစိုင်းမိန်းက ပြောသည်။

KIA မှ ထောင်ထားသော မိုင်းများကြောင့် နင်းမိပေါက်ကွဲ ဒဏ်ရာ ရရှိပြီး သေဆုံးခဲ့သော ဒေသခံအများစုမှာ ရှမ်း နှင့် ခိုလုံလီရှော တိုင်းရင်းသားများဖြစ်ကြောင်း သိရှိရပါသည်။

#စိုင်းအောင်ထွန်းဦး (နမ့်ခမ်း)
Read more...
Tuesday, May 6, 2014

ပဋိပက္ခများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ဒီမိုကရေစီတူဒေး ၏ မေးမြန်းချက်များကို တပ်မတော်က ပြန်လည်ဖြေကြားခြင်း

0 comments
ပြီးခဲ့တဲ့ ဧပြီလအတွင်းက တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ တို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့မှု၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲများ ခပ်စိပ်စပ်ဖြစ်ပေါ် လာမှုတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက် ခဲ့ရ ပါတယ်။ တိုက်ပွဲတွေ ဘာကြောင့် ပြန်လည် ဖြစ်ပွား ခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားရပ်တည်ချက် ၂၀၁၅ အလွန်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အနေအထား တွေနဲ့ ပတ်သက်လို့ ဒီမိုကရေစီတူဒေးက ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးကို ဧပြီလ နောက်ဆုံးပတ်က ဆက်သွယ်မေးမြန်းခဲ့ရာမှာ မေလတွင် အောက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

သို့

ဦးကိုကို (ကိုကို စက်မှုတက္ကသိုလ်)

၁။ ဦးကိုကို၏စာကို လက်ခံရရှိပါတယ်။ စာပါ အကြောင်းအရာများကို ကြည့်လိုက်တော့ အောက်ပါ အတိုင်း တွေ့ရပါတယ်-

(က) တပ်မတော်နဲ့ KIA တို့ တိုက်ပွဲဖြစ်စဉ်အခြေအနေ

(ခ) အခြားတိုင်းရင်းသား အဖွဲ့အစည်းများဖြစ်တဲ့ SSA၊ RCSS၊ “ဝ” တို့နှင့် အခြေအနေ

(ဂ) အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု အခြေအနေ

(ဃ) အပစ်အခတ်ရပ်စဲရေး အပေါ် တိုင်းရင်းသား အဖွဲ့အစည်းများ၏ ရပ်တည်ချက်

(င) တပ်မတော်၏ ရပ်တည်ချက်

၂။ ဦးကိုကိုရဲ့ စာအရ မေးခွန်းတွေကို ကြည့်ရင် ဦးကိုကိုတို့အပါအဝင် စာနယ်ဇင်း သမားတွေအနေနဲ့ တစ်ဘက်မှ KIAနဲ့ တိုင်းရင်းသား အဖွဲ့အစည်းများရဲ့ လေထဲက စကား တွေကို ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ အမှန်လို့ ထင်မြင်နေတဲ့အပြင် တပ်မတော် အပေါ် မှာလည်း နဂိုကတည်းက အမြင်မရှင်း ချင်တာကြောင့် တပ်မတော်အပေါ် အကောင်း မမြင်တာ သဘာဝကျပါတယ်။ တပ်မတော်အနေနဲ့ကလည်း အထက်မှ ပေးတဲ့အမိန့်နှင့် တာဝန်အတိုင်း စည်းကမ်းနှင့်အညီ လုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့၊ တာဝန်မရှိရင်၊ တာဝန်ပေးမခံရရင် ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်လမ်း ကိုယ် လျှောက်တာပဲဆိုတဲ့အသိနဲ့ Media မှာပါတာတွေ၊ ရေးတာတွေ အပေါ်မှာလည်း သိပ်ပြီး မတုံပြန်ခဲ့ပါဘူး။ ဒါကြောင့်လည်း တချို့ဖြစ်စဉ်၊ ဖြစ်ရပ်တွေဟာ အရင်ပြောတဲ့သူက အမှန်လိုဖြစ်နေပြီး တပ်မတော်ဘက်က ရေးမယ့်၊ ပြောမယ့်သူလည်း မရှိပါဘူး။ အခုလည်း ဦးကိုကိုအနေနဲ့ တပ်မတော်ဘက် က အခြေအနေမှန် သိချင်တာကြောင့် မေးတယ်လို့ပဲ ယူဆပြီး ရှင်းပြရတာဖြစ်ပါတယ်။

၃။ ဧပြီလအတွင်း တပ်မတော်နဲ့ KIA တို့အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး (၂၀-၄-၂၀၁၄) ရက်နေ့ထုတ် သတင်းစာမှာ ပါတာတွေဟာ အမှန်တရားတွေပါပဲ။ လုံးဝ လိမ်ညာရေးထားတာ မပါဘူး။ ကွဲလွဲချက်ဘာကြောင့် ရှိရလဲဆိုရင် KIA အနေနဲ့ အစကတည်းက တိုက်ပွဲဖြစ်စဉ်တွေအပေါ်မှာ အမှန်မပြောခဲ့၊ မရေးခဲ့တာကြောင့် ဖြစ်ပါ တယ်။ KIA ဘက်က ရေးတဲ့ Media တွေ အနေနဲ့လည်း ထင်ရာမြင်ရာ ရေးတဲ့အပြင် တပ်မတော်ကလည်း သတင်းမထုတ်တဲ့အပေါ်မှာ အခွင့်ကောင်းယူပြီး တစ်ဆိတ်ကို တစ်အိတ် လုပ်ရေးတော့တာပါပဲ။ ပြီးခဲ့တဲ့တိုက်ပွဲတွေမှာ တပ်မတော်ဘက်မှ ၅၀၀၀၀ လောက် ကျတယ်လို့ ရေးတဲ့သူက ရေးသလို ယုံချင်တဲ့သူကလည်း ယုံတတ်ကြပါတယ်။ KIA နဲ့ ဖြစ်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ရခဲ့တဲ့ အလောင်းလက်နက်တွေနဲ့ ပတ်သက်ပြီး မှတ်တမ်းဓာတ်ပုံတွေ အများကြီးရှိပါတယ်။ သူတို့ဆီက ထုတ်ပြန်ရေးသလို ရေးလို့ မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်အနေနဲ့ စည်းကမ်းရှိပါတယ်။ တပ်မတော် က တိုက်တယ်ဆိုတာ လူမျိုးကို တိုက်တာ မဟုတ်ပါဘူး။ လူမျိုးရေးအသွင်သဏ္ဍာန် ဆောင်သွားမယ့် ဖြစ်စဉ်ဖြစ်ရပ်မျိုး မဖြစ်အောင် နာကြည်းချက် မဖြစ်သွားအောင် ထိန်းရ ပါတယ်။ သူတို့ဘက်က ကျတော့ ဘာမှ မထိန်းပါဘူး။ ပူတာအိုဘက်မှာ ဖြစ်ခဲ့တဲ့ အရာရှိ ခေါင်းဖြတ် အသတ်ခံရတဲ့ဖြစ်စဉ်မျိုးကို သူတို့ဘက်ကကျတော့ ဝန်မခံတဲ့အပြင် ထမင်းရည်ပူ လျှာလွဲ လုပ်တာ အားလုံးအသိပါပဲ။

၎။ မန်ဝိန်းကြီးဘက်မှာ ဖြစ်တဲ့ ဖြစ်စဉ်တွေ သတင်းစာမှာ ပါပြီးပါပြီ။ ဒါပေမဲ့ ထပ်ရှင်းပြ ချင်တယ်။ မန်ဝိန်းဒေသဟာ တကယ်တော့ ရှမ်းလူမျိုးစုတွေ အများစုနေထိုင်တဲ့နေရာ ဖြစ်တယ်။ နယ်စပ်ကုန်သွယ်ရေး စခန်း ဖွင့်လှစ်ထားခဲ့တော့ ရဲစခန်းရော၊ တပ်မတော် စခန်းရော၊ အကောက်ခွန်စခန်းတွေရော ရှိတယ်။ ၂၀၁၁ခုနှစ် ဇွန်လမှာ KIA က လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ နယ်စပ် ကုန်သွယ်ရေး စခန်းကို ပိတ်ပစ်ခဲ့ရတယ်။ အဲဒီနောက်တော့ KIA တွေဝင်ပြီးနေတယ် ။ ဒေသခံတွေကို နှိပ်စက် တယ်။ လူတွေကို အဓမ္မ ဖမ်းဆီးပြီး KIA စစ်သားလုပ်ခိုင်းတယ်။ ဆက်ကြေးတွေ ကောက်တယ်။ ဥပဒေမဲ့ သတ်ဖြတ်တယ်။ နိုင်ငံရဲ့ သယံဇာတတွေကို ခိုးထုတ်တယ်။ ဒါကြောင့် ဒေသခံတွေက သူတို့နယ်မြေကို ကာကွယ်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ တယ်။

၅။ တစ်ခါ ဧပြီ ၃ရက်မှာ မန်ဝိန်းကြီးနဲ့ ကောင်းမုယန်လမ်းပေါ်မှာ ပုံမှန်တပ်လဲလှယ်ဖို့ တာဝန်နဲ့ သွားနေတဲ့ကားကို KIAက ပစ်ခတ်တိုက်ခိုက်လို့ တပ်မတော်က ဗိုလ်မှူး တစ်ယောက် ကျဆုံးခဲ့ရတယ်။ ဧပြီ ၁၁ရက်မှာ မိုးမောက်မြို့နယ် ကျောက်စခန်းအနီး ပုံမှန်စစ်ဆင်ရေး တာဝန်လဲလှယ်ဖို့ သွားနေတဲ့ ယာဉ်တန်းကို မိုင်းဆွဲပြီး ပစ်ခတ်ခဲ့လို့ စစ်သည်နှစ်ဦး ကျဆုံးပြီး စစ်သည်ကိုးဦး ဒဏ်ရာရခဲ့သလို ယာဉ်ပေါ်ပါတဲ့ လက်နက်မျိုးစုံ ၁၃ လက်နဲ့ ဆက်သွယ်ရေးစက်တွေ၊ ခဲယမ်းတွေ မီးလောင်ပျက်စီးခဲ့ရတယ်။ ဒါတွေဟာ ငြိမ်းချမ်းရေးကို ဗန်းပြပြီး ဥပဒေမဲ့လုပ်ရပ်မျိုးနဲ့ လုပ်နေတဲ့ KIAရဲ့ လုပ်ရပ်တွေထဲက တချို့ ဖြစ်တယ်။ဒီတော့ ဒေသခံပြည်သူ လူထုရဲ့ တောင်းဆိုမှုတွေ တပ်မတော်က လျစ်လျူရှု ထားလို့ မရသလို တရား ဥပဒေစိုးမိုးရေး၊ နယ်မြေ လုံခြုံရေးတာဝန်တွေအရ တပ်မတော်က အကန့်အသတ်နဲ့ ရှင်းလင်း ဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီလို ရှင်းလင်းတဲ့ အခါမှာ လည်း KIA ဘက်က စတင်ပစ်ခတ် တိုက်ခိုက်မှ မိမိဘက်က အတတ်နိုင်ဆုံး ထိန်းသိမ်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နယ်မြေဒေသအတွင်းမှာ ပြည်သူလူထုတွေ တစ်စုံ တစ်ရာ ထိခိုက်နစ်နာမှုမရှိခဲ့ဘူး ဆိုတာ သက်သေအဖြစ်နဲ့ တည်ရှိနေပါတယ်လို့ ပြောချင် ပါတယ်။ KIA ဘက်က ထုတ်ပြန်တာကို ယုံတယ် ဆိုရင်တော့ မတတ်နိုင်ပါ။ အကယ်၍ ငြိမ်းချမ်းသွားရင် ဖြစ်ရပ်မှန်ဟာ ဖုံးကွယ်ထားလို့မရဘဲ ဘူးပေါ်သလို ပေါ်လာမှာပါ။ ဒါကြောင့် အချိန်ကိုပဲ စောင့်ပါလို့ ပြောချင်ပါတယ်။

၆။ တစ်ဆက်တည်း ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပလောင်ဒေသ အပါအဝင် ရှမ်း(မြောက်) မှာဖြစ်တဲ့ တိုက်ပွဲဖြစ်စဉ်တွေကို တပ်မတော်က စစ်အင်အား တိုးချဲ့လို့လား၊ KIA ကမြှောက်ပေးလို့ လုပ်ရတဲ့ TNLA အပါအဝင် SSA နဲ့ TNLA တပ်ဖွဲ့တွေရဲ့ နယ်မြေ ချဲ့ထွင်မှုကြောင့် ဖြစ်တာလား စဉ်းစားသုံးသပ်နိုင်ပါတယ်။ ဥပမာ-မိုးကုတ်၊ မိုးမိတ်နယ်မြေ ဆိုတာ KIA လည်း မရှိသလို ရှမ်းအဖွဲ့အစည်းလည်း မရှိပါ။ သို့သော်လည်း မိမိနယ်မြေ မဟုတ်တဲ့ နယ်မြေမှာ ဝင်လာတဲ့ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမဆို၊ နေရာ သတ်မှတ်ချက်မရှိဘဲ ဝင်လာတဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို နယ်မြေ ထိန်းသိမ်း ရေး နယ်မြေစိုးမိုးရေးဆောင်ရွက်နေတဲ့ တပ်မတော်တပ်ရင်း/ တပ်ဖွဲ့တွေ အနေနဲ့ တားမရရင် ပစ်ခတ်ထိန်းသိမ်းရတာ တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ ဖြစ်တဲ့ အပေါ်မှာ တပ်မတော်ဟာ နယ်မြေချဲ့ထွင်လို့ မဟုတ်ပါ။ သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ ကတိမတည်လို့ ဖြစ်ပါတယ်။ နယ်မြေချဲ့ထွင် လို့ဖြစ်ပါတယ်။ အထူးသဖြင့် KIA နဲ့ TNLA နှစ်ဖွဲ့စလုံးဟာ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုး ထားတဲ့အပြင် စည်းကမ်းလည်းမရှိ၊ ကတိလည်း မတည်။ နယ်မြေလည်း ချဲ့ဆိုတော့ ပစ်ခတ်တိုက်ခိုက်မှုတွေ မလွှဲမရှောင်သာ ဖြစ်ရတာ ဖြစ်ပါတယ်။

၇။ ဒီနေရာမှာ TNLA နဲ့ ပတ်သက်ပြီးတော့ ရှင်းပြချင်ပါတယ်။ ဦးကိုကိုတို့ သိပြီးသားပါ။ TNLA ဆိုတာ ဦးအိုက်မုန်းတို့ ငြိမ်းချမ်းရေးယူပြီးကတည်းက လုံးဝမရှိတော့ပါဘူး။ တချို့ ခွဲထွက်ပြီး ကျန်ရစ်တဲ့ အနည်းစုက မထင်မရှား ဆက်ကြေးကောက်၊ ဓားပြတိုက်တဲ့ အဆင့် ပဲ ရှိပါတယ်။ ဒါပေမယ့် NCCT က UNFC ထဲမှာ အဖွဲ့ဝင်အနေနဲ့ပါလို့ဆိုပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲကို ဆွဲသွင်းလာခဲ့တဲ့အတွက် လူသိသူသိဖြစ်လာတဲ့ သောင်းကျန်းသူ အဖွဲ့အစည်းအနေနဲ့ ပေါ်လာတာဖြစ်ပါတယ်။ ပလောင်နယ်မြေ အတွင်းမှာ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်၊ နှိပ်စက်မှုတွေကြောင့် နယ်မြေခံတပ်များနဲ့ ထိန်းချုပ် ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။ ရှမ်းလက်နက်ကိုင်အဖွဲ့တွေကျတော့ အပစ် အခတ် ရပ်စဲမှု လက်မှတ် ထိုးထားပါလျက် ဘာကြောင့်ဖြစ်ရလဲဆိုတော့ သူတို့လည်း အလားတူပါပဲ။ သူတို့ကို သတ်မှတ်ပေးထားတဲ့ နယ်မြေမှာမဖြစ်ဘဲ၊ ဝမ်ဟိုင်းလိုနေရာမျိုးမှာ မဖြစ်ဘဲ၊ သူတို့မရှိမယ့်နေရာ၊ သတ်မှတ်မထားတဲ့နေရာမှာ ဖြစ်တာကို သိသာထင်ရှားလှ ပါတယ်။

၈။ အပစ်ရပ်အဖွဲ့တွေနဲ့ အပစ်ရပ်စဉ်က နေရာသတ်မှတ်ချက် မဆွေးနွေးခဲ့လို့ တိုက်ပွဲ ဖြစ်ရတာ မဟုတ်ပါ။ အပစ်ရပ်စဉ်မှာ သတ်မှတ်ထားတဲ့နေရာကို သဘောတူပြီးလည်း ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးရသေးတဲ့ KIA အဖွဲ့သာ နယ်မြေ သတ်မှတ်ချက် မဆွေးနွေးတာ ဖြစ်ပါတယ်။ အစိုးရသစ် လက်ထက်မှာ တိုက်ပွဲဖြစ်ပွားမှုကို ကြည့်ရင် ကချင်နဲ့ ရှမ်းလို မြန်မာနိုင်ငံအထက်ပိုင်းက အဖွဲ့တွေနဲ့ပဲ ပြန်ဖြစ်နေပြီး ကေအင်န်ယူအပါအဝင် တောင်ပိုင်းဒေသတွေမှာ မဖြစ်တာ၊ တပ်မတော်က ရင်းနှီးတဲ့ ဆက်ဆံမှုတွေ ရှိတာဟာ ခွဲခြားဆက်ဆံတာမျိုးလည်း မဟုတ်ပါ။ တောင်ပိုင်းကို နည်းလည် မှုရအောင် ယူပြီး အထက်ဘက်ကို ဖိတိုက်၊ ထိုးစစ်ဆင်တယ်ဆိုတဲ့ နည်းဗျူဟာမျိုးလည်း မဟုတ်ပါ။ တပ်မတော်ဟာ လွတ်လပ်ရေးရပြီးစအချိန်ကလို ရှိတဲ့ တပ်ရင်း (၄/၅) ရင်းနဲ့ တိုက်နေရတဲ့ခေတ် မဟုတ်တော့ပါ။ ခြေလျင်၊ အကူလက်ရုံးတပ်ဖွဲ့၊ ဝန်ထမ်းတပ်ဖွဲ့တွေ အပြင် တပ်မတော်(လေ)၊ တပ်မတော်(ရေ) နဲ့ ခေတ်မီတဲ့ အင်အားရှိတဲ့ စွမ်းရည်ရှိတဲ့ မျိုးချစ်တပ်မတော်၊ အရှေ့တောင် အာရှနိုင်ငံတွေက လေးစားရတဲ့ တပ်မတော်၊ Modernized Army၊ Standard Army၊ Mechanized Army အဖြစ်ကို တည်ဆောက်နေတဲ့ တပ်မတော်ဖြစ်ပါတယ်။

၉။ တစ်နိုင်ငံလုံးကို အကာအကွယ်ပေးနိုင်သလို ဘယ်ရန်သူကို မဆိုလည်း ချေမှုန်းနိုင် ပါတယ်။ အင်အားရှိလို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေ အပေါ်မှာ အနိုင်ကျင့် ပြီး တိုက်နေတာ မျိုးလည်း မဟုတ်ပါ။ KNU နဲ့ ဘာကြောင့်မဖြစ်လဲ၊ KNU က ကတိတည်ပြီး စည်းကမ်းနဲ့ အညီ နေထိုင်လို့ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ မဖြစ်လို့ တပ်တွေမထားတာ၊ မရှိတာလည်း မဟုတ်ပါ။ ယခင်အတိုင်း သတ်မှတ်တဲ့ နေရာမှာ တပ်မတပ်တွေ၊ တိုင်းတပ်တွေ၊ နယ်မြေထိန်း၊ နယ်မြေလှုပ်ရှားတပ်တွေဟာ အရင်အတိုင်း ပါပဲ။ အောက်ပိုင်းမှာ တိုက်ပွဲတွေမရှိလို့ ထုတ်ပြီးအပေါ်ပိုင်းကို ပို့တာလည်း မဟုတ်ပါ။ အပေါ်ပိုင်းမှာရှိတဲ့တပ်တွေက သူ့တာဝန်နဲ့ သူထမ်းဆောင်ရင်း သူ့လုံခြုံရေး တာဝန်ယူရင်း စည်းကမ်း မလိုက်နာတဲ့ ကတိမတည်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ရ တာပါ။ ဒေသခံ ပြည်သူလူထုအတွက် အကာအကွယ်ပြုရင်း ဖြစ်ရတာပါ။ လက်နက်ကိုင်ပြီး ဆက်ကြေးကောက် တာ၊ အတင်းအဓမ္မလူသစ်စုတာ၊ လူသစ် ခေါ်တာတွေကို ဒေသခံ ပြည်သူလူထုက လက်မခံသလို တပ်မတော်ကလည်း လက်မခံပါ။လက်နက်အားကိုးနဲ့ ပြည်သူ လူထုအပေါ် အနိုင်ကျင့်တာ၊ နှိပ်စက်တာကတော့ ပြည်သူကို အလုပ်အကျွေး ပြုရတဲ့ ကာကွယ်စောင့်ရှောက်ရတဲ့ တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေလို့ မရပါ။ မျက်နှာလွှဲနေလို့ မဖြစ်ပါ။ ငြိမ်းချမ်းရေး ရအောင်ဆိုပြီး မြွေမသေ၊ တုတ်မကျိုးနဲ့ အလိုက် သင့်ပြီးပြီးရော နေလို့မရပါ။ အခုရှုပ်မှနောင်ရှင်း၊ ရှင်းလင်းရင်းနဲ့ တိုက်ပွဲဖြစ်ရတာ ဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးရယူပြီး လက်မှတ်ရေးထိုးပြီး ကတိမတည်ရင်တော့ တိုက်ပွဲထပ်ဖြစ် ဦးမှာ ဖြစ်ပါတယ်။ တပ်မတော်က ကတိမတည်တာ မဟုတ်ပါ။ လက်နက်ကိုင်အဖွဲ့တချို့က ကတိမတည်တာ၊ စည်းမစောင့်တာ ဖြစ်ပါတယ်။ ဒါကို တာဝန်ရှိသူတစ်ဦး အနေနဲ့ ဘယ်လိုမှတ်ချက်ပြုရမလဲ။ ကတိတည်ပါလို့ပဲ ပြောချင်ပါတယ်။

၁၀။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းရေးဆွဲရာမှာ ပြည်ထောင်စု တပ်မတော်ကိစ္စကို အကြိတ်အနယ် ဆွေးနွေးမယ်ဆိုတာ ဘာကို ဆွေးနွေးမှာလဲ၊ လက်ရှိ တပ်မတော်ဟာ ပြည်ထောင်စု တပ်မတော် ဖြစ်ပါတယ်။ လက်ရှိ တပ်မတော်ကို ဖျက်ပြီး တိုင်းရင်းသားအသီးသီးက အင်အားတွေ ပေါင်းထည့်ပြီး ပြည်ထောင်စုတပ်မတော် ဖြစ်ချင် လို့မရပါ။ ကမ္ဘာမှာ ဘယ်တပ်မတော်မဆို စစ်မှုထမ်း စည်းမျဉ်းဆိုတာ ရှိပါတယ်။ စစ်မှုထမ်း စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ မတည်ဆောက်၍ မရပါ။ ဖြစ်ချင်တာကို ဦးစားပေးမလား။ ဖြစ်သင့်တာကို လက်ခံမလား၊ လက်ရှိအစိုးရဟာ အစိုးရပါပဲ။ လက်ရှိအစိုးရကိုကျော်ပြီး အစိုးရလုပ်ချင်၍ မရသလို လက်ရှိတပ်မတော်ကို ကျော်ပြီး တပ်မတော် တည်ဆောက်ချင် ၍တော့ မရပါ။ ဥပဒေနဲ့အညီ၊ စည်းမျဉ်း၊ စည်းကမ်နဲ့အညီပဲ ပြောနိုင်၊ လက်ခံနိုင်မှာ ပဲ ဖြစ်ပါတယ်။

၁၁။ မေလဆွေးနွေးပွဲ အခြေအနေဘယ်လို ရှိနိုင်မလဲဆိုတာတော့ ကြိုတင် ခန့်မှန်း ပြောဆို ရခက်ပါတယ်။ ဖြစ်နိုင်တာကတော့ ပြီးခဲ့တဲ့ မတ်လဆွေးနွေးပွဲက သဘောတူ ထားတဲ့ Single Text မူကြမ်းကို ဆက်ပြီး ဆွေးနွေးညှိနှိုင်းရမှာ ဖြစ်ပါတယ်။ မတ်လ ဆွေးနွေးပွဲမှာ ရခဲ့တဲ့ သဘောတူညီချက်တွေအပြင် နိုင်ငံတော်ဘက်က အဆိုပြုတဲ့ အချက်တွေ တိုင်းရင်းသားတွေဘက်က အဆိုပြုတဲ့အချက်တွေ ဒါတွေကို အကျေအလည် ဆွေးနွေးပြီး နှစ်ဖက်သဘောတူညီမှုတွေရအောင် ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ အခန်း (၇) ခန်းစလုံး နှစ်ဘက်သဘောတူညီပြီ ဆိုလျှင်တော့ လက်မှတ်ရေးထိုးကြရမှာ ဖြစ်ပြီး မေလ ဆွေးနွေးတဲ့အခါ သဘောတူညီမှု အကုန်မရသေးရင် အကုန်လုံး သဘောတူညီမှုရသည် အထိ ဆွေးနွေးရဦးမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့အတိုင်း သြဂုတ်လ ၁ ရက်မတိုင်မီတော့ သဘောတူညီမှုရမယ် ထင်ပါတယ်။ အရေးအကြီးဆုံး ကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး လက်ခံ ယုံကြည် လိုက်နာ ထိန်းသိမ်းစောင့်ရှောက်ရတဲ့ ဒို့တာဝန်အရေးသုံးပါးအပေါ်မှာ အခြေခံပြီး ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။

၁၂။ ဒီနေရာမှာ တစ်ဆက်တည်းပြောလိုတာက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့မူဝါဒခြောက်ရပ်ဖြစ်တဲ့-

(က) ထာဝရငြိမ်းချမ်းရေးရယူရန်၊ အမှန်တကယ်ဆန္ဒရှိရန်၊

(ခ) သဘောတူစာချုပ်အတိုင်း ကတိတည်ရန်၊

(ဂ) ငြိမ်းချမ်းရေးသဘောတူညီချက်အပေါ် အမြတ်မထုတ်ရန်၊

(ဃ) ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်၊

(င) နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန်၊

(စ) ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက်ပါ ဆောင် ရွက်ရန်။

၁၃။ ဒီအချက်ခြောက်ချက်ဟာ မူကြမ်းရေးဆွဲရာမှာ ပါဖို့၊ မပါဖို့ထက် လိုက်နာဆောင်ရွက် ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ထာဝရငြိမ်းချမ်းရေး ရမှာ ဖြစ်ပါတယ်။ အထက်ပါ အချက်တွေကို လိုက်နာတဲ့အဖွဲ့တွေ အနေနဲ့ ၎င်းတို့အကျိုးစီးပွား ဆုတ်ယုတ်မသွားသလို လက်မခံနိုင်စရာမရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေကလည်း သူတို့ကို အကျပ်ကိုင်တာ မဟုတ်သလို တပ်မတော်က လက်တွေ့ကိုယ်တိုင် လိုက်နာ ဆောင် ရွက် နေတဲ့ အချက်တွေ ဖြစ်ပါတယ်။ စိတ်သဘောထား မှန်ကန်ပြီး တည်ကြည် ဖြောင့်မတ် တဲ့ KNU လို အဖွဲ့မျိုးဆိုရင်တော့ အားလုံး လက်ခံဆောင်ရွက်နေတဲ့ အချက်တွေ ဖြစ်ပါတယ်။ စောဒက တက်စရာမရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။

၁၄။ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးအတွက် လက်မှတ်ရေးထိုးရာမှာ နိုင်ငံတကာ အစိုးရက ပါဝင်ရလောက်အောင် တိုင်းရင်းသားတွေ ဘက် တောင်းဆိုနေ တယ်ဆိုတာ KIA တစ်ဖွဲ့ တည်းကိုကြည့်ပြီး ပြောတာလား။ ကျန်တဲ့ အဖွဲ့အစည်းတွေကိုရော ထည့်မစဉ်းစား တော့ဘူးလား။ အရေးကြီးဆုံးက သဘောတူညီမှုပါ။ ကိုယ့်ပြည်တွင်းရေးကိစ္စကို ကိုယ့် ဘာသာ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့်ဘယ်သူတွေ ဘယ်လို စိုးရိမ် တယ် ဆိုတာထက် လက်မှတ်ရေးထိုးချင်သလား။ မထိုးချင်ဘူးလားက ပိုအရေးကြီး ပါတယ်။ နိုင်ငံတော်တစ်ခုလုံးရဲ့ နိုင်ငံသား အားလုံး တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွား နဲ့ယှဉ်ပြီး စဉ်းစားဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ အမျိုးသားရေးတာဝန်ကို ဘယ်တော့မှ သစ္စာမဖောက် ဆိုသလိုပါပဲ၊ အမျိုးသားရေး ပြည်ထောင်စုသား အားလုံးရဲ့ အရေး၊ တိုင်းရင်းသား အားလုံးရဲ့ အရေးဟာ ဒို့တာဝန်အရေးသုံးပါးပါပဲ။ ကိုယ့်အရေးကို သူများအားကိုးလို့ မရသလို ကိုယ့်ဘာသာယုံကြည်မှုရှိရှိနဲ့ ဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။ ယုံကြည်မှုရှိရင် စိုးရိမ်ပူပန်မှုလည်း ပျောက်သွားမှာပါ။

၁၅။ တိုင်းရင်းသားတွေက နိုင်ငံရေးအရ အာမခံချက်ရှိမှာ အပစ်ရပ်ရေး လက်မှတ်ရေးထိုး လိုကြတယ်ဆိုတာ လက်တွေ့ကျ၊ မကျဆိုတာထက် ဖြစ်သင့်တဲ့ အခြေအနေတစ်ရပ်ဖြစ်လို့ လက်ခံပါတယ်။ နိုင်ငံရေးအာမခံချက် ရှိ၊ မရှိဆိုတာလည်း နိုင်ငံရေးအရ ဆွေးနွေးဖို့ Political Dialogue သွားဖို့၊ Frame work တည်ဆောက်ဖို့ လက်ခံထားပြီးလည်း ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေးပြီးတာနဲ့ ဆက်သွားမယ့် လမ်းကြောင်းနဲ့ Time Frame ကို ချပြီးလည်း ဖြစ်ပါတယ်။ လက်ခံဆောင်ရွက်မယ့် အဖွဲ့အစည်းတွေဟာ အများစုဖြစ်ပြီး ကျန်တဲ့ KIA နဲ့ TNLA ကလည်း ဒါကို လက်ခံမယ်ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လက်မှတ်မရေးထိုးနိုင်စရာ မရှိပါ။ နိုင်ငံတော်အနေဖြင့်လည်း အတင်း အကျပ် လက်မှတ်ရေးထိုးဖို့လည်း ခိုင်းစရာ အကြောင်းမရှိပါ။ ဖြစ်နေတဲ့ ပကတိ အခြေအနေ ပေါ်မှာ မှန်ကန်စွာ ရှုမြင်သုံးသပ်ပြီး နားလည်မှု ပေးဖို့ပဲ လိုပါတယ်။

၁၆။ တစ်ဖက်မှာလည်း တိုက်ပွဲတွေကြောင့် အပစ်အခတ်ရပ်စဲရေးစာချုပ် မချုပ်ဆိုနိုင်မှာ ပူပန်နေတယ်။ သူတို့ ပူပန်နေသလို ပျက်သွားနိုင်လားဆိုတာ ခွဲခြားပြီး ပြောဆိုလိုပါတယ်။ ယခု ဖြစ်နေတဲ့ အခြေအနေကို ကြည့်ပါ၊ အဓိက ဘယ်သူနဲ့ ဖြစ်နေတာလဲ၊ ဘယ်သူတွေက မလိုက်နာတာလဲ၊ ဘယ်သူတွေ က လက်မှတ်မထိုးချင်တာလဲ၊ ဘယ်သူတွေက စိတ်ပူ နေတာလဲ၊ ဘက်နှစ်ဘက်ရှိပါတယ်။ တစ်ဘက်တည်းမဟုတ်တာတော့ နားလည်ဖို့ လိုပါတယ်။ တပ်မတော်ကတော့ အမှန်တရားပေါ် ရပ်တည်ပါတယ်။ သစ္စာ တရားနဲ့ အလုပ်လုပ်ပါတယ်။ ပြောတဲ့အတိုင်းလုပ်သလို လုပ်တဲ့အတိုင်း လည်း ပြောပါတယ်။ ငြိမ်းချမ်းရေးအတွက် တပ်မတော်က တံခါးဖွင့်ထားသလို လက်ကမ်းပြီး ကြိုနေပါတယ်။ မလာချင်တဲ့သူက ဘယ်သူလဲ။ ရွှေလက်နဲ့ ခေါ်ပေမယ့် ကမ်းသောလက်ကိုမကြိုဘဲ လက်တွဲ ဖြုတ်ချင်ရင်တော့ ဘယ်သူ့ အပြစ်လဲ။ တွဲချင်တဲ့သူကို လက်တွဲခေါ်ပြီး လက်မတွဲ ချင်တဲ့သူကိုတော့ ထားခဲ့ရမှာပါပဲ။

၁၇။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတတို့ရဲ့ နိုင်ငံရေးအရ ရပ်တည်မှုတွေက နီးစပ်တယ်ဆိုတာထက် တစ်ထပ်တည်း ကျတယ်ဆိုရင် ပိုမှန်ပါတယ်။ နိုင်ငံတော် သမ္မတ ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ နိုင်ငံသားအားလုံး၏ အထွတ်အထိပ် နေရာ ရရှိသည် လို့ ဆိုထားပါတယ်။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နိုင်ငံရေးအရ ရပ်တည်မှုဟာ နိုင်ငံတော် သမ္မတရဲ့ သဘောအတိုင်း ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ နိုင်ငံရေးရပ်တည်ချက် သဘောထားတွေကို (၆၉) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းမှာ ကြည့်ရင် သိနိုင်ပါတယ်။ ၂၀၁၅ အလွန် တပ်မတော်ရဲ့ နိုင်ငံရေးဦးတည်ချက် ကလည်း ပြောင်းလဲစရာ မရှိပါဘူး။

၁၈။ ယခုရှင်းလင်း တင်ပြတာတွေဟာ အမှန်တရားတွေပဲ ဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်အတွက် တစ်ခုတည်းသော ပြည်ထောင်စု တပ်မတော်ဖြစ်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အပေါ်မှာ တစ်ပြေးညီ၊ တစ်သဘောတည်း ဆက်ဆံပါတယ်။ ဒို့တာဝန် အရေးသုံးပါးဟာ တပ်မတော်ရဲ့ တာဝန်၊ တပ်မတော်ရဲ့ နိုင်ငံရေးလမ်းစဉ်လည်း ဖြစ်ပါ တယ်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံကို ကာကွယ်စောင့်ရှောက်ပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိတဲ့ တပ်မတော် အနေဖြင့် နိုင်ငံတော်အကျိုး၊ နိုင်ငံသူနိုင်ငံသား အားလုံးရဲ့ အကျိုးစီးပွားကို အမြဲ ဦးထိပ်ပန်ဆင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာ ပါဝင်ဆောင် ရွက်နေပါတယ်ဆိုတာ ခြွင်းချက် မရှိ အပြည့်အဝ လက်ခံ ယုံကြည် ပါလို့ ပြောကြားလိုပါတယ်။

ချစ်ကြည်စွာဖြင့်

ေေေေ မောင်မွှေး

မေလ ၅ ရက်ထုတ် ဒီမိုကရေစီတူဒေး သတင်းစာ အတွဲ(၁) အမှတ်(၅၇) မှ ကူးယူ ဖော်ပြသည်
Read more...

TNLA အဖွဲ့ဆိုတာ အမည်ခံသာဖြစ်ပြီး KIA ကြိုးဆွဲရာ ကနေရသော ရုပ်သေး ရုပ်သာဖြစ်ကြောင်း နှင့် ငြိမ်းချမ်းရေး မလိုလားသော အဖွဲ့မှာ KIA သာဖြစ်ေ ကြာင်း TNLA တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောဆို

0 comments
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၄) ဖွဲ့ လက်မှတ်ရေး ထိုးပြီး သော်လည်း လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော (၂) ဖွဲ့မှာ KIA နှင့် TNLA အဖွဲ့များ ဖြစ်ကြောင်း ငြိမ်းချမ်းေ ရး ဆွေးနွေးပွဲများ၌ သတ်မှတ်ထားသော်လည်း TNLA အဖွဲ့ဆိုတာ အမည်ခံ သာဖြစ်၍ KIA တစ်ဖွဲ့ တည်းသာ ကျန်ရှိသည်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း TNLA တပ်ဖွဲ့ဝင်တစ်ဦး က ပြောဆိုလိုက်သည်။

TNLA အဖွဲ့အား KIA မှမြှောက်ပင့်ပေးပြီး လူ၊ လက်နက် သာမက နောက် ကွယ်တွင်လည်း KIA ကြိုးဆွဲသမျှ ကနေရသော ရုပ်သေးရုပ်သာဖြစ်ကြောင်း ၎င်းကဆိုသည်။

“ TNLA နဲ့ တိုက်ပွဲတွေဖြစ်တယ်ဆိုတာ တကယ်တော့ TNLA တပ်ဖွဲ့ဝင်က နည်းနည်းလေးပါ၊ KIA တပ်ဖွဲ့ဝင်တွေက အများကြီးပါဝင်ပြီး အစိုးရတ ပ်တွေကို တိုက်တာပါ၊ မိုးကုတ် - မိုးမိတ် လမ်းကြောင်းပေါ် က အင်အားနည်းမှ န်း သိတဲ့တပ်စခန်းကို ၀င်တိုက်တာ TNLA မဟုတ်ပါဘူး၊ TNLA အမည်ခံထား တဲ့ KIA အဖွဲ့သာ ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် ငြိမ်းချမ်းရေး လက်မှတ်ထိုးရန် အမှန်တ ကယ် ငြင်းပယ်နေသော အဖွဲ့မှာ KIA အဖွဲ့သာဖြစ်ပြီး TNLA အဖွဲ့မှာ အမည် ခံဖြစ်သလို အင်အားလည်းမရှိ ၊ နိုင်ငံရေးရည်မှန်းချက်လည်း ဘာမှ မရှိသောေ ကြာင့် လက်နက်ကိုင်အဖွဲ့တစ်ခုအဖြစ် သတ်မှတ်၍ မ ရကြောင်း၊ သင်းကွဲအ ဖွဲ့တစ်ခုမျှသာ ဖြစ်ကြောင်း သိရှိရသည်။

“ အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်တိုင်း အကွဲကြီးကွဲ အရှုံးကြီးရှုံးပြီး ခွေးပြေး ၀က်ပြေး ပြေးနေရတာ KIA အဖွဲ့ပါ၊ အဲဒီလိုဖြစ်တိုင်း KIA က အစိုးရတပ် ဘက်က ဘယ်လောက်ကျတယ်၊ ဘယ်လောက်သေတယ် ဆိုပြီး လေကြီးမိုး ကြီး ပုံကြီးချဲ့ဝါဒဖြန့်နေကြတာ၊ သူတို့ KIA ဆရာကြီးတွေ လေသံအတိုင်းပဲ၊ အသံကောင်းဟစ်နေ တာပါ၊ အမှန်တကယ် ငြိမ်းချမ်းရေး မလိုလားတဲ့အဖွဲ့ ဟာ KIA တစ်ဖွဲ့တည်းသာ ဖြစ်ပါတယ်၊ TNLA မပါပါဘူး ” ဟု ယင်းတပ်ဖွဲ့ဝင် က ဆက်လက်ပြောကြားသွားခဲ့သည်။

#မိုင်းအိုက်ပီး
Read more...

KIA မှ ဖမ်းဆီးသော ဒေသခံရွာသူ၊ ရွာသား (၇)ဦးတွင် မူ/ပြဆရာမနှင့် ကျောင်းသားလေးများ ပါဝင်

0 comments
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အူဗျစ်ကျေးရွာနေ ရွာသူ၊ ရွာသားများအား မေ(၃)ရက် ည ၁၀ နာရီခန့် တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခဲ့ရာ မူ/ပြဆရာမနှင့် ကျောင်း သား (၂)ဦးလည်း ပါသွားကြောင်း ယင်းဒေသခံများထံ သိရသည်။

“ည ဆယ်နာရီလောက် ရွာထဲကို ၀င်လာပြီး ဖမ်းသွားတာပဲလေ၊ ဒီအတိုင်း ကြည့်နေရုံကလွဲပြီး ဘာတတ်နိုင် မှာလဲ၊ သူတို့က သေနတ်တွေ ကိုင်ထားတာလေ၊ ဒီနယ်မြေထဲမှာနေရင်တော့ သူတို့ လုပ်သမျှ ခံနေရမှာပဲ ”ဟု အူဗျစ်ရွာသား တစ်ဦးက ပြောသည်။

KIA မှ ဖမ်းဆီးသွားသော ရွာသူ/ရွာသား(၇)ဦးမှာ မဂျာခေါင်(၂၂)နှစ်(ဘ) ဦးနော်ဂျမ်း(မူ/ပြဆရာမ) ၊ မောင်ခွပ်ဂျာ (၁၅)နှစ် (ဘ)ဦးလဒွန်(ကျောင်းသား) ၊ မောင်တူးတူးခေါန် (၁၆)နှစ်(ဘ)ဦးထိန်နန် (ကျောင်းသား)၊ မောင်တူးရိန် (၂၀)နှစ်(ဘ)ဦးဇော်မိုင်၊ မောင်လဆိုင်း(၂၀)နှစ်(ဘ)ဦးဇော်နန်၊ မမေရီရွယ်ဆူ (၂၄)နှစ်(ဘ)ဦးဇော်ခေါင် (ကျဘမ်း)၊ မဆိုင်နူး(၂၁)နှစ်(ဘ) ဦးဂွန်ဂျယ်(ဈေးရောင်း)တို့ ဖြစ်ကြကြောင်း သိရသည်။

“ကျောင်းတွေက မကြာခင်ဖွင့်တော့မှာ၊ ဆရာမကို ဖမ်းသွားတော့ ရွာသူရွာသားတွေလည်း အတော် စိုးရိမ်နေကြ တယ်၊ ဒါ့ပြင် ကျောင်းသား (၂)ယောက်ကိုပါ ဖမ်းသွားတော့ ပိုဆိုးတာပေါ့၊ အခု ဆိုရင် ကျောင်းသားတွေ အားလုံး မြစ်ကြီးနားမြို့ပေါ် ကို ပြောင်းပြီး ကျောင်းတက်ဖို့ လုပ်နေကြပြီ၊ အဖမ်းခံရတဲ့ ဆရာမနဲ့ ကျောင်းသား(၂)ယောက်ကို ပြန်လွှတ် ပေးဖို့ လိုက်ညှိနှိုင်းမှာပါ ” ဟု အူဗျစ်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။

အလားတူ မေလ(၃)ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်းပိုင်း ဒွန်ဂမ်ကျေးရွာနှင့် လုံဂါ ဇွပ်ကျေးရွာကြား ၌ မြစ်ကြီးနားမြို့ အစိုးရရုံးမှ အပန်းဖြေထွက်လာသော ရုံးဝန်ထမ်းများအာ KIA မှ တားဆီးကာ ပြည်နယ်ထွေ/အုပ် အငယ်တန်းစာရေးနှင့် ဆိုင်ကယ်ကယ်ရီသမားတို့ကို ကြိုးတုပ်ဖမ်းဆီးသွား ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ခံ ပညာရေးဝန်ထမ်းတစ်ဦးက “ အစိုးရ၀န်ထမ်းမှန်းသိရက်နဲ့ ဖမ်းတာဆိုရင်တော့ KIA ကို အလျှော့ ပေးလို့ မရတော့ဘူး၊ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်တယ်ဆိုတာ ဟန်ပြသက်သက်ပါပဲ ၊ နောက်ကွယ်မှာ သူတို့လုပ်ချင်သလိုလုပ်နေတာ၊ အငယ်တန်းစာရေး ဖြိုးဖြိုးကို ဖမ်းသွားတာ ရွာသားတွေ မြင်လိုက်တာပဲ၊ ဒါကို ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ကို လှမ်းပြောတော့ ဝေ့ လည်ကြောင် ပတ်လုပ်နေတယ်၊ အခုလည်း မူ/ပြဆရာမနဲ့ ကျောင်းသားတွေကို ဖမ်းသွားပြန်ပြီ၊ ပြည်သူကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာ၊ ဖမ်းဆီးတာတွေဟာ နိုင်ငံတကာမှာ အကြမ်းဖက်လုပ်ရပ်လို့ပဲ သတ်မှတ်တာလေ၊ ရှင်းရှင်းပြောပြရင် KIA ဟာ အကြမ်းဖက်လုပ်ရပ်တွေကို ပြောင်ပြောင် တင်းတင်း လုပ်နေတဲ့ သူပုန်အဖွဲ့ဆိုတာပါပဲ၊ သူတို့ကို ထိထိရောက် ရောက် အရေးယူအပြစ်ပေး သင့်တယ်လို့ မြင်တယ်၊ ပြည်သူတွေရဲ့ ဘ၀လုံခြုံမှု၊ အစိုးရ၀န်ထမ်းတွေရဲ့ လုံခြုံမှုကို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေအနေဲ့ တာဝန်မယူနိုင်ဘူးဆိုရင် တပ်မတော်ကို အကူအညီ တောင်းပြီး ကာကွယ်ပေးသင့်တာပေါ့ ” ဟု ပြောကြားသွားသည်။

#ညီသစ်(မြစ်ကြီးနား)
Read more...
Friday, May 2, 2014

“ဂျီနီဗာကွန်ဗေးရှင်းကို စိန်ခေါ်တဲ့ KIA”

0 comments
2.5.2014

KIA တွေဟာ အစိုးရစစ်ကြောင်းတွေကို မိုင်းထောင်၊ မိုင်းဆွဲ တစ်ဖက်သတ် ရန်စ တိုက်ခိုက်တာတင် မကဘဲ ဒေသခံ အရပ်သားများကိုပါ ပစ်မှတ် ထားကာ မသွားရဲ မလာရဲအောင် ရွာနီးနား မိုင်းထောင် တာတင်မက ရွာလယ်ထဲထိပါ မိုင်းထောင်တဲ့အပြင် ယခုအခါ မိုင်းဆွဲ တိုက်ခိုက် မှုတွေပါ ပေါ်ပေါ်ထင်ထင် လက်ရဲဇက်ရဲ လုပ်လာတာကို တွေ့ရပါတယ်။

ဧပြီလ (၃၀) ရက်နေ့မှာလည်း ဆိုင်ကယ်(၃) စီးဖြင့် နမ်ခမ်းမြို့မှ မံစီမြို့ရှိ ဆွေမျိုးတွေ ဆီကို အလည်သွားတဲ့ လီဆူလူမျိုး ခရစ်ယာန် ဘာသာဝင်များဖြစ်ကြတဲ့ နမ့်ခမ်းမြို့ဒေသခံ(၅) ဦး ဟာ လက်တကော့ ရွာအထွက် ကားလမ်း ဘေးကနေ KIA မှ ရီမုမိုင်းဖြင့် ဖောက်ခွဲခဲ့သဖြင့် ဦးလင်း စနေရဲ့သား မောင်ချီဟော့ဟာ ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

ဦးရင်တေ့၏ သမီးဖြစ်တဲ့ မမီးကြူးဟာ အသက်စိုးရိမ်ရတဲ့ထိ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဦးလင်ကျီရင်း၏ သား မောင်လင်ချွင်ဖနှင့် ဦးခွာဆန်၏ သား မောင်ခွာကြာထွန်းတို့ ဟာလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ရကာ ဦးရင်တေ့၏ သား မောင်ရီဟော့ တစ်ယောက်သာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ထိုကဲ့သို့ KIA များဟာ ဒေသခံအရပ်သားတွေကိုပါ မိုင်းထောင်၊ မိုင်းဆွဲ ယုတ်မာစွာ သတ် ဖြတ် မှုတွေကြောင့် ဒေသခံများ မသွားရဲ မလာရဲဖြစ်နေ ကြရကြောင်း၊ သေဆုံးသွားသူ များရဲ့ မိသားစုဝင်များ ဟာလည်း KIA ရဲ့ ယခုကဲ့သို့ သတ်ဖြတ်မှုနဲ့ ပတ်သက်၍ ဒေါသတကြီး ငိုကြွေးပြီး KIA ကို ဆဲဆိုခဲ့ကြတယ်လို့ သိရပါတယ်။

KIA တွေ မိုင်းထောင်လို့၊ မိုင်းဆွဲလို့ သေဆုံးတဲ့သူ၊ ဒဏ်ရာရတဲ့သူတွေကို ကြည့်လိုက်ရင် အများစုဟာ လီဆူလူမျိုးတွေနဲ့ ရှမ်းလူမျိုးတွေဖြစ်နေ တာကို တွေ့ရတယ်။ ဒါကိုကြည့်ရင် KIA တွေဟာ အခြားလူမျိုးတွေ ကို နှိပ်ကွပ်ထားပြီး ကချင်လူမျိုးကြီးဝါဒဖော်ဆောင်နေ တာဖြစ်တယ်လို့ ဒေသခံများ အကြား ပြော ဆိုနေကြပါတယ်။

KIA တွေ ခုလို အပ်တိုတစ်ချောင်းတောင် မကိုင်တဲ့ အရပ်သားတွေကိုပါ ပစ်မှတ်ထားကာ သတ်ဖြတ်တဲ့ လုပ်ရပ်တွေဟာ ဂျီနီဗာကွန်ဗေးရှင်းကို စိန်ခေါ်နေတဲ့လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူတွေကတော့
ဝေဖန်ပြောဆိုနေကြပါတယ်။

စိုင်းစိုင်း
#Kachin Land
Read more...

ခန္တီးမြို့နယ်အတွင်း လက်နက်ကိုင်များ ၀င်ရောက်ပြီး ဒေသခံများအား ခြိမ်းခြောက် ငွေတောင်းဟုဆို

0 comments
2.5.2014

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း ခန္တီးမြို့နယ် ကျားကိုက်ကျေးရွာ အတွင်းသို့ ဧပြီ ၂၉ရက် နံနက်က ယူနီဖောင်း၊ လက်နက်အပြည့်အစုံဖြင့် အင် အား ငါးဆယ်ခန့်ရှိသော လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဝင်ရောက် လာပြီး ဒေသခံများအား ခြိမ်းခြောက် ခြင်းနှင့် ငွေကြေးတောင်း ခံခြင်းများ ပြုလုပ်သွားကြောင်း သတင်း ရရှိသည်။

ခန္တီးမြို့နယ်အတွင်းရှိ ကျေး ရွာများသို့ လက်နက်ကိုင်အဖွဲ့များ ၀င်ရောက်ကာ ဆက်ကြေး ကောက်ခံခြင်းများ မကြာခဏကြုံ တွေ့နေရပြီး ယခုအကြိမ်သည် ၂၀၁၄ခုနှစ်အတွင်း တတိယအကြိမ်ကြုံတွေ့ ရခြင်းဖြစ်ကြောင်း ခန္တီးဒေသခံများကပြောသည်။

လက်နက်ကိုင်အဖွဲ့များကကျားကိုက်ကျေးရွာအုပ်ချုပ်ရေး မှူးအိမ်သို့ ၀င်ရောက်ကာလွန်ခဲ့ သည့် ၂၀၁၃နှစ်ကုန်ပိုင်းက ကျေးရွာအတွင်း ၀င်ရောက်၍ဆက်ကြေးကောက်စဉ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာခံများဝိုင်းဝန်းဖမ်းဆီးမှုကြောင့်လက်ရှိ ထောင်ဒဏ်ကျခံနေရသည့် ၎င်းတို့တပ်ဖွဲ့ဝင်သုံးဦး ပြန်လည် လွှတ်ပေးရေး အစိုးရအဖွဲ့ အား တောင်းဆိုပေးရန် လာရောက် ခြိမ်းခြောက်ပြောဆိုခြင်းဖြစ်ကြောင်း အဆိုပါဒေသခံများကပြောသည်။

‘‘ထောင်ကျနေတဲ့ သူတို့လူ တွေကို လွှတ်ပေးဖို့လာတောင်းဆို တာ။ ကျေးရွာအုပ်ချုပ်ရေးမှူးကို သတ်ပစ်မယ် ဆိုပြီး ခြိမ်းခြောက် တော့ ရွာခံတွေကကြောက်လို့ ငွေကိုးသိန်းကျော်စုပေးလိုက်ရတယ်’’ဟု ကျားကိုက်ကျေးရွာဒေ သခံများနှင့်တွေ့ဆုံခဲ့သည့် ခန္တီး မြို့ခံ ကိုအောင်ဆန်းမြင့်ကပြော သည်။

နံနက် ၄ နာရီခန့်တွင် ၀င် ရောက်လာခြင်းဖြစ်ပြီး ၁၀နာ ရီခန့်တွင် ပြန်လည် ထွက်ခွာသွား ခဲ့ကြောင်း ၊ ငွေကြေးအချို့ စု ဆောင်းပေးလိုက်ရသော်လည်း လူထိခိုက် ဒဏ်ရာရရှိခြင်း မရှိ ကြောင်း ဒေသ ခံများကဆိုသည်။

ကျားကိုက်ကျေးရွာအတွင်း သို့ လက်နက်ကိုင်အဖွဲ့တစ်ခု ၀င် ရောက်ခဲ့သည်မှာ မှန်ကန်သော် လည်း မည်သည့်အဖွဲ့ဖြစ်သည် ကို အတိအကျမသိရသေးဘဲ နာဂသောင်းကျန်းသူအဖွဲ့ဟု ယူဆ ရကြောင်း၊ ၎င်းအဖွဲ့သည် ကျေးရွာ အတွင်းဖြတ်သန်းသွားလာကာ ခေတ္တတည်းခို ချက်ပြုတ်စား သောက်ခြင်း သာဖြစ်ပြီး ဆက် ကြေးကောက်ခံခြင်းမရှိကြောင်း ခန္တီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ကျရဲအရာရှိတစ်ဦး ကပြောသည်။

‘‘ လက်နက်အပြည့်အစုံနဲ့လူ ၃၅ယောက်လောက်ရွာထဲဝင် တာ။ သူတို့က ဘာမှယူမသွား ဘူး။ ချက်ပြုတ်စားသောက်တာ လောက်ပဲ’’ဟု အထက်ပါရဲအရာ ရှိကပြောသည်။ ထို့အပြင် ၂၀၁၃ နှစ်ကုန်ပိုင်းက ကျားကိုက် ကျေးရွာဒေသခံများ ၀ိုင်းဝန်းဖမ်းဆီး ခံရပြီး ထောင်ဒဏ် ကျခံနေရသူသုံးဦးမှာလည်း ၂၀၁၅ခုနှစ်တွင် လွတ်မြောက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြား သည်။

လက်နက်ကိုင် အဖွဲ့များ ကျေးရွာမှ ထွက်ခွာသွားပြီးနောက် နယ်မြေအေးချမ်းရေး လိုက်လံ ဆောင် ရွက်နေကြောင်း ခန္တီးခရိုင်ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။

ခန္တီးမြို့နယ်အတွင်းရှိကျေး ရွာများသို့ ၀င်ရောက်ကာ ဆက် ကြေးကောက် ခံနေသော လက်နက်ကိုင် အဖွဲ့မှာ အစိုးရနှင့်ငြိမ်း ချမ်းရေးသဘော တူညီချက်မရ သည့် အိန္ဒိယနိုင်ငံနယ်စပ်အခြေ စိုက်နာဂ လက်နက်ကိုင် အဖွဲ့(NN C)ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ခန္တီးမြို့နယ် လုံးတုန်ကျေးရွာ တွင်လည်း လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ လာရောက်ဆက်ကြေး တောင်းခံမှု ဧပြီလဆန်းပိုင်းကနှစ် ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Author: မောင်တာ
#7DAY DAILY
Read more...

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန်ပြင်ဆင်

0 comments
2.5.2014

ကျောက်ဖြူ၊ မဇ္ဈိမ။ ။ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့နှစ်ခုဖြစ်သော ရက္ခိုင့်တပ်မတော် (AA) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့ ပူးပေါင်းရန် ပထမခြေလှမ်းစတင်နေပြီ ဖြစ်သည်ဟု ရက္ခိုင့်တပ်မတော်မှ ဗိုလ်မှူးကြီး ကျော်ဟန်က မဇ္ဈိမကိုပြောသည်။

အဆိုပါ နှစ်ဖွဲ့ပူးပေါင်းရန် ရက္ခိုင့်တပ်မတော် (AA)က စတင်ကမ်းလှမ်း ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက် ထိပ်သီးခေါင်းဆောင်များ ထိုင်းနိုင်ငံ၌ သုံးကြိမ်ဆွေးနွေးပြီး ဖြစ်သည်။ ထိုဆွေးနွေးမှုများအရ နှစ်ဖက် အဖွဲ့အစည်းမှ တာဝန်ရှိသူများပါဝင်သည့် ကြားခံဆွေးနွေးရေးကော်မတီကို ဖွဲ့စည်းရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။

“Joint Committee (ကြားခံကော်မတီ) ရဲ့လုပ်ငန်းစဉ်တွေကို အတူတွဲလုပ်လို့ရပြီဆိုရင် တစ်ဖွဲ့တစ်ပါတီ အလှမ်းမဝေးတော့ဘူး ။ ကော်မတီရဲ့လုပ်ငန်းစဉ်တွေဆောင်ရွက်ပြီးရင် တခြားအဖွဲ့ငယ်တွေ ကိုလည်း ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာ စဉ်းစားနေတာရှိတယ်။ ဆုံးဖြတ်ချက်တော့ မချရသေးဘူး” ဟု ဗိုလ်မှူးကြီး ကျော်ဟန်ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)၊ ရက္ခိုင့် တပ်မတော် (AA) တို့မှ ထိပ်သီးခေါင်းဆောင်သုံးဦးစီ ထိုင်းနိုင်ငံတွင် တစ်ကြိမ်တွေ့ဆုံ ဆွေးနွေး ထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုကော်မတီ (ALP) ၏ ရခိုင်အမျိုးသားညီလာခံသို့ ပေးပို့သော သ၀ဏ်လွှာတွင်လည်း “ရခိုင်အမျိုးသား ကိုယ်ပိုင်နယ်နိမိတ်များကို ထိန်းသိမ်းကာကွယ်နိုင်ရန် ရခိုင် အမျိုးသား တို့ဘ၀ လုံခြုံရေးအတွက် အမှန်တကယ် ကာကွယ်ပေးနိုင်သည့် ရခိုင်အမျိုးသား လက်နက်ကိုင် တပ်မတော်တစ်ခု လိုအပ်နေသည်” ဟု ထည့်သွင်းဖော်ပြသည်။

နှစ်ဖက်ပေါင်းစည်းအပြီး ရခိုင်ပြည်နယ်လုံခြုံရေးအတွက် လူထုက တောင်းဆိုလာခဲ့ပါက ပြည်တွင်းတွင် မည်သည့်ပုံစံဖြင့် တာဝန်ယူဆောင်ရွက်ရမည့် အပိုင်းကိုမူ အစိုးရနှင့် ညှိနှိုင်းရဦးမည်ဟု ဆိုသည်။

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့နှစ်ခု ပူးပေါင်းရေးနှင့်ပတ်သက်၍ ရခိုင်အမျိုးသား ပါတီ (ANP)မှ ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင်က “ရခိုင်ပြည်နယ် လုံခြုံဖွံ့ဖြိုးရေးအတွက် အတွင်းအင်အားစု ပါတီတွေ သာမက အပြင်အင်အား စုဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း အမြန်ဆုံး ပူးပေါင်းနိုင်ဖို့ လိုပါတယ်” ဟု ရခိုင်အမျိုးသားညီလာခံ တတိယနေ့တွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုကော်မတီ (ALP)သည် တော်လှန်ရေး သက်တမ်း နှစ်ပေါင်းလေး ဆယ်ကျော် ကြာရှိသော ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သည်။ထို့အတူ ရက္ခိုင့်တပ်မတော် (AA) သည်လည်း စစ်အင်္ဂါအပြည့်အစုံနှင့် ဆောင်ရွက်နေသည့် ရခိုင်လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်ပြီးရခိုင်ပြည်နယ်အကျိုး ကို ဆောင်ရွက်နိုင်မည်ဟု ဗိုလ်မှူးကြီးကျော်ဟန်က ဆိုသည်။

#Mizzima - News in Burmese
Read more...
Tuesday, April 29, 2014

ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်မပေးပါကလမ်းမထွက် ဆန္ဒပြရမည်ဟုမိုးသီးဇွန်ပြောဆို

0 comments

ABSDF ကျောင်းသားတပ်မတော်နှင့် လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူမိုးသီးဇွန်သည် လာမည့်
၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲလစ်လပ် မဲဆန္ဒ ၃၁ တစ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ချင်သော်လည်း ၎င်း၏ ကိုယ်ပိုင်မှတ်ပုံတင် မရရှိသေးသည့်တွက်ကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ရန်ခက်ခဲနေလျက်ရှိကြောင်းဧပြီ ၂၈ ရက်နေ့ကသိရသည်။
 

လက်ရှိတွင် မိုးသီးဇွန်သည် အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူတစ်ဦးဖြစ်ပြီးမှတ်ပုံတင်ပြန်လည် ရရှိရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးခင်ရီထံသို့ တင်ပြထားကြောင်း ၎င်းကပြောသည်။
“အကိုတစ်ယောက်ထဲမရတာတော့ မဟုတ်ဘူး ပြန်လာတဲ့သူတွေအကုန်မရသေးဘူး။ မှတ်ပုံတင်က ပြန်လျှောက်ထားပြီးပြီအကိုတို့ကနိုင်ငံသားတွေပါ မှတ်ပုံတင်ကို ပြန်ထုတ်ပေးပါ။ ဒါမရရင် အကိုအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် ဘာမှဆက်လုပ်လို့မရဘူး ” ဟုမိုးသီးဇွန်ကဆိုသည်။
 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရအခြားနိုင်ငံသားအဖြစ်ခံယူထားသူသည် မြန်မာနိုင်ငံ၏ ရွေးကောက် ပွဲတွင် ယှဉ်ပြိုင်ခွင့်မရှိပဲမြန်မာနိုင်ငံတွင် ၁၀နှစ်ကျော်အခြေချနေထိုင်သူဖြစ်မှသာ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိကြောင်းသိရသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပေးဖို့ မပြင်ပေးဘူးဆိုရင် ဒေါ်အောင်ဆန်း စုကြည်လည်း သမ္မတလုပ်လို့မရသလို၊ငါတို့လည်းအမတ်လုပ်လို့မရဘူး။ငါတို့ကို ပြန်ခေါ်ထားပြီးတော့ရွေးကောက်ပွဲ ဝင်ခွင့်မပေးဘူးဆိုရင် ငါတို့လမ်းမထွက် ဆန္ဒပြရတော့မယ် ” ဟုမိုးသီးဇွန်ကထပ်လောင်းပြောဆိုသည်။
 

အမည်မဲစာရင်းပယ်ဖျက်ပေးခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် အခြားနိုင်ငံသားခံယူထားသော မြန်မာနိုင်ငံသားများအားမှတ်ပုံတင်ပြန်ထုတ်ပေးခြင်းအခွင့်အာဏာသည်နိုင်ငံတော် သမ္မတထံတွင် သာရှိပြီးမိုးသီးဇွန်အနေဖြင့် မှတ်ပုံတင် ပြန်လိုချင်ပါက နိုင်ငံတော်သမ္မတထံသာတိုက်ရိုက် လျှောက်ထားနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးကပြောသည်။
 

“ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ အနေနဲ့ က ဘာမှလုပ်ပေးလို့မရဘူး။ သူမှတ်ပုံတင်ပြန်လိုချင်တယ် ဆိုရင် နိုင်ငံတော်
သမ္မတထံသာတိုက်ရိုက်လျှောက်ပါ။ နိုင်ငံတော်သမ္မတက လုပ်ပေးပါလို့ ကျွန်တော်တို့ ကိုပြောလာရင် ကျွန်တော်တို့အနေနဲ့ လုပ်ပေးမှာပါ “ဟုဦးထွန်းထွန်းဦးကဆိုသည်။
 

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအားအောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီးမိုးသီးဇွန်သည် လာမည့် ကြားဖြတ် ရွေးကောက်ပွဲအားဝင်ပြိုင်ခွင့်ရရှိခဲ့ပါက တသီးပုဂ္ဂကိုယ်စားလှယ်အဖြစ်သာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
 

နှင်းနွယ်
#The Myanma Age 
Read more...
Monday, April 28, 2014

မြန်မာ ပွဲစားနှစ်ဦး ထိုင်းရောက် မြန်မာ အမျိုးသမီးငယ်ကို လေးရက်ကြာ ပိတ်လှောင်ပြီး ငွေညှစ်

0 comments



28.4.2014

ထိုင်းနိုင်ငံတွင် မြန်မာ ပွဲစားနှစ်ဦးက ရခိုင်ပြည်နယ်မှ အ လုပ်လာ လုပ်သော အမျိုးသား သုံးဦးကို ငါးဖမ်းလှေသို့ ရောင်းစားခဲ့ပြီး အမျိုးသမီး ငယ်တစ်ဦးကို လေးရက်ကြာ အခန်း ပိတ်လှောင်ကာ ထိုင်းဘတ်ငွေ ၁၂,၀၀၀ဖြင့် ရွေးယူရန် တောင်းခံမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီ ၂၀ရက်တွင် ရခိုင်ပြည် နယ် ပုဏ္ဏားကျွန်းမြို့နယ် ကန် တော့ခံရွာမှ ရခိုင်အမျိုးသမီးတစ် ဦးနှင့် အမျိုးသားသုံးဦးတို့အား လုပ်ခလစာ ကောင်းရရှိမည်ဟု ဆိုကာ ရခိုင်ပွဲစားအမျိုးသမီးက ထိုင်းနိုင်ငံသို့ ခေါ်ဆောင်လာခဲ့ပြီး မြန်မာပွဲစားအမျိုးသမီးတစ်ဦးနှင့် ပူးပေါင်းကာ အမျိုးသားသုံးဦးကိုထိုင်းငါးဖမ်းလှေသို့ ရောင်းချခဲ့သည်။

ထို့နောက် အသက်(၂၀)အ ရွယ် ရခိုင်အမျိုးသမီးတစ်ဦးကို လေးရက်ကြာအခန်းပိတ်လှောင် ထားပြီး ၎င်း၏အစ်ကိုဖြစ်သူအား ထိုင်းဘတ်ငွေ ၁၂,၀၀၀ဖြင့် ရွေး ယူရန်၊ မရွေးယူပါက ပြည့်တန် ဆာအဖြစ်ရောင်းချမည်ဟု ခြိမ်း ခြောက်ခဲ့သည်။

ထို့နောက်အမျိုးသမီးငယ်၏ အစ်ကိုအား ထိုင်းဘတ်ငွေရှစ်ထောင်အား လွှဲပို့ပေးရန်နှင့် ကျန်ဘတ်ငွေလေးထောင်အား ရခိုင်ပွဲစားတစ်ဦး၏ ဘဏ်စာအုပ်တွင် ထည့်သွင်းပေးရန် မြန်မာပွဲစားအမျိုးသမီးက တောင်းခံခဲ့သည်။ ထိုသို့ တောင်းခံသောကြောင့် အမျိုးသမီးငယ်၏ အစ်ကိုသည် ထိုင်းဘတ်ငွေ ရှစ်ထောင်ကို တောင်းခံသည့် မြန်မာပွဲစားအမျိုးသမီးထံ လွှဲပို့ခဲ့၍ လေးရက်ကြာပိတ် လှောင်ခံထားရသည့် အမျိုးသမီးငယ်အား ဘန်ကောက်မြို့ ဖလန်းဆောင်နယ်မြေ စင်ထရယ်ကုန်တိုက်အနီးသို့ အငှားယာဉ်ဖြင့် ပို့ဆောင်ပေးလိုက်ကြောင်း ထိုအမျိုးသမီးငယ်လွတ်ရေး ၀ိုင်းဝန်းကူညီခဲ့သော ထိုင်းရောက်မြန်မာနိုင်ငံ သားများအဖွဲ့MAT အမှုဆောင် ဒါရိုက်တာဦးကျော်သောင်းကပြောသည်။

‘‘ရခိုင်ပွဲစားနဲ့ ဗမာပွဲစားမနဲ့ ပေါင်းပြီး လူရောင်းစားကြတာ ဖြစ်မယ်။ အရပ်လေးမျက်နှာကို တောင်မသိတတ်ကြတဲ့ လူတွေ ဖြစ်တယ်။ ထိုင်းပုလိပ်တွေက မ ကြာမကြာပြောတာတော့ ၂၀၁၅ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ မြန်မာပွဲစား တွေလုံးဝမရှိစေရတော့ဘူး။ အခု ကတည်းက စတင်ပြီးနှိမ်နင်းနေ ပြီလို့ပြောပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိ လူကုန်ကူးခံရတာတွေက ရှိနေတုန်းပါပဲ’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့MAT အမှုဆောင် ဒါရိုက်တာဦးကျော်သောင်းက ပြောသည်။ 

အဆိုပါ ရခိုင်အမျိုးသမီးအားထိုင်းနိုင်ငံရှိ ၎င်း၏အစ်ကိုဖြစ်သူ ထံပို့ဆောင်ပေး ခဲ့ပြီး ပိတ်လှောင် ခံထားရသည့်နေရာကို ၎င်းအမျိုးသမီးက မမှတ်မိတော့ သဖြင့် လူကုန်ကူးခဲ့သောမြန်မာပွဲစား အမျိုးသမီးနှစ်ဦးအား ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း ဦးကျော်သောင်းကပြောသည်။

Author: ငြိမ်းချမ်း
#7Day Daily


Read more...

ကူညီတယ်ဆိုပြီး အလွဲသုံးစားလုပ်နေတဲ့ NGO အချို့ကို ဝေဖန်ကြပြီ၊ အချို့ NGO နှင့် INGO များ စီမံခန့်ခွဲမှုစရိတ် ရာခိုင်နှုန်း ၇၀ အထိရှိနေ

0 comments


Monday, April 28, 2014

မြန်မာနိုင်ငံအတွင်း လုပ်ကိုင်လျက်ရှိသော အချို့ NGO များနှင့် INGO အဖွဲ့အစည်းများသည် ၎င်းတို့၏ စီမံခန့်ခန်မှုစရိတ်ကို ၎င်းတို့ရရှိသော ငွေကြေး၏ ရာခိုင်နှုန်း ၇၀ အထိ အသုံးပြုနေပြီး အများပြည်သူသို့ လက်တွေ့ကူညီမှုမှာမူ ရာခိုင်နှုန်း ၃၀ ခန့်သာ သုံးစွဲလျက်ရှိကြောင်း NGO အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများ၊ ပညာရှင်များက ပြောကြားသည်။
“တိုင်းပြည်ကို စေတနာနဲ့၊ တိုင်းပြည်ကောင်းအောင်၊ လူမျိုးကောင်းအောင်ဆိုပြီး လုပ်တဲ့သူတွေ နည်းတယ်။ ငွေ ၁၀၀ ရတယ်ဆိုရင် သူတို့ အိပ်ထောင်ထဲမှာ ၅၀၊ ၇၀ ထည့်တယ်။ ၁၀၊ ၁၅ လောက်ပဲ သုံးတယ်။ ပြည်သူလူထုလက်ထဲ မရောက်ဘူး” ဟု FREDA ဥက္ကဋ္ဌ ဦးအုန်းက ဆိုသည်။
 
မြန်မာနိုင်ငံတွင် တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသော နိုင်ငံတကာ INGO အဖွဲ့ပေါင်း ၁၀၀ ကျော်ရှိနေပြီး ထိုအထဲတွင် အဖွဲ့ ၆၀ က ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Centre) နှင့် ချိတ်ဆက်ထားကြောင်း သိရသည်။
ပြည်တွင်းမှ ပညာရှင်များ၊ ကျွမ်းကျင်သူများဖြင့် လုပ်ကိုင်နေသည့် ပြည်တွင်း NGO အရေအတွက်မှာ ၁၅၀ ခန့်ရှိပါသည်။
ထို့ပြင် ကုလသမဂ္ဂ (UN) နှင့် စပ်ဆက်နေသော INGO အဖွဲ့ ၁၂ ဖွဲ့ခန့်ရှိနေပြီး မကြာသေးမီက လုပ်ငန်းဆောင်ရွက်မှု ပိုမိုမြှင့်တင်လာသည့် USAID နှင့် World Bank ကဲ့သို့သော ခိုင်မာသည့် INGO အဖွဲ့အစည်းများလည်း ရှိနေသည်။
ပြည်တွင်းပြည်ပ NGO နှင့် INGO အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ခန့်ရှိနေပြီး ၎င်းတို့အနက် အရေအတွက် ၁၀၀ ကျော်ခန့်ရှိပြီး နိုင်ငံခြားသား ပညာရှင်များဖြင့် လည်ပတ်နေသည့် INGO များ၏ စီမံခန့်ခွဲမှု အသုံးစရိတ်များအပေါ် ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။
“ပြည်တွင်း NGO တွေက ဘာမှရတာ မဟုတ်ဘူး။ အလွန်ဆုံး သူတို့ရရင် ဒေါ်လာ သောင်းဂဏန်းပဲရှိတာ။ ခြစားမှုရှိနိုင်တယ်။ ဒါပေမဲ့ မများဘူး။ သို့သော် ဒေါ်လာသန်းချီပြီး အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်နေတဲ့ INGO တွေရဲ့ စီမံခန့်ခွဲမှုအတွက် ကုန်ကျစရိတ်တွေက လက်တွေ့ကူညီမှုပြုလုပ်တဲ့ ငွေကြေးထက် များနေတယ်” ဟု မြန်မာနိုင်ငံမှ INGO လောကနှင့် နီးစပ်သည့် နိုင်ငံရေးသိပ္ပံ ပညာရှင်တစ်ဦးက ဆိုသည်။
 
“နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းတွေက ပြည်တွင်းကပညာရှင်တွေကို အသုံးပြုပြီး ပိုက်ဆံတွေ ယူနေတယ်။ NGO နဲ့ INGO တွေ လုပ်စားနေတာက အဖွဲ့တိုင်းတော့ မဟုတ်ဘူး။ တကယ်အလုပ်လုပ်နေတဲ့ အဖွဲ့တွေ ရှိတယ်။ ကိုယ်ကျိုးလုပ်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိတယ်။ ဒီလိုအလုပ်တွေကို စီးပွားရှာသလို လုပ်နေကြတယ်” ဟု BANCA ဥက္ကဋ္ဌ ဒေါက်တာစောမွန်သိမ့်က ပြောကြားသည်။
၂၀၀၈ ခုနှစ် မတိုင်မီကာလက မြန်မာနိုင်ငံတွင် အခြေစိုက်လုပ်ကိုင်သော INGO အဖွဲ့အစည်း အရေအတွက်မှာ အနည်းငယ်သာရှိပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်အပြီးတွင် ပိုမိုများပြားလာခဲ့သည်။ သို့သော် အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဒေါ်လာသန်းချီကုန်ကျသော ပရောဂျက်များကို ကိုင်တွယ်ဆောင်ရွက်သည့် UN နှင့်ဆက်စပ်သော INGO အဖွဲ့အစည်းများမှာ ၂၀၀၈ ခုနှစ်မတိုင်မီ ကာလကပင် ရှိနေခဲ့သည်။
 
NGO နှင့် INGO များအား ညွှန်းဆိုရာ၌ ယေဘုယျအားဖြင့် အမျိုးအစားသုံးမျိုး ခွဲခြားနိုင်ပြီး ပထမအမျိုးအစားမှာ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လုပ်ကိုင်နေသော အဖွဲ့များ၊ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကူညီထောက်ပံ့နေသော အဖွဲ့များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖြစ်စဉ်များ၌ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စများ၌ ကူညီနေသော အဖွဲ့များဟူ၍ ခွဲခြားနိုင်ပါသည်။
စီမံခန့်ခွဲမှုဆိုင်ရာ ကုန်ကျစရိတ်ကို ရရှိသော ဘတ်ဂျက်၏ရာခိုင်နှုန်း ၇၀ ခန့် အသုံးပြုပြီး ဆောင်ရွက်နေသော INGO များမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် လုပ်ကိုင်နေသော အဖွဲ့များဖြစ်ကြသည်။ ထိုအဖွဲ့များသည် အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး ဒေါ်လာသန်းချီသည့် ပရောဂျက်များကို လုပ်ကိုင်နေသည့် အဖွဲ့များဖြစ်ကြသည်။ ထိုသို့ လုပ်ဆောင်နေသည့် အဖွဲ့များထဲတွင် UN နှင့် ဆက်စပ်နေသော အဖွဲ့များ၊ USAID နှင့် World Bank ကဲ့သို့ အဖွဲ့များ ပါဝင်ကြောင်း သိရသည်။
NGO နှင့် INGO အဖွဲ့အစည်းအချို့ အနေဖြင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၌ မလိုလားအပ်သော အသုံးစရိတ်များ ပြားမှုများရှိနေပြီး လက်တွေ့ဆောင်ရွက်မှုအပိုင်း၌ ထိရောက်မှု အားနည်းနေခြင်းမှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်။
“ပရောဂျက်တွေကို သတိထားကြည့်တဲ့အခါ onsite ထဲ မရောက်ဘူး။ သူတို့ရဲ့ လစာတင်ပဲ ပရောဂျက်တစ်ခုလုံးရဲ့ ရာခိုင်နှုန်း ၃၀၊ ရာခိုင်နှုန်း ၄၀ ဖြစ်နေတယ်။ သူတို့ရဲ့ ခရီးသွားလာစရိတ်နဲ့ နေထိုင်စားသောက်စရိတ်က ရာခိုင်နှုန်း ၂၀ ဖြစ်တယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းက အိမ်ငှားခတွေ၊ ကားစီးတဲ့စရိတ်တွေ ဖြစ်နေတယ်။ ပြည်တွင်းက ပညာရှင်တွေကို ငှားတဲ့စရိတ်က ရာခိုင်နှုန်း ၂၀ လောက် ဖြစ်နေတယ်။ တကယ်လုပ်ငန်းထဲကို ရောက်တာက ရာခိုင်နှုန်း ၂၀ ကနေ ရာခိုင်နှုန်း ၃၀ ပဲရှိတယ်” ဟု ဒေါက်တာစောမွန်သိမ့်က ဆိုသည်။
 
စစ်တွေမြို့တွင် မတ်လနောက်ဆုံးပတ်အတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း အပျက်အစီးများနှင့်တွေ့ရသော INGO က ငှားရမ်းထားသည့် အဆောက်အအုံတစ်လုံး
အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက် လုပ်ကိုင်နေသော INGO များမှ နိုင်ငံခြားသား ပညာရှင်များ၊ အရာရှိများ၏ အခြေခံအသုံးစရိတ်များသည် များပြားသောငွေကြေးများ ဖြစ်နေပြီး ၎င်းတို့၏ အိမ်ငှားစရိတ်၊ ယာဉ်အသုံးပြုစရိတ်များမှာ လစဉ်အမေရိကန်ဒေါ်လာ သောင်းနှင့်ချီ၍ သုံးစွဲနေကြောင်း သိရသည်။
INGO လောကနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ USAID အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ နိုင်ငံခြားသား ပညာရှင်တစ်ဦးသည် ရန်ကုန်မြို့၌ ၎င်းနေထိုင်သည့် အိမ်အတွက် ငှားရမ်းခကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၇၀၀၀ ခန့် အသုံးပြုခြင်း ရှိခဲ့သည်။
 
ထို့အပြင် UN နှင့် ဆက်နွှယ်သော အဖွဲ့အစည်းတစ်ခုက မီးစက်အသုံးပြုမှု တစ်ခုတည်းအတွက် အမေရိကန်ဒေါ်လာ ၁၅၀၀၀ တင်ပြတောင်းခံခဲ့ခြင်းလည်း ရှိခဲ့သည်။
“UN အခြေစိုက် အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေက ခရီးတစ်ခုသွားရင် တစ်နေ့ကို ဒေါ်လာ ၁၀၀ လောက်ရတယ်။ စာတမ်းတွေရေးတဲ့အခါ နိုင်ငံတကာ အဆင့်အတန်း မီအောင်ဆိုပြီး ကြွေရည်လောင်းထားတဲ့ စာရွက်တွေကို အသုံးပြုတယ်။ အဲဒီမှာလုပ်ရင် တကယ့်အခွင့်ထူးခံ လူတန်းစားလို နေလို့ရတယ်” ဟု INGO ၀န်ထမ်းဟောင်းတစ်ဦးက ပြောကြားသည်။
အခြေခံ အသုံးစရိတ်များနှင့် နေထိုင်ငှားရမ်း စရိတ်များမှာပင် လစဉ် အမေရိကန်ဒေါ်လာ သောင်းချီသုံးစွဲနေသော အချို့ INGO များ၌ လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၀န်ထမ်းများနှင့် အဆင့်မြင့်ရာထူး မြန်မာဝန်ထမ်းများသည် မြန်မာနိုင်ငံတွင် ၀င်ငွေအကောင်းဆုံးသူများ ဖြစ်နေကြောင်း သိရသည်။
 
“ရန်ကုန်မြို့က ဈေးအကြီးဆုံး ကော်ဖီဆိုင်တွေ၊ ဘားတွေကို သွားကြည့်လိုက်ရင် INGO မှာ လုပ်နေတဲ့သူတွေနဲ့ ခရိုနီတွေ၊ ခရိုနီတွေနဲ့ ဆက်နွှယ်နေသူတွေ၊ သံရုံးအရာရှိတွေကိုပဲ တွေ့ရလိမ့်မယ်။ နောက်ပြီး ရန်ကုန်က ဈေးအကြီးဆုံး KTV၊ အနှိပ်ခန်းတွေမှာလည်း သူတို့ကို တွေ့ရလိမ့်မယ်။ တစ်ညတစ်ညကို မြန်မာငွေသိန်းချီ သုံးနေတဲ့ သူတို့ရဲ့ ငွေကြေးတွေက အလှူရှင်တွေဆီက ရထားတဲ့ ငွေကြေးတွေပါပဲ” ဟု INGO လောကနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
အခြားတစ်ဖက်တွင်လည်း အစီရင်ခံစာကောင်း ရေးသားတတ်ခြင်းနှင့် အလှူရှင်များစိတ်ကြိုက် လုပ်ပြခြင်းဖြင့် ရရှိနေသော ငွေကြေးများကို NGO နှင့် INGO အဖွဲ့အစည်းများက ၎င်းတို့ကိုယ်ကျိုးအတွက် အသုံးပြုနေသည်မှာ မှန်မှန်ကန်ကန် လုပ်ကိုင်နေသူများအတွက် မျက်နှာပျက်စရာ ဖြစ်နေပါသည်။
 
“INGO တွေရဲ့ အသုံးစရိတ် များတယ်ဆိုတာ အမှန်ပဲ။ ပြည်တွင်းအဖွဲ့အစည်းတွေက အဲဒီလို အခွင့်အရေး မရှိဘူး။ INGO တွေက အစီရင်ခံစာ ရေးသားခြင်းနဲ့ အလှူရှင်တွေစိတ်ကြိုက် လုပ်နိုင်ရင် တကယ်ထိရောက်တဲ့ နေရာတွေ၊ ပြည်သူပြည်သားတွေဆီ ရောက်တာနည်းတယ်။ Budget Line ဆွဲကတည်းက Overall Charges တွေက တော်တော်ယူထားပြီး ဖြစ်နေတယ်” ဟု ရွှေမင်းသားဖောင်ဒေးရှင်းကို တည်ထောင်သူ ဦးမြတ်သူဝင်းက ပြောသည်။
 
“မြန်မာနိုင်ငံက အဖွဲ့အစည်း တော်တော်များများမှာ လုပ်နေတဲ့ မြန်မာနိုင်ငံက ပညာတတ်တွေက ပြောသင့်ပြောထိုက်တာကို မပြောဘဲ နေသာသလို နေနေကြတဲ့သူတွေ အများကြီးရှိတယ်။ ငွေကြေးလှူဒါန်းကြတဲ့ အဖွဲ့တွေက မကျွမ်းကျင်ကြဘူး ဆိုပြီးတော့ အစီရင်ခံစာ ကောင်းကောင်းရေးနိုင်ရင် ပိုက်ဆံရတယ်ဆိုပြီး လုပ်ချင်သလို လုပ်နေကြတယ်။ တချို့ INGO တွေက နိုင်ငံတကာ ပညာရှင်တွေကိုခေါ်ပြီး တစ်ပတ်၊ နှစ်ပတ်လောက် ခိုင်းတယ်။ နိုင်ငံတကာပညာရှင်တွေ လာကူညီတယ်ဆိုတဲ့ ပုံစံမျိုးတွေ လုပ်ပြတယ်။ အဲဒီလို လုပ်ပြတဲ့အတွက် အစီရင်ခံစာရေးလို့ ကောင်းသွားတယ်။ အဲဒီလိုလုပ်နေတဲ့ ပြည်တွင်းအဖွဲ့တွေရော၊ ပြည်ပအဖွဲ့တွေ ပါရှိနေတယ်” ဟု ဒေါက်တာစောမွန်သိမ့်က ပြောကြားသည်။
သို့သော် အချို့သော INGO များက ပြည်တွင်း NGO များ၏ လုပ်ဆောင်မှုအပေါ် နိုင်ငံတကာ အလှူရှင်များ၏ အမြင်မှားစေရန် သတင်းမှားပေးမှုများလည်း ရှိနေကြောင်း သိရသည်။
 
“ပြည်တွင်း NGO တွေရဲ့ လုပ်ဆောင်နိုင်မှု အရည်အချင်း မပြည့်ဝဘူး ဆိုပြီးတော့ နိုင်ငံတကာ အလှူ ရှင်တွေ အမြင်မှားအောင် လုပ်ထားတယ်။ သူတို့က တစ်ဆင့်ပဲလှူ အောင် လုပ်တာများတယ်” ဟု ဦးမြတ်သူဝင်းက ဆိုသည်။
NGO နှင့် INGO အချို့တွင် စီမံခန့်ခွဲမှုစရိတ်ကို အကြောင်းပြုပြီး ငွေကြေးအလွဲသုံးစားမှုများ ရှိနိုင်သဖြင့် ပြည်တွင်း NGO များအနေဖြင့် စာရင်းဇယားများကို တိကျစွာဖြင့် လုပ်ကိုင်နိုင်ရန် လိုအပ်ကြောင်း အကြံပြုချက်များ ရှိသည်။
“စီးပွားရေး အဖွဲ့အစည်း၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ အစိုးရ အဖွဲ့အစည်းပဲဖြစ်ဖြစ် အဖွဲ့အစည်းတွေမှာ ခုတ်ရာတခြား၊ ရှရာတစ်လွဲ လုပ်နေတာတွေရှိတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေက စာရင်းစစ်တွေနဲ့ စနစ်တကျ လုပ်ထားတဲ့အတွက် အဲဒီလိုလုပ်လို့ မရဘူးလို့တော့ ထင်တာပဲ။ ဒါပေမဲ့ ထိုင်းတို့လို ဒေသတွင်းနိုင်ငံတွေကလာတဲ့ အဖွဲ့အစည်းတွေကိုတော့ မပြောတတ်ဘူး။ ဒါတွေက မရှိဘူးလို့ ပြောလို့မရသလို၊ ရှိတယ်လို့လည်း တပ်အပ်မပြောနိုင်ဘူး” ဟု ပြည်တွင်း NGO အဖွဲ့တစ်ခုဖြစ်သော EcoDev ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြားသည်။
 
အစီရင်ခံစာကောင်းပြီး အလှူ ရှင်စိတ်ကြိုက် ပရောဂျက်လုပ်ဆောင်နေသည့် INGO အဖွဲ့အစည်းအချို့၏ လက်တွေ့ပြည်သူ့အကျိုးပြု လုပ်ဆောင်မှုများမှာ အားရစရာမရှိကြောင်း ပြောဆိုမှုများ ရှိပါသည်။
ဥပမာအားဖြင့် လတ်တလော ကာလအတွင်း ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ထားဝယ်တို့၌ ပရောဂျက် လုပ်ဆောင်ခဲ့သော World Bank ၏ ဆောင်ရွက်မှုများအပေါ် ဝေဖန်မှုများ ရှိနေသည်။
“World Bank က လုပ်တဲ့ကိစ္စက ဘာလဲဆိုတော့ ငွေချေးတယ်။ သူတို့အဖွဲ့တွေ ရွာကိုရောက်လာတယ်။ သူတို့လိုချင်တဲ့ အချက်အလက်နဲ့ ကိုက်ညီသလား ဆန်းစစ်တယ်။ အဲဒီဒေသအကြောင်း၊ ဘာတွေလိုအပ်ချက် ရှိလဲဆိုတာ မသိဘူး။ ဒါပေမဲ့ သူတို့ရဲ့ Check List နဲ့ ကိုက်တယ်ဆိုပြီး အကူအညီပေးတယ်။ အဲဒီအတွက် ပြင်ဆင်မှုက နေ့တစ်ဝက်ပဲရှိတယ်။ သူတို့ပြန်တော့ ဘဏ်မှာ ပိုက်ဆံထည့်ပေးခဲ့တယ်။ သူတို့ပြန်သွားတဲ့အခါ အဲဒီဒေသမှာ ပြဿနာတွေ ကျန်ခဲ့တယ်” ဟု နိုင်ငံရေး သိပ္ပံပညာရှင်တစ်ဦးက ပြောကြားသည်။
 
လက်ရှိအချိန်တွင် NGO နှင့် INGO များအနေဖြင့် မိမိတို့လုပ်ဆောင်မည့်ဒေသ အခြေအနေကို မသိဘဲ ပရောဂျက်တွင် ပါရှိသော Check List အတိုင်းသာ လုပ်ဆောင်နေသဖြင့် ထိရောက်မှုအတိုင်းအတာ မရှိခြင်းဖြစ်ကြောင်း INGO ၀န်ထမ်းဟောင်းတစ်ဦးက ဆိုသည်။
“သူတို့ကို စစ်လို့မရဘူး။ စစ်တဲ့အခါ သူတို့က ပြန်ပြောလိမ့်မယ်။ ငါတို့ကပေးထားတဲ့ Check List အတိုင်း လုပ်တယ်ပေါ့။ ငါတို့ တာဝန်ကျေတယ်ပေါ့။ Check List အတိုင်းလုပ်တာတော့ မှန်တယ်။ အဲဒီဒေသမှာ ဘာလိုနေလဲ။ ဘယ်လိုလုပ်ပေးရမလဲဆိုတာ မသိတော့ သူတို့လုပ်တာတွေက သဲထဲရေသွန် ဖြစ်နေတာပေါ့။ ဥပမာ-အိမ်သာပရောဂျက်ဆိုပြီး အိမ်သာကိစ္စတွေ လုပ်ကြတယ်။ အိမ်သာတော့ ပြီးသွားတယ်။ ဒါပေမဲ့ အိမ်ကစုတ်ပြတ်နေပြီး အိမ်သာက အရမ်းကောင်းနေတာမျိုးတွေ ဖြစ်ကုန်တယ်” ဟု INGO ၀န်ထမ်းဟောင်းက ပြောကြားသည်။
 
ထိုကဲ့သို့ Check List တစ်ခုတည်းအပေါ်ကို အားထားပြီး ဒေသအခြေအနေမှန်နှင့် ပတ်ဝန်းကျင်၏ အမှန်တကယ် လိုအပ်ခြင်းများကို ရှာဖွေနိုင်စွမ်း မရှိသောကြောင့် IRI စစ်တမ်း ရလဒ်ကဲ့သို့သော လွဲမှားသည့်ရလဒ်များ ထွက်ပေါ်နေရခြင်း ဖြစ်သည်ဟု နိုင်ငံရေးသိပ္ပံပညာရှင်က ပြောကြားသည်။
လက်ရှိအစိုးရလက်ထက်၌ NGO နှင့် INGO များ ပိုမိုများပြားနေပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင် ရှိနေသည်။ ထိုသို့ ရှိနေသည့်အနက် ရခိုင်ပြည်နယ် စစ်တွေမြို့ တစ်ခုတည်းတွင် NGO နှင့် INGO အဖွဲ့အစည်းပေါင်း ၆၈ ဖွဲ့ရှိပြီး ထိုအထဲတွင် ၁၉ ဖွဲ့မှာ တရားဝင် မှတ်ပုံတင်မရှိသော အဖွဲ့များဖြစ်သည်။
 
လူဦးရေ သုံးသန်းရှိပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၅ ဒသမ ၅၃ ရာခိုင်နှုန်းရှိသော ရခိုင်ပြည်နယ်တွင် NGO နှင့် INGO အရေအတွက်မှာ ပြည်နယ်လူဦးရေနှင့် မလိုက်အောင် များပြားနေပြီး ထိုအဖွဲ့အစည်းများ၏ လုပ်ဆောင်မှုမှာလည်း ဒေသခံ ရခိုင်တိုင်းရင်းသားများအပေါ် သက်ရောက်မှုနည်းပါးကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် INGO အဖွဲ့အစည်းအချို့၏ မလျော်ကန်သော လုပ်ရပ်များနှင့် ဆက်နွှယ်နေကြောင်း စွပ်စွဲမှုများ ရှိခဲ့သည်။
“NGO၊ INGO တွေအားလုံး မကောင်းဘူးလို့ပြောတာ မဟုတ်ဘူး။ နိုင်ငံတစ်ခုမှာ အစိုးရတစ်ဖွဲ့တည်းက လုပ်ချင်ရာ လုပ်နေလို့တော့ မဖြစ်ဘူး။ NGO တွေ၊ Civil Society တွေက ရှိကိုရှိနေရမယ်။ အခုဖြစ်နေတဲ့ အလွဲသုံးစားမှုတွေ၊ စီမံခန့်ခွဲမှုစရိတ် အများဆုံးသုံးနေတာတွေက အစိုးရနဲ့ bilateral လုပ်ထားတဲ့ INGO တွေမှာ အများဆုံး ဖြစ်နေတာ။ ပြည်တွင်းကလူတွေ လုပ်နေတဲ့ NGO သေးသေးတွေက ဘာမှရတာမဟုတ်ဘူး။ အလွဲသုံးစားမှုတွေ ရှိကောင်းရှိမယ်။ ဒါပေမဲ့ အဖွဲ့ကြီးတွေလောက် မများဘူး။ အစိုးရနဲ့ ပေါင်းလုပ်နေတဲ့ အဖွဲ့ကြီးတွေမှာပဲ ဖြစ်နေတယ်။ သူတို့ရဲ့ အလွဲသုံးစားမှုတွေကို ဖော်ထုတ်ရေးသားဖို့တော့ လိုအပ်မယ်” ဟု နိုင်ငံရေးသိပ္ပံပညာရှင်က ပြောကြားသည်။


Read more...

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်သင့်သည်များကို ပြင်ဆင်မည်ဟု သူရဦးရွှေမန်းပြောကြား

0 comments

28.4.2014

မြန်မာနိုင်ငံအပြောင်းအလဲ ကြုံတွေ့ခဲ့သည့် ယခင်အချိန်များ နှင့် နှိုင်းစာပါက ယခုအချိန်မှာ ဒီမိုကရေစီပြုပြင်ရေးလမ်းကြောင်း အနေဖြင့် အတော်ခရီးပေါက်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ပြည်သူအများ မျှော်လင့်နေသည့် ဒီမိုကရေစီ အပြည့်အ၀မရသေးသည့်အပေါ် တွင် အချိန်ပေးဆောင်ရွက်ရဦး မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယကကြီး သူရဦးရွှေ မန်းက မွန်ပြည်နယ်၌ ပြောကြား ခဲ့သည်။

““၁၉၆၂၊ ၁၉၈၈၊ ၂၀၁၀ ခုနှစ်ကထက်စာရင် အခုချိန်က ဒီမိုကရေစီပြုပြင်ရေးလမ်းကြောင်း က အတော်လေးရောက်ခဲ့ပြီ ဒါပေမဲ့ ပြည်သူတွေမျှော်လင့်တဲ့ ဒီမိုကရေစီအပြည့်အ၀မရလာသေး ဘူး။ ဒီမိုကရေစီကို တစ်ရက်တည်း၊ တစ်ချိန်တည်း၊ တစ်ခဏတည်း လုပ်လို့မရဘူး””ဟု သူရရွှေမန်းက ပြောသည်။

ဧပြီ (၂၅)ရက်က မော်လ မြိုင်မြို့တွင် မွန်ပြည်နယ်ဝန်ကြီး ချုပ် ဦးအုန်းမြင့်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေနှင့် မြို့နယ်(၁၀) ခုမှ ဒေသခံကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့ဒီမိုကရေစီလမ်းတွင် ပြည်သူများ၏ လိုလားချက်၊ မျှော်လင့်ချက်ဆန်္ဒအမှန်အတိုင်း ဖြစ်မလာသေးကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်သာ မြန်မာနိုင်ငံ ယခုလက်ရှိအခြေနေ အထိ ရောက်ရှိလာခဲ့ကြောင်းကို လည်း ပြောကြားခဲ့သည်။

““ဒီနေ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးမှာ ပြည်သူတွေရဲ့ ဆန်္ဒအတိုင်းဖြစ်ပြီလို့ မပြောနိုင်ပါ ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ပြီးပြည့်စုံတယ်လို့ ပြောလို့မရနိုင်ပါဘူး။ အချို့က တော့ အသစ်ရေးဆွဲဖို့လိုတယ် ပြောနေတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ လေ့လာသုံးသပ် ပြီး ကောင်းတာတွေထားမယ်။ ပြင်သင့်တာ ပြင်မယ်ဆိုပြီး လုပ် ဆောင်နေပါတယ်””ဟု သူရဦးရွှေ မန်းက ဆိုသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြည်သူများအကြားတွင် ထောက်ပြမှုများရှိနေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ ပြည်ထောင်စုလွှတ်တော်၏ ကြီး လေးသော တာဝန်တစ်ရပ်ဖြစ် ကြောင်းကိုလည်း ပြောကြားခဲ့ သည်။

အလားတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ဖွဲ့စည်းပုံဥပဒေအသစ်ရေးဆွဲရေး အတွက်မူထောက်ခံခြင်းမရှိပဲ ပြနလည်ပြင်ဆင်ခြင်းကိုသာ ပြု လုပ်မည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။

လွှတ်တော်များသည် ပြည်သူ့ ဆန်္ဒနှင့်အညီ ဥပဒေများပြုကြရ ခြင်းကြောင့် လွှတ်တော်သက်တမ်း ၃နှစ်တာကာလတွင် ပြည်ထောင်စု လွှတ်တော်အနေဖြင့် ဥပဒေ (၉၈)ခုအတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး ကျန်ရှိနေသော ဥပဒေကြမ်း (၂၀၀)ခန့်ကိုလာမည့်လွှတ်တော် သက်တမ်းတစ်နှစ်ခွဲအတွင်းပြီးစီး အောင် ပြဋ္ဌာန်းမည်ဟုပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲခြင်းနှင့် လွှတ်တော်၏ဥပဒေပြုချက်များကို လည်း ရှင်းလင်းပြောကြားခဲ့သည်။

““ဒီအတိုင်း ပုံမှန်လုပ်ဆောင် သွားမယ်ဆိုရင် နောက်(၂)နှစ် အတွင်း မွန်ပြည်နယ်ရဲ့မြို့ပြကျေး လက်ကွာဟချက်က ကျဉ်းမြောင်း သွားမယ်””ဟု မွန်လွှတ်တော်ဥက်္ကဋ္ဌ ဦးကျင်ဖေက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲကို ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ အစိုးရ အဖွဲ့အစည်းများမှ တာဝန်ရှိသူ များ မြိုကနယ် (၁၀)ခုမှ ဒေသခံ ကိုယ်စားလှယ်များစုစုပေါင်း လူ အင်အား (၁၀၀၀)၀န်းကျင်ခန့် တက်ရောက်ခဲ့သည်။ 

HOT NEWS
Read more...
Friday, April 25, 2014

နယ်မြေကျူးကျော်ကာ ဆက်ကြေးတောင်းသော KIA အဖွဲ့အား ဒေသခံများ မကျေနပ်

0 comments
24.4.2014

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မြေပလ္လင်ကျေးရွာအနီးတစ်ဝိုက်ရှိ သစ်စက်များ၊ ဒေသသုံးသစ်၊ ၀ါး ခုတ်သူများနှင့် မီးသွေးဖုတ်သူများ အား အေပြီ ၂၃ ရက် ညနေ ၄ နာရီခန့်တွင် KIA အဖွဲ့မှ ဆက်ကြေးငွေများ လာရောက်ခြိမ်းခြောက်တောင်းယူသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် နယ်နိမိတ်အစပ် နန့်ပမောင်းချောင်းဖျားတွင် သွားလာ လှုပ်ရှားနေ သော KIA အဖွဲ့မှ နယ်မြေကျူးကျော်ကာ ဆက်ကြေးလာတောင်းမှုအပေါ် ဒေသခံများက စိတ်ဆိုးဒေါသ ထွက်ကာ မကျေမနပ်ဖြစ်နေကြကြောင်း အင်းတော်မြို့ခံတစ်ဦးက ပြောသည်။

``သစ်စက်တစ်စက်ကို ငွေတစ်သိန်းတောင်းတယ်၊ သေနတ်တွေကိုင်ပြီး ၀င်လာတော့ အားလုံးကြောက် ကုန် ကြတာပေါ့၊ သစ်စက်ပိုင်ရှင်တွေ လည်း တောင်းတဲ့ငွေပေးလိုက်ရတယ်´´ ဟု သစ်စက်အလုပ်သမား တစ်ဦးက ဆိုသည်။

KIA အဖွဲ့မှ သစ်စက်များအား ဆက်ကြေးငွေတောင်းယူပြီးနောက် အနီးဝန်းကျင်သစ်တော၊ ၀ါးတောများ တွင် သစ်၊ ၀ါးခုတ်နေသော ဒေသခံများ ဆီမှလည်း တောင်းယူသွားကြောင်း ကိုယ်တွေ့ကြုံသော ရွာသားတစ်ဦးက ယခုလိုပြောကြားခဲ့သည်။

``သစ်ခုတ်၊ ၀ါးခုတ်လာတာ ဘာပိုက်ဆံမှ မပါဘူးလို့ ပြောတော့ ရွာပြန်ယူပြီးပေးလို့ ပြောတယ်။ မပေးရင် KIA တပ်ထဲ လိုက်ရမယ်ဆိုပြီး ခြိမ်းခြောက်လို့ ရွာပြန်ပြီး ပိုက်ဆံယူပေးခဲ့ရတယ်´´

အဆိုပါ သစ်တော၊ ၀ါးတောများမှာ မြေပလ္လင်ကျေးရွာနှင့် တစ်မိုင်ခန့်သာဝေးသဖြင့် သစ်ခုတ်၊ ၀ါးခုတ်သူများ နည်းတူ မီးသွေးဖုတ်သူများလည်း ရွာသို့ပြန်ကာ KIA တောင်းသော ဆက်ကြေးငွေအား ယူပေးခဲ့ရကြောင်း မီးသွေးဖုတ်လုပ်ငန်း လုပ်နေသူတစ်ဦးက ပြောသွားသည်။

အင်းတော်မြို့ခံဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ``KIA ရဲ့ လုပ်ရပ်တွေက တရားဥပဒေကို မထီမဲ့မြင်ပြုတဲ့ အဆင့် အထိ ရောက်လာပါပြီ။ သူတို့ကချင်ပြည်နယ်ထဲမှာ ဆက်ကြေးကောက်တာ၊ လူသစ်စုတာ နယ်မြေဒေသ အခြေအနေအရ ဘာမှ မပြောလိုပါဘူး၊ ဒါပေမဲ့ တရားဥပေဒစိုးမိုးမှုရှိတဲ့ ဒီလိုမြို့နယ်ထဲထိ ဆက်ကြေးလာ ကောက်တာ ကတော့ တရားလွန်သွားပြီ၊ လက်နက်အားကိုးနဲ့ ပြည်သူကိုအနိုင်ကျင့် တာတွေ ဆက်လုပ်လာဦး မယ်ဆိုရင် တရားဥပဒေလမ်းကြောင်းအတိုင်း အရေးယူဖို့ ဆောင်ရွက် သွားမှာပါ´´ ဟု ပြောကြားသွားခဲ့ပါသည်။

#KDN
Read more...
Thursday, April 10, 2014

တမလန်း သစ်ခွဲသားများကို ကားကြီးကားသေးများဖြင့် တရုတ်ဘက်သို့ ဆက်တိုက်ခိုးထုတ်

0 comments
 ဧပြီ ၇ ရက်က ဖမ်းဆီးရမိခဲ့သည့် တမလန်းသစ် မှောင်ခိုတင်ဆောင်လာသည့်ကားအား တွေ့ရစဉ် (ဓာတ်ပုံ-အကောက်ခွန်ဦးစီးဌာန)
 
တမလန်း သစ်ခွဲသားများကို ကားကြီးများအပြင် ကားသေးများဖြင့်ပါ တရုတ်သို့ ဆက်တိုက်ခိုး ထုတ်နေကြောင်း အကောက်ခွန်ဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိသည်။

ယင်းသို့ မှောင်ခိုသစ်ခိုးထုတ်မှုကို မူဆယ်နယ်စပ် ကုန်သွယ်မှုစခန်းအနီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဧပြီ ၆ ရက်မှ ၇ ရက်အတွင်း သစ်မှောင်ခိုယာဉ် ခြောက်စီးအား စစ်ဆေးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် ယာဉ်များအတွင်း ၁၂ ဘီးကားကြီး တစ်စီးနှင့် တိုယိုတာကား အမျိုးအစား အငှားယာဉ် သုံးစီး အပါအ၀င် လိုက်ထရပ်ယာဉ် တစ်စီးလည်း ပါဝင်ခဲ့ကြောင်း မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူက “အခုဖမ်းမိခဲ့တဲ့ ဖြစ်စဉ်မှာပါတဲ့ ပစ္စည်းတွေကို သက်ဆိုင်ရာ အလိုက် လွှဲပြောင်းပြီးသွားပြီ။ သစ်ဆိုလည်း သစ်တောဦးစီးဌာနကို လွှဲပြောင်းလိုက်ပြီး။ ကားတွေအများစု ကိုလည်း သိမ်းထားလိုက်တယ်” ဟု ပြောကြားသည်။

နှစ်ရက်တာ ဖမ်းမိခဲ့သည့် သစ်မှောင်ခိုဖြစ်စဉ်အတွင်း တမလန်းသစ် ၁၀ တန်ကျော်ခန့် ရှိမည်ဖြစ်ကြောင်း၊ အဆိုပါသစ်များကို တရုတ်ဘက်သို့ တင်သွင်းမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ စစ်ဆေးချက် အဖြေများအရ သိရသည်။

“တရုတ်ဘက်က အခု တမလန်းသစ်ကို အ၀ယ်လိုက်နေတယ်။ တစ်တန်ကို သိန်း ၇၀ လောက် ပေးနေ တယ်လို့ သိရတယ်။ အဲဒါကြောင့် တမလန်းသစ်တွေကို မှောင်ခိုလုပ်နေတာပါ။ အဲဒီအတွက်လည်း ကျွန်တော်တို့ ဖမ်းဆီးစစ်ဆေးမှုတွေကို အရင်ကထက် ပိုလုပ်နေပါတယ်” ဟု အထက်ပါ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားထားချက်အရ တမလန်းသစ်များကို ၂၀၁၃ ခုနှစ် အတွင်းမှ စတင်ကာ မှောင်ခိုထုတ်လုပ်မှု အားကောင်းလာကြောင်း၊ ယင်းမှာ တရုတ်ဘက်မှ ၀ယ်လိုအား များလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

မကြာသေးမီက သစ်တောဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ ယခုနှစ် ဇန်န၀ါရီလမှ ဖေဖော်ဝါရီလအတွင်း သစ်ခိုးထုတ်မှုအား ဖမ်းဆီးရမိမှုမှာ ကျွန်းအပါအ၀င် သစ်မာတန်ချိန်ပေါင်း ၁၆၆၂၅ ဒသမ ၆၀၂၇ ရှိခဲ့သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ကိုးလတာ ကာလအတွင်း၌လည်း တရားမ၀င်သစ်နှင့် သစ်တောထွက် ပစ္စည်းတန်ချိန် သုံးသောင်းခွဲနီးပါး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်နှင့်တိုင်းဒေသကြီး၊ သစ်တောဦးစီး ဌာနများ ပြည်ထောင်စု စာရင်းစစ်ချုပ်အရ သိရသည်။

Eleven Media Group

Read more...
Tuesday, March 25, 2014

မီတာခ တိုးမြှင့်မှု ပြန်သုံးသပ်ဖို့ တောင်းဆို

0 comments
25.3.2014

အစိုးရက လာမယ့်ဧပြီလကစပြီး လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ကို ပြန်ပြီး သုံးသပ်ပေး ဖို့အတွက် ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုများအဖွဲ့က မြို့တော်ခန်းမရှေ့ မှာ မနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

အောက်ခြေပြည်သူတွေအနေနဲ့ စားဝတ်နေရေး ရုန်းကန်နေရချိန်မှာ မီတာခတိုးမြှင့်လိုက်တာဟာ ကုန်ဈေးနှုန်းကြီးမြင့် လာနိုင်တာကြောင့် ပြည်ထောင်စု အစိုးရကပြန်ပြီး သုံးသပ်ပေးဖို့ ဆန္ဒပြရတာလို့ ဒီမို ကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု များအဖွဲ့က ကိုသိန်းအောင်မြင့်က RFA ကို ပြော ပါတယ်။

"တိုင်းပြည်မှာ ပြည်သူလူထုက ရုန်းကန်နေရတဲ့ အချိန်မှာ ဒီလျှပ်စစ်မီတာခတွေ တိုးမြှင့်လိုက်သည့် အတွက်ကြောင့်ပေါ့နော်၊ ကုန်ဈေးနှုန်းတွေက ထိုက်သလောက်တက်လာမှာ အဲ့ဒီတော့ ကုန်ဈေးနှုန်း ဒဏ်ကို ခံစားရမှာက ငါတို့ဆီမှာရှိတဲ့ပြည်သူတွေ ဒါကိုပြန်ပြီးတော့ ပြည်ထောင်စုအစိုးရက ဖြေ ရှင်းပေးဖို့ လိုအပ် တာဖြစ်သည့် အတွက် မီတာခ ပြန်လည်လျော့ချရေးအတွက် ဆန္ဒပြရခြင်းဖြစ် ပါတယ်၊ နောက်ဆက်တွဲအနေနဲ့ ဒီစက်မှုဇုန်မှာပေါ့နော် အလုပ်ရှင်အလုပ်သမား မပြေလည်မှုတွေ အများကြီးရှိတယ်၊ လျှပ်စစ်မီတာခ တိုးမြှင့် လိုက်သည့်အတွက်ကြောင့် ဒီနောက်ဆက်တွဲ ပြဿ နာတွေ အများကြီးဖြစ်လာနိုင်တယ်၊ ဒါတွေကို ကျွန်တော်တို့ အရမ်း စိုးရိမ်တယ်"

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က သမ္မတ ဦးသိန်းစိန်တင်သွင်းတဲ့ မီတာခတိုးမြှင့်ကောက်ခံမယ့် ဥပဒေမူကြမ်း ကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် လာမယ့် ဧပြီ ၁ ရက်နေ့ကစပြီး တိုးမြှင့်ကောက် ခံတော့မှာပါ။

အခု အတည်ပြုလိုက်တဲ့ မီတာခ နှုန်းထားတွေကတော့ အိမ်သုံး ယူနစ် ၁ဝဝ အထိ ၁ ယူနစ်ကို ၃၅ ကျပ်၊ ယူနစ် ၂ဝဝ အထိ ကျပ် ၄ဝ၊ ယူနစ် ၂ဝဝ အထက် ကျပ် ၅ဝ နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။

စက်မှုနဲ့ စီးပွားရေး လုပ်ငန်းသုံးမီတာတွေအတွက် ယူနစ် ၅ဝဝ အထိ ၇၅ ကျပ်၊ ယူနစ် ၁ သောင်းအထိ ၁ဝဝ ကျပ်၊ ယူနစ် ၅ သောင်းအထိ ၁၂၅ ကျပ်၊ ယူနစ် ၂ သိန်း အထိ ၁၅ဝ ကျပ်နဲ့ ယူနစ် ၂ သိန်းကနေ ၃ သိန်းအထိ ၁၂၅ ကျပ် ဖြစ်ပါတယ်။ ယူနစ်သုံးသိန်းနဲ့ အထက်ကိုတော့ ၁ဝဝ ကျပ်အဖြစ်ပြန်ပြီး လျော့ချ သတ်မှတ်ထားပါတယ်။
အခုလို နှုန်းထားအသစ်နဲ့ တိုးမြှင့်ကောက်ခံတာတောင် အစိုးရဟာ ၁ ယူနစ်ကို ၅၂ ပြား၊ ၁ နှစ် ကို ကျပ်ငွေ သန်း ၇၇ဝ ရှုံးဦးမယ်လို့ လွှတ်တော်မှာ တွက်ချက်ပြထားကြောင်း သိရပါတယ်။အတွက် လာမယ့် ဧပြီ ၁ ရက်နေ့က စပြီး တိုးမြှင့် ကောက်ခံ တော့မှာပါ။

အခု အတည်ပြုလိုက်တဲ့ မီတာခ နှုန်းထားတွေကတော့ အိမ်သုံး ယူနစ် ၁ဝဝ အထိ ၁ ယူနစ်ကို ၃၅ ကျပ်၊ ယူနစ် ၂ဝဝ အထိ ကျပ် ၄ဝ၊ ယူနစ် ၂ဝဝ အထက် ကျပ် ၅ဝ နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။

စက်မှုနဲ့ စီးပွားရေး လုပ်ငန်းသုံး မီတာတွေအတွက် ယူနစ် ၅ဝဝ အထိ ၇၅ ကျပ်၊ ယူနစ် ၁ သောင်းအထိ ၁ဝဝ ကျပ်၊ ယူနစ် ၅ သောင်းအထိ ၁၂၅ ကျပ်၊ ယူနစ် ၂ သိန်း အထိ ၁၅ဝ ကျပ်နဲ့ ယူနစ် ၂ သိန်းကနေ ၃ သိန်းအထိ ၁၂၅ ကျပ် ဖြစ်ပါတယ်။ ယူနစ် သုံးသိန်းနဲ့ အထက်ကိုတော့ ၁ဝဝ ကျပ် အဖြစ် ပြန်ပြီး လျော့ချ သတ်မှတ် ထားပါတယ်။

အခုလို နှုန်းထားအသစ်နဲ့ တိုးမြှင့်ကောက်ခံတာတောင် အစိုးရဟာ ၁ ယူနစ်ကို ၅၂ ပြား၊ ၁ နှစ် ကို ကျပ်ငွေ သန်း ၇၇ဝ ရှုံးဦးမယ်လို့ လွှတ်တော်မှာ တွက်ချက်ပြထားကြောင်း သိရပါတယ်။

RFA Burmese
Read more...

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ရေးဆွဲရေး ဆွေးနွေးပွဲသို့ “ဝ” နှင့် မိုင်းလားတပ်များကို အစိုးရ ဖိတ်ကြား

0 comments
25.3.2014

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ရေးဆွဲရေး ဆွေးနွေးပွဲသို့ “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP/UWSA နှင့် မိုင်းလား တပ်ဖွဲ့များကို တက်ရောက်ရန် ဖိတ်ကြားထားကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး တစ်ဦးက ပြောကြားသည်။

အစိုးရနှင့် NCCT တို့၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ပူးတွဲပြုစုရေး ဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ ဧပြီလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ပြုလုပ်ရန် စီစဉ်ထားပြီး “ဝ” နှင့် မိုင်းလားတို့က လေ့လာသူအဖြစ် ပါဝင် တက်ရောက်ရန် ဖိတ်ကြားထားခြင်း ဖြစ်ကြောင်း MPC အကြီးတန်း အကြံပေး တစ်ဦးက ဆိုသည်။

UWSP/UWSA အဖွဲ့သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် ပါဝင်ခြင်း မရှိသော်လည်း ဧပြီလ အတွင်း ပြုလုပ်မည့် ဆွေးနွေးပွဲကို တက်ရောက်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

“ဧပြီ ၅ ရက် ၆ ရက်မှာ အပစ်ရပ် စာချုပ်အတွက် ထပ်တွေ့မယ်။ ပြီးရင် သင်္ကြန်ပိတ်ရက်တွေနဲ့ ဆိုတော့ ဘားအံ ဆွေးနွေးပွဲက မေလမှပဲ ဖြစ်နိုင် မယ်လို့ ခန့်မှန်းပါတယ်” ဟု မြန်မာငြိမ်းချမ်းရေး စင်တာမှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးမည့် အချိန်နှင့် အသေးစိတ် အချက် အလက်ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် စုံညီစွာ တွေ့ဆုံမည့် ဘားအံငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွင် သတ်မှတ်သွားရန် စီစဉ်ထားပြီး ယင်းဆွေးနွေးပွဲကို ဧပြီလ အတွင်း ပြုလုပ်မည် ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ထုတ်ပြန်ထားသည်။

“ဝ” နှင့် မိုင်းလား အဖွဲ့များမှာ လိုင်ဇာနှင့် လော်ခီးလာ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ညီလာခံများတွင် ပါဝင် တက်ရောက်ခြင်း မရှိဘဲ တိုင်းရင်းသား အဖွဲ့များ ကိုယ်စားပြု NCCT တွင်လည်း ပါဝင်ခြင်း မရှိသော လက်နက်ကိုင် အဖွဲ့များဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် သီးသန့် ပါဝင်ရန် အဆိုပြုထားသည်။

အစိုးရနှင့် NCCT အဖွဲ့တို့ ဖေဖော်ဝါရီလ၊ မတ်လ ဒုတိယပတ် အတွင်း နောက်ဆုံးအကြိမ် တွေ့ဆုံထားပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ပူးတွဲ ရေးဆွဲရန်အတွက် တစ်ဖက်ကိုးဦး ပါဝင်သော ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

The Voice Weekly
 
Read more...

လူ့အခွင့်အရေး တန်းတူပေးရန် အာဆီယံလူထုဖိုရမ် တောင်းဆို

0 comments
25.3.2014

လူ့အခွင့်အရေးကို ခွဲခြားမှု မရှိဘဲ အားလုံးအတွက် တန်းတူကာကွယ်ပေးဖို့ ဒေသတွင်းက လူထုအခြေပြု အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ အာဆီယံ လူထုဖိုရမ်ကနေ အာဆီယံ ခေါင်းဆောင်တွေ ကို တောင်းဆို လိုက်ပါတယ်။

အာဆီယံလူထုတွေအကြား ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီ ကူးပြောင်းမှု အကြောင်းအရာတွေကို မတ် ၂၁ ကနေ ၂၃ ရက်ထိ ရန်ကုန်မှာ ၃ ရက်ကြာ ဆွေးနွေး ပြီးနောက် အာဆီယံလူထု ဖိုရမ်က မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ကြေညာချက်မှာ ဘာသာရေး၊ မသန်စွမ်းသူ၊ လိင်တူလိင်ကွဲ၊ တိုင်းရင်းသားနဲ့ နိုင်ငံရေးခံယူချက်စတဲ့ အာဆီယံပြည်သူများကြား မတူကွဲပြားမှုတွေကို အသိအမှတ်ပြုဖို့နဲ့ ဘယ်လို ကွဲပြားမှုတွေကိုမှ ခွဲခြားမှု မရှိဘဲ အားလုံးရဲ့ လူ့အခွင့်အရေးကို တန်းတူကာကွယ်မှုပေးဖို့ တောင်းဆိုထားပါသည်။

ဒီကြေညာချက်ကို မေလ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံထိပ်သီး ညီလာခံ တက်ရောက်မယ့် အာဆီယံခေါင်းဆောင်တွေထံ ပေးပို့သွားမယ်လို့ အာဆီယံလူထုဖိုရမ် ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမေမေပြုံးက ပြောပါတယ်။

ဒီ ဖိုရမ်ကို အာဆီယံနိုင်ငံ ၁၀ နိုင်ငံအပါအ၀င် အရှေ့တီမောနဲ့ အခြားနိုင်ငံတွေက ကိုယ်စားလှယ်ပေါင်း ၃ ထောင်ကျော်က အလုပ်ရုံဆွေးနွေးပွဲပေါင်း ၃၅ ခုမှာ တက်ရောက် ဆွေးနွေးခဲ့ကြတာပါ။

၂၀၁၅ ခုနှစ်မှာ ဒီဖိုရမ်ကို အိမ်ရှင်အဖြစ် မလေးရှားနိုင်ငံက လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

အာဆီယံလူဖိုရမ်တွေကို ၂၀၀၅ ခုနှစ် စတင်ပြီး အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့ နိုင်ငံတွေမှာ ဒေသတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက အလှည့်ကျ ကျင်းပခဲ့တာ ဖြစ်ပြီး ရန်ကုန်မှာ ဒီနှစ် ကျင်းပတဲ့ပွဲဟာ အာဆီယံပြည်သူ့ ဖိုရမ်ရဲ့ ၁၀ နှစ်တာ သမိုင်းတလျှောက် အကြီးဆုံးဖိုရမ် ဖြစ်တယ်လို့လည်း တက်ရောက် လာသူတွေက ပြောပါတယ်။

DVB
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here