Thursday, August 9, 2012

ပအိုဝ်းဗွေဗွန်ထွက် ပါင်မူ ဘုန်းကြီး (ခ) ဦးခွန်ခမ်းအူ ပကာခမ်း ကွယ်လွန်

0 comments
၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက် | တောင်ကြီးတိုင်းမ်

 ၂၀၁၂ ခုနှစ် သြဂုတ်လ (၂) ရက် ကြာသပတေး နေ့တွင် ဦးခွန်ခမ်းအူ  ပကာခမ်း (ခ) ဗွေဗွန်ထွက် ပါင်မူ ဘုန်းကြီးလူထွက် အသက် (ရရ) နှစ်သည် ထိုင်းနိုင်ငံ ချင်းမိုင်းခရိုင်တွင် မော်တော်ယဉ် မတော်တဆ တိမ်မှောက်မှုဖြင့် ဘ၀တပါးသို့ ကွယ်လွန် အနိစ္စရောက်သွားခဲ့ကြောင်း သိရပါတယ်။

 ဦးခွန်ခမ်းအူ ပကာခမ်း (ခ) ဗွေဗွန်ထွက်ပါင်မူသည် ရှမ်းပြည်နယ်တောင်ပိုင်း နမ်းစန်မြို့ဇာတိဖြစ်ပါပြီး၊ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) ကျော်က ဘုန်းကြီးဘ၀ဖြစ်နေစဉ်တွင် မဲဟောင်ဆောင်ခရိုင် နယ်စပ်ဒေသရှိ မြန်မာတိုင်းရင်းသားများကို ပညာရေး၊ ကျန်းမာရေး၊ လူမှုကူညီရေးလုပ်ငန်းများကို ဦးဆောင်ကူညီပံ့ပိုးခဲ့ပြီး လူသိများသော ဆရာတော်တပါးဖြစ်တယ်လို့ သိရပါတယ်။

 ဦးခွန်ခမ်းအူနှင့် ပတ်သက်ပြီးတော့ “ကျနော်တို့ငယ်ငယ်တုန်းက မြန်မာပြည်ကနေ ထိုင်းနိုင်ငံကိုရောက်တာနဲ့ ပါင်မူဘုန်းကြီးကျောင်းကို အရင်ရောက်တယ်။ သူက အဲဒီမှာ ထိုင်းစာပေ ထိုင်းစကားပြောတွေ သင်ကြားပေးခဲ့ပါတယ်။ ပြီးတော့ မဲဟောင်ဆောင်ခရိုင်မှာ ပအိုဝ်းလူမျိုးဖြစ်ပြီး၊ ကျောင်းထိုင်ဆရာတော်လည်းဖြစ် ရပ်ကွက်ဥက္ကဌ ဆရာတော်လည်းဖြစ် လူမှုရေးလုပ်ငန်းတွေမှာ အများကြီးစေတနာထက်သန်စွာ ဦးဆောင်တဲ့ဆရာတော်လည်း ဖြစ်ပါတယ်” ဟု ဦးပညာက ဆိုပါတယ်။
 
“ထိုင်းနိုင်ငံရောက် ပအိုဝ်းတိုင်းရင်းသားများအကြားမှာ သူ့ကို မသိတဲ့သူရှားတယ်။ ပြီးတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဖြားတန်ဦးအောင်ခမ်းထီတို့နဲ့ အလွန်ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ကြတယ်” ဟု ခွန်လဟန်က ဆိုသည်။
 
ထိုင်းနိုင်ငံမှာ နေထိုင်သည့် သမီးလေးနှင့်မြေးထံ လာလည်ရင်းမှ မော်တော်ယဉ်မတော်တဆ တိမ်းမှောက်မှုနဲ့ ချင်းမိုင်းခရိုင်မှာ ကွယ်လွန်သွားပါတယ်။ ဦးခွန်ခမ်းအူ ပကာခမ်း (ခ) ဗွေဗွန်ထွက် ပါင်မူ၏ ရုပ်အလောင်း ဈာပနပွဲကို မိတ်ဆွေသင်္ဂဟများ၊ ဆွေမျိုးသားချင်းများ သိစေရန် လာမည့် ၂၀၁၂ ခုနှစ် သြဂုတ်လ (၇) ရက် အဂ်ါနေ့တွင် ချင်းမိုင်းမြို့ ဟိုင်ယာ သုဿာန်မှာ မီးသဂြိုလ်မယ်လို့ သိရပါတယ်။

 ခွန်သောမတ် သတင်းရေးသားပေးပို့ချက်ဖြစ်ပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here