Showing posts with label အနုပညာသတင်း. Show all posts
Showing posts with label အနုပညာသတင်း. Show all posts
Tuesday, February 18, 2014

အမေရိကန်သမ္မတဟောင်း Theodore Rooseveltအဖြစ်သရုပ်ဆောင်ချင်နေ တဲ့ Leonardo DiCaprio

0 comments


Leonardo DiCaprio ဟာသူ့ရဲ့နောက်ထပ်ရုပ်ရှင်လှုပ်ရှားမှုတစ်ခုအနေနဲ့ အမေရိကန်သမ္မတဟောင်း Theodore Roosevelt အဖြစ်သရုပ်ဆောင်ဖို့စီစဉ်နေပါတယ်။

အမေရိကန်နိုင်ငံရဲ့ ၂၆ ယောက်မြောက်သမ္မတရဲ့အတ္ထုပ္ပတိဇာတ်ကားအတွက် ဒါရိုက်တာ Martin Scorsese နဲ့ရိုက်ကူးထုတ်လုပ်ဖို့အတွက် Wolf of Wall Street ရဲ့သရုပ်ဆောင်က အပူတပြင်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

“သူ့ရဲ့အရင်ရုပ်ရှင်ဟာ box office မှာအကြီးအကျယ်အောင်မြင်ခဲ့ပြီးနောက် Leo တစ်ယောက် Martin Scorsese နဲ့ထပ်မံပူးပေါင်းမယ့် သူ့ရဲ့ Roosevelt အတ္ထုပ္ပတိရုပ်ရှင်အတွက် အလောတကြီး လုပ်ဆောင်နေတာဖြစ်ကြောင်း သူ့သူငယ်ချင်းတွေကိုပြောပါတယ်” လို့အတွင်းသိတစ်ယောက်က RadarOnline.com ကိုပြောပါတယ်။

သူက ဒီတစ်ခု စတင်ရုပ်လုံးပေါ်လာဖို့ ငွေကြေးကို ဆယ်စုနှစ်တစ်ခုနီးပါး စိတ်ရှည်ရှည် နဲ့ စောင့်လာ ခဲ့တဲ့အတွက် အခုမှမလုပ်ရင် ဘယ်တော့မှလုပ်ဖြစ်မှာမဟုတ်ဘူး လို့ပြောတယ်လို့ဆိုပါတယ်။

၁၉၀၁ ခုနှစ်ကနေ ၁၉၀၉ ခုနှစ်အထိသမ္မတ တာဝန်ယူခဲ့တဲ့ လူကောင်ထွားထွား သမ္မတနေရာမှာ သရုပ်ဆောင်ဖို့အတွက် Leonardo တစ်ယောက် ကာယလေ့ကျင့်ခန်းတွေ လုပ်ရဖွယ်ရှိပါတယ်။ ဒါပေမယ့်လည်း သူဟာဒီစိတ်ခေါ်မှုအတွက် အသင့်ရှိတယ်လို့ အတွင်းသိကပြောပါတယ်။

“သူကဒီတစ်ခုအတွက်ဘာပဲလုပ်ရလုပ်ရ ဖြစ်အောင်လုပ်မှာပါ။ ဒါဟာ Leo အော်စကာဆု ရချင်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ပြီးတော့ဒီရုပ်ရှင်အကြောင်းကိုသူအမြဲတမ်းပြောနေတာပါ” လို့လဲပြောပြပါတယ်။

ဒီရုပ်ရှင်ဟာ Pulitzer ဆုရစာအုပ် The Rise of Theodore Roosevelt စာအုပ်ကိုအခြေခံတာဖြစ်ပြီး Leonard ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေကတော့ Leo တစ်ယောက်နိုင်ငံရေးရုပ်ရှင်ထပ်လုပ်မှာဖြစ်တဲ့အတွက် အဲဒီ့ရုပ်ရှင်ရဲ့အရည်အသွေးအတွက်ပူပန်နေရပါတယ်။ Leo ဟာ ၂၀၁၁ ခုနှစ်တုန်းက FBI ဒါရိုက်တာဟောင်း J Edgar Hoover ရဲ့ဖြစ်ရပ်မှန်သမိုင်းရုပ်ရှင် J Edgar မှာပါဝင်သရုပ်ဆောင် ခဲ့ပြီး အောင်မြင်မှုမရခဲ့ပါဘူး။

Trend Myanmar.
Read more...
Monday, February 10, 2014

ဖိလစ်ပိုင်အလှမယ်နှင့် ပွာတိုရီကိုအလှမယ်တို့ မြန်မာနိုင်ငံသို့ လာရောက်မည်

0 comments


10.2.2014

ယခုနှစ် မေလအတွင်းတွင် ကျင်းပမည့် Miss Golden Land Myanmar 2014 ပြိုင်ပွဲ၌ Miss Supranational 2013 Winner ဆုရ ဖိလစ်ပိုင်နိုင်ငံသူနှင့် ပွာတိုရီကို နိုင်ငံသူဖြစ်သည့် Miss Supranational 2013 Winner တို့သည် မြန်မာ နိုင်ငံသို့ လာရောက်ကြမည်ဖြစ်သည်။ ယင်းတို့သည် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Miss Supranational Myanmar 2014 နှင့် Miss Grand Myanmar 2014 ဆုရရှိသူ များကို ရရှိမည့်ဆုများအလိုက် သရဖူများ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

“Miss Supranational Myanmar 2014 နဲ့ Miss Grand Myanmar 2014 ကို သရဖူဆောင်းပေးကြမှာ ပါ” ဟု Miss Golden Land Myanmar Organization မှ ဒါရိုက်တာ ကိုဝေယံအောင်ကပြောသည်။
ယင်း Miss Golden Land Myanmar 2014 ကို Miss Golden Land Myanmar Organization က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး Miss Supranational Myanmar 2014 နှင့် Miss Grand Myanmar 2014 အပြင် Miss Intercontinental Myanmar 2014 များကို ယင်းနေ့တွင် အပြီးသတ် ရွေးချယ်သွားမည် ဖြစ်သည်။

Miss Supranational 2013 Winner ဆုရ ဖိလစ်ပိုင်နိုင်ငံသူသည် Miss Golden Land Myanmar 2014 ပြိုင်ပွဲတွင် ရွေးချယ်မည့် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သုံးဦးမှ Miss Supranational Myanmar 2014 ဆုရှင်ကို သရဖူ ချီးမြှင့်ပေးမည်ဖြစ်ပြီး ပွာတိုရီကိုနိုင်ငံသူ Miss Grand International 2013 Winner သည် ပြိုင်ပွဲတွင် ရွေးချယ်မည့် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်သုံးဦးမှ Miss Grand Myanmar 2014 ဆုရှင်ကို သရဖူ ချီးမြှင့်ပေးသွားမည် ဖြစ်သည်။

အဆိုပါပွဲကို မေလနောက်ဆုံးပတ်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ကျင်းပမည့်နေရာကိုမူ သတ်မှတ်မှုမရှိ သေးဘဲ ပြိုင်ပွဲဝင် လျှောက်လွှာများကိုသာ စတင်လက်ခံနေပြီ ဖြစ်ကာ ဧပြီ ၁၀ ရက်တွင် လျှောက်လွှာ များ ပိတ်မည်ဖြစ်သည်။

Miss Supranational Myanmar 2014 သည် TOP(3) Grand Slam စာရင်းဝင် Miss Supranational 2014 ပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ခင်ဝင့်ဝါ သွားရောက် ယှဉ်ပြိုင်ခဲ့သည့်ပွဲဖြစ်သည်။ယင်း အပြင် Miss Grand Myanmar 2014 သည် ဒုတိယအကြိမ်မြောက် Miss Grand International 2014 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြု ရွေးချယ်ပြီးစေလွှတ်မည် ဖြစ်သည်။ အဆိုပါပွဲသည် မြန်မာနိုင်ငံက ထားထက်ထက် ပထမအကြိမ်မြောက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့်ပွဲ ဖြစ်သည်။

ယင်းပြိုင်ပွဲများမှ ပြိုင်ပွဲတစ်ခုဖြစ်သည့် Miss Intercontinental Myanmar 2014 သည် ပနားမားနိုင်ငံ တွင် (၄၃)ကြိမ်မြောက် ကျင်းပမည့် အလှမယ် Miss Intercontinental 2014 ပြိုင်ပွဲဖြစ်ပြီး ၎င်းပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆုရရှိမည့် အလှမယ်ကို ပထမဆုံးအကြိမ်အဖြစ် စေလွှတ်မည့်ပြိုင်ပွဲ တစ်ခုဖြစ်သည် ။

လက်ရှိတွင် Miss Supranational 2013 ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ခင်ဝင့်ဝါသည် ကမ္ဘာ့နာမည် ကြီးဆုံး အလှမယ် website ဖြစ်သည့် Global Beauties Website က ချီးမြှင့်သော Miss Grand Slam Popularity 2013 ဆုကို ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်၏ Miss Grand Slam ဆုကို Miss World 2013 Winner ဖိလစ်ပိုင်မယ် Megan Young က ရရှိခဲ့ခြင်းဖြစ်သည်။

ခင်ဝင့်ဝါသည် ၂၀၁၃ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ အားလုံး၏ အလှမယ် ၁,၀၀၀ ကျော်အပြင်Miss Universe 2013 ဆုရှင် ဗင်နီဇွဲလား အလှမယ်၊Miss Supranational 2013 နှင့်Miss International 2013 ဆုရှင်များ ဖြစ်ကြသည့် ဖိလစ်ပိုင်အလှမယ်များကို ကျော်ဖြတ်ပြီး စတုတ္ထနေရာကို ရရှိခဲ့သူဖြစ်ပြီး၂၀၁၃ ခုနှစ်၏ လူကြိုက်အများဆုံး အလှမယ်ဆုကိုလည်း ရရှိခဲ့သူဖြစ်သည်။

Mizzima - News in Burmese
Read more...
Thursday, December 26, 2013

ထိုင်းနိုင်ငံတွင် မြန်မာပန်းချီဆရာနှစ်ဦး ပန်းချီကားများစုဆောင်းခွင့်ရရှိ

0 comments
26.12.2013

အမေရိကန်နိုင်ငံရှိ ထိုင်းအနုပညာ ကောင်စီနှင့် Krabi မြို့တော်ဝန်တို့ ပူးပေါင်းတင်ဆက်ထားသည့် Krabi International Art Workshop For Andaman Museum အမည်ရှိ ပန်းချီပြပွဲကို ၂၀၁၄ ဖေဖော် ၀ါရီ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါပြပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း Krabi ပင်လယ်ကမ်းခြေအနီးရှိ Andaman Museum ပြခန်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပန်းချီမွန်သက် ကမဇ္ဈိမသို့ ပြောသည်။

“ကျွန်တော်တို့ အဲဒီမှာပဲ ပန်းချီကား ကိုဆွဲမယ်။ ပန်းချီကား ဘယ်နှကားဆွဲရ မယ်ဆိုတာ ကျွန်တော်တို့ မသိသေးဘူး။သူတို့က မနှစ်ကတော့ တခြားနိုင်ငံကပန်းချီ ဆရာတွေကို ဖိတ်ခေါ်ပြီး ပြပွဲလုပ်တယ်။ ပွဲပြီးတာနဲ့ သူတို့ရဲ့ပန်းချီကားတွေကို အဲဒီ ပြတိုက်မှာပဲ စုဆောင်းထားလိုက်တာပါ။ ဒီနှစ်မှ ကျွန်တော် တို့ မြန်မာနိုင်ငံပါတာပါ။ ကျွန်တော်တို့ရဲ့ပန်းချီကားတွေကို အဲဒီမှာ ပြသမယ်” ဟု ပန်းချီမွန်သက်ကပြော သည်။

ယင်းပြပွဲတွင် မြန်မာနိုင်ငံက ပန်းချီ ဆရာမွန်သက်နှင့် ဗိသာနိုးဦးတင်ဝင်းတို့ ဖိတ်ကြားခံရပြီး ယင်းပန်းချီ ဆရာများ၏ ပန်းချီကားများကို Andaman Museum က စုဆောင်းသိမ်းဆည်းကာ ပန်းချီ၊ ပန်းပုနှင့် Installation အနုပညာအပြင် တခြားသော အနုပညာများကိုလည်း ပြသမည်ဖြစ်သည်။

အဆိုပါပန်းချီပြပွဲကျင်းပရခြင်းသည် ထိုင်းအနုပညာကောင်စီတွင် ပန်းချီနှင့်ပတ်သက်ပြီး ဖွံ့ဖြိုး တိုးတက် စေသည့် ရည်ရွယ်ချက်ဖြင့် ပန်းချီပြပွဲပြုလုပ်ရခြင်းဖြစ်သည်။

Andaman Museum တွင် အမေရိကန်အနုပညာရှင် ၁၉ ဦး၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ မြန်မာနိုင်ငံအပြင် တခြားသော နိုင်ငံများကလည်း လာရောက်ပြသကြမည် ဖြစ်သည်။

Mizzima - News in Burmese
Read more...
Thursday, December 5, 2013

အနုပညာရှင်များ မူးယစ်ဆေးသုံးစွဲမှု စွပ်စွဲဖော်ပြခဲ့သည့် ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် မိုးဇေငြိမ်းကို ဖော်ထုတ်မည်

0 comments
5.12.2013

နာမည်ကျော် အနုပညာရှင်များဖြစ်သော စိုးမြတ်သူဇာ၊ န၀ရတ်တို့၏ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်ခဲ့ သည်ဟုဆိုသော ရဲစစ်ချက်မှတ်တမ်းများဟု ယူဆရသော အချက်အလက်များကို လူမှုကွန်ရက်စာမျက် နှာ ဖေ့စ်ဘွတ် တွင် ဖော်ထုတ် ခဲ့သော Moe Zay Nyein (မိုးဇေငြိမ်း) အကောင့်ပိုင်ရှင်ကို စုံစမ်းစစ်ဆေး ဖော်ထုတ်သွားမည်ဟု ရန်ကုန်အနောက်ပိုင်း ခရိုင် မူးယစ်အထူးအဖွဲ့မှ ဒု-ရဲမှူး ခင်မောင်သိန်းက ဒီဇင် ဘာ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က မူးယစ်ဆေးနှင့် ဆက်စပ်ပတ်သက်မှုဖြင့် အနုပညာရှင်အချို့ကို ခေါ်ယူ စစ် ဆေးမှုများ ရှိခဲ့သည် ဟုလည်း ဒုရဲမှူး ခင်မောင်သိန်းက ပြောသည်။

“အခု လျှို့ဝှက်စစ်ချက်တွေကိုရေးလိုက်တဲ့အတွက် တကယ်သာ ဆက်ဖော်ထုတ်ရတဲ့အမှုတွေဆို ဆက် ဖော်ထုတ်ဖို့ ခက် သွားနိုင် တယ်။ (အကောင့်ပိုင်ရှင်ကို) အထက်က ညွှန်ကြားချက်နဲ့ စုံစမ်းနေတဲ့ အဖွဲ့ရှိ တယ်။ ရေးတဲ့သူကို စုံစမ်းနေတယ်။ နိုင်ငံတော်လျှို့ဝှက်ချက်များ ဥပဒေအရ အရေးယူသွားမယ်”ဟု ၎င်း က ပြောသည်။

Moe Zay Nyein ၏ အကောင့်တွင် မူးယစ်ဆေးဝါး အစီရင်ခံစာနှင့် စစ်ချက်များတွင် နောက်ထပ် ဖော်ပြစရာများ ကျန်ရှိနေသေးသော်လည်း ပတ်သက်ရာ ပတ်သက်ကြောင်း အဖွဲ့အစည်းများ၏ မေတ္တာရပ်ခံချက်နှင့် ကာယကံရှင် များ၏ မေတ္တာရပ်ခံမှုများကို ထောက်ထားပြီး ဆက်လက် မဖော်ပြရန် ဆုံးဖြတ်လိုက်ကြောင်း ဒီဇင်ဘာ ၄ ရက်က ဖော်ပြ ထားသေးသည်။

ယင်းသို့ အရေးယူသွားမည့်ကိစ္စနှင့်ပတ်သက်ပြီး Moe Zay Nyein အကောင့်သို့ မဇ္ဈိမက မက်ဆေ့ခ်ျပို့ မေးမြန်းရာ “စစ်ဆေးပေါ်ပေါက်လို့ အရေးယူခံရမှုတစ်စုံတစ်ရာ ရှိနိုင်တယ်ဆိုရင်လည်း ကျွန်တော့်အနေ နဲ့ ရင်ဆိုင်ရဲပါတယ်။ ကျွန်တော်ရေးခဲ့တာတွေဟာ လုပ်ကြံ အပုတ်ချမှုမပါဘဲ ဖြစ်ရပ်မှန်ကိစ္စတွေ ဖြစ်တာရယ်။ နောက်ပြီး အာဏာရှင် အသိုင်းအ၀ိုင်း၊ အာဏာရှင်တွေနဲ့ ပတ်သက်နေသူတွေရဲ့ ဥပဒေကို သားရေကွင်းလို လိုသလို ချုံ့/ချဲ့ လုပ်နေတာတွေ ကို ပြည်သူတွေသိရအောင် ထောင့်တစ်ခုကနေ မီးမောင်းထိုးပြတာဖြစ်တာမို့ ကျွန်တော့်အတွက် လိပ်ပြာ လုံပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

အဆိုပါစစ်ချက်များ ရရှိခဲ့ခြင်းနှင့်ပတ်သက်၍လည်း မဇ္ဈိမက ဆက်လက်မေးမြန်းရာ အဆိုပါအကောင့်မှ တစ်ဆင့် “ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေတချို့ဟာ စစ်အစိုးရလက်ထက်ကတည်းက သူတို့နဲ့ပတ် သက်တဲ့ လုံခြုံမှုအဆင့် အတန်းရှိ စာရွက်စာတမ်း အတော်များများကို ရနိုင်သမျှ နည်းလမ်းတွေနဲ့ စု ဆောင်းခဲ့ပါတယ်။ စစ်အစိုးရရဲ့ ထိမ်ချန် လျှို့ဝှက်ထားတဲ့ကိစ္စတွေကို အကျိုးရှိမယ်ဆိုရင် ပြည်သူတွေ ကို တင်ပြနိုင်ဖို့ပါ။ ခု အမှုတွဲကတော့ အဲဒီထဲက တစ်ခုပါ။ ဘယ်ကနေရရှိလဲဆိုတာကိုတော့ ပြောပြဖို့ မဖြစ်နိုင်ပါဘူး”ဟု ပြောသည်။

မည်သူမဆို အစိုးရ၏ လျှို့ဝှက်စစ်ချက်များကို ဖြန့်ချိဖော်ထုတ် ရေးသားပါက မြန်မာနိုင်ငံအစိုးရလျှို့ဝှက် ချက်များ အက် ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ ၄ အရ နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

အဆိုပါအချက်အလက်များမှာ Moe Zay Nyein အကောင့်မှ စတင်ပျံ့နှံ့လာခြင်းဖြစ်ကာ တစ်ချိန်က အနု ပညာရှင်များကို မူးယစ်ဆေးသုံးစွဲမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးခြင်း ရှိခဲ့သော်လည်း ယခုအချိန်တွင် အနုပညာရှင် များအတွက် ထိခိုက်နစ်နာမှုများ ရှိသောကြောင့် လုပ်ဆောင်နေခြင်းများကို ရပ်တန့်ပေးရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးက မေတ္တာရပ်ခံကြောင်း ဒီဇင်ဘာ ၃ ရက်နေ့စွဲဖြင့် ထုတ် ပြန်ထားသေးသည်။

ယင်းသို့ ရေးသားချက်များနှင့်ပတ်သက်၍လည်း သရုပ်ဆောင်စိုးမြတ်သူဇာက သူ၏ဖေ့စ်ဘွတ်အကောင့် မှတစ်ဆင့် ဒီဇင်ဘာ ၂ ရက်တွင် ပြန်လည်ပြောကြားထားပြီး အဆိုပါအကောင့်ပိုင်ရှင်ကို မသိသလို မည် သည့် ရည်ရွယ် ချက်ဖြင့် ရေး သား ထားသည်ကိုလည်း မသိပါကြောင်း တင်ထားသည့် အကြောင်းအရာ များကို တစ်ဦးတစ်ယောက်ကမျှ မထောက်ခံသည့်အတွက် လုံးဝအမှန်ဟု မယူဆသင့်ကြောင်း စသည် ဖြင့် ပြန်လည် ရေးသားထားသည်။

Mizzima
Read more...
Tuesday, December 3, 2013

အနုပညာရှင်အချို့အား မူးယစ်ဆေးဝါးကိစ္စဖြင့် ခေါ်ယူ စစ်ဆေးဖူးသော်လည်း လတ်တလော အွန်လိုင်းတွင် ပျံ့နှံ့လျှက်ရှိသည့် အချက်အလက်များ မှန်၊မမှန်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေး

0 comments
အနုပညာရှင်အချို့အား မူးယစ်ဆေးဝါးကိစ္စဖြင့် ခေါ်ယူစစ်ဆေးဖူးသော်လည်း လတ်တလော အွန်လိုင်းတွင် ပျံ့နှံ့လျှက်ရှိသော အချက်အလက်များ မှန်၊ မမှန်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်း ခဲ့ရာ၌ ပြန်လည် ဖြေကြားခဲ့သည်။ နိုဝင်ဘာ ၃၀ ရက်တွင် Moe Zay Nyein Facebook Account ၌ သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာ၏ အစစ်ခံချက်ဟုဆိုကာ ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။ အဆိုပါ ရေးသားဖော်ပြမှုတွင် သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာ၏ မှုခင်းပိုင်းဆိုင်ရာ ထွက်ဆိုချက်အဖြစ် ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရာမဆေးပြား၊ WY ဆေးပြား သုံးစွဲမှုများနှင့် ဆက်စပ်နေသည့် အနုပညာရှင်များအား ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။ အဆိုပါ အနုပညာရှင်များ စာရင်းတွင် ထင်ရှားကျော်ကြားသည့် အနုပညာရှင် အများအပြား ပါဝင်ခဲ့သည်။ ဒီဇင်ဘာ ၁ ရက်တွင် Moe Zay Nyein facebook Account တွင်ပင် သရုပ်ဆောင် အကယ်ဒမီ န၀ရတ်၏ အစစ်ခံချက်ဟုဆိုကာ ထပ်မံ ဖော်ပြလာခဲ့သည်။ အဆိုပါ စစ်ဆေးချက်တွင် Ecstasy၊ WY ဆေးပြားများ သုံးစွဲမှုနှင့် ပတ်သက်၍ ရေးသားဖော်ပြထားခြင်း ဖြစ်ပြီး ပတ်သက် ဆက်နွှယ်နေသည့် အနုပညာရှင်များနှင့် အစိုးရအရာရှိကြီးများ၏ သားသမီးအမည်များလည်း ပါဝင်ခဲ့သည်။ Moe Zay Nyein Facebook Account တွင် အဆိုပါ အမှုတွဲများ၌ နာမည်ကြီး အနုပညာရှင်များနှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီးများ ပါဝင်ပတ်သက်နေခြင်းကြောင့် အမှုတွဲတွင် ပါဝင်သည့် တရားခံများ အားလုံးနီးပါး အပြစ်ပေး အရေးယူခံရခြင်း မရှိသည့်အတွက် ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိသည့် အနုပညာရှင်များ၏ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သော သတင်းများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက "အဲဒီတုန်းက အနုပညာရှင် အချို့ကို ခေါ်ယူစစ်ဆေးခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ခေါ်ယူစစ်ဆေးတယ်ဆိုတာလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက် ဆက်နွှယ်နေတယ်လို့ သတင်းရလို့ ခေါ်ယူစစ်ဆေးတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ တချို့ကို ခံဝန်နဲ့ ပြန်လွှတ်လိုက်တယ်။တချို့ကို ဒီအတိုင်း ပြန်လွှတ်လိုက်တယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ အချက်အလက်တွေ မှန်၊ မမှန်ဆိုတာတော့ သေချာပြောလို့ မရသေးပါဘူး။ စစ်ခဲ့တာလည်း တော်တော်ကြာခဲ့ပြီ။ အဲဒီစစ်ချက်တွေက အပေါ်ရောက်သွားပြီ။ နောက်ပြန်လည် စစ်ဆေးဖို့တော့ အကြောင်းမရှိပါဘူး" ဟု ပြောကြားသည်။

အွန်လိုင်းတွင် ပျံ့နှံ့လျှက်ရှိသည်များနှင့် ပတ်သက်၍ သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာကမူ ၎င်း၏ Facebook စာမျက်နှာတွင် "Facebook စာမျက်နှာပေါ်သို့ ရောက်ရှိလာသည့် အကြောင်းအရာများနှင့် ပတ်သက်၍ မိသားစု မိတ်ဆွေ သူငယ်ချင်းများနှင့် ကိုယ်တိုင်ပါ စိတ်ထိခိုက် ခံစားရကြောင်း၊ Moe Zay Nyein ၏ အမှန်တရား ဖော်ထုတ်သည့်ကိစ္စရပ်မှာ ၎င်းတင်မကဘဲ အကြောင်းအရာထဲ၌ အမည်ပါဝင်သည့် လုပ်ဖော်ကိုင်ဖက် အနုပညာရှင် မောင်နှမများကိုပါ များစွာ ထိခိုက်စေကြောင်း၊ Moe Zay Nyein ၏ တင်ပြချက်တွင် ပါဝင်သည့် ဓာတ်ပုံအပါအ၀င် အကြောင်းအရာအားလုံးကို လုံးဝလက်မခံကြောင်း၊ အစစ်အမှန်ဆိုခြင်းကို မယုံကြည်သည့်အတွက် အသိအမှတ်လည်း မပြုကြောင်း၊ အနုပညာရှင်များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာများကို ကာယကံရှင်၏ ခွင့်ပြုချက်မရရှိဘဲ၊ တရားဥပဒေအရ အကြောင်းမတိုက်ဆိုင်(သို့မဟုတ်)တရားရုံးမှ ခွင့်ပြုချက်မရရှိဘဲ၊ လက်ရှိ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် ကျူးလွန်နေသူဟု ခိုင်လုံသော သက်သေ အထောက်အထား မရှိပါက လူအများ မြင်သာသော နေရာများတွင် ဖြန့်ဝေခွင့်မရှိကြောင်း ရှင်းလင်းထားသည်။

"အွန်လိုင်းပေါ်မှာ အနုပညာရှင်တွေရဲ့ မူးယစ်ဆေးဝါး သတင်းတွေနဲ့ ပတ်သက်လို့ အရင်တုန်းက စစ်ခဲ့ဖူးပါတယ်။ အဲဒီမှာတုန်းက သတင်းရလို့ ခေါ်ယူစစ်ဆေးတာ ဖြစ်တယ်။ အခြား မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ ဆက်စပ်တယ်လို့ သတင်းရလို့ ခေါ်ယူစစ်ဆေးတာပါ။ ကျွန်တော်ကိုယ်တိုင် တစ်ယောက်ကို စစ်ဆေးခဲ့ဖူးတယ်" ဟု ရန်ကုန်တိုင်း မူးယစ် (အထူး) အဖွဲ့မှ ကြီးကြပ်သူအရာရှိ ဒုရဲမှူး ခင်မောင်သိန်းက ပြောကြားသည်။

အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က "ဒါက Confidential ဖြစ်ရမယ့်ကိစ္စပါ။ ဘယ်လိုမှ ထွက်မလာသင့်ဘူး။ ဟုတ်သည်ဖြစ်စေ မဟုတ်သည် ဖြစ်စေပေါ့။ ပြီးတော့ အဟောင်းကြီးလေ။ လွန်ခဲ့တဲ့ ၂၀၀၆ ကနေ ၂၀၀၈ က ကိစ္စကြီး။ ဒီလိုမျိုး ထုတ်ဖော်လာတဲ့အတွက် မိသားစုဝင်တွေ စိတ်ဆင်း ရဲရတယ်။ ဂုဏ်သိက္ခာ ထိခိုက်တယ်။ အများကြီး နစ်နာပါတယ်။ ဒါကလိုချင်တာ တစ်ခုအတွက် အနုပညာရှင်တွေကို ခုတုံးလုပ်တာလို့ မြင်တယ်။ ဒါမျိုးတော့ မဖြစ်သင့်ပါဘူး။ ဦးမျိုးအနေနဲ့ ကန့်ကွက်ပါတယ်။ ကျန်တဲ့ အနုပညာရှင်တွေလည်း ကန့်ကွက်ကြမှာပါပဲ"ဟု ပြန်လည် ဖြေကြားသည်။

အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်နေသော ထင်ရှားသည့် အနုပညာရှင် ၃၀ ဦးခန့် ပါဝင်နေပြီး လက်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ၏ အမည်လည်း ပါဝင်နေခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌက ငြင်းဆိုလိုက်ပြီး ၎င်းအနေဖြင့် ယခုပျံ့နှံ့နေသည့် အနုပညာရှင်များနှင့် မူးယစ်ဆေးဝါး ပြဿနာကို အစစ်အမှန် ဟုတ်၊ မဟုတ် စုံစမ်းဖော်ထုတ် သွားမည် ဖြစ်ကြောင်း ပြော ဆိုထားသည်ကို မဇ္ဈိမသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါ Moe Zay Nyein Facebook Account ၌ အစစ်ခံချက်ဟု ဖော်ပြထားသည့် စာရင်းထဲတွင် ပါဝင်နေသည့် အနုပညာရှင် အချို့အား Daily Eleven မှ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပေ။

Eleven  Media Group
Read more...
Saturday, November 16, 2013

မြန်မာ့ရုပ်ရှင် ဦးမော့လာဖို့

0 comments
Written By - မြေနီသစ္စာ(မြန်မာ့အလင်းအောင်သန်း)

လက်ရှိကာလတွင် မြန်မာ့ရုပ်ရှင်သည် အနိမ့်ဆုံးအဆင့်သို့ လျှောကျ သက်ဆင်းနေသည်။ လွန်ခဲ့သော အနှစ်ငါးဆယ်က တစ်နှစ် လျှင် မြန်မာ့ရုပ်ရှင် ဇာတ်ကား ၉၃ ကားအထိ ထွက်ရှိခဲ့သော်လည်း ယခုအခါ မြန်မာဇာတ်ကား ၁၅ ကားအထိသာ ထုတ်လုပ်နိုင် သဖြင့် ခြောက်ဆကျော်ကျော် ကျဆင်းသွားသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရသည်။

ထိုစဉ်က အစိုးရပိုင် ဇာတ်လမ်းရုပ်ရှင် အပါအ၀င် မြန်မာ့ရုပ်ရှင် စတူဒီယိုကြီး ခုနစ်ခု ရှိနေသော်လည်း ယခုအခါ ရုပ်ရှင်ရိုက်ကူးရေး စတူဒီယို လုံးဝမရှိတော့ပါ။ တစ်ချိန်တည်းမှာပင် ခေတ်မီကင်မရာအသံနှင့် ဆက်စပ်ပစ္စည်းများ ချို့တဲ့လာသည့်အတွက် ရုပ်ရှင် နည်းပညာပိုင်းပါ အားနည်းလာပါသည်။

ရုပ်ရှင်သည် စက်မှုနှင့် အနုပညာ ပေါင်းစပ်ထားသော လုပ်ငန်းဖြစ်ပါသည်။ စက်မှုနှင့် နည်းပညာပိုင်း အားနည်းလာသောအခါ ရုပ်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်များ၏ အရည်အသွေးလည်း ကျဆင်းလာပါသည်။

တစ်စတစ်စ ကုန်ဈေးနှုန်း ကြီးမြင့်နေမှုကလည်း ရုပ်ရှင်ထုတ်လုပ်မှုကို အကျပ်အတည်း ဖြစ်လာစေသည်။ ရုပ်ရှင်ကားတစ်ကား ရိုက်ကူး စရိတ်သည် လွန်ခဲ့သော အနှစ်ငါးဆယ်က ကျပ်သုံးသိန်းရှိလျှင် ရုပ်ရှင်ဇာတ်ကား ရုံတင်သည်အထိ မကြောင့် မကြ ဆောင် ရွက်နိုင်သော်လည်း ယနေ့ဆိုလျှင် ကျပ်သိန်းတစ်ထောင်မရှိလျှင် ရုံတင်နိုင်သည့် အခြေအနေကို မရောက်ရှိနိုင်သေးပါ။ ယင်းကြောင့် ရုပ်ရှင်ထုတ်လုပ်သူများသည် ငွေအရင်းအနှီး နည်းပါးမှု ပြဿနာနှင့် အစဉ် ရင်ဆိုင်နေကြရသည်။ ရုပ်ရှင်ဇာတ်ကားတစ်ကား ရုံပေါ်ရောက်အောင် ဆောင်ရွက်ရသော စိန်ခေါ်မှုများသည် ကြာလေဆိုးလေ ဖြစ်လာလေသည်။

အဆိုးဆုံး ပြဿနာမှာ ဆင်ဆာခွင့်ပြုချက်ရပြီး ရုပ်ရှင်ဇာတ်ကားတစ်ကား ရုံတင်ပြသနိုင်သည် အထိ နှစ်နှစ် နီးပါး စောင့်ဆိုင်းနေ ရခြင်းပင် ဖြစ်သည်။ ယင်းသည် ရုံတင်ပြသမှုစနစ် အားနည်းနေခြင်းနှင့် ရုပ်ရှင်ရုံများ နည်းပါးသွားခြင်းကြောင့်ပင် ဖြစ်သည်။

လွန်ခဲ့သော အနှစ်ငါးဆယ်က တစ်နိုင်ငံလုံးတွင် လေးရာကျော်ရှိသော်လည်း ယခုအခါ ရုပ်ရှင်ရုံ တစ်ရာမျှသာ ရှိပါတော့သည်။ ယင်းရုံတစ်ရာလုံးတွင်လည်း ရုပ်ရှင်ပြသနိုင်သည် မဟုတ်ပါ။ ရုပ်ရှင်ပြသခွင့် လိုင်စင်ရှိသော်လည်း ရုပ်ရှင်မပြသဘဲ ကုန်လှောင် ရုံ ပြုလုပ်ထားခြင်း၊ ရုပ်ရှင်ပြသခြင်းမဟုတ်သော ပုံကျစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ကို တွေ့နေရသည်။ ယခင်က ရုပ်ရှင်ရုံ သုံးလေးရုံရှိသော မြို့ကြီးအချို့တွင် ယခုအခါ ရုပ်ရှင်ရုံ တစ်ရုံမျှမရှိတော့သည်အထိ ရုပ်ရှင်ပြသနိုင်မှုတို့ ပုံပျက်ပန်းပျက် ဖြစ်လာသည်။

လက်ရှိ ရုပ်ရှင် ရုံတင်ပြသမှုစနစ်သည် တန်းစီပြသရသော စနစ်ဖြစ်သည်။ အလှည့်ကျစနစ်ဖြင့် ရှေ့က အလှည့်ကျသည့် ရုပ်ရှင် ဇာတ်ကားသည် ရန်ကုန်မြို့လယ်က ရုံအုပ်စုများတွင် ဦးစွာပြသခွင့်ရလျှက် ကျန်ရုံတို့တွင် အလှည့် ကျ ပြသသည့် စနစ် ဖြစ်သည်။ ပြသခွင့်ရသည့် အချိန်အတိုင်းအတာကို ရုံတင်ရုပ်ရှင်ဇာတ်ကားက ရသည့်ဝင်ငွေပေါ်တွင် ဆုံးဖြတ် သတ်မှတ် ထား သည်။ ယင်းစနစ်ကြောင့် တစ်နေ့လုံး ရုံတင်ပြသနိုင်သည့် ကားအရေအတွက်သည် အနည်းဆုံး ၁၂ ကား အများဆုံး ၁၅ ကားသာရှိသည်။ ဤပြသမှုစနစ်ကြောင့် ဆင်ဆာကျပြီးဖြစ်ပါလျက် ရုံတင်ခွင့်ရရန် နှစ်နှစ်နီးပါး စောင့်ဆိုင်းရခြင်း ဖြစ်သည်။ ချေးငှား၍ အတိုးဖြင့် ရိုက်ကူးရသော ရုပ်ရှင်ထုတ်လုပ်သူတို့သည် နှစ်နှစ်နီးပါးကြာမျှ စောင့်ဆိုင်းရသည့် ကာလကြာမြင့်မှုဒဏ်ကို အလူးအလဲ ခံရလေသည်။ ပုံမှန် လည်ပတ်နိုင်သော ငွေကြေး အင်အားရှိသည့် ရုပ်ရှင် ထုတ်လုပ်သူများသည်လည်း နှစ်နှစ်နီးပါးကြာမျှ ကျပ်ငွေ သိန်းပေါင်း တစ်ထောင်ကျော်ကို မြှုပ်နှံထားရသည့်အတွက် ရုပ်ရှင်လုပ်ငန်းလုပ်ရန် တွန့်ဆုတ်လာကြလေသည်။

ရုပ်ရှင်လုပ်ငန်းသည် သေချာပေါက် အမြတ်အစွန်းရမည်ဟု တွက်ချက်၍ရသော လုပ်ငန်းမဟုတ်ပေ။ ရုပ်ရှင်လုပ်ငန်းကို ယှဉ်ပြိုင်နေရာ ယူနေသော နိုင်ငံခြား ရုပ်မြင်ဇာတ်လမ်းတို့ကလည်း မြန်မာရုပ်ရှင်လုပ်ငန်း ၀င်ငွေနည်းအောင် ဆွဲဆောင်လျက် ရှိပေသည်။ ရုပ်ရှင်ကား တစ်ကားသည် မမျှော်လင့်ဘဲ ပရိသတ်အကြိုက်နှင့် မတွေ့လျှင် နောက်တစ်ဖန် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနိုင်ဖို့သည် အရပ်ကူပါ လူဝိုင်းပါ အဆင့်သို့ ရောက်သွားတတ်လေသည်။ ယင်းကြောင့် ရုပ်ရှင်ဖြင့် ပုံမှန်စီးပွားရှာသူတို့ပင်လျှင် ရုပ်ရှင်လုပ်ငန်း ကို နောက်တွန့် လာကြလေသည်။

ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် သရုပ်ဆောင်အပိုင်းတို့တွင်လည်း ပရိသတ်အကြိုက်နှင့် အံမ၀င်မှု ဖြစ်လာသည်ကို တွေ့လာရသည်။ ဇာတ်လမ်း၊ ဇာတ်ကွက်တို့သည် များသောအားဖြင့် တစ်ခုနှင့်တစ်ခု ခပ်ဆင်ဆင် တူနေသော ဇာတ်လမ်းမျိုးချည်း ဖြစ်သဖြင့် ပရိသတ်သည် ခေါင်းခါလာသည်။ မကျေမနပ် ဖြစ်လာသည့်အခါ မင်းသား၊ မင်းသမီးတို့၏ သရုပ်ဆောင်ချက်တို့သည်လည်း တစ်ခါ လာ မည်းပြာပုဆိုးဟန်မျိုးတို့ကို တွေ့လာရ၍ ပရိသတ်သည် လက်မခံချင် ဖြစ်လာသည်။ ယင်းနည်းအားဖြင့် ပရိသတ်အားပေးမှု အပိုင်းတွင် တစ်စတစ်စ အားနည်းလာကြလေသည်။ နောက်ဆုံးတွင် မြန်မာ့ရုပ်ရှင် ပျက်သုဉ်းဖို့ကို ရှေးရှုလာသည့် အနေအထားသို့ ယနေ့ ရောက်ရှိလာလေပြီ။ ပြုပြင်ရပေတာ့မည်။

ယခုအခါ ရုပ်ရှင် ထုတ်လုပ်သူများအတွက် ချေးငွေဖန်တီးပေးရေးနှင့် ရုပ်ရှင်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလိုသူတို့ကို လျှော့ပေါ့သော သက်သာခွင့်တို့ဖြင့် မက်လုံးပေးရေး အပါအ၀င် ခေတ်မီ စတူဒီယိုကြီးများ ရိုက်ကူးရေး စက်များ၊ ရုပ်ရှင်ရုံ များ ပေါ်ထွန်း လာရေး တို့ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကမူ ချမှတ်ဆောင်ရွက်နေပေသည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ ပူးပေါင်း ကူညီမှုသည် လည်း မြန်မာ့ ရုပ်ရှင် ပြန်လည် ဦးမော့လာရေးတွင် အထူးလိုအပ်လျှက် ရှိပေသည်။

ပျက်အစဉ် ပြင်ခဏဟု ဆိုကြသော်လည်း ရုပ်ရှင်လုပ်ငန်းသည် ယခုရေတွင်းတူး ယခုရေကြည်သောက် အနေအထားမျိုး ရနိုင်သည့် လုပ်ငန်းမျိုး မဟုတ်ပေ။ ရုပ်ရှင်ပညာသည် ပေါင်းစုံပါသော မြန်မာ့ရုပ်ရှင် နှီးနှောဖလှယ်ပွဲကြီး တစ်ခုပြု လုပ်၍ မြန်မာ့ ရုပ်ရှင် ပြန်လည် ဦးမော့လာရေးကို အချိန်နှင့် တစ်ပြေးညီ ရလဒ်ထွက်ပေါ်လာအောင် ဆောင်ရွက်သွားရန် လိုအပ်နေ ပြီ ဖြစ်ကြောင်း တင်ပြလိုက် ရပေသည်။

EMG
Read more...
Wednesday, November 13, 2013

အထင်ကရပုဂ္ဂိုလ်ကြီး များ၏အုတ်ဂူတွေကို

0 comments


နာရေးကူညီမှုအသင်း (ရန်ကုန်)အနေနဲ့ဘဘဦးသု ခရဲ့ အုတ်ဂူကို သွားရောက်ပြီး နှစ်စဉ်သန့်ရှင်းရေးပြုလုပ်ပေး လျက် ရှိပါတယ်။ ဘဘဦးသုခက နာရေးကူညီမှုအသင်း (ရန် ကုန်)ဖြစ်တည်လာဖို့အတွက် အုတ်မြစ်ချပေးခဲ့တဲ့နာယက ပုဂ္ဂိုလ်ကြီးလည်းဖြစ်ပါတယ်။ နာရေးကူညီမှုအသင်း(ရန် ကုန်)ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဆောင်း ဦးလှိုင်အနေနဲ့ လည်းဘဘ ဦးသုခရဲ့အုတ်ဂူသန့်ရှင်းရေး လုပ်ဆောင်ရာမှာလိုက်ပါ ကူ ညီ လုပ်ဆောင်ပေးခဲ့ပါတယ်။

“ကျွန်တော်တို့တိုင်း ပြည် ရဲ့သမိုင်းမှာတကယ်ကို အထင် ကရပေးဆပ်ခဲ့ကြတယ်။အများ ပြည်သူတွေကလည်း လေးစား ကြတဲ့ ပုဂ္ဂိုလ်တွေရှိခဲ့ဖူးတယ်။ အခုတော့သူ တို့ကကွယ်လွန် အနိစ္စရောက်ပြီးတော့ သူတို့ရဲ့ အုတ်ဂူတွေပဲအမှတ်တရဖြစ်စရာ ကျန်တော့တယ်။သူတို့ကို အမှတ် တရဖြစ်ပြီးလေးလေးစားစား ဂါရဝပြုနိုင်ဖို့က ချုပ်ငြိမ်း ပြီးသွားပြီဖြစ်တဲ့ကိုယ်ခန္ဓာတွေ လဲ လျောင်းရာဖြစ်တဲ့အုတ်ဂူဗိမာန် တွေကိုသန့်ရှင်းရေးတွေလုပ် ပေးလို့ရတယ်။ထိန်းသိမ်း ပေးလို့ရတယ်။နောက် သူတို့ရဲ့ ဂူဗိမာန်တွေကို လည်း သန့်ရှင်း ရေးလုပ်ပေးခြင်းအားဖြင့် နောင် လာ နောင်သားတွေကို သူတို့ရဲ့ ခံယူချက်တွေ၊သူတို့ရဲ့စေတနာ မေတ္တာသစ္စာတရားတွေကို ပြန်လည်ရှင်းပြခွင့်ရမှာပေါ့။ 

ဥပမာ အုတ်ဂူတွေကချုံနွယ်ပိတ် ပေါင်းတွေဖုံးအုပ်ပြီးဘာမှ မမြင်ရတော့ဘူးဆိုရင်မှတ် တမ်းမှတ်ရာတွေဘာမှပြစရာ မကျန်တော့ဘူးဆိုရင်တော့ ကျွန်တော်တို့ လေးစား အားကျ ရတဲ့ပုဂ္ဂိုလ်ကြီးတွေရဲ့အ ကြောင်း တွေကတဖြည်းဖြည်းမှိန်ဖျော့ ပျောက်ကွယ်စရာတွေအဖြစ် မ ရောက်သွားဖို့တော့လိုပါတယ်။ ကျွန်တော်တို့ နာရေးကူညီမှု အ သင်းအနေနဲ့ လည်းဘဘဦးသုခ ရဲ့ ကွယ်လွန် တဲ့နေ့၊ကွယ်လွန်တဲ့ လပိုင်းတွေမှာ အမှတ်တရလှုပ်ရှားမှုတွေလုပ်ကြတယ်။အဲ့ဒီ အထဲကမှသူ့ရဲ့အုတ်ဂူကို သန့် ရှင်းရေး လုပ်ကြတာဖြစ်ပါ တယ်။ မြင့်မြတ်တဲ့ လူပုဂ္ဂိုလ်ကြီး တွေရဲ့အုတ်ဂူတွေကို ထိန်းသိမ်း စောင့်ရှောက်ပေးသင့်တယ်”လို့ ပြောပြပါတယ်။

လင်းအက္ခရာ
Popular Journal
Read more...
Wednesday, November 6, 2013

အကယ်ဒမီစာရင်းဝင်ဇာတ်ကားများ၏ နောက်ဆုံးဆုရရှိသူများကို နိုဝင်ဘာလကုန်တွင်ရွေးချယ်မည်

0 comments
ပန်းမြတ်ဇော်|ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၆ ရက် ၂၀၁၃ ခုနှစ်

၂၀၁၂ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)စာရင်းဝင် ရုပ်ရှင်ဇာတ်ကားများ၏ အဆင့်ဆင့်အကဲဖြတ်မှုမှာ ယခုအခါတွင်ပြီးစီးသွားပြီဖြစ်ကာနောက်ဆုံးဆုရရှိသူများအား နိုဝင်ဘာလကုန်တွင် ပြန်လည်စိစစ် ရွေးမည်ဖြစ်ကြောင်း ဒုတိယအဆင့်စိစစ်အကဲဖြတ်ရေးအဖွဲ့တွင်ပါဝင်သော ဒါရိုက်တာမောင်နှင်းမိုးက မဇ္ဈိမ သို့ ပြောသည်။

ဒါရိုက်တာမောင်နှင်းမိုးက “အားလုံးတော့ ကြည့်ရှုပြီးသွားပြီ။ အခုနောက်ဆုံးအဆင့် ဘယ်သူကဘယ်ကား မှာဘယ်ဆုရတယ်ဆိုတာ ရွေးချယ်ရမယ့်အဆင့်ပဲကျန်တော့တယ်။ ဒီလကုန်လောက်ဆိုရင် ပထမ အဆင့် ရွေး ချယ်ရေး က ဥက္ကဋ္ဌရယ်၊ ဒုတိယအဆင့်ရွေးချယ်ရေးက ဥက္ကဋ္ဌရယ်၊ ရုပ်ရှင်လုပ်ငန်းက ဦးဆောင်ညွှန် ကြားရေး မှူးတစ်ယောက် ပါရင်ပါမယ်။ အဲဒီသုံးယောက်က ချိတ်ပိတ်ထားတာတွေကိုဖွင့်ဖောက်ပြီး ရွေး ချယ်မယ်” ဟု ပြောပြသည်။

၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုစာရင်းဝင် ဇာတ်ကားအရေအတွက် ၁၇ကားရှိပြီး ဇာတ်ကား ၁၇ကားထဲက ပထမအဆင့်မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးက ဇာတ်ကားခုနစ်ကားရွေးချယ်ခဲ့ သည်။ ထို့နောက်တွင် ဒုတိယအကဲဖြတ်အဖွဲ့က ချိတ်ပိတ်စနစ်ဖြင့် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
Read more...

အင်ဒိုနီးရှားပန်းချီပွဲတွင် မြန်မာပန်းချီဆရာနှစ်ဦး ပါဝင်မည်

0 comments
မိုးသူ|ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၆ ရက် ၂၀၁၃ ခုနှစ်

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့်ခေတ်ပြိုင်ပန်းချီ အနုပညာဖလှယ်ပွဲတွင် မြန်မာပန်းချီ ဆရာ ဇော်ဝင်းဖေ နှင့် မွန်သက်တို့ပါဝင်ပြသမည်ဖြစ်သည်။ ယင်းပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အမျိုးသားပန်းချီပြ ခန်းတွင် SEA+ Triennale 2013 အမည်ဖြင့် နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ ကျင်းပမည် ဖြစ်သည်။

ယင်းပြပွဲကို သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိပြီး အာရှနိုင်ငံများ၏ အနုပညာရှင်များအချင်းချင်းပညာချင်း ဖလှယ်နိုင် ရန်၊ တိုးတက်ပြောင်းလဲလျက်ရှိသော အနုပညာတင်ပြချက်များကို လေ့လာနိုင်ရန် ရည်ရွယ် ကာကျင်း ပခြင်းဖြစ်သည်။

“ကျွန်တော်တို့ကို သူတို့ဘက်ကအစစအရာရာအကုန်အကျခံပြီးတော့ ဖိတ်ကြားတာပါ။ကျွန်တော်တို့က ဒီပွဲမှာ Floral Lady လို့ အမည်ပေးထားတဲ့ပန်းနှင့် သက်ဆိုင်တဲ့အမျိုးသမီးတစ်ဦးရဲ့ပုံကို အခရိုင်းလစ် နဲ့ ရေးဆွဲ ထားပါတယ်”ဟု ပန်းချီမွန်သက်က ပြောသည်။

ထိုပြပွဲတွင် ပန်းချီ၊ ပန်းပု၊ Insta-llation Art၊ Video Art စသည်တို့ ပါဝင်သည့်ပြပွဲဖြစ်ပြီး တစ်နိုင်ငံလျှင် အနုပညာတစ်မျိုးစီ ပါဝင်ပြသနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မိမိပြသမည့်ပန်းချီကားများကို အီးမေးလ်ဖြင့် ကြို တင်ပေးပို့ထားမည်ဖြစ်သည်။

ပန်းချီဇော်ဝင်းဖေက “ကျွန်တော့်အနေနဲ့က ဒီပွဲမှာအရောင်နဲ့ စိတ်ခံစားမှုပေါင်းစပ်ပြီး ဆွဲထားတဲ့ပန်းချီ ကားကိုပြမှာပါ။ အဲဒီပန်းချီကားကို ဆီဆေးနဲ့ ရေးဆွဲထားတာပါ”ဟု ပြောသည်။

ယင်းပွဲတွင် အရှေ့တောင်အာရှ ၁၀နိုင်ငံနှင့် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ပါကစ္စတန်၊ အိန်္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အပါအ၀င်နိုင်ငံပေါင်း ၁၇ နိုင်ငံမှ အနုပညာရှင်များ ပါဝင်ပြသကြ မည် ဖြစ်ပြီးပြပွဲကာလအတွင်း အနုပညာရှင်တစ်ဦးစီ၏ အနုပညာလှုပ်ရှားမှုနှင့်ပတ်သက်သည့် ဆွေးနွေး ချက် များ၊ ခေတ်ပြိုင်အနုပညာနှင့် သက်ဆိုင်သည့် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပမည်ဖြစ်သည်။

Mizzima
Read more...

ဂျေဆင်မရတ်၏ မြန်မာပြည်ဖျော်ဖြေပွဲ အကောင်းဆုံးကမ္ဘာ့အဆင့် ဖျော်ဖြေမှုဆုစာရင်းတွင် ပါဝင်လျက်ရှိ

0 comments
ယင်းဆုအတွက် မြန်မာပရိသတ်များလည်း ပါဝင်မဲပေးနိုင်ပြီဖြစ်သည်

ဘုန်းနေလ (ဒဂုံတက္ကသိုလ်)

အဆိုတော် ဂျေဆင်မရတ်၏ မြန်မာနိုင်ငံဖျော်ဖြေပွဲသည် MTV ဥရောပဂီတဆုများ၏ အကောင်းဆုံး ကမ္ဘာ့ အဆင့်ဖျော်ဖြေမှုစာရင်းတွင် ပါဝင်လျက် MTV Exit ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ယင်း ဆန်ခါ တင်ရွေးချယ်မှုစာရင်း တွင် ဂျေဆင်မရတ်နှင့်အတူ အဲလစ် ရှာကီး၊ The Black Keys၊ Fun၊ Garbage၊ Green day၊ ဂျေစီ J၊ Linkin Park၊၊ မက် ကယ်လ်မိုးနှင့် ရိုင်ယန်လူးဝစ်၊Snoop Lion၊ No Doubt၊Paramore၊ ရစ်တာအော်ရာ၊ ရော်ဘင်သိခ်ျ၊ The Killers တို့လည်း ပါဝင်လျက်ရှိပြီး ပရိသတ်များအနေဖြင့်လည်း tv.mtvema.com တွင် ပါဝင် မဲပေးနိုင်ပြီဖြစ်သည်။

''ကျွန်တော်တို့တွေလည်း မဲပေးလို့ ရပါတယ်။ မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ပွဲ The Best World Stage စာရင်းထဲမှာ ပါတယ်ဆိုတဲ့အတွက် ဝမ်းသာတယ်ပါ တယ်။ ဆုလည်း ရချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီပွဲကို ရွှေတိဂုံဘုရားနဲ့နီးတဲ့ ပြည်သူ့ရင်ပြင်မှာ လုပ်တဲ့ပွဲဆိုတော့ သက်ဆိုင်ရာဆီက ခွင့်ပြုဖို့ ကြိုးစားခဲ့ရ တယ်။ ကြိုးစားတဲ့အလျောက်လည်း ဒီပွဲက အောင်မြင်ခဲ့သလို အဆိုတော်တွေက လူကုန်ကူးမှုနှင့် ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောကြား သွာားတဲ့အခခါ ပရိသတ်စိတ်ထဲ ရောက်ရှိသွားတဲ့အတွက် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ အောင်မြင်ခဲ့ပါတယ်" ဟု MTV Exit Myanmar မှ တာဝန်ခံ ကိုစည်သူ က ပြောသည်။ လူကုန်ကူးတိုက်ဖျက်ရေးသံတမန် အဖြစ်လည်း ပါဝင်လုပ်ကိုင်နေပြီး ယင်းပွဲတွင် ပါဝင်ဖျော်ဖြေခဲ့ သူ ဖြူဖြူကျော်သိန်းက ''အခုလိုလျာထားခြင်းခံရတာက မြန်မာနိုင်ငံဖြစ်နေလို့ထင်တယ်။ မြန်မာနိုင်ငံ ကမ္ဘာ ကြီးစောင်းမှာ ပါဝင် လာပြီလေ။ မြန်မာ့သမိုင်းမျာရယ်၊ မြန်မာ့ဂီတသမိုင်းမှာပါ ဒီလိုအထင်ကရဆုထဲ ဝင်တာက ဝမ်းသာစရာပါ။ ဒီပွဲက စီးပွားရေးအမြတ်ထုတ်မှုတွေလည်း မပါဘူး။ ကောင်းတဲ့ ရယ်ရွယ်ချက်တွေနဲ့ လုပ်တာ'' ဟု ပြောသည်။

ယင်းဖျော်ဖြေပွဲကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က ပြည်သူ့ရင်ပြင်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုတော် ဂျေဆင်မာရတ်၊ ထိုင်းနိုင်ငံမှ Slot Machine တို့နှင့်အတူ မြန်မာနိုင်ငံမှ ဖြိုးကြီး၊ စိုင်းစိုင်းခမ်းလှိုင်၊ R ဇာနည်၊ လင်းလင်း၊ ဖြူဖြူကျော်သိန်း၊ ချစ်သုဝေနှင့် ချမ်းချမ်းတို့လည်း ပါဝင်ဖျော်ဖြေခဲ့သည်။ ယင်းပွဲသည် MTV Exit Myanmar ၏ ပထမဆုးံ ကျင်းပသော ဖျော်ဖြေပွဲလည်းဖြစ်ပြီး လူပေါင်း ၇ဝ,ဝဝဝ ကျော် ပါဝင်ဆင်နွှဲခဲ့သည်။
Read more...

ဒါရိုက်တာအလုပ် မစွန့်လွှတ်ရရင် နိုင်ငံရေး လုပ်မယ်ဆိုတဲ့ ကြည်ဖြူသျှင်

0 comments


လက်တင်အမေရိက၊ ဥရောပ၊ အာရှနိုင်ငံတွေက အမျိုးသမီးလွှတ်တော် အမတ်တွေကော၊ မြန်မာပြည်က အမျိုးသမီး လွှတ်တော်အမတ်တွေပါ ခန်းလုံးပြည့် ပျားပန်းခတ် လှုပ်ရှား သွားလာနေတဲ့ ခန်းမကြီးထဲမှာ လွှတ်တော်အမတ် မဟုတ်တဲ့ ခပ်ရိုးရိုး အပြင်အဆင်နဲ့ အမျိုးသမီးတဦး ငြိမ်ငြိမ်လေး ထိုင်နေပါတယ်။ သူ့လည်ပင်းမှာတော့ ဒီအခမ်းအနားကို တက်ခွင့် ရထားသူ တဦးအဖြစ် သိသာစေတဲ့ ကတ်ကလေးကို ချိတ်ဆွဲထားတာ တွေ့ရတယ်။

ခပ်ရိုးရိုး အပြင်အဆင်လို့ ဆိုရတာက မြန်မာအမျိုးသမီး လွှတ်တော် အမတ် အများစု ဆင်ယင်ထားပုံနဲ့ ကွဲလွဲနေလို့ ဖြစ်ပါတယ်။ ပုဝါတွေ၊ ဆံထုံးတွေ၊ ပန်းတွေမပါတဲ့ သူ့ပုံစံ၊ မျက်နှာမှာ အချယ်အသ ကင်းမဲ့တဲ့ သူ့ပုံစံက ကျန်တဲ့ အမျိုးသမီး တွေနဲ့ ကွဲထွက်နေပါတယ်။

သူကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလက နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ ကျင်းပခဲ့တဲ့ “နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တရပ်ကို တက်ရောက်လာသူ၊ ကွယ်လွန်သူ ပန်းချီဆရာကြီး ဝသုန်အကြောင်း ရိုက်ကူးထားတဲ့ “ဝသုန်ကောက်ကြောင်း” မှတ်တမ်း ရုပ်ရှင် ဇာတ်လမ်းတိုနဲ့ လူသိများသူ၊ ဇာတ်ကားကြီးပေါင်းများစွာ၊ ဗီဒီယို ကားပေါင်းများစွာကို ရိုက်ကူးနေသူ ဒါရိုက်တာ ကြည်ဖြူသျှင်ပဲ ဖြစ်ပါတယ်။ ဝသုန်ကောက်ကြောင်းဟာ ၂၀၀၈ ခုနှစ်က နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇာတ်လမ်းတိုဆု ရရှိခဲ့ပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် တယောက်လည်း ဖြစ်နေပါ
သေးတယ်။

လွတ်လပ်မှုကို မြတ်နိုးတဲ့ အနုပညာသမား တဦးအနေနဲ့ ကြည်ဖြူသျှင်ဟာ ပါတီနိုင်ငံရေးထဲမှာ ဘယ်လောက်အထိ ပါဝင် ပတ်သက်နိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း အဲဒီ ဆွေးနွေးပွဲ အခမ်းအနားဖွင့်ပွဲမှာ မိန့်ခွန်းပြောကြားရင်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အချိန်ကျရင် NLD ပါတီထဲမှာ အမျိုးသမီးတွေ ဒီထက်ပိုပြီး ဝင်ရောက် အရွေးကောက်ခံဖြစ်လိမ့်မယ် ဆိုတဲ့ စကား ကိုလည်း ထည့်သွင်းပြောကြားခဲ့တော့ ဘယ်လို အမျိုးသမီးတွေကို ပါတီဝင်အဖြစ် စည်းရုံးထားပြီး လေ့ကျင့်မှုတွေ ရှိနေသလဲ ဆိုတာကလည်း မေးစရာ ရှိနေပါတယ်။ ဒီအထဲမှာ ကြည်ဖြူသျှင်ကော တယောက် အပါအဝင် ဖြစ်နိုင်မလား။

“ကျမ တာဝန်ကျရာ နေရာမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ပေး သွားမှာပဲ။ ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ခြင်း၊ မမျှော်လင့်ခြင်း ဆိုတာလည်း မရှိဘူး။ အဓိက ကျမရဲ့ Target ကတော့ ၂၀၁၅ မှာ ဖြစ်လာမယ့် အမတ်လောင်းတွေ အတွက် ကျမ ဘယ်လို ပံ့ပိုးပေးရမလဲ ဆိုတာ စဉ်းစား ပြင်ဆင်နေပါပြီ” လို့ ကြည်ဖြူသျှင်က ဧရာဝတီကို ပြောပါတယ်။


ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ အရင်ကတော့ ပါတီနိုင်ငံရေးကို စိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဖခင်ဟာ တက္ကသိုလ် ကျောင်းသား ဘဝကတည်းက နိုင်ငံရေးလုပ်ခဲ့သူ၊ အိမ်ထောင်ကျပြီး နောက် မှာ ထောင်ကျ ခဲ့သူ၊ နောက်ပိုင်း အဖမ်းအဆီးတွေ များလာတာကြောင့် နိုင်ငံရေးကို ပေါ်ပေါ်ထင်ထင် မလုပ်တော့ ပေမယ့် နိုင်ငံရေးသမားတွေနဲ့ ဆက်သွယ်ပြီး အိမ်မှာ နိုင်ငံရေးစကားတွေ အမြဲ ပြောနေလေ့ရှိသူ ဖြစ်တဲ့အတွက် ဖခင်ရဲ့ သွေးက ကြည်ဖြူသျှင်ရဲ့ ကိုယ်ခန္ဓာထဲမှာ စီးဆင်းနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

“အမှန်အတိုင်း ပြောရရင် ကျမ ပါတီနိုင်ငံရေးကို စိတ်မ၀င်စားဘူး။ ဒါပေမယ့် နိုင်ငံရေး သမားတွေကို ချစ်တယ်၊ လေးစားတယ်၊ ကူလည်း ကူညီချင်ပေးတယ်။ ဘာကြောင့်လဲ၊ ကျမ အဖေကိုယ်တိုင်လည်း နိုင်ငံရေး
သမား ဖြစ်ခဲ့လို့၊ အဖေ့ရဲ့ ဒီမျိုးဗီဇက ကျမမှာ ပါလာတယ်” လို့ သူက ဆိုပါတယ်။

ကြည်ဖြူသျှင်ဟာ ဒါရိုက်တာ တယောက် အနေနဲ့ ရပ်တည်ခဲ့ပေမယ့် အခုလို အထိုက်အလျောက် ပွင့်လင်း လာတဲ့ အချိန်မှာ တတ်နိုင်သမျှ နိုင်ငံရေး အ၀န်းအ၀ိုင်းထဲ ၀င်ပြီး နိုင်ငံရေးသမားတွေကို အကူအညီ ပေးတယ်၊ အဲဒီလို အကူအညီ ပေးခဲ့ရာကနေ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပါတီထဲ ဝင်ဖို့ ပြော လာတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့စိတ်၊ ချစ်တဲ့စိတ်နဲ့ NLD ပါတီထဲ ဝင်ဖြစ်ခဲ့တာလို့ သိရတယ်။

“နောက်တခုက အမေစု (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ စကားတခွန်းပေါ့လေ၊ ဘာလဲ ဆိုရင် ကိုယ့်တိုင်းပြည် အတွက်၊ ကိုယ့်အတွက် … သမီး ဒီအချိန်မှာ အပင်ပန်းခံရမယ်၊ သမီး အရမ်းအလုပ်များတာ အမေသိတယ်၊ ဒါပေမယ့် တတ်နိုင်သမျှ သမီး ၀င်ပါပါလို့ဆိုတော့ အဲဒီစကား ကြောင့် ကျမ ၀င်ပါဖြစ်တယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။

သူ့အနေနဲ့ ပါတီနိုင်ငံရေးကို စိတ်မဝင်စားခဲ့ဘူး ဆိုတာကတော့ သူဟာ အနုပညာသမားတဦး ဖြစ်တဲ့အတွက် လွတ်လပ်မှုကို မြတ်နိုးပြီး လွတ်လွတ်လပ်လပ် နေတတ်လို့၊ ပြီးတော့ ပါတီတခုထဲကို ဝင်လိုက်တာနဲ့ အဲဒီပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ချမှတ်ထားတဲ့ မူဘောင်တွေနဲ့ သူ ကိုက်ညီမှု ရှိပါ့မလား ဆိုတဲ့ စိုးရိမ် စိတ်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

“ဒါပေမယ့် တကယ်တမ်း ပါတီထဲ ၀င်လိုက်တဲ့ အခါမှာတော့ ကျမ ထင်သလို မဟုတ်ဘူး။ ကျမတို့ လွတ်လပ် စွာ ပြောလို့ ရတယ်၊ ညှိလို့ရတယ်၊ ပြောရမယ်ဆိုရင် ပါတီတွင်းမှာ ဒီမိုကရေစီ ဆိုတဲ့ လွတ်လပ်မှု၊ ကိုယ့်ရဲ့ အမြင်ကို လွတ်လပ်စွာ ဆွေးနွေးခွင့် အပြည့်အ၀ ရတယ်။ အခုအချိန်မှာတော့ ကျမ အနေနဲ့ ပါတီနိုင်ငံရေး ကို နှစ်သက်သွားပြီ၊ သဘောကျသွားပြီ၊ နေသားကျသွားပြီ ပေါ့နော်” လို့ သူက ပြောပြပါတယ်။


သူ့ဝါသနာ ဖြစ်တဲ့ ဒါရိုက်တာ အလုပ်ကို မစွန့်လွှတ်ရဘူး၊ အမတ်လောင်းအဖြစ် ရွေးချယ်ခံဖို့ တာဝန်ပေးခြင်း လည်း ခံရမယ် ဆိုရင်တော့ ကြည်ဖြူသျှင်ဟာလည်း ၂၀၁၅ မှာ အရွေးချယ်ခံမယ့် အမျိုးသမီး ကိုယ်စား လှယ်လောင်း တယောက် ဖြစ်လာနိုင်ပါတယ်။

“ကျမ ကတော့ နိုင်ငံရေး ဆိုတာ ကံတရားနဲ့ ဆိုင်တယ်၊ ဘယ်အလုပ်ဖြစ်ဖြစ်ပဲ ပေါ့လေ။ ကျမ ကိုယ့်ကိုယ် ကိုယ် မျှော်လင့် မထားဘူး။ ဒီလို ပါတီထဲ ရောက်သွားလိမ့်မယ်၊ ကျမ လုပ်နိုင်မယ်လည်း ထင်မထားဘူး။ ဒါပေမယ့် ကျမ လုပ်နိုင် လာတယ်။ ၂၀၁၅ အတွက် အမေစုရဲ့ ဘက်ကရော၊ ပါတီတွင်းက လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ရောပေါ့၊ ဘယ်လို စံနှုန်းတွေနဲ့ ပါတီ အမတ်လောင်း တွေကို ဘယ်လို ရွေးချယ်မလဲ၊ … ကျမသည်လည်း ဘယ်နေရာမှာ လုပ်ဆောင်ရမယ် ဆိုတာ မသိနိုင်ပါဘူး” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။

မြန်မာပြည်မှာ အမျိုးသားအမျိုးသမီး ခွဲခြားဆက်ဆံမှု ရှိနေတုန်းပဲလို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေ က ပြောကြ သလို၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အမျိုးသမီး၊ အမျိုးသား ခွဲခြားမှု ရှိနေသေးတယ်၊ တန်းတူညီမျှမှု မရှိဘူးလို့ အဲဒီ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါရိုက်တာ ကြည်ဖြူသျှင် ကတော့ အဲဒီလို မထင်ပါဘူး။

“ကျမ ထင်တာကတော့ အစိုးရဌာနပိုင်း ဆိုင်ရာတွေမှာ ခွဲခြားမှု ပိုများမယ် ထင်တယ်။ အပြင်မှာတော့ အရည်အချင်းအပေါ် မူတည်ပါလိမ့်မယ်” လို့ ပြောပါတယ်။

သူကိုယ်တိုင်လည်း NLD ပါတီထဲဝင်ရောက် လုပ်ကိုင်တဲ့ အချိန်မှာ သူ့ထက် အသက်ကော၊ အတွေ့အကြုံပါ အများကြီး ကြီးရင့်သူ ယောက်ျား အများစုနဲ့ ရင်ဘောင်တန်းပြီး ကျရာတာဝန်ကို ထမ်းဆောင်ရာမှာ တာဝန်တွေ က ကြီးလေးပေမယ့် အခက်အခဲ တစုံတရာ မရှိဘူးလို့ ဆိုပါတယ်။“ဗဟိုကော်မတီဝင် အမျိုးသားကြီးတွေနဲ့ အတူ အလုပ်လုပ်ရတဲ့အခါ ကျမတို့အဖွဲ့တာဝန်ယူရတဲ့ အပိုင်းမှာ ကျမရဲ့ အကြံပေးချက်၊ စဉ်းစားချက်တွေကို လက်ခံစဉ်းစားပေးတာ တွေ့ရတယ်။ အမျိုးသမီးဆိုပြီး ခွဲခြားတာမျိုး မရှိပါဘူး” လို့ သူက ဆက်ပြောတယ် ။မြန်မာပြည်မှာ အမျိုးသမီး ဒါရိုက်တာတွေ ဘာကြောင့် အရမ်း နည်းနေသေးတာလဲ ဆိုတဲ့ ဧရာဝတီ က မေးခွန်းကိုတော့ သူက အမျိုးသားတွေ အများစု ရှိတဲ့ ရိုက်ကွင်းထဲမှာ အမျိုးသမီး တယောက် အနေနဲ့ ဝင်တိုးဖို့ဆိုတာ တော်ရုံသတ္တိနဲ့ မလွယ်တာ ကြောင့် ဖြစ်မယ်လို့ ဖြေပါတယ်။

“နိုင်ငံတကာမှာတော့ ဒါရိုက်တာ တယောက်အတွက် ပြည့်ဝကျွမ်းကျင်တဲ့ လေ့ကျင့် သင်ကြားပေး တဲ့ ကျောင်းတွေရှိတယ်။ ကျမတို့ ဆီမှာ မရှိဘူး။ ရှိတဲ့ သင်တန်းကျောင်းတွေ ကလည်း အမှန်တိုင်း ပြောရရင် လုံးဝ အဆင့်မမီဘူး။ အဲဒီမှာ ကျမတို့ဟာ လက်တွေ့ကနေ သင်ယူရတယ်။ ကျမတို့ဆီမှာ ရှိတဲ့ ဒါရိုက် တာ တွေထဲမှာ ကျမရှိတယ်၊ အိအိခိုင်ရှိတယ်။ အောင်မြင်တဲ့ အမျိုးသမီးတွေ ထဲမှာ မျိုးရိုးကနေ ဖြစ်လာတာပါ” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆက်ပြောပါတယ်။

အဖိုး အဖွား မိဘတွေက ဒါရိုက်တာတွေ ဖြစ်နေတာကြောင့် သားသမီး၊ မြေးတွေဖြစ်တဲ့ သူတို့တတွေက ရိုက်ကွင်းတွေနဲ့ မစိမ်းတာ၊ ကြောက်ရွံ့စိတ် ကင်းခဲ့ကြတာပါ။

“စက်အဖွဲ့လည်း မကြောက်တော့ဘူး။ ကျမ သင်ချင်တယ်၊ လိုချင်တယ် ဆိုရင် သူတို့ သင်ပေးတယ်။ အချင်းချင်းကြားမှာ ခွဲခြားတာ မဟုတ်ဘူး။ ဒါပေမယ့် အစိမ်းသက်သက် တယောက်အနေနဲ့ သူ့မိဘက ထုတ်လုပ်သူအနေနဲ့ ရပ်တည်ပေးမလား၊ ဒါမျိုးလည်း ရှိသေးတယ်။ ကျမ ဒါရိုက်တာ ဖြစ်လာတယ် ဆိုတာ ကျမ အတွက် ငွေထုတ်ပေးတဲ့ သူတွေရှိတယ်။ ဆိုတော့ မိဘရဲ့ ပံ့ပိုးမှုနဲ့လည်း ဆိုင်တယ်” လို့ သူက ရှင်းပြပါတယ်။ အပြင်လူ တယောက်အနေနဲ့ ကတော့ အမျိုးသမီး ဒါရိုက်တာ တယောက်အနေနဲ့ ရိုက်ကွင်းအလယ်မှာ ဝင်ဆံ့ဖို့ ခက်ခဲမယ်လို့ သူက ဆိုပါတယ်။“ကျမတို့ ကျတော့ အမေက ဒါရိုက်တာ တယောက်လည်း ဖြစ်တယ်၊ ဇာတ်ညွှန်းရေး ဆရာလည်း ဖြစ်တယ်၊ ငွေရှင်လည်း ဖြစ်တဲ့ အခါမှာ ငါ့သမီးသည် ဒါရိုက်တာ ဖြစ်နိုင်ခြေရှိတယ်။ သူ့ကို ငါ မြေတောင်မြှောက်ပေးရင်လည်း ဖြစ်တယ်လို့ သိတဲ့ အတွက်ကြောင့် ကျမလည်း ဖြစ်လာတာ။ ဒါရိုက်တာ အိအိခိုင်ဆိုလည်း မျိုးရိုးရှိတယ်။ ဆိုတော့ မျိုးရိုးမရှိသူတွေ အတွက် ၀င်တိုးတဲ့ အခါ ဘယ်သူတွေက ယုံယုံကြည်ကြည်နဲ့ ပေးမှာလဲ။ အမျိုးသမီး တယောက်ဟာ နိုင်ငံခြားက Directing နဲ့ ဘွဲ့ရလာတယ်၊ ဒါမှမဟုတ် သူ့မှာ ဒါရိုက်တာနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ ပြည့်ဝနေတယ် ဆိုရင်တော့ ငွေရှင်တွေက ထုတ်ပေးမှာပဲ။ အဲဒါလည်း ကျမတို့ တိုင်းပြည်နဲ့ ဆိုင်တယ်” လို့ သူက ပြောပြပါတယ်။

ဒါရိုက်တာဆိုတာကို နိုင်ငံတကာမှာ ရိုက်ကွင်းရဲ့ ဘုရင်လို့ တင်စားကြပါတယ်။ ကြည်ဖြူသျှင်ဟာလည်း ဇာတ်ကားပေါင်း များစွာ ရိုက်ကူးနေတဲ့ ဒါရိုက်တာ တယောက် ဖြစ်တာကြောင့် ရိုက်ကွင်းရဲ့ ဘုရင်၊ ရိုက်ကွင်း တခုလုံးရဲ့ ခေါင်းဆောင်၊ ပဲ့ကိုင်သူလို့ ဆိုရမှာပါ။ ဒါပေမယ့် အဲဒီလို ကဏ္ဍတခုရဲ့ ခေါင်းဆောင်တယောက် ဖြစ်ဖို့ သင်တန်းပေးတာနဲ့ ဖြစ်နိုင်တယ် ဆိုတာ ကိုတော့ သူက မယုံကြည်ပါဘူး။

“ကျမကတော့ အမျိုးသမီးတွေကို Leader စိတ်ဖြစ်လာအောင် သင်တန်းပေးတယ် ဆိုတာထက်၊ အမေစု ပြောသလိုပဲ မိဘရဲ့ Control က အရမ်း အရေးကြီးတယ်။ ကျမ အမေဆိုရင် ကျမကို လွှတ်ပေးတယ်၊ လွှတ်ပေးတယ် ဆိုတာ Guide Line ချပေးတယ်။ အမေ ဆိုရင် ကျမကို သတ္တိရှိအောင်၊ လုပ်ရဲအောင် လုပ်ပေးတယ်။ အမေက ပြောတယ် ငါ့သမီး ပြင်မရတဲ့ အမှားက လွဲလို့ သမီး ကြိုက်တာလုပ်။ ပြင်မရတဲ့ အမှားကိုတော့ မလုပ်နဲ့ … ဆိုတော့ ကျမ သတ္တိရှိရှိလုပ်တယ်။ အခက်အခဲ ရှိတဲ့ အခါ ကျမ အမေကို ရင်ဖွင့်တယ်။ အမေက ငါ့သမီး လုပ်သာလုပ်၊ ဖြစ်ရမယ်လို့ ပြောတယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။

သူ့ရဲ့ အောင်မြင်မှုတွေ အပေါ်မှာ မိခင်ဖြစ်က ဂုဏ်ယူတယ်၊ ဒီသမီးရဲ့ အမေဖြစ်ရတာလည်း ဂုဏ်ယူတဲ့အတွက် သူ့ရဲ့ ပင်ပန်းမှုတွေက အမေဖြစ်သူရဲ့ စကားကြောင့် အားဆေး ဖြစ်စေတယ်လို့လည်း သူက ပြောပါတယ်။

“ကျမတို့ နိုင်ငံမှာ အောင်မြင်တဲ့ အမျိုးသမီး ဖြစ်စေချင်ရင် မိဘတွေက သမီးတွေကို ဖွင့်ပေးရမယ်။ အားပေးရမယ်။ ကျမ အပါအ၀င် ဖြူဖြူကျော်သိန်းတို့၊ ဆရာမ တင်မိုးလွင်တို့နဲ့ စကားပြောကြည့်တဲ့ အခါ သူတို့ အမေတွေ အရမ်းတော်လို့ ဆိုတာ သိရတယ်။ သူတို့ရဲ့ Leader တွေလို့ ပြောတယ်။ သူတို့ အမေတွေကြောင့် သူတို့ အောင်မြင်လာတယ်လို့ ပြောကြတယ်။ နောက်တယောက် ကျမသိတဲ့ အမတ်ပေါ့လေ၊ ဒေါက်တာ လှမြတ်သွေးပါ။ သူဆိုရင် သူ့အဖေက သူ့ကို သမီးလို့တောင် မသတ်မှတ် ဘူး၊ ယောက်ျားလေး တယောက်လိုပဲ Train ပေးတယ်။ ကျမထင်ပါတယ် အမျိုးသမီး ခေါင်းဆောင်တွေ ဖြစ်ဖို့အတွက် မိဘတွေက အရေးကြီးပါတယ်” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။

မိန်းကလေးတယောက် သူကျင်လည်ရာ ပတ်ဝန်းကျင်မှာ အောင်မြင်ဖို့၊ တော်ဖို့ ဆိုရင် သင်တန်းတက်ရုံနဲ့ မရဘူး၊ မိဘတွေရဲ့ ပျိုးထောင်ပေးမှုက အရမ်းကို အရေးကြီးတယ်လို့ သူက ထောက်ပြပါတယ်။

“ဥပမာ – သင်တန်းကျောင်းက သင်ပေးလိုက်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိလာတယ် ဆိုပေမယ့် အိမ်ကျတော့ အမေက နင်လုပ်နေတာက မဖြစ်နိုင်ပါဘူး၊ လုပ်မနေပါနဲ့လို့ ပြောလိုက်တာနဲ့ တက်ကြွမယ့် စိတ်တွေကို ရိုက်ချိုးပစ်လိုက် သလိုပဲ။ မိသားစုရဲ့ အားပေးမှုက အရမ်း အရေးကြီးတယ်။ ကျမတို့ နိုင်ငံမှာ အမျိုးသမီးကောင်းတွေ ဖြစ်ဖို့ကို ပထမအဆင့် သူတို့ကို မိသားစုက အားပေးပါ၊ ပြီးတဲ့ အခါမှာ ဒီအမျိုးသမီး အတွက် အထောက်အပံ့ဖြစ်စေတဲ့ သင်တန်းတွေ ပို့ချပေးပါ။ မိသားစုက အားမပေးရင် ဒီမိန်းကလေးဟာ ဘယ်တော့မှ မတက်လာဘူး” လို့ သူက ဆိုပါတယ်။

ဒါရိုက်တာ ကြည်ဖြူသျှင်က သူနဲ့ ရွယ်တူတွေ၊ သူ့ထက် ငယ်တဲ့ မိန်းကလေးတွေ အတွက် စကားလက်ဆောင် အနေနဲ့ မဖြစ်နိုင်ဘူး ဆိုတဲ့ စိတ် ဘယ်တော့မှ မထားပါနဲ့လို့ ပြောပါတယ်။

“ကိုယ့်ထက် တော်တဲ့သူတွေ၊ တတ်တဲ့သူတွေ၊ ကိုယ့်ထက် အရမ်းမြင့်မားတဲ့ သူတွေ လုပ်တာ ဖြစ်မသွားခဲ့ဘူး၊ ဒါပေမယ့် ကိုယ့်အလှည့်မှာ ဖြစ်ချင်ဖြစ်သွားလိမ့် ဆိုတဲ့ စိတ်ကို ထားရမယ်” လို့ သူက ဆက်ပြောပါတယ်။

သူ့အနေနဲ့ ဘယ်တော့မှ မဖြစ်နိုင်ဘူး ဆိုတဲ့ စကားကို လက်မခံဘူးလို့လည်း ဆိုပါတယ်။

“တခါတလေကျရင် ကျမကို နင့်ထက်သာ၊ နင့်ထက်တော်၊ နင့်ထက် တတ်တဲ့သူတွေတောင် မဖြစ်တာ၊ နင်က ဘယ်လို ဖြစ်မှာလဲလို့ ပြောတဲ့အခါ ငါ့အလှည့်ကျရင် ဖြစ်ချင်ဖြစ်သွားမှာ ပေါ့လို့ ပြောလိုက်တယ်။ ကျမ အခု မဖြစ်ခဲ့ဘူးဆိုရင် နောက်တမျိုးနဲ့ ဖြစ်အောင် လုပ်တယ်။ ကျမက ကြာကြာ ကြေကွဲ မနေတတ်ဘူး၊ ကိုယ့်အရှုံးကို တမြေ့မြေ့ မခံစားနေ တတ်ဘူး” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။

သူ စိတ်ဓာတ်ကျတဲ့အခါ တရက်ပဲ ကြာတတ်ပြီး တညအိပ်လိုက်တာနဲ့ နောက်တနေ့ဟာ သူ့အတွက် ဘ၀သစ် နေ့သစ်ပဲလို့လည်း သူက ဆိုပါတယ်။“ကြည်ဖြူရှင်ကို ကြည့်ရတာ ဘယ်တော့မှ မရှုံးနိမ့်ဖူးဘူးလို့ ထင်ကြတယ်။ ကျမသည် ရှုံးနိမ့်ခဲ့ဖူးတယ်၊ အမှားတွေ တွေ့ကြုံခဲ့ဖူးတယ်၊ ပြောင်းတာ မြန်လွန်းလို့ ကျမ ရှုံးနိမ့်လိုက်ကြောင်း မသိလိုက်ဘူး။ ပြောချင်တာက လူဆိုတာ အမှားမကင်းဘူး၊ လဲမှာပဲ။ လဲတဲ့အခါ ချက်ချင်း ပြန်ထနိုင်ဖို့ အရေးကြီးတယ်” လို့ ကြည်ဖြူသျှင်က သူ့ခံယူချက်ကို ရှင်းပြပါတယ်။

ကမ္ဘာ အရပ်ရပ်က အမျိုးသမီး လွှတ်တော်အမတ်တွေ စုစည်းနေတဲ့ ခန်းမကြီးမှာ ဆွေးနွေးသံတွေ၊ အမေး အဖြေသံတွေနဲ့ လွှမ်းနေခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်က အမျိုးသမီး လွှတ်တော် အမတ်တွေက သူတို့ရဲ့ အတွေ့အကြုံတွေကို အားပါးတရ ရှင်းပြနေကြတာပါ။

မြန်မာပြည်က အမျိုးသမီး လွှတ်တော် အမတ်တွေတင် မကဘဲ၊ နိုင်ငံတကာက အမျိုးသမီးအမတ်တွေမှာလည်း သူတို့နည်း၊သူတို့ဟန်နဲ့ အခက်အခဲတွေ ရှိနေကြတယ် ဆိုတာကို ဒီဆွေးနွေးပွဲ တက်ခြင်း အားဖြင့် သိလိုက်ရ တယ်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။

“မတူတဲ့ ပါတီတွေက အမျိုးသမီးအချင်းချင်း ရင်းနှီးမှု ရတယ်။ တွေ့ဆုံခွင့်ရတယ်။ အမြင်တွေ ဖလှယ်ခွင့်ရ တယ်။ ရှေ့ဆက်ပြီး နိုင်ငံရေးနဲ့ ဆက်စပ် လုပ်ကိုင်တဲ့အခါ တဦးနဲ့ တဦး စိမ်းမနေဘဲ လုပ်ကိုင် ဆောင်ရွက် သွားနိုင်ဖို့ အခွင့်အလမ်းရတယ်လို့ ကျမ ထင်တယ်။ နောက်တခုက နိုင်ငံတကာ အမျိုးသမီး အမတ်တွေ ပြော တာကို သိရတော့ သြော် သူတို့လည်း ငါတို့လိုပဲ ဒုက္ခရောက် အခက်အခဲတွေ တွေ့ရပါလား၊ ငါတို့လည်း စိတ်ဓာတ်ကျစရာ မလိုဘူးလို့ သိမြင်ရတယ်” လို့ သူက ဆက်ပြောတယ်။

အမျိုးသမီး အခွင့်အရေး တောင်းဆိုနေတဲ့ အဖွဲ့အစည်းတွေက ပြောဆိုနေတဲ့ မြန်မာပြည်က လွှတ်တော်ထဲမှာ အမျိုးသမီး ၃၀ ရာခိုင်းနှုန်း ပါဝင်ခွင့်ရသင့်တဲ့ အချက်ကိုတော့ ကြည်ဖြူသျှင်က အပြည့်အဝ သဘောမတူဘူးလို့ ဆိုပါတယ်။

“ကျမကတော့ အရည်အချင်းနဲ့ ရတာကိုပဲ ကြိုက်တယ်။ ခွဲတမ်းနဲ့ ဘယ်လောက် ဘယ်လောက် ရရမှာမို့လို့ ပေး တယ် ဆိုတာ ကိုတော့ မလိုချင်ဘူး” လို့ သူ့ ခံယူချက်ကို ပြောပြပါတယ်။


Myanmar Online News
Read more...

ဆီးဂိမ်းဂုဏ်ပြုသီချင်းစီဒီချပ်များ အနုပညာရှင်များကိုယ်တိုင်လက် မှတ်ရေးထိုးရောင်းချ

0 comments


မကြာမီကျင်းပတော့မည့် ဆီးဂိမ်းပွဲတော်အကြိုလှုံ့ဆော်မှုအစီအစဉ် တစ်ရပ်အနေဖြင့် {{အရှေ့တောင်အာရှ သူရဲကောင်းများ}} ဆီးဂိမ်းပွဲတော်ဂုဏ် ပြုတေးသီချင်းစီးရီးအယ်လ်ဘမ်စီဒီချပ် များအား ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် အနုပညာရှင်များက လက်မှတ်ရေးထိုး ရောင်းချပေးပွဲကို နိုဝင်ဘာ ၄ ရက်က စစ်ကိုင်း မြို့ ဈေးလမ်းရှိ တယ်လီဖုန်း အရောင်းဆိုင်၌ကျင်းပရာ စစ်ကိုင်းမြို့ သူမြို့သားများက တစ်ခဲနက်တိုးဝှေ့ ဝယ်ယူ အားပေးကြကြောင်း သိရသည်။

တေးသီချင်းစီဒီချပ်ဝယ်ယူအားပေး ကြသည့် အနုပညာချစ်သူပရိသတ်များ အား ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဖြိုးငွေစိုး၊ စည်သူမောင်၊ ဇာနည်၊ ခင်ရူပ၊ ခရစ္စတီးနား၊ စိုးပြည့်ပြည့်စံ စသည့်အနုပညာရှင်များက ခင်မင် ရင်းနှီးစွာ လက်မှတ်ရေးထိုးရောင်းချ ပေးကြရာ တိုးဝှေ့ဝယ်ယူအားပေးကြ သည်။ တေးသီချင်းစီဒီခွေတစ်ချပ်အား ငွေကျပ် ၂၀ဝ၀ နှုန်းဖြင့်ရောင်းချပေး ကြောင်း၊ အားပေးကြသည့်ပရိသတ် များအား ကံစမ်းမဲ လက်မှတ် များ ရောင်း ချပေးခြင်း၊ အချိုရည်များ အခမဲ့တိုက်ကျွေး ဧည့်ခံခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။

ကျွန်တော်တို့အဖွဲ့က နိုဝင်ဘာ ၁ ရက်က ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ရန်ကုန်ကနေ စတင်ထွက်လာခဲ့ကြတာပါ၊ လှည်းကူး၊ တောင်ငူ၊ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့တွေကို ဝင်ခဲ့ ပါတယ်၊ နေပြည်တော်မှာ တစ်ည အိပ်ပြီး မန္တလေးမှာ နှစ်ညအိပ်ပါတယ်၊ ဒီနေ့ စစ်ကိုင်းကိုဝင်ပြီး မုံရွာကို ခရီးဆက်ကြမှာပါဟု အဖွဲ့ဝင်တစ်ဦး က ပြောပြသည်။

(နန္ဒာမင်းလွင်)
The Mirror Daily
Read more...
Friday, November 1, 2013

မြန်မာပြည်အနှံ့ ခရီးသွားမှတ်တမ်းအနုပညာရှင်များနှင့် ရိုက်ကူးပြသမည်

0 comments
1.11.2013

မြန်မာနိုင်ငံရှိ အထင်ကရနေရာများအား အနုပညာရှင်များနှင့်အတူ သွားရောက် ၍ ခရီးသွားမှတ်တမ်း
Let’s go အစီအစဉ်အားရိုက်ကူး၍ မြန်မာ့အသံနှင့်မြ၀တီတွင် ထုတ်လွှင်ပြသရန် စီစဉ်ထားကြောင်း
ဦးဝေမင်းမောင်က People power သတင်းစာသို့ပြောကြားသည်။

ယင်းအစီအစဉ်ကို နိုဝင်ဘာလ အကုန်ပိုင်းတွင်စတင် ရိုက်ကူးမည်ဖြစ်ပြီး အစီအစဉ်များကို
MRTV တွင် အပတ်စဉ် အင်္ဂါနေ့ပြသမှာဖြစ်ပြီးMWD တွင် တနင်္လာနေ့တိုင်း ပြသမည်ဖြစ်ကြောင်း
၎င်းက ပြောကြားသည်။

“ဒီအစီအစဉ်လေးကို စီစဉ်ဖြစ်တာက မြန်မာနိုင်ငံမှာ လှပတဲ့နေရာတွေကို ပြသချင်တယ်ပြီးတော့ ခရီးသွား
တွေကိုလည်း မြန်မာနိုင်ငံ အလှ အပတွေကိုလည်းခံစားစေချင်တယ်” လို့ ADMA မီဒီယာမှ ဦးဝေမင်းမောင်က
ပြောကြားသည်။

ယင်းခရီးသွားမှတ်တမ်းကို လူငယ်အနုပညာရှင်များဖြစ်သည့်ကျော်ထွဋ်ဆွေ၊ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ထက်ထက်
(Bobby Soxer) ၊ နန်းမြတ်ဖြိုး သင်း၊ နန်းသဉ္စာတို့နှင့်ရိုက်ကူးမည်ဖြစ်ပြီး ဒါရိုက်တာဝင်းလွင်ထက်က ရိုက်ကူး
မည်ဖြစ်သည်။

နာမည်ကြီး ငပလီ၊ တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ပုဂံ၊ ညောင်ဦး၊ ပုပ္ပားစသည့်နေရာများတွင် ရိုက်ကူး
သွားမည်ဖြစ်ပြီး မြို့တစ်မြို့တွင် တစ်ပတ်ကြာမျှ ရိုက်ကူးပြုလုပ်မည်ဖြစ်ကြောင်း ဦးဝေမင်းမောင်က ဆိုသည်။

ADMA မီဒီယာမှ ခရီးစဉ်များကို ကမ္ဘာ့နိုင်ငံကြီးဘောလုံးကွင်းများတွင် ကျော်ကျော်ဗို၊ နေတိုး၊
ထွန်းထွန်း စသည့်နာမည်ကြီး သရုပ်ဆောင်များနှင့်လည်း ရိုက်ကူးပြသဖူးသည်။ ယခုအခါ Let’s go
ခရီးသွား မှတ်တမ်းကို ထပ်မံရိုက်ကူးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

People Power
Read more...
Thursday, October 31, 2013

ရုပ်ရှင်စတူဒီယိုကို ပြင်ဦးလွင်မြို့ ၀က်ဝံကျေးရွာတွင် ၂၀၁၄ ဧပြီလ၌ စတင်တည်ဆောက်မည်

0 comments
31.10.2013

ရုပ်ရှင်စတူဒီယိုကို မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ၀က်ဝံကျေးရွာတွင် ၂၀၁၄ ခုနှစ်ဧပြီလတွင် စတင်တည် ဆောက်မည်ဖြစ်ကြောင်း ရုပ်ရှင်လုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးအများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

၎င်းစတူဒီယိုမှာ မြေဧက ၂၀ ကျယ်ဝန်းမည်ဖြစ်ပြီး ယင်းမြေနေရာအား မန္တလေးတိုင်းဒေသကြီး အစိုးရက အောက်တိုဘာ ၃၀ ရက်တွင်နှစ် ၇၀ ငှားရမ်းရန်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဇာတ်ကားများ ရိုက်ကူးရာတွင် အိမ်များ၊ သတ်မှတ်ထားသည့် နေရာများတွင်သာ ငှားရမ်းရိုက်ကူးရခြင်း ကြောင့် ကုန်ကျစရိတ်များပြားကြောင်း၊ ဒါ့အပြင် အချို့သောနေရာများတွင် ရိုက်ကူးရန် ခွင့်ပြုခြင်းမရှိ သည့်အတွက် ဇာတ်ဝင်ခန်းများအား ပေါ်လွင်အောင်တင်ပြနိုင်မှု အားနည်းခြင်းများကြောင့် ကိုယ်ပိုင်စတူ ဒီယို တည်ဆောက်ရန်အတွက် ယခုရုပ်ရှင် အစည်းအရုံးသက်တမ်းတွင် သက်ဆိုင်ရာသို့ တင်ပြတောင်းခံ ခဲ့ခြင်းဖြစ်သည်။

“နောင်နှစ်ဧပြီမှာ စဆောက်ဖို့ ရည်ရွယ်ထားတယ်။ မလေးရှား၊ ဂျပန်၊ အိန်္ဒိယကကုမ္ပဏီတွေ နဲ့ ဆွေးနွေးညှိ နှိုင်းဆဲဖြစ်တယ်။ ဒီနေ့တော့ မြေနေရာကိုသွားကြည့်ပြီး ဘယ်လိုဒီဇိုင်းနဲ့ တည်ဆောက်မယ်ဆိုတာတွေကို စပြီးလေ့လာမယ်။ အဓိကကတော့ အသံလုံပြီး နိုင်ငံတကာအဆင့်မီတဲ့ ရုပ်ရှင်စတူဒီယိုဖြစ်ဖို့ ကြိုးစားမှာ ပါ” ဟု တာဝန်ရှိသူကဆိုသည်။

“ဒီလိုစတူဒီယိုကြီးရှိလာတာ ကောင်းပါတယ်။ ဒါပေမဲ့ ရိုက်ကူးရေးတွေကို ဘယ်လိုပုံစံမျိုးနဲ့ လက်ခံမလဲမ သိတော့ ကျွန်တော်တို့ ပါဝင်ရိုက်ကူးဖို့ ဖြစ်နိုင်ပါ့မလား။ နောက်ပြီးတော့ ဈေးနှုန်းတွေအနေနဲ့ အခုရိုက် ကူးနေတာနဲ့ ဘယ်လိုကွာဟချက်ဖြစ်လာနိုင်မလဲ မသိသေးတော့ ပြောပြဖို့စောပါသေးတယ်” ဟု ဒါရိုက် တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က သုံးသပ်ပြောပြခဲ့သည်။

ယခုအခါတွင် မြန်မာရုပ်ရှင်ဇာတ်ကားများကို ပွင့်လင်းရာသီတွင် ရိုက်ကူးနေကျဖြစ်သော ရန်ကုန်ရှိအိမ် များတွင် တစ်နေ့ရိုက်ကူးခနှုန်းဖြင့် ဇာတ်ဝင်ခန်းတည်ကာ ရိုက်ကူးကြပြီး မိုးရာသီတွင် ပြင်ဦးလွင်မြို့၌ ဇာတ်ကားများစွာကို တစ်စုတစ်ပေါင်းတည်း ရိုက်ကူးလေ့ရှိကြသည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် လည်း အချုပ်ခန်း၊ ဆေးရုံအစရှိသော စတူဒီယိုငယ်များဆောက်ကာ ရိုက်ကူးလျက်ရှိသည်။


Mizzima
Read more...

မင်္ဂလာဂုဏ်ကျက်သရေပြည့်ဝစေသည့် မင်္ဂလာအခါတော်ပေးသီချင်းနှင့် မြန်မာမင်္ဂလာဆောင်အခမ်းအနား

0 comments

31.10.2013

မြန်မာလူမျိုးတို့၏ မိရိုးဖလာယဉ်ကျေးမှုအစဉ်အလာထုံးတမ်းဓလေ့တစ်ခုဖြစ်သည့် လက်ထပ် ထိမ်းမြားခြင်း မင်္ဂလာဧည့်ခံပွဲတို့တွင် မင်္ဂလာ အခါတော်ပေး တေး သီချင်း တို့ဖြင့် သီကျူး၍ အခမ်းအနားဖွင့်လှစ်ကြလေ့ရှိသည်။ သတို့သား ၊သတို့သမီး တို့၏ ဘိုးဘွားမိဘဆရာသမား မိဆွေ
သင်္ဂဟ တို့ရှေ့မှောက်၌ ချစ်ခင်စုံမက်ပေါင်း ဖက်ကြ သည့် နှစ်ဦးသားဘဝ တည်ဆောက်မှုအစကို မင်္ဂလာဂုဏ်ကျက်သရေရှိစွာ ဝိဂြိုဟ် ပြုကာညွှန်းဆိုပေးသည်က အခါတော်ပေး သီချင်းများပင်ဖြစ်သည်။ ထို့ကြောင့် မင်္ဂလာ ဧည့်ခံပွဲအခမ်းအနားတို့တွင် အခါတော်ပေး သီချင်းများတက်ရောက်သီဆိုခဲ့ဖူးကြသည့် အနုပညာရှင်များ၏ ရင်တွင်းစကားသံများကိုမေးမြန်းဖြစ်ခဲ့ပါသည်။

ရန်အောင်

မင်္ဂလာဆောင်တွေမှာ သီချင်းတွေဆိုတာက ငယ်ငယ် ကတည်းက ဆိုဖြစ်တာလည်း ပါတယ်။ သရုပ် ဆောင်ဖြစ်လာ တော့လည်းခင်မင်ရင်းနှီးတဲ့သူတွေကနည်းနည်းလောက်ဆိုပေးဖို့ ပြောလို့ နောက်ပိုင်းမှ ဆိုဖြစ်လာတာ။ မင်္ဂလာ ဆောင်မှာသီချင်းဆိုရင်းနဲ့ အခါတော်ပါပေးဖြစ် လာရော၊ သီချင်းဆို တဲ့အခါမှာ လည်း သီချင်း ချိုချိုေ အးအေးလေးတွေကို ရွေးပြီး ဆိုပေးရတယ်။ မင်္ဂလာရှိရှိလေးပေါ့။ သီချင်း တွေဆိုတဲ့အခါ ရင်းနှီးတဲ့ မိတ် ဆွေတွေက တစ်ဆင့်ဆို ဖြစ် တာ။အခု Royal Star ဆိုင်လေး ဖွင့်ထားတော့ အဲဒီက နေလည်း စီစဉ်ပြီးဆိုဖို့ လုပ်နေတယ်။


စည်သူလွင်


အဓိကကတော့ အလွမ်းသီချင်း၊အဆွေးသီချင်းတွေကိုနည်းနည်းရှောင်ရတယ်။မင်္ဂလာ ဆောင်ကကျတော့ သီချင်းရွေး ချယ်မှုအပြင် အဝတ်အစားဝတ် တာကအစ တချို့မင်္ဂလာဆောင် ရှင်တွေက အနက်ဝတ်တာ မကြိုက်ဘူး။ နောက်တစ်ခါ သူများတွေမင်္ဂလာယူနေတဲ့ အချိန်မှာ ကိုယ်ကသပ်သပ်ရပ် ရပ်လေးနဲ့ သန့်သန့်ရှင်း ရှင်း လေး ဖြစ်အောင်ပေါ့။ သိပ် ဟော့ရှော့ဝတ်လို့မကောင်းဘူး။ မင်္ဂလာယူနေတဲ့ အချိန်ဆိုတော့ တီးဝိုင်းတွေ၊ ဖျော်ဖြေရေးတွေ က သာသာယာ ယာ လေးဖြစ်အောင် Support လုပ်ပေး ရတာပေါ့။ ဒါက တစ်သက်မှာ တစ်ခါဆောင်ကြရတာ ဆိုတော့ လေ။ အထူးသဖြင့် သူများကို ကိုယ်က အလုပ်တစ်ခုတည်း အတွက်သီချင်း လာဆိုပေး တာ မဟုတ်ဘဲနဲ့ သတို့သားနဲ့ သတို့ သမီးကို ဂုဏ်ပြုတာပေါ့။ တစ် ဘဝလုံးစာလက်တွဲမယ့် မင်္ဂလာ မောင် နှံတွေအတွက် ဂုဏ်လည်း ယူပါ တယ်။ပီတိလည်းဖြစ်ပါတယ်။

ဝိုင်းစုခိုင်သိန်း


” မင်္ဂလာဆောင်ပွဲတွေ တော့ တအားကြီးသီချင်း မဆို ပေးဖြစ်ဘူး။သိတဲ့ ခင်တဲ့သူ တွေရဲ့ မင်္ဂလာပွဲလောက်ပဲ သီချင်း ဆိုပေးဖြစ်တယ်။ မင်္ဂလာပွဲ မှာလည်း ကိုယ့်သီချင်းပဲ ကိုယ် ဆိုဖြစ်ပါတယ်။ မင်္ဂလာပွဲဆို တော့ မင်္ဂလာနဲ့ ပတ်သက်တဲ့ သီချင်းတစ်ယောက်နဲ့ တစ် ယောက်ချစ်တဲ့ သီချင်းတွေ
ဆို ပေးဖြစ်တယ်။ ဝေးနေတဲ့ သီချင်းတွေ မ ဆိုပေးဖြစ်ဘူး။

အိမ့်ချစ်

” မင်္ဂလာဆောင်မှာ သီချင်း ဆိုတာက သူ့ဓလေ့ထုံးစံလေး တွေရှိတယ်။ မနက်ပိုင်းဟို တယ်မှာဆောင်တဲ့ ပွဲလေး တွေ ကို ၂ပုဒ်၊၂ပုဒ်စီဆိုရတယ်။ ညပိုင်း dinner ကျတော့ ၃ပုဒ်၊ ၃ပုဒ်စီ ဆိုရတယ်။ဒါက သဘော သဘာဝ ပေါ့။မင်္ဂလာဆောင်ဆိုခြင်းအားဖြင့်တစ်ယောက်နဲ့တစ် ယောက်ချစ်ခင်ရင်းနှီးမှုလေး တွေရတယ်။

သီချင်းရွေးချယ်မှုကျေ တာ့ မင်္ဂလာဆောင်နဲ့ လိုက် ဖက်တဲ့ သီချင်းလေးတွေပေါ့။

ဦးသိန်းတန်သီချင်းလေးတွေ ပြန်ဆိုထားတာရှိတယ်။ ” မေတ္တာရေလှိုင်း” တို့။ အချစ်သီချင်းလေး တွေ ဆို တယ်။မင်္ဂလာဆောင်တွေ ကျ တော့ လူကြီးတွေတက်ကြတယ်။အဲဒီတော့ ပရိသတ်အရွယ်စုံမျှ သိတာပေါ့။
မင်္ဂလာဆောင်ပွဲတွေကို ဆိုရတာ ကြည်နူးမိပါတယ်။သတို့ သား၊ သတို့သမီးလျှောက်လှမ်း လာတဲ့အချိန်မှာ ကိုယ် ကသီချင်းနဲ့ support လုပ်ပေးရတဲ့အတွက် ဂုဏ်ယူပါတယ်။ “

Popular Journal
Read more...
Wednesday, October 30, 2013

ထိုင်းအလှကုန်နှင့် အ၀တ်အထည်ကုမ္ပဏီတို့၏ သံတမန်အဖြစ် ခင်ဝင့်ဝါလုပ်ဆောင်မည်

0 comments
Wednesday, October 30, 2013

Miss Supranational Myanmar ခင်ဝင့်ဝါသည် ထိုင်းအလှကုန်ကုမ္ပဏီနှင့် အ၀တ်အထည်ကုမ္ပဏီတို့၏ သံတမန်အဖြစ် လုပ်ဆောင်တော့မည်ဖြစ်သည်။ ယင်းကဲ့သို့ ခင်ဝင့်ဝါကသံတမန်အဖြစ် လုပ်ဆောင်မည့် ကုမ္ပဏီများမှာ Camella အလှကုန်ကုမ္ပဏီနှင့် ဒေါ်ဝင်း Garment Center ကုမ္ပဏီတို့ဖြစ်ကြကြောင်းMiss Supranational Myanmar Organization မှ ဥက္ကဋ္ဌ ဝေယံအောင်က မဇ္ဈိမသို့ ပြောကြားသည်။

ယင်းကုမ္ပဏီများနှင့် လက်တွဲရန် ဆုံးဖြတ်ရခြင်းကို ခင်ဝင့်ဝါက “Organization နဲ့တိုင်ပင်ပြီး လက်ခံဖြစ် သွားတာပါ။ အဲဒီကုန်ပစ္စည်းတွေရဲ့ သံတမန်အဖြစ် ကျွန်မကို ယုံယုံကြည်ကြည်နဲ့ ကမ်းလှမ်းတာဆိုတော့ အကောင်းဆုံးကြိုးစားပြီး လုပ်သွားမှာပါ” ဟုဆိုသည်။

Camella မှာ ထိုင်းနိုင်ငံမှ အလှကုန်များထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မကြာခင် ခင်ဝင့်ဝါနှင့် အလှကုန် ကြော်ငြာ ရိုက်ကူးမည်ဖြစ်ကာ ဒေါ်ဝင်း Garment Center ၏ ထုတ်ကုန် i-Max အတွက်လည်း ရိုက်ကူး မည်ဖြစ်သည်။

Miss Supranational Myanmar Organization မှ ဥက္ကဋ္ဌဝေယံအောင်က “Camella ကုန်ပစ္စည်းရဲ့ သံတမန်၊ i-Max, Giorenzo, U-Jazz စတဲ့အ၀တ်အစားထုတ်တဲ့ ဒေါ်ဝင်း Garment Center ရဲ့ သံတမန်အ ဖြစ် ပြီးခဲ့တဲ့တစ်ပတ်က လက်ခံလိုက်တယ်။ ခင်ဝင့်ဝါအနေနဲ့ နောက်ထပ်သူလုပ်နိုင်မယ့် ကုန်ပစ္စည်းသံတ မန်အဖြစ် လက်ခံချင်သေးရင် ကျွန်တော်တို့ဘက်က လုပ်ဆောင်ပေးမှာပါ။ ထပ်ပြီးပြောထားတဲ့ ကုမ္ပဏီ တွေကတော့ လေးခုလောက်ရှိပါသေးတယ်။ အီလက်ထရောနစ် နဲ့ ဆေးကုမ္ပဏီတွေလည်း ပါဝင်ပါတယ်” ဟုပြောသည်။

ခင်ဝင့်ဝါသည် လက်ရှိတွင် ဒါရိုက်တာကြည်ဖြူသျှင်ရိုက်ကူးပြီး မင်းသားကောင်းပြည့်နှင့်အတူ “နတ်သမီးနှင့် ကျွန်တော်” ဗီဒီယိုဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်လျက်ရှိသည်။ ဒါ့အပြင် ရွှေစင်ဦး ထုတ်လုပ်ရေး၊ သစ္စာနီထုတ်လုပ်ရေးတို့တွင် ခေါင်းဆောင်မင်းသမီးအဖြစ် ၁၀ ကားစီ လက်ခံရိုက်ကူး မည်ဖြစ်သည်။

Mizzima - News in Burmese
Read more...
Tuesday, October 22, 2013

တေးသံရှင် မာမာအေး Artist Of The Year ဆုရရှိ

0 comments

22-10-2013
ထန်းရိပ်ညို Artist Of The Year တစ်နှစ်ပြည့်နှင့် ဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း နှစ်လပြည့် အထိမ်းအမှတ်အဖြစ် အနုပညာ ဆုပေးပွဲနှင့် ဂုဏ်ပြုစာတမ်း ဖတ်ပွဲတွင် ထန်းရိပ်ညို အနုပညာ စင်တာ၏ Artist Of The Year ဆုကို တေးသံရှင် မာမာအေး ရရှိခဲ့ကြောင်း အဆိုပါ ဆုချီးမြှင့်ခြင်း အခမ်အနားအရ သိရသည်။

အဆိုပါ ထန်းရိပ်ညို ခံစားသူ စိတ်ကြိုက်ဆုများ ချီးမြှင့်ခြင်းကို ပြင်ဦးလွင် အနီးစခန်းရှိ ထန်းရိပ်ညို အနုပညာ ပြခန်းတွင် အောက်တိုဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယင်းထန်းရိပ်ညိုထံမှ သိရသည်။ယင်း Artist Of The Year ဆုကို ယခုနှစ်မှစတင် ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး ပထမဦးဆုံး အကြိမ်အဖြစ် တေးသံရှင် မာမာအေးကို ပေးအပ်ခဲ့ကာ ထန်းရိပ်ညို ခံစားသူ စိတ်ကြိုက်ဆုအဖြစ် ကဗျာဆရာ မောင်သင်းပန်နှင့် ဆရာမ မအိတို့ကို ပေးအပ်ခဲ့သည်။

“အဆိုတော် မာမာအေးကို ပေးရတာက သူ့ကို ချစ်ခင်လို့ရယ် မြန်မာပြည်ကို ပြန်လာပြီး မြန်မာသံစဉ် သီချင်းတွေကို သိအောင်လုပ်ပေးလို့ ရွေးချယ်ခဲ့တာပါ” ဟု ထန်းရိပ်ညို အနုပညာပြခန်းပိုင်ရှင် ပန်းချီ ဆရာကြီး ဦးမျိုးခင်က ဆိုသည်။

ထန်းရိပ်ညို အနုပညာစင်တာသည် ထန်းရိပ်ညို အနုပညာဆုကို ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ဦးမျိုးခင်၏ မွေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်လေ့ ရှိသော်လည်း ယခုနှစ်တွင် ထန်းရိပ်ညို အနုပညာဆုအစား ထန်းရိပ်ညို Artist Of The Year ဆုနှင့် ထန်းရိပ်ညို ခံစားသူ စိတ်ကြိုက်ဆုများကိုသာ ပေးအပ်ဖြစ်ကြောင်း အဆိုပါ ဆုရွေးချယ်ရေး အဖွဲ့ထံမှ သိရသည်။
“ထန်းရိပ်ညို အနုပညာဆုကို ဒီနှစ်မှာတော့ မပေးဖြစ်တော့ဘူး။ ထန်းရိပ်ညို Creation Center တစ်နှစ်ပြည့် အခမ်းအနားနဲ့ ဆရာကြီးဒဂုန်တာရာ ကွယ်လွန်ခြင်း နှစ်လပြည့် အထိမ်းအမှတ် ဂုဏ်ပြု စာတမ်းဖတ်ပွဲ ပြုလုပ်ချင်လို့ ဒီဇင်ဘာမှာလုပ်မယ့် ဆုပေးပွဲကို ဒီနှစ်မှာ မလုပ်ဖြစ်တော့ဘူး။ Artist Of The Year ဆုကိုတော့ နှစ်တိုင်းပေးမှာပါ” ဟု ဆုရွေးချယ်ရေးအဖွဲ့မှ ဆရာစိုးဘားဒိုင်က ဆိုသည်။
တေးသံရှင် မာမာအေးသည် ၁၉၉၈ ခုနှစ်က ဥရောပနိုင်ငံ အချို့သို့ အလည်အပတ် ခရီးထွက်စဉ် ပြည် ပရောက် အတိုက်အခံ အချို့ကို တေးသီချင်းများ သီဆိုဖျော်ဖြေခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ၁၀ နှစ်ကျော် ကြာ ပြန်မလာ ဖြစ်ရာမှ ၂၀၁၂ ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ် ပြန်လည် ရောက်ရှိ ခဲ့ပြီး တေးဂီ တ ဖျော်ဖြေပွဲများ ကျင်းပခဲ့သည်။

The Voice
Read more...

" မွေးရပ်မြေ ကန့်ဘလူ မြို့မှာ ဘိုးဘွားရိပ်သာဆောက်လုပ်လှူဒါန်းမယ့် ဖိုးချစ်"

0 comments


22/10/2013

ဖိုးချစ်က သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ကန့်ဘလူမြို့မှာ ဘိုးဘွားရိပ်သာ ဆောက်လုပ်သွားဖို့ စတင်စီစဉ်နေ ပြီဖြစ်ကြောင်း ပြောလာပါတယ်။ မိဘ၊ ဆရာသမားတွေရဲ့ သြဝါဒကိုအမြဲလေးစားလိုက်နာလေ့ရှိတဲ့ ဖိုးချစ်က ဘိုးဘွားရိပ်သာဆောက်လုပ်ဖြစ်ခြင်းကလည်း မိဘသက်ကြီးတွေ အဆင်ပြေပြေနေထိုင်နိုင်ရေး ကို ရည်ရွယ်ကြောင်း ပြောပြပါ တယ်။

” အရင်တုန်းက ဘိုးဘွားရိပ်သာလုပ်ပေးပါ့မယ်ဆိုပြီးတော့ တစ်ယောက်က ကတိပေးခဲ့ဖူးတယ်။ အခုချိန်ကျတော့ လှည့်တောင် မကြည့်တော့ဘူး။ အဲဒီတော့ ကျွန်တော့်  အနေနဲ့စိတ်ထဲ မှာ တော်တော်လေး ခံစားရတယ်။ နောက် ကျွန်တော်တို့ဆီမှာက နယ်ဖြစ်တဲ့အတွက် အိမ်ထောင်သားမွေးပြုတာတွေ စောပြီး ကလေးတွေ အများကြီး ယူကြတဲ့အခါ မိမိစားဝတ်နေရေး ကိုရုန်းကန်နေကြရတော့ မိအို၊ဖအိုတွေကို ဂရုမစိုက်နိုင်ကြတော့ဘူး။

ကျွန်တော်ဘိုးဘွားရိပ်သာ ဆောက်လုပ်တော့ မယ်လို့ ပဲ ပြော ရသေးတယ်။မြေလှူမယ့်အလှူရှင်တွေ ရှိလာတယ်။ ဘိုးဘွားတွေနေဖို့ အဆောင်တွေ လှူမယ့် အလှူရှင်တွေကလည်း ဝိုင်းပြီးလှူကြ မယ်လို့ ပြော လာကြပါတယ်။ ဝမ်းသာ စရာပါပဲ။ ဘိုးဘွားရိပ်သာနဲ့ ပတ်သက်ပြီးလည်း ရှင်းရှင်း လင်းလင်းနဲ့ စနစ်တကျလေးလုပ် ဆောင်သွားမှာပါ။

အလှူရှင်တွေကိုလည်း ဖိတ် ခေါ်ထားပါ တယ်။တစ်ဦးချင်း ပဲဖြစ်ဖြစ် ဒါမှမဟုတ်အုတ်တစ်ချပ် သဲတစ်ပွင့်ပဲဖြစ်ဖြစ် ကျွန်တော်တို့ကိုကူမယ်၊လှူမယ်ဆိုရင်လည်း ကျွန်တော်ကြော်ငြာပေးပါမယ်။ အားလုံးလည်း ဝိုင်းကူပေးကြပါ။ ကျွန်တော့်အနေနဲ့ ဘိုးဘွားရိပ်သာ လုပ်မယ်လို့ ပြောရုံရှိသေးတယ်။ ကျွန်တော့်ရဲ့ မိဘတွေ၊ ဆရာသမားတွေက ယုံယုံကြည်ကြည်နဲ့အားလည်းပေးပြီးခွန် အားတွေေ ပးကြတဲ့ အတွက်တအားကျေးဇူးတင်မိပါတယ်” လို့ ဘိုးဘွားရိပ်သာ ဆောက်လုပ်သွားမယ့် အစီအစဉ်တွေ နဲ့ပတ်သက်ပြီး ဖိုးချစ်က ပြောပြပါတယ်။

လင်းအက္ခရာ

Popular Journal
Read more...
Friday, October 18, 2013

သရုပ်ဆောင်မင်းမော်ကွန်းဂျပန်ဆေရုံကြီးတွင်ဆေးကုသမှုခံယူ

1 comments


18/10/2013

သရုပ်ဆောင်မင်းမော်ကွန်းမှာယနေ့ အောက်တိုဘာ၁၇ရက်ညနေ၄နာရီကရန်ကုန်မြို့ ဂျပန်ဆေရုံကြီးတွင်ဆေးကုသမှု
ခံယူနေကြောင်းဖခင်ဖြစ်သူ ဦးဇင်ဝိုင်းထံပေါ်ပြူလာမှလူနာသတင်းမေးမြန်းရာမှသိရသည်။

အထက်လန် အောက်လျောဖြစ်ခြင်းကြောင့်ဆေးကုသခံခြင်းဖြစ်ကြောင်းနှင့်အထူးစိုးရိမ် ဖွယ်မရှိသောကြောင်းလည်းသိရသည်။

Popular Journal
Read more...
Thursday, October 17, 2013

လင်းလင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မန္တလေး၌ ကျင်းပရန် ခွင့်မပြုခဲ့

0 comments

Thursday, October 17, 2013

တေးရေး၊ အဆိုတော် လင်းလင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မန္တလေးမြို့တွင်ကျင်းပရန် ခွင့်ပြုချက် မရရှိသဖြင့် နိုဝင်ဘာ ၁၀ ရက်တွင် ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း လင်းလင်းက ပြောကြားခဲ့သည်။

အဆိုတော်လင်းလင်းသည် ရန်ကုန်ဖျော်ဖြေပွဲအပြီးတွင် မန္တလေးမြို့တွင် ကျင်းပရန် ယခင်က စီစဉ်ထားခဲ့သော်လည်း လတ်တလောဖြစ်ပွားသည့် အခြေအနေများနှင့် ၎င်းပွဲ မတိုင်မီ ဖြစ်ပွားခဲ့သည့် ဖျော်ဖြေပွဲအတွင်း ခိုက်ရန်ဖြစ်ပွားခဲ့သည့် အကြောင်းအရာများကြောင့် ပွဲကျင်းပခွင့် မရရှိခဲ့ခြင်းဖြစ်သည်။

လင်းလင်းက “အစက နိုဝင်ဘာ ၁၀ ရက်မှာ မန္တလေးမှာ လုပ်မလို့ စီစဉ်ထားတာ။ ဒါပေမဲ့ ရှေ့က ရှိုးပွဲမှာ ခိုက်ရန်ဖြစ်တာ၊ ထိခိုက်မိတာ တော်တော်ဆိုးတယ်လို့ ပြောတယ်။ အဲဒါကြောင့် ပွဲပါမစ်ကိုပိတ်တာတော့ မဟုတ်ဘူး။ နောက်ရွှေ့မယ်ပြောတယ်။အဲဒါမို့ မန္တလေးအစားကို ပြင်ဦးလွင်မှာ လုပ်လိုက်တယ်။ မန္တလေးကတော့ ပါမစ်ရရချင်းမှာ လုပ်မယ်။ ပြီးရင် တောင်ကြီးမှာလုပ်မယ်။ Tour ပုံစံမျိုးလုပ်ဖို့ စဉ်းစားထားပါတယ်” ဟု ပြောပြသည်။

၎င်းဖျော်ဖြေပွဲကို DVD အဖြစ် ရိုက်ကူးပြီး ခြောက်လအကြာတွင် ဖြန့်ချိမည်ဖြစ်ပြီး ရရှိသည့်ငွေကို လူကုန်ကူးခံရပြီး ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများကို လှူဒါန်းမည်ဖြစ်သည်။

Mizzima - News in Burmese
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here