Showing posts with label ရိုးရာဘာသာစကား. Show all posts
Showing posts with label ရိုးရာဘာသာစကား. Show all posts
Thursday, June 27, 2013

ကိုယ်ထူကိုယ်ထမူးယစ်ဆေးတိုက်ဖျက်ရန် သျှမ်း/တောင်လူငယ် ၅ မြို့နယ်တွေ့ဆုံ

0 comments

ဇွန်လ ၂၇ ရက်

သျှမ်းပြည်တောင်ပိုင်း၌ မူးယစ်ဆေးဝါးအန္တရာယ်စိန်ခေါ်မှုအတွင်း အလယ်တန်းကျောင်းသားလူငယ်များပါ ကျရောက် ရင်ဆိုင်ကြုံတွေ့ နေရသဖြင့် ဒေသတွင်းရဲရင့်လူငယ်များမှ ကိုယ်ထူကိုယ်ထ မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းလုပ်ဆောင် သွားမည်ဟု ယမန်နေ့က ကျရောက်သော ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့က တွေ့ဆုံဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း စုံစမ်းသိရှိရပါသည်။ 

၎င်းနှင့်ပတ်သက်၍ မိုးနဲမြို့နယ် ကျားဖြူပါတီ၏ ပြည်နယ်လွှတ်တော်အမတ် စိုင်းမောင်ကြီးက “ ကျနော်တို့ သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ်မှာ မူးယစ်ဆေးဝါးများဖြစ်ကြတဲ့ ယာဘနဲ့ အိုက်စ် အန္တရာယ်ဟာ တော်တော်ကို ရင်ဆိုင်နေရပါ တယ်။ ပေါများလွန်းလို့ အလယ်တန်းကျောင်းသား တွေရဲ့အသိုင်းအဝိုင်းထဲကိုပါဝင်ရောက်လာပါပြီ။ အခုဆိုရင် ကျောင်း သား ၆၀ ရာခိုင်နှုန်းလောက် ဒီဆေးတွေကြောင့် ပျက်စီးနေပါပြီ။ ဒါကြောင့် မနေ့က ကျနော်တို့အခမ်းအနား တရပ်ကျင်း ပပြီး တော့ မိုးနဲ ကျိုင်းတောင်း မိုင်းပန် လင်းခေး မောက်မယ် ၅ မြို့နယ်က လူငယ်ထု ၆၀ ကျော် တွေ့ဆုံဆွေးနွေးခဲ့ကြ တာဖြစ်ပါတယ်။ “ တခြားတပါးသူထံမှ မျှော်လင့်ချက်မထားဘဲ မူးယစ် ဆေးဝါးကို မိမိကိုယ်တိုင်ကစပြီး တိုက်ဖျက်မယ်” ဆိုတဲ့ အချက်ကို သဘောတူခဲ့ကြပြီး စတင် အကောင်အထည်တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။ အသင်းအဖွဲ့ ရယ်လို့တော့ မဖွဲ့ရသေးပါဘူး။ အခုမှ စတင်တာဘဲ ရှိပါသေးတယ်။ ဆက်လက် တွေ့ဆုံဆွေးနွေးပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် သွားဖို့လည်းရည်ရွယ်ပါတယ် ” ဟု သျှမ်းသံတော်ဆင့် အား ပြောပြပါ သည်။ 

မိမိကိုယ်တိုင်မှစ၍ မူးယစ်ဆေးမှကင်းကွာအောင် ကျင့်သုံးနေထိုင်ရန်၊ မိမိ မောင်နှမသားချင်း မိဘဆွေမျိုးများအား မူးယစ် ဆေးနှင့်ကင်းကွာအောင်နေထိုင်ရန်အတွက် အသိပေး တိုက်တွန်းရန်ဟူသည့် အချက် ၂ ချက်ကိုအခြေခံ၍ စတင်တိုက် ဖျက်သွားမည်ဟုဆိုပါသည်။ 

“ ရောင်းဝယ်ဖောက်ကားမှုမပြုရန်ဆိုတဲ့အဆင့်အထိတော့ မရောက်သေးပါဘူး။ မသုံးစွဲဖို့ဆိုတဲ့ ဒီအချက် ၂ ချက်နဲ့ဘဲ စပြီး တိုက်ဖျက်မှာဖြစ်ပါတယ်။ ဘာလို့လဲဆို လူတိုင်းကသိနေတယ် မူးယစ်ဆေးရောင်းဝယ်တာ ဘယ်သူတွေလဲဆိုတာ။ ဆိုတော့ အခုအချိန်မှာ မူးယစ်ဆေးဝါးအန္တရာယ်ဟာ ကျနော်တို့နဲ့လွန်စွာမှ နီးကပ်တဲ့နေရာကိုရောက်နေပါပြီ။ တောမီးဟာ သစ်ပင် ကြီး ငယ်မရွေး အမျိုးအစားမရွေး လောင်ကျွမ်း ပျက်စီးစေနိုင်သလို ကျနော်တို့ လူမှုအသိုင်းအဝိုင်းထဲကိုဝင်လာတဲ့ မူးယစ် ဆေးတွေဟာလဲ အဲလိုပါဘဲ။ ခလေး လူကြီးမရွေး၊ လူမျိုးဘာသာမရွေး ဖျက်ဆီးနေပါတယ်။ တောမီးလောင်ရင် သဘာဝ ပျက်စီးတယ် ရာသီဥတုဖောက်ပြန်တယ်ဆိုတဲ့ ဒဏ်တွေ နောက်ဆက်တွဲခံလာရသလို ကျနော်တို့ လူမှုအသိုင်း အဝိုင်းထဲကို မူးယစ်ဆေးက ဝင်ရောက်အခြေချလိုက်ရင် ကျနော်တို့ အမျိုးသုဉ်းနိုင်တဲ့အထိ လူသားမျိုးသုဉ်းနိုင်တဲ့အထိ အန္တရာယ်ရှိ နေတယ်ဆိုတာ သျှမ်းပြည်သားတွေသာမက လူတိုင်းကိုသိစေချင်ပါတယ်။ သိပြီးရင် အချိန်ဆွဲ စောင့် ဆိုင်းနေစရာ မလို ပါဘူး။ ကိုယ်ကိုယ်တိုင်ကစပြီး တိုက်ဖျက်သွားစေချင်ပါတယ်။ နီးစပ်ရာ လက်လှမ်းမီရာကိုလည်း အသိပေး ဟောပြောပေးဖို့ မူးယစ်နွံနစ်နေသူတွေကိုဆွဲထူပေးဖို့ တတ်နိုင်သလောက် ဆက်ဆက်ပြီးလုပ်သွားစေချင်ပါတယ် ” ဟုလည်း ပြည်နယ် လွှတ်တော်အမတ်က အကျယ်တဝင့် ရှင်းပြခဲ့ပါသည်။ 

ယမန်နေ့ ဂျွန်လ ၂၆ ရက် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့က ဒေသတွင်းလူထုမှစုပေါင်း၍ “မူးယစ်ဆေး ဝါး အန္တရာယ် ပညာပေးဟောပြောပွဲ” အခမ်းအနားတရပ်ကို မိုးနဲမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး ရပ်မိရပ်ဖများနှင့် ကျားဖြူ ပါတီမှ လွှတ်တော်အမတ်များက မိမိတို့နှင့် နီးကပ်စွာရှိနေသည့် မူးယစ်ဆေးဝါး အန္တရာယ်ကို ကိုယ်ထူကိုယ်ထ စတင် တိုက်ဖျက်သွားဖို့ ဟောပြောတိုက်တွန်း ခဲ့သည်ဟုလည်း ဆိုပါသည်။ 

အခမ်းအနားကို လင်းခေးခရိုင် မိုးနဲမြို့နယ် လွယ်ချို အုပ်စု ဝမ့်ဖွီးလဲမ်ရွာတွင်ကျင်းပ ပြီး တက်ရောက်သည့် ပရိသတ် ၆၂၄ ယောက်ရှိကြောင်း၊ မိုးနဲမြို့နယ် ကျားဖြူပါတီဥက္ကဌ ဦးစိုင်းကျော်ဝင်းက သဘာပတိအဖြစ်ဆောင်ရွက်ပေးကြောင်း၊ ၅ မြို့နယ်မှ လူငယ်များတွေ့ဆုံပွဲအစီအစဉ်အပါဝင် အစီ အစဉ် ၁၁ ခုဖြင့် အခမ်းအနားကျင်းပပြီး ပရိသတ်များ အား ထမင်း ထုတ် ဟင်းထုတ်များဝေငှပေးကာ အခမ်းအနား ရုပ်သိမ်း ခဲ့ကြောင်း၊ ညပိုင်းတွင်မူ တေးဂီတ ဖျော်ဖြေ ပွဲရှိကြောင်း စိုင်းမောင်ကြီး၏ပြောပြချက် အရသိရပါသည်။

Panglong(Burmese)
Read more...
Friday, June 21, 2013

သျှမ်းတို့ ရိုးရာ

0 comments

ဇွန်လ ၂၁ ရက်
 
 
ဧရာဝတီမြစ်ကို သျှမ်းတို့က နမ့်ကျိုဟူခေါ်သည်။ ချင်းတွင်းမြစ်ကိုတော့ သျှမ်းတို့က နမ့်တာလုံး ဟုခေါ် ဆိုသည်။ ယင်း နမ့်ကျိုနှင့် နမ့်တာလုံး တလျှောက်နှင့် မြေလတ်တွင်နေထိုင်ကြသော သျှမ်းလူမျိုး အုပ်စုကြီး ကိုတိုင်းလျှဲန် သို့မဟုတ် သျှမ်းနီလူမျိုးအုပ်စုဟုခေါ်သည်။

သျှမ်းတို့ဆင်းတက်လာပုံ

မွန်ဂိုလွိုက် အနွယ်ဖြစ်သော တိုင်း(ခေါ်) သျှမ်းမျိုးနွယ်စုကြီးသည် အာရှတိုက်အနောက် အလယ်ပိုင်းတွင် ပေါက်ဖွားပြီး BC- ၁၁ မှ ၂၂ , ၂၂၂ ထိ ယခု တရုတ်ပြည် ပြည်မ တွင်းသို့ ၀င်ရောက်ကာ အခြေချနေ ထိုင်ခဲ့ကြသည်။ ထိုမှ အာရှတိုက် အရှေ့တောင်ဒေသအနှံ့အပြားသို့ ပျံ့နှံ့လာခဲ့သည်။တရုတ်တို့၏ (TS’U) ဇူလက်နက် နိုင်ငံတော်နှင့် (TS’-in) ဇင်ခေတ်လောက် ကပင် တရုတ်ပြည် အနှံ့အပြား၌ တိုင်း (ခေါ်) ရှမ်းမျိုးနွယ်စုများ နေထိုင်ခဲ့ကြပြီးဖြစ်သည်။

ထိုခေတ်က ဇူတို့ပြောဆိုသော ဘာသာစကားသည် တိုင်း (ခေါ်) သျှမ်းတို့၏ ပြောဆိုသော ဘာသာစကား နှင့် အတူတူပင်ဖြစ်ခဲ့သည်။ခရစ်မပေါ်မီကာလကပင် တရုတ်နှင့် တိုင်း(ခေါ်) သျှမ်းတို့သည် တန်ခိုး အာဏာ ပြိုင်ဆိုင်မှု စစ်ပွဲကြီးများ အဆက်မပြတ် ဆင်နွဲခဲ့ကြသည်။ ဦးစွာရောက်နှင့် ပြီးဖြစ်သော တိုင်း (ခေါ်)သျှမ်းတို့၏ အခြေချရာ နယ်မြေအတွင်း တရုတ်တို့ ၀င်ရောက်လာခြင်းကြောင့် ဖြစ်သည်။ နောက်ဆုံးတွင် တိုင်း(ခေါ်) သျှမ်းတို့သည် တရုတ်ပြည်မတွင်း၌ ဇူဝ်၊ ပံ့၊ ပါ၊ လန့်၊ နန်ချောင်၊ မိုင်းမော၊ စယ်လန့်၊ ဆင်းန်ဝီ စသော လက်နက်နိုင်ငံများ ထူထောင်ခဲ့ကြသည်။

မြန်မာနိုင်ငံထဲကိုတော့ ရှေးခေတ် ဝေါဟာရအားဖြင့် ကျိုင်းဟုန်ဟု ခေါ်သော မိုးမိတ်မြို့ကို ဗုဒ္ဓသာသနာ သက္ကရာဇ် မတိုင်မီ ၁၄၈ (ခရစ်သက္ကရာဇ် မတိုင်မီ ၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ကြောင်း မြန်မာနိုင်ငံ သမိုင်းအဖွဲ့ ဒုတိယ ဥက္ကဌ (၂) နိုင်ငံခြား ဘာသာ သိပ္ပံကောလိပ် ကျောင်းအုပ်ဟောင်း ဆရာကြီး ဒေါက်တာ စိုင်းအောင်ထွန်း ရေးသားပြုစုသော တိုင်းလူမျိုးစုများ ပြန့်နှံနေထိုင်ပုံ သမိုင်း စာတမ်းတွင် လေ့လာတွေ့ရှိရပါသည်။

Photo- Tai Community Online
Story-.shannilay.com

Hsipaw Generation. (သီပေါသား/သူများ)
Read more...
Thursday, June 20, 2013

ရှမ်း" နှင့် "တိုင်း" ဝေါဟာရရှင်းလင်းချက်

0 comments
ဇွန်လ ၂၀ ရက်

"ရှမ်း"ဟူသောဝေါဟာရမှာ အခြာလူမျိုးများကရှမ်းလူမျိုးများကိုခေါ်သော ဝေါဟာရဖြစ်ပါသည်။ ရှမ်လူမျိုးတို့က မိမိကိုယ်ကို"တိုင်း" (Tai) ဟုခေါ်ကြသည်။ ယိုးဒယားနိုင်ငံသားများကမူ “ထိုင်း” (Thai) ဟုခေါ်ကြသည်။ “ရှမ်း” ခေါ် “တိုင်း ” ၏ အဓိပ္ပါယ်နှင့်ပတ်သက်၍ အမျိုးမျိုး ဖွင့်ဆိုထား ကြောင်းတွေရပါသည်။ ရှေမြန်မာကျောက်စာတို့တွင် “သျမ်” (သို့) “သျံ” ဟုရေးသားကြသည်။

ရှေးယခင်က “ရှမ်း” ကို “သျှမ်း” ဟုရေးသားကြသည်။ ရှမ်းလူမျိုးများသည် “ရှမ်း” ဟုရေးသားခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိဟုသိရသည်။“ရှမ်း” ဟူသောအရေးအသားမှာ ယခုခေတ်သစ်ရှမ်းစာပေတွင် “ဖွဲနု”ဟူ၍လည်းကောင်း၊ “ချသည်၊ တိုက်ခိုက်သည်၊ ရိုက်နှက်သည်” ဟူ၍လည်းကောင်း အဓိပ္ပာယ်ရှိသောကြောင့်ဖြစ်သည်။

မြန်မာအဘိဓာန်တွင် “ရှမ်း” ကို ထိုင်းတရုတ်အုပ်စုဝင် ဘာသာစကားတမျိုးကို ပြောဆိုသော မြန်မာတိုင်းရင်းသားတစ်မျိုး ဟု ဖွင့်ဆိုထားသည်ကိုတွေ့ရသည်။

သျှမ်း (သို့) ရှမ်း ဟူသောအဓိပ္ပာယ်ကိုအဆင့်ဆင့် ပြောင်းလဲလာသော စကားလုံး အနက်အဓိပ္ပာယ်များ အရ -

-အရှင်သခင်အဖြစ်ဖြင့် အစိုးရတတ်ခြင်း၊
-ရွှေအဆင်းနှင့်တူသော ဝါဝင်းသော ကိုယ်အဆင်းရှိခြင်း၊
-မညီညာသော တောင်ကုန်းတောင်တန်းဒေသတို့ တွင်နေထိုင်ခြင်း၊
-ကုန်သွယ်မှုကိုပြုတတ်ခြင်း၊
-တစ်ဦးနှင့်တစ်ဦး စိတ်ဝမ်းမကွဲမပြား ဆောင်ရွက်လုပ်ကိုင်နိုင်စွမ်း “သာမသတ္တိ” ရှိခြင်းဟူ၍ အဓိပ္ပာယ်ရသည်။

“တိုင်း”ဝေါဟာရရှင်းလင်းချက်

“တိုင်း”ဟူသော ဝေါဟာရသည် ကမ္ဘာပေါ်တွင်ရှိသော ရှမ်းလူမျိုးများက မိမိကိုယ်ကိုမိမိ ပြန်လည်၍ ခေါ်သော ဝေါဟာရ ဖြစ်သည်။ သို့သော်ရှမ်းလူမျိုးများသည် မိမိကိုယ်မိမိ “တိုင်း” ဟုခေါ်ဝေါ်ခဲကြသည်မှာ မည်သည့်ခေတ် မည်သည့်ကာလတွင် စတင်ခေါ်ဝေါ်ကြသည်ကို တိတိကျကျ မသိရှိရပေ။ အချို့သော သမိုင်းပညာရှင်များကမူ “တိုင်း” ခေါ်ရှမ်းလူမျိုးများသည် အန်တိုင်းတောင် (Altai mountain) မှဆင်းသက်လာသဖြင့် “တိုင်း” ဟုခေါ်တွင်လာကြောင်း။ တရုတ်လူမျိုးတို့သည် ရှမ်းကို “တာ့၊ တိုက်၊ တိုင် ၊ဒွေလ်” ဟုခေါ်ကြသည်။အချိုကမူ လွန်ခဲသော နှစ်ပေါင်း ၆၀၀၀ ကျော် (ဘီစီ-၄၀၀၀)ခန့်တွင် ရှမ်းလူမျိုးတို့သည် အီရတ်နိုင်ငံအတွင်းရှိ တိုင်းဂရစ် Tigris မြစ်ဝှမ်းတွင် နှစ်ထောင်ပေါင်းများစွာ နေထိုင်လာသဖြင့် “တိုင်း” ဟုခေါ်ကြောင်းလည်း ယူဆကြသည်။

အချိုသော သမိုင်းပညာရှင်များ၏ ယူဆချက်အရ “တိုင်း” ခေါ် “ရှမ်း” လူမျိုးများသည် တရုတ်လူမျိုးတို့ထက်စော၍ မြိုပြတိုင်းနိုင်ငံကို တည်ထောင်ခဲ့သဖြင့် တရုတ်လူမျိုးများက ရှမ်းလူမျိုးများကို “တာ့ကော-အစ်ကို” ဟုခေါ်ကြသည်။ ထို့ကြောင့် “တိုင်း” ဟူသော ဝေါဟာရသည် တရုတ်စကား “တာ့” (ကြီးသည်) ဟူသောတရုတ်စကားလုံးမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။

ကျေးကျွန်ပိုင်ခေတ်တွင် လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဖမ်းဆီး၍ ကျေးကျွန်ပြုစေခြင်း၊ စစ်သုံ့ပန်းများကို ကျေးကျွန်ပြုခြင်းများ ပြုလုပ်လာကြသည်။ မျက်မှောက်ခေတ်သို့ ရောက်လာသောအခါ “တိုင်း” ဝေါဟာရကို “ကြီးမြတ်ခြင်း၊ အရှင်သခင်၊ လွတ်လပ်သူ=Freeman” ဟုအဓိပ္ပါယ် ဖွင့်ဆိုလာကြသည်။ ထိုင်း၊ လော၊ ယွန်း၊ လူး၊ ဂုံနှင့် လျန်း(မ်) တို့၏စကားတွင် “ခါ-စဝ် = ကျွန်သခင်” အစား “ခါ-တိုင်း” ဟု ယခုတိုင်အောင် သုံးနှုန်းထားသည်ကို တွေ့ရသည်။

သာသနာသက္ကရာဇ် ၂၅၃၀ ထုတ် ထိုင်းအဘိဓာန်တွင် “တိုင်း”ကို “ကြီးမြတ်သူ၊ ရှမ်း Siam နိုင်ငံတော်၏ ရှေးဟောင်းမြို့အမည်၊ ကိုယ်စိတ်နှစ်ပါး လွတ်လပ်ခြင်း၊ ကျွန်မဟုတ်ခြင်း” ဟုဖွင့်ဆိုထားသည်။

အချုပ်အားဖြင့်ဆိုသော် “တိုင်း” သောဝေါဟာရသည် တရုတ်စကား၊ အင်္ဂလိပ်စကား၊ ပါဠိစကား မဟုတ်ပေ။ စင်စစ် ရှေးခေတ် ရှမ်းလူမျိုးတို့၏ စကားပင်ဖြစ်သည်။

Mokkham Sai

Read more...
Thursday, April 11, 2013

တကယ်ရှိခဲ့ကြောင်း သက်သေပြခြင်း

0 comments
ဧပြီ(၁၁)

တကယ်ရှိခဲ့ကြောင်း သက်သေပြခြင်း
လူအမည် ............သိဒ္ဓတ္တ
ဘုရားဘွဲ့.................ဂေါတမ
မိဘအမည်........................သုဒ္ဓေါဒနမင်း နှင့် မယာဒေ၀ီ
ကြင်ယာတော် .........................ယာသောဓ၇ာ
ယောက်ဖ..............................ဒေ၀ဒတ်
မိထွေးတော်...........................ဂေါတမီ
နေပြည်တော်...........ကပိလ၀တ်ပြည် (သက္ကတိုင်း ၊ မဇ္ဖျိမဒေသ )
မွေးဖွားရာနေရာ..........လုမ္မိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟအကြား )
နန်စံနှစ်.............
.....................၁၃ နှစ် ( ၁၆ မှ ၂၉ )
နိမိတ်ကြီးများ...............................သူအို ၊သူနာ ၊သူသေ ၊ရဟန်း
ဗျာဒိတ်ခံယူသောဘ၀ ......................သုမေဓာရသေ့
ဗျာဒိတ်ခံယူသော နေ့ ..........................ကဆုန်လပြည့်နေ့
ဗျာဒိတ်ပေးသောဘုရား..........................ဒီပင်္ကရာမြတ်စွာဘုရား
ပါ၇မီဖြည့်ဖက်.........................သုမိတ္တာအမျိုးသမီး ( ယသောဓရာအလောင်း )
ပါရမီကာလ...........................လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း (သုမေဓာဘ၀မှ ဝေဿန္တရာဘ၀အထိ )
ပါ၇မီဖြည့်ရခြင်း ရည်ရွယ်ချက်...................သတ္တ၀ါများအကျိုးဆောင်ရွက်ရန်
ဒုက္ခရစရိယာကျင့်ရသောကာလ............... ၆ နှစ်ကြာ ( ၉၃ မှ၁၀၃ )
ဒုက္ခရစရိယာကျင့်သည့်နေရာ..........................ဥရုဝေဋ္ဋတော
ဘုရားဖြစ်ချိန်သက်တော်............................၃၅ နှစ်အရွယ်
ဘုရားပွင့်ရာသက်တမ်း........................၁၀၀ တမ်း
အလုပ်အကျွေး..........................ပဉ္စ၀ဂ္ဂီငါးဦး ( ဒုက္ခရစရိယာကျင့်ခိုက် )
တရားဟောသည့်နေရာ......................ဗာရာဏသီပြည် ၊မိဂဒါဝုန်တော
ပထမဆုံး သာဝက..............................ပဉ္စ၀ဂ္ဂီငါးဦး
နောက်ဆုံး သာဝက.......................သုဘဒ္ဒပရိဗိုဇ်
လက်ယာရံ အဂ္ဂသာဝက...............................အရှင်သာ၇ိပုတ္တသာ
လက်ဝဲရံ အဂ္ဂသာဝက..................................အရှင်မောဂ္ဂလာန်
အဆုံးအမ သာသနာ......................................ပ၇ိယတ္တိ ၊ပဋ္ဋိပတ္တိ ၊ ပဋ္ဋိဝေဓ
ကျင့်စဉ်သိက္ခာ...............သီလ ၊သမာဓိ ၊ပညာ ။
ချမှတ်သောလမ်းစဉ်....................................မဇ္ဈိမပဋ္ဋိပဒါ ( မဂ္ဂင်လမ်းစဉ် )
သန္ဓေယူသောနေ့....................မဟာသက္ကရာဇ် ၆၇ ၊၀ါဆိုလပြည့် ၊ကြာသပတေးနေ့။
ဖွားမြင်သောနေ့.............................. မဟာသက္ကရာဇ် ၆၈ ၊ကဆုန်လပြည့် ၊ သောကြာနေ့ ။
တောထွက်သောနေ့........................မဟာသက္ကရာဇ် ၉၇ ၊၀ါဆိုလပြည့် ၊တနင်္လာနေ့ ။
ဘုရားဖြစ်သောနေ့.................................မဟာသက္ကရာဇ် ၁၀၃ ၊ ကဆုန်လပြည့် ၊ဗုဒ္ဓဟူးနေ့ ။
ဓမ္မစကြာဟောသောနေ့...................... မဟာသက္ကရာဇ် ၁၀၃ ၊ ၀ါဆိုလပြည့် ၊စနေနေ့ ။
ပရိနိဗ္ဗာန်စံသောနေ့............................... မဟာသက္ကရာဇ် ၁၄၈ ၊ကဆန်ုလပြည့် ၊ အင်္ဂါနေ့ ။
တေဇောဓါတ်လောင်သောနေ့..............................မဟာသက္ကရာဇ်..၁၄၈ ၊ကဆုန်လဆုတ် ၁၂ ၊ တနင်္ဂနွေနေ့။

Myanmar Forward
Read more...
Friday, January 18, 2013

ထိုင်းရဲတွေ မြန်မာစာနဲ့ ကရင်စာ သင်နေကြပြီ

0 comments


 
ယမန်နေ့က မဲဆောက်တွင်ပြုလုပ်သည့် မြန်မာစာ သင်တန်းဖွင့်ပွဲ။ ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ

ပြည်တော်မြင့် ~

ထိုင်း-မြန်မာ ၂ နိုင်ငံပြည်သူများနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်ဘို့အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ထိုင်းရဲ ၂၀၀ ကျော် ယမန်နေ့ ဇန်န၀ါရီလ ၁၇ ရက်နေ့ကစပြီး မြန်မာစာနဲ့ ကရင်စာကို စတင်သင်ကြားဘို့ အတွက် မဲဆောက် ရဲစခန်းမှာ ဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။ 



ယမန်နေ့ကစပြီး ရက်သတ္တ တပတ်ကို ၂ ရက်နှုံးနဲ့ စက်တင်ဘာလ အထိ သင်ကြားကြမှာဖြစ်ပြီး သင်တန်း ဆရာတွေက မဲဆာက်မှာရှိတဲ့ CDC မြန်မာ ရွှေ့ပြောင်း အထက်တန်းကျောင်းက မြန်မာဆရာတွေပါ။ 

မြန်မာစာ၊ ကရင်စာ သင်ယူကြမယ့် ထိုင်းရဲများ

ဒီအစီအစဉ်ကို ကမကထပြုတာက အာစီယံ စီးပွားရေးကော်မတီ AEC ဖြစ်ပြီး မြန်မာနိုင်ငံ မြ၀တီက ဌာနဆိုင်ရာ ၀န်ထမ်းတွေလည်း ထိုင်း စာသင်ကြားပေးမယ့် အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။ 

အိမ်နီးခြင်းနိုင်ငံက ဘာသာစကားကိုပြောဆိုနိုင်ခြင်းအားဖြင့် ၂ နိုင်ငံချစ်ကြည်ရေးကို ပိုမိုတိုးတက်စေ မှာ
ဖြစ်တယ်လို့ တာ့ခ်ခရိုင်က ရဲချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်စုံဖောအခလဒေချိုချိုင်းက ဒေသခံ သတင်းထောက် 
တွေ ကိုပြောဆိုပါတယ်။ 

သင်တန်းမှာ ထိုင်းရဲ ၂၀၀ ကျော်နဲ့အတူ ထိုင်းစေတနာ့ဝန်ထမ်း ၁၀၀ ခန့်လည်း တက်ရောက်သင်ကြားကြ မှာဖြစ်ပြီး အင်္ဂလိပ်ဘာသာကိုတော့ နိုင်ငံခြားကဆရာတွေလာရောက်သင်ကြားပေးဘို့ရှိပြီး အဓိက မြန်မာနဲ့ ကရင်ဘာသာကိုသင်ကြားကြမှာဖြစ်ပါတယ်။ 


မဲဆောက်က တရားမ၀င်အလုပ်သမား အများစုကတော့ ထိုင်းရဲတွေ မြန်မာစကား တတ်မြောက်ခြင်း အားဖြင့် သူတို့နဲ့ဆက်ဆံရာမှာ ပိုမိုအဆင်ပြေနိုင်မယ်လို့ သုံးသပ်ပြောဆိုကြသည်။ 


မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် ၉ မြို့နယ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သိန်းရှိပြီး မဲဆောက်ဒေသ မှာတော့ ၂ သိန်းခန့်ရှိပြီး အလုပ်ရုံ စက်ရုံတိုင်းမှာ မြန်မာစာနဲ့စကားကိုဘဲ အသုံးပြုနေကြပါတယ်။
The Irrawaddy's Blog
Read more...
Wednesday, September 26, 2012

အခြေခံ ရှမ်းစကားပြော သင်တန်း ဖွင့်ပွဲကျင်းပ

0 comments

(တောင်ကြီး စက်တင်ဘာ ၂၅)
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ ခန်းမ၌ စက်တင်ဘာ ၂၃ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ် ရေး အဖွဲ့တို့ ပူးပေါင်း ကျင်းပသော အခြေခံ ရှမ်းစကားပြော သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေနှင့် အဖွဲ့ဝင်များ၊ ခရိုင် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာ အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်း ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ ကြသည်။
ယင်းသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၆၆ ဦး တက်ရောက်ကြပြီး သင်တန်းပို့ချ နေမှုများကို ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့နှင့် ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ref;မြ၀တီ


Read more...
Tuesday, September 25, 2012

ရှမ်း(သျှမ်း)=မြန်မာစကားပြောမယ်(နှုတ်ဆက်-မေးဖြေခန်း)

0 comments
ဤ ပို့လေးသည် သျှာမ်း နှင့် မြန်မာ နှစ်ဘာသာတွဲပြီး လေ့လာလွယ်အောင် ရေးသားထားပါသည်။ အစမှ အလယ်- အဆုံးထိအောင် အစီအစဉ်အတိုင်းလေ့လာသွားပါ ကလွယ်ကူစွာ တတ်မြောက်နိုင်ပါလိမ့်မည်။ သျှာမ်းအသံထွတ်နှင့် အနီးစပ်ဆုံးဖြစ်အောင်လည်း တတ်နိုင်သလောက် ကျိုးစားပြီး သတ်ပုံ သတ်ညွှန်းများရှာဖွေ၍ ပြုစုထားပါသည်။
  • (ပ)သတ်နှင့် (မ) သတ်ပါ သောစာလုံးများဆိုပြီး ပါးစပ်ပိတ်ရမည်။
  • ဥပမာ (ကမ်) CUM (ကပ်) CUP စာလုံးများ ပါးစပ်ပိတ်သံဖြစ်သည်။
  • (ယင်) ကို မသတ်လိုက်ရင် (YIEM) ယင်(မ်)-ငှါးသည်။ ပါးစပ်ပိတ်သံ။
  • (၀) မသတ်ပြီး (န) သတ်လိုက်ရင် (NON)(နောန်း) အိပ်သည်။ ပါးစပ်ပိတ်သံမဟုတ်။
  • (ကွာ) ကို (မ) သတ်လိုက်ရင် (ကွာမ်း) စာကား။ ကွာမ်းတိုင်း-သျှာမ်းစကား။
  • (လော)ကို တ. သတ်လိုက်ရင် (LOT) လောတ်နမ့်-ရေပိုက်။
  • (မေ) ကို တ. သတ်လိုက်ရင် (MEAT)မေတ့်-မိနစ်။
  • (ဆစ်)ကို ပ. သတ်လိုက်ရင် (SIP) ဆစ်(ပ်း)တစ်ဆယ်။
  • (ကော) ကို . ၀ သတ်လိုက်ရင် ကောင့်-ကိုး(အရေအတွက်)။
  • (ဆဲ) ကို န. သတ်လိုက်ရင် ဆဲန်-တစ်သိန်း
  • (ကော)ကို တ. သတ်လိုက်လို့ရှိရင် (COD)ကောတ်း-မွဲသည်။


နှုတ်ဆက်-မေးဖြေခန်း

သျှမ်းမြန်မာ
မိုင်ဆုန်မင်္ဂလာပါ
ယူလီဟားနေကောင်းရဲ့လား
ယူလီယူနေကောင်းပါတယ်
မားမေလိုင်ဘယ်တုန်းက လာသလဲ
မားမေ၀ါးမနေ့က လာတယ်
မားမေနိုက်ဒီနေ့ပဲ လာတယ်
မားဟင်ယော့(၀့်)လာတာကြာပြီ
တေမေးယော(၀်)ဟားပြန်တော့မလား
တေမေးယော(၀့်)ပြန်တော့မယ်
အမ်ပိုင်မေးမပြန်သေးဘူး
တေမေးမေ့လိုင်ဘယ်တော့ပြန်မလဲ
မားဆိဆန်ဘာလာဝယ်သလဲ
မားခိုင်ဆန်ဘာလာရောင်းသလဲ
မားဆိကားကားလာဝယ်တယ်
ဆိယော(၀့်)ဟားဝယ်ပြီးပြီလား
အမ်ပိုင်ဆိမ၀ယ်သေးဘူး
ဆီယော(၀့်)ယော(၀့်)၀ယ်ပြီးပြီ
တိတ့်ဟာယူရှာနေဆဲပဲ
ဟာပိုင်ညားရှာလို့မတွေ့ သေးဘူး
စွယ်ဟာပန်ဟောင်းလယ့်ကျွန်တော်တို့ကိုကူရှာပေးပါ
ဆူဟုဟားခင်ဗျားသိသလား
ဆူမီးနယ်ခင်ဗျားရှိသလား
ဆူဟန်ဟိခင်ဗျားမြင်သလား
နွန်းတီလိုင်ဘယ်မှာတည်းသလဲ
နွန်းဟင်း(မ်)နိုက်ဒီနားမှာတည်းတယ်
နွန်းတီပွန့်ဟိုဖက်မှာတည်တယ်
နွန်းကိုင်နာအဝေးကြီးမှာတည်းတယ်
အမ်ပေါကိုင်သိပ်မဝေးဘူး
စမ်စမ်ကွဲနီးနီးပဲ
တန်းဝမ်းအောက်အရှေ့ဖက်မှာ
တန်းဝမ်းတုတ်အနောက်ဖက်မှာ
တန်းဟောင်မြောက်ဖက်မှာ
တန်းစန်းတောင်ဖက်မှာ
မား လိုင်ကော့ဘယ်နှစ်ယောက် လာသလဲ
မား ဆမ်ကော့ သုံးယောက် လာတယ်
မေဖုတ်မနက်ဖြန်
ဟောင်းသေးမားကျွန်တော်တို့လာမယ်
ဆူပိုင့်ဝိုက်နာ့ခင်ဗျား စောင့်နေပါနော်
Read more...

ရှမ်း(သျှမ်း)=မြန်မာစကားပြောမယ်(ဆက်သွယ်ရောင်းဝယ်ခမ်း)

0 comments
ဤ ပို့လေးသည် သျှာမ်း နှင့် မြန်မာ နှစ်ဘာသာတွဲပြီး လေ့လာလွယ်အောင် ရေးသားထားပါသည်။ အစမှ အလယ်- အဆုံးထိအောင် အစီအစဉ်အတိုင်းလေ့လာသွားပါ ကလွယ်ကူစွာ တတ်မြောက်နိုင်ပါလိမ့်မည်။ သျှာမ်းအသံထွတ်နှင့် အနီးစပ်ဆုံးဖြစ်အောင်လည်း တတ်နိုင်သလောက် ကျိုးစားပြီး သတ်ပုံ သတ်ညွှန်းများရှာဖွေ၍ ပြုစုထားပါသည်။
  • (ပ)သတ်နှင့် (မ) သတ်ပါ သောစာလုံးများဆိုပြီး ပါးစပ်ပိတ်ရမည်။
  • ဥပမာ (ကမ်) CUM (ကပ်) CUP စာလုံးများ ပါးစပ်ပိတ်သံဖြစ်သည်။
  • (ယင်) ကို မသတ်လိုက်ရင် (YIEM) ယင်(မ်)-ငှါးသည်။ ပါးစပ်ပိတ်သံ။
  • (၀) မသတ်ပြီး (န) သတ်လိုက်ရင် (NON)(နောန်း) အိပ်သည်။ ပါးစပ်ပိတ်သံမဟုတ်။
  • (ကွာ) ကို (မ) သတ်လိုက်ရင် (ကွာမ်း) စာကား။ ကွာမ်းတိုင်း-သျှမ်းစကား။
  • (လော)ကို တ. သတ်လိုက်ရင် (LOT) လောတ်နမ့်-ရေပိုက်။
  • (မေ) ကို တ. သတ်လိုက်ရင် (MEAT)မေတ့်-မိနစ်။
  • (ဆစ်)ကို ပ. သတ်လိုက်ရင် (SIP) ဆစ်(ပ်း)တစ်ဆယ်။
  • (ကော) ကို . ၀ သတ်လိုက်ရင် ကောင့်-ကိုး(အရေအတွက်)။
  • (ဆဲ) ကို န. သတ်လိုက်ရင် ဆဲန်-တစ်သိန်း
  • (ကော)ကို တ. သတ်လိုက်လို့ရှိရင် (COD)ကောတ်း-မွဲသည်။

ဆက်သွယ်ရောင်းဝယ်ခန်း

သျှမ်းမြန်မာ
မားတွေးခါ့လဲ့လာကြည့်ပါခင်ဗျား
မားနန့်ခါ့လဲ့လာထိုင်ပါခင်ဗျား
ခိုက်လိုက်ဆန်ခါ့ဘာလိုချင်သလဲခင်ဗျာ
ခိုးအန်နိုက်ဒီပစ္စည်းဟာ
မားမိန်းဂျပန်ဂျပန်ပြည်ကလာတယ်
နိုက်မားမိန်းခယ်ဒါကတရုတ်ပြည်က လာတယ်
မားပန်ဟိုင်းလယ်လာအားပေးပါ
မားစွယ်ဆိခါ့လဲ့လာဝယ်ပါခင်ဗျား
ဆဲန်းယိုင်ကော့မီးအကြီးစားလည်းရှိတယ်
နိုက်ပင်အန်လိတ်ဒါကအငယ်လေ
နိုက်ဆမ့် စဟတ်နော်ဒါကတော့အလတ်စားနော်
မီးကူဆဲန်းခါ့ဆိုက်စုံရှိပါတယ်ခင်ဗျား
လီဆေနိုက်ကော့မီးဒီထက်ကောင်းတာလည်းရှိတယ်
နိုက်အောက်လင်းဆွယ်ဒါကနောက်ဆုံးပေါ်လေ
စောင်ကျိတ်ဟားကြိုက်သလား
တေအောင်အန်လိုင်ဘယ်ဟာယူမလဲ
အန်နိုက်ကာဟေဒီဟာဘယ်လောက်လဲ
နေထိုင့်အန်နန့်လယ်ဟိုဟာထက်ပြပါအုံး
နိုက်ဆမ့် ကာဟေဒါကဘယ်လောက်လဲ
ပေါအောဝ်ပတ်လိုဒါဇင်တစ်ရာ ယူမယ်ဆိုရင်
တေယွမ်းကာဟေဘယ်လောက်ထားမလဲ
ခန်ယွဲ့ ၀ိုက်စေ့ဟေလက်လီဈေး ဘယ်လိုထားလဲ
ခန်လုမ်း ခိုင်ကာဟေအားလုံးဈေး ဘယ်လောက်ရောင်းသလဲ
တေလတ်နယ် ခန်ခိုင်ရောင်းဈေးပြောပြမယ်
ဆောင်အန် ယေတောင်နှစ်ခု လေးကျပ်
ယေဟွေ ဟာပြားတစ်လုံး ငါးကျပ်
ယေဟော် ဆစ်(ပ်)ဟာတစ်ထုပ် ဆယ့်ငါးကျပ်
ယေကောက် ဆမ်ခန့်တစ်ခွက် သုံးဆယ်
ယေစစ် ဆီလုတ့်လေးလုံးကို အစိတ်
ယေစွယ့် ဟုတ်ခန်တစ်ပိဿာ ခြောက်ဆယ်ကျပ်
ယေကုမ်း ဆမ်လျဲမ့်သုံးချောင်းကို နှစ်ရာကျပ်
ယေကူ ဆီပတ်တရံ လေးရာ
ယေပေ ကောဝ်ခန်ဟာပြားတပြည် ကိုးဆယ့်ငါးကျပ်
ယေအဲပ် ဆစ်(ပ်)ပက်ပြားတစ်ဗူး ဆယ့်ရှစ်ကျပ်
ယေလဲန်း ဆောင်ပြားတစ်လိပ် နှစ်ကျပ်
ယေမတ့် ဆစ်(ပ်)ဆောင်တစ်စည်း နှစ်ကျပ်
ယေစေါက် ဟာတောင်တစ်ထုပ် နှစ်ဆယ်ကျပ်
ယေလို- စိတ်ခန်တစ်ဒါဇင် ခုနှစ်ဆယ်
ယေဆွဲ့ ပက်ခန်ဆမ်တစ်ကုန်း ရှစ်ဆယ့်သုံးကျပ်
ယေကျပ် မွန်ဟာတစ်ကျပ်သားငါးထောင်
ယေပပ့် ဆီမွန်တစ်အုပ် လေးသောင်း
ယေကိန် ကောဝ့်ဟိန်ဟာ့တစ်လိပ် ကိုးထောင့်ငါးရာ
ယေဖင် ဟိန်ပိုင်ကွမ်းတစ်ထည် ထောင့်နှစ်ရာကျပ်
ယေဆောက် စွယ့်စစ်တစ်ထောင့် တစ်ရာ့အစိတ်
ယေတိတ် မွန်ဆောင်ဟိန်တစ်သေတ္တာ သောင်းနှစ်ထောင်
ယေစုံ(မ်) စတ်ဟိန်တစ်စုံ ခုနှစ်ထောင်
ယေတန် ဟာပတ်တစ်တင်း ငါးရာကျပ်
ယေဆောင်း ဆောင်ဟိန်ပြားတစ်သောင်းကို နှစ်ထောင်ကျပ်
ခိုက်လိုက်ဆန်ထိုင့်နောက်ထပ်ဘာလိုသေးသလဲ
ခိုက်လိုက်ဆောက်တင်ဖိနပ်လိုချင်တယ်
မတ်ဟိုကော့ ခိုက်လိုက်ဦးထုပ်လည်း လိုချင်တယ်
မတ်ဟို ကျွန်းထောဝ့်လူကြီး ဦးထုပ်
မတ်ဟို ကွန်းနွမ်လူငယ် ဦးထုပ်
မတ်ဟို တီးခေါဝ်းကတ်ဆောင်းတွင်းဆောင်း ဦးထုပ်
မတ်ဟို တီးခေါဝ်ဖွန်မိုးတွင်းဆောင်း ဦးထုပ်
တီးတွေးလယ်ဆောင်းကြည့်ပါ
ယိုင်အစ်နိမ့်နည်းနည်းကြီးတယ်
လိတ်အစ်နမ့်နည်းနည်းငယ်တယ်
ကပ်ကွာယောဝ့်ကျပ်သွားပီ
လုမ်ကွာယောဝ့်ချောက်သွားပီ
နိုက် တိတ်မင်ယောဝ့်ဒါအတော်ဘဲ
ခိုက်လိုက် ဆီမွန်မီးခိုးရောင်လဲ ရှိတယ်
အောဝ် ဆီတောဝ်းလယ်ရေညှိရောင် ယူပါ
ဆီနိုက် ခိုင်လီအေ့ဒီအရောင် ရောင်းကောင်းတယ်
ဆီးချိုကော့ မီးအစိမ်းရောင်လဲ ရှိတယ်
ဆီခေါင် ခဲန်းဟန်လီပန်းရောင်ပိုလှတာ်
ဆီလိုင် ခဲန်းဟေ့အနီရောင်ပိုတောက်တယ်
ဆီလိန်ကော မီးဟားအ၀ါရင့် ရောင်ရှိသလား
ဆီကမ်ကော လီယူအညိုရောင်လဲကောင်းပါတယ်
ဆောမ်နွမ် ကွန်းကျိတ်နမ်အေ့ပြာနုရောင် လူကြိုက်များတယ်
လိတ်ဆေနိုက် မီးဟားသည့်ထက်ငယ်တာ ရှိသလား
အောဝ်ဆီစေး ကူဆဲန်းဆဲန်းဆိုက်စုံအရောင်စုံယူမယ်
တန်းဆိန့် တေအောဝ် ပတ်လိုအားလုံး ဒါဇင်တစ်ရာ ယူမယ်
ပုတ်ပန် ခဲမ့်ခဲမ့်ကောင်းကောင်း ထုပ်ပေးပါ
ဆံပန်တီ တာကားကားဂိတ်မှပို့ပေးပါ
မိုင်တစ် အောဝ်ဆီး(မ်)၀ိုက်လယ်ဖြတ်ပိုင်း သိမ်းထားပါ
နိုက်ပင် ဟိန်းလိစ်ဟောဝ်းသည်ဟာ ကျွန်တော်တို့လိပ်စာ
ပေါက်လင်း မားထိုင့်နာ့နောက်လည်းလာဦးနော်
တေ၀ိုက်ပန် ခန်ထုတ်ထုတ်ဈေးသင့်တော်အောင် ထားပေးမယ်
စုမ်းတယ့်တယ့်ခါ့သိပ်ဝမ်းသာပါတယ်
မေးလွဲလွဲနာ့ဖြေးဖြေးပြန်ပါနော်
 
Read more...
Sunday, September 23, 2012

iPhone 5 အသစ်ကို ပထမဆုံးအကြိမ် ခွဲစိပ်ဖြာကြည့်ခြင်း [ Photos ]

0 comments
iPhone 5 အစစ်ရဲ့ အတွင်းပိုင်းမှာ ဘာတွေနဲ့ဖွဲ့စည်းထားတယ်ဆိုတာ
Myanamr Mobile Uses တွေနဲ့အတူ
ပထမအဆုံးအကြိမ် ဖွင့်ပြီး ကြည့်ကြည့်ရအောင် ..
ဓာတ်ပုံတချို့နဲ့အောက်မှာ ဖော်ပြပေးထားတဲ့အတွက် ဗဟုသုတ အနေနဲ့ပဲဖြစ်ဖြစ်
လေ့လာကြည့်ကြရအောင် ….
Source Link : Pandadapp.com

ref: MMA
Read more...
Tuesday, September 18, 2012

မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း

0 comments
စက်တင်ဘာလ(၁၈)

မိုင်းပွန် စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏ သား စပ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်၊ စော်ဘွားကြီး ဖွားမြင်ချိန် ဟင်းဖိုင်း သျှမ်းအခေါ် မီးဖွား အိမ်အောက်သို့ ကျားတကောင် ၀င်လေသည် သောကြာနေ့ ညဥ့် -၃ ချက်တီးကျော်ချိန် အဓိပတိဖွား စ၀်သာထွန်း မည်၏နောင်မှ မိုင်းပွန် စော်ဘွားကြီး စ၀်စံထွန်းဟူ၍ ထက်ရှားလာကာ ပြည်ထောင်စု ခေတ်ဦးကာလ၀ယ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ကျဆုံးခဲ့သော သျှမ်းအမျိုးသား ခေါင်းဆောင်ကြီး ဖြစ်တော့သည်။
၅-နှစ်သားအရွယ်တွင် တရားမစာရေးကြီး ဦးစံဖေထံ မြန်မာ၊ အင်္ဂလိပ်စာပေ အခြေခံကို ၂-နှစ်သင်ယူပြီး တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ အထက်တန်းကျောင်းတွင် ဆက်လက်သင်ကြားရာ ထိုကျောင်းမှ ၁၀-တန်းအောင်မြင်လေသည်။ မန္တလေး ပုလိပ် အတတ်သင် ကျောင်းလည်း တက်ခဲ့ ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ မန္တလေးမြို့ ရဲအုပ်သင်တန်းကျောင်းတွင် ၆-လတက်ရောက်ပြီး ဗန်မော်မြို့တွင် အလုပ်သင်ဝန်ထောက်အဖြစ် ခေတ္တဆောင်ရွက် သည်၊ ထိုမှတဖန် တောင်ကြီးမြို့ ရှမ်းပြည်မင်းကြီးရုံတွင် အလုပ်လုပ်သည်၊ ၁၉၂၀-၀ါဆိုလဆန်း ၁၁-ရက်နေ့တွင် အခမ်းအနား ဖြင့်စော်ဘွား ရာထူးဆက်ခံရသည်မှ မိုင်းပွန်စော်ဘွားဟု အမည်တွင် လေတော့သည်၊ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြီး၏

မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်းနှင့် ဇနီး မဟာဒေ၀ီ စ၀်ခင်သောင်း တို့မိသားစု Â


သမီး စပ်ခင်သောင်း (စ၀်ခွန်ချို၏နှမ)နှင့် လက်ထပ်မင်္ဂလါပြု၍ သားသမီး ၄ ယောက်ထွန်းကားလေသည်၊ စော်ဘွားကြီး၏ဇနီး မဟာဒေ၀ီ စ၀်ခင်သောင်းသည် ဂျပန်အပြေးတွင် မိုင်းတပ်တွင် ကွယ်လွန်ခဲ့သည်။ စော်ဘွားကြီးသည် စာဖတ် ၀ါသနာပါသည့်အပြင် ဂီတကိုလည်း နှစ်သက် ၀ါသနာ ပါသည် အလျှောက်အတန်ပင် လိုက်စားခဲ့၍ အကော်ဒီယံခေါ် လက်ဆွဲဘာဂျာနှင့် ၀ါးပတ္တလားကို ကျွမ်းကျင်စွာ သီးခပ်နိုင်သည်၊ နှစ်သစ်သင်္ကြန်ရက်များတွင် ဟွေတောက်ရွာသို့သွားရောက် သိုင်းပညာလေ့ကျင့်လေ့ရှိသည်။ အရက်သေစာ၊ ကွမ်း၊ ဆေးလိပ်များကို လုံးဝရှောင်ကျင်သည်။ ဂျပန်ခေတ် သျှမ်းရွာသားများအား ဂျပန်များဈေးဝယ်ခိုင်းရာတွင် ဂျပန်များမိမိဘာသာဝယ်ရန် ရွာသားများဝယ်ရန်မလိုဟု ရဲဝန့်စွားပြောဆိုဝန့်သူ၊ ကိုယ်ပိုင်စာကြည့်တိုက် ထားပြီးစာဖတ်သည်၊ သျှမ်းစာပေကို မိမိစာရေးကြီးများထံ ထပ်မံသင်ကြားပြန်သည် ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။ ကျမ္မာရေးကို အထူးဂရုစိုက်၍ နေ့စဉ် နံနက်စောစောထပြီး လမ်းလေ့ရှိသည်။ စောဘွားကြီးသည် စစ်မဖြစ်မီက ကမ္ဘားသဲကျောက်များဖြင့် လူနာ (၆၀)ဆန့်ခေတ်မှီ ဆးရုံးကြီးကို ကိုယ်တိုင်ကြပ်မတ် အစဆုံးတည်ဆောက်ခဲ့သည်။ ဘာသာတရားကိုင်းရှိုင်းသူဖြစ်၍ တန်းဆောင်မုန်း၊ တပေါင်းပွဲတော်ကြီးများ၌ ကိုယ်တိုင်ချက်ပြုပ် ကပ်လူလေ့ရှိသည်၊ ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့ ပြန်ဝင် လာသော် ယင်းနှင့်အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့သည့် စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ လုပ်ကြံ ခံရပြီး၊ ဇူလိုင်လ ၂ဝ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန် ခဲ့သည်။

à စော်ဘွားကြီး စ၀်စံထွန်း နောက်ဆုံးနေသွားသည့် ရွှေတောင်ကြားလမ်း အိမ်အမှတ် -၃၁

စော်ဘွားကြီး၏ ကိုယ်ပိုင်စာကြည့်တိုက် Â






Ãသျှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့ တောင်ဘက်ကုန်းတွင် တွေ့

မြင်ရသော မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၏ အာဇာနည် ပြဿဒ် ဗိမာန်





အနာဂတ် သျှမ်းမျိုးစက်သစ် လူငယ်များ စော်ဘွားကြီးကဲ့သို့ သျှမ်းအမျိုးသားရေး တာဝန်များ ကျေးပွန်စွာ ထမ်းဆောင် နိုင်ကြပါစေလို့ ရည်ညွန်းတင်ပြ လိုက်ရပါသည်။

ထုတ်နုတ် - ရွှေဥသြရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ နှင့် ရန်ကုန် သျှမ်းစာပေ မြင့်တင်ရေး  
ပင်လုံနဲ့ပတ်သက်လို့ သျှမ်းအမျိုးသားတို့ အမြဲအမှတ်ရစေသော သီးချင်း

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
Read more...

သီပေါစော်ဘွားကြီး စ၀်ကြာဆိုင်နှင့် သုစန္ဒီမင်းသမီး

0 comments

  စက်တင်ဘာလ(၁၈)

သီပေါ စော်ဘွား စ၀်ကြာဆိုင် နှင့်သုစန္ဒီ မင်းသမီး တို့၏ပုံ
သီးပေါ စော်ဘွား စ၀်ကြာဆိုင်သည်သီပေါ စော်ဘွားကြီး စ၀်အုံကြာနှင့် မဟာ ဒေ၀ီ တို့မှ 1924 ဖွားမြင်တော်မှုပြီး မွေးချင်းများဖြစ်ကြသော စ၀်ကြာဆုန်၊ စ၀်မမ၊ စ၀်ကြည်စု၊ စ၀်ယဉ်နုတို့၏ မောင်အငယ်ဆုံး ဖြစ်သည်။1932 – 1935မေမြို့ ဂျိုးဇက်ကျောင်းတွင် (St.Joseph)ပညာသင်ကြား၍1935 – 1941သျှမ်း ချိ့စ်ကျောင်းတွင်၎င်း( Shan Chief` School)။ 1941 ခနှစ်တွင် အခြေခံပညာ အထက်တန်းမောင်မြင်၍ အိန္ဒိယနိုင်ငံ တာဂျီလိန် (St. Paul)၎င်း ဆက်လက်၍( Senior Cambridge)။ 1947 (January) သီပေါစော်ဘွားဖြစ်ကို ခံယူလေသည်။1949 (October) ထိုနောက် အမေရိကန်(Colorado) ပညာသင်ကြား။ 1953 (Mining Engineer)။ 1953 (March) (Austria) (Inge)အင်ဂျီးနှင့်တွေ့ဆုံ 1954 (January) စ၀်ကြာဆိုင်သည် အင်ဂျီး(Inge)နှင့်အတူ သီပေါ သို့ပြန်လည် ရာက်ရှိလာသည်။ အနာဂတ် သျှမ်းပြည်တွက် ဆားရရှိရန် ဘောကြိုဒေသမှ ဆားထွက်ရှိသည့် ဒေသတို့ ကိုယ်တိုင်ကွင်းဆင်း လေ့လါသုတေသနများ ပြုလုပ်ခဲ့သည်။ ဘော်ကြိုဘုရားပွဲတွင် သျှမ်းအမျိုးသားများသည် အလေါင်းအစား ခုံမင်းနှစ်သက်သည်ကို ကြိုက်နှစ်သက်ခြင်းမရှိ၍ နောင်အနှစ်ပွဲတော် ကျင်းပချိန်တွင် ဘော်ကြို ဘုရားပွဲတော်တွင်း အလေါင်းစားများ ပြုလုပ်ခြင်းများ ပိတ်ပင်သည်ဟု သိရှိပါသည်။ စော်ဘွားကြီး စ၀်ကြာဆိုင်သည် သျှမ်းအမျိုးသားများ ချစ်ခင်လေးခြင်း ယုံကြည်ကိုးစားခံရသော စော်ဘွားတဦးဖြစ်သည်
1948 ခုနှစ် မိုင်းရှုးစော်ဘွား စ၀်မန်ဖ၏ နေအိမ်တွင် စော်ဘွားကြီးများ တံခါးပိတ်အစည်းဝေး၌ ပထမ အချက်ဖြစ်သည့် သျှမ်းပြည်ပြည်သူ့ အစိုးရသို့ အာဏာစွန့်လွှတ်ရေးဆိုသည်ကို အားလုံးလိုလို လက်ခံခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယနိုင်ငံ မဟာရာဂျာ ( ) စော်ဘွားများသည် ပင်၎င်းတို့၏ အာဏာကို အစိုးရထံသို့ ပေးအပ်စွန့်လွှတ်လိုက်ပြီဖြစ် သောကြောင့်ပင်။ ကမ္ဘာနှင့် အ၀ှမ်းထူးခြားစွာဖြစ်ပျက် ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေကို မလွန်ဆန်နိုင်တော့ဟုလည်းကြောင်းပြုကြသည်။ ဒုတိယ- အချက်ဖြစ်သည့် လျော်ကြေးငွေယူရန် မယူရန်ကို မှု အငြင်းအခုံဖြစ်ခဲ့ကြ၏ ပြည်ထဲရေးဝန်ကြီး စ၀်မန်ဖက ဖြစ်နိုင်လျှင် လျော်ကြေးငွေကို မယူရန်တင်ပြခဲ့ပါသည်။ နောင်သောအခါတွင် သျှမ်းပြည်၏ ပြည်သူလူထုသားစဉ်မြေးဆက်တို့ အနေဖြင့် သျှမ်းပြည်ကြီးကို သျှမ်းစော်ဘွားများက ငွေကြေးဖြင့် လဲလှယ်၍ ရောင်းစားသွားခဲ့ကြသည်ဟူသော သမိုင်းအမည်း စက်ကြီးစွန်းထင်းကျန်ရစ် နေခဲ့မည်ဖြစ်ကြောင်း ရှင်းလင်း တင်ပြခဲ့ပေသည်။ ထိုအဆိုတင်သွင်းချက်ကို သီပေါ စော်ဘွား စ၀်ကြာဆိုင်နှင့် အချို့သော စော်ဘွားငယ် (နယ်ငယ်သောစော်ဘွားများကိုဆိုလိုသည်) များတဦး နှစ်ဦးခန့်ကသာ ထောက်ခံခဲ့ကြပါသည်။
သီးပေါ စော်ဘွား စ၀်ကြာဆိုင်နှင့် အင်ဂျီ တဖြစ်လည်း မဟာဒေဝီ စဝ်သုစန္ဒီ သျှမ်းမင်းသမီးလေး သူတို့ ၂ယောက်ရဲ့ ဇတ်လမ်းလေးက.. တကယ့်ကို ပုံပြင်ဆန် ပြီး ကြည်နူးဖွယ်..ကြေကွဲဖွယ်တွေ အတိနဲ့ပါ။ အချိန်က..၁၉၅၁ ခုနှစ်။ ကော်လိုရာဒို ပြည်နယ်ရဲ့ ဒန်ဗာ ဆိုတဲ့မြို့လေးက Colorado School of Mines မှာ.. ကျောင်းလာတက်ကြတဲ့..အာရှတိုက်သား မိုင်းအင်ဂျင်နီယာ ကျောင်းသားလေး နဲ့ exchange student အနေနဲ့ ခဏ ရောက်နေတဲ့ သြစကြီးယား နိုင်ငံသူလေး တို့ ချစ်ခင်စုံမက်သွားကြတဲ့.. သာမာန် အချစ်ဇတ်လမ်းလေး တခုပါပဲ။
အင်ဂျီ ကို ၁၉၃၂ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၃ရက်နေ့တွင် သြစတြီးယားနိုင်ငံ၊ Kärntenဒေသတွင် မွေးဖွါးခဲ့သည်။ ၆နှစ်သမီး အရွယ်တွင် နာဇီကျူးကျော်မှုကို ကြုံတွေ့ခဲ့ရပြီး၊ သူမ၏ အမေကိုယ်တိုင် နာဇီများ၏ ဖမ်းဆီးမှုကို သုံးကြိမ်ခံခဲ့ ရဖူးသည်။ ဒုတိယကမ္ဘာစစ်အပြီး သြစတြီးယားနိုင်ငံမှာ များစွာ ခက်ခဲဆင်းရဲ လာသောကြောင့် အမေရိကန်တွင် ပညာဆက်လက် သင်ယူရန် ဆုံးဖြတ်ခဲ့ပြီး ၁၉၅၁ခုနှစ်တွင် Fulbright ပညာသင်ဆုရရှိသူ ပထမဆုံးသော သြစတြီးယားလူမျိုး ဖြစ်လာခဲ့သည်။ အမေရိကန်နိုင်ငံ ကော်လိုရာဒို၊ အမျိုးသမီးကောလိပ်တွင် ပညာဆည်းပူးခဲ့သည်။ အဲဒီတုန်းက..ကျောင်းအုပ်ကြီးကလွဲလို့.. ဒီ အင်ဂျင်နီယာ ကျောင်းသားလေးဟာ အာရှတိုက်က.. ဘုရင်ငယ်လေး တပါး ဆိုတာ ဘယ်သူမှ မသိစေအောင်..သူကိုယ်တိုင်က..သိုဝှက်ထားခဲ့တယ်တဲ့။ ကော်လိုရာဒိုတွင် ပညာဆည်းပူးနေစဉ် Colorado school of Mining မှ မိုင်းတူးအင်ဂျင်နီယာ ကျောင်းသား သီပေါစော်ဘွား စဝ်ကြာဆိုင်နှင့် ဖူးစာဆုံခဲ့ကြသည်။ ၁၉၅၃-ခုနှစ်တွင် ကော်လိုရာဒိုရှိ သူငယ်ချင်းတစ်ဦးအိမ်တွင်ပင် လက်ထပ်ခဲ့ကြသည်။ သူတို့ ၂ယောက် လက်ထပ်ပြီးတော့.. အင်ဂျီက..ယောင်နောက်ဆံထုံးပါ.. လိုက်လာခဲ့တယ်။ သူတို့ သဘောင်္ကြီး ရန်ကုန် ဆိပ်ကမ်းကို ကပ်ကာနီးလို့ .. အလံတွေ ပုဝါတွေ တရမ်းရမ်း..ဗုံမောင်းသံ တညံညံ နဲ့ ဆိပ်ကမ်းပြည့် ကြိုနေကြတဲ့ ရှမ်းလူမျိုးတွေကို မြင်တော့မှ…. “There is something I have to tell you, my dear.” လို့ ပြောလိုက်တဲ့..ခင်ပွန်းသည်ရဲ့ စကားအဆုံးမှာ… သူမဘ၀ဟာ အရှင်လတ်လတ်ကနေပြီး.. မင်းသမီးတပါး ဖြစ်သွားခဲ့ပြီး…ပြိုင်တည်းမှာပဲ..ရှုပ်ထွေးလာနိုင်မဲ့ သူ့ အနာဂါတ်ကိုလည်း အာရုံရမိလိုက်တယ်..လို့.. အင်ဂျီက လွမ်းဆွတ် ထားပါတယ်။ သီပေါသို့ ရောက်ရှိပြီး လအတန်ကြာတွင် တရားဝင်ရိုးရာ လက်ထပ်အခမ်းအနားကို ကျင်းပခဲ့ပြီး၊ ဗေဒင်နက္ခတ်အရ မဟာဒေဝီ စဝ်သုစန္ဒီ ဟူသော ရှမ်းအမည်ကို ရရှိခဲ့သည်။ သူတို့ မောင်နှံ သီပေါ ဟော်နန်းကို ရောက်တဲ့ အချိန်ကစပြီး..အဲဒီ နယ်တခွင်မှာ ပြုပြင်ပြောင်းလဲ ရေးတွေ ဖြစ်လာတော့တယ်။ စပ်ကြာဆိုင်က..သူကိုယ်တိုင် လူဖြစ်ခဲ့တဲ့ မြေရှင်ပဒေသရာဇ် စနစ်ကြီး ကို ပြောင်းလဲဖို့ ကြိုးစားရင်း..သူ့ရဲ့ ရှမ်းအမျိုးသားတွေကို ဒီမိုကရေစီ စနစ်ဆီ လမ်းခင်းပေးခဲ့တယ်။ မြေယာတွေ ကို ပြည်သူ့ဆီ ပြန်ရောက်အောင် လုပ်ပေးခဲ့တယ်။ သူသင်ခဲ့တဲ့ ပညာတွေနဲ့..ဒီဒေသ ရဲ့ အသက်သွေးကြော..တွင်းထွက် သယံဇာတတွေ ကို အောင်အောင်မြင်မြင် ထုတ်ဖော်နိုင်ခဲ့တယ်။ သြစတြေလျ နိုင်ငံက..ဘူမိဗေဒ ပညာရှင်တွေ ငှားပြီး တိုင်းတာ ရှာဖွေရေး တွေကို အကောင်းဆုံးအဆင့် နဲ့လုပ်တယ်..။ နိုင်ငံခြားက..မျိုးစိတ်အသစ်တွေ ၀ယ်ယူပြီး.. စိုက်ပျိုးမွေးမြူရေးတွေကို..စက်မူ နည်းပညာတွေနဲ့ မြှင့်တင်ပေးခဲ့တယ်။ စဝ်သုစန္ဒီသည် အချိန်အနည်းငယ်အတွင်း ဗမာ၊ ရှမ်း ဘာသာစကားများကို သင်ယူ တတ်မြောက်လာခဲ့ပြီး မိမိကိုယ်ကို ရှမ်းလူမျိုး တစ်ဦးအဖြစ် စတင်ခံယူလာခဲ့သည်သာကမ၊ သီပေါဒေသခံများကလည်း သူမအား ရှမ်းလူမျိုး မဟာဒေဝီ တစ်ဦးအဖြစ် လက်ခံလာကြသည်။ ထို့အပြင် စဝ်သုဒေဝီသည် ခင်ပွန်းဖြစ်သူနှင့် တွဲဖက်ကာ သီပေါဒေသ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့ပြီး သားဖွားဆေးခန်းနှင့် ဗမာ၊ အင်္ဂလိပ်၊ ရှမ်း ဘာသာသုံးမျိုးဖြင့် သင်ကြားသော စာသင်ကျောင်း ကိုတည်ထောင်ရင်း ကိုယ်တိုင် လုပ်အားပေးခဲ့သည်။ မာယာရီ နှင့် ကိန္နရီ အမည်ရှိ သမီးနှစ်ဦး ထွန်းကားခဲ့သည်။ အင်ဂျီ ကိုယ်တိုင်လည်း စာသင်ကျောင်းတွေနဲ့ အမျိုးသမီးကဏ္ဍ တွေကို ကိုယ်ဖိ ရင်ဖိ ဆောင်ရွက်ခဲ့တယ်။ ဗမာလုံခြည်နဲ့ ဆံထုံးနဲ့ နေထိုင် ဆင်ယင်ခဲ့တဲ့ အင်ဂျီ တဖြစ်လဲ သုစန္ဒီမင်းသမီးကို အားလုံးက.. အလေးထား လေးစားခင်မင်ကြတယ်။ အဲဒီ ရပ်ရွာတွေမှာဆို.. သူတို့ မောင်နှံပုံကို ဘုရားစင်မှာတင်ပြီး ကိုးကွယ်တာမျိုးတောင် ရှိခဲ့တယ်တဲ့။ ဒါပေမဲ့.. လူကောင်းလူတော် တွေကို ၀မ်းပမ်းတသာ ကြိုဆို လက်ခံလေ့ မရှိတဲ့..ဒီမြေ..ဒီရေ..ဒီထုံး..ဒီအမုန်းတွေနဲ့ အတူ ၁၉၆၂ ခု နှစ် မတ်လ ရဲ့ နိုင်ငံရေး မုန်တိုင်း ထဲမှာပဲ..ရန်ကုန်မြို့လွှတ်တော်ညီလာခံ က အပြန် ဘယ်မှာ ပျောက်ဆုံး သွားမှန်း မသိတဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ကို ယနေ့ထက်ထိ ဘယ်သူမှ ပြန်မတွေ့ကြရတော့ပါဘူး။
အဲဒီ အချိန်မှာ လူမမယ် သမီး ၂ယောက်နဲ့ ကျန်ခဲ့တဲ့ အင်ဂျီ ကို သီပေါ ဟော်မှာပဲ.. အစောင့်အကြပ် ထူထပ်စွာ နဲ့ အကျယ်ချုပ် ထားခဲ့တယ်။ ဘာကိုမှ မကြောက်တတ်ခဲ့တဲ့ အင်ဂျီ ကလည်း.. သူ့ဆက်သွယ်နိုင်သမျှ အရာရှိ စစ်အာဏာပိုင် မှန်သမျှ ထံ လိုက်လံ စုံစမ်းခဲ့ပေမဲ့.. “I am writing this secretly. I am being locked up in the army lockup at Ba Htoo Myo at Lawksawk… Miss you all. Conditions here are not clean. Hope to see you soon. Cheer up yourself! I am still OK. Love, Sao Kya Seng.” ဆိုတဲ့ လျှို့ဝှက်စွာ ရောက်လာတဲ့. စာလေးတစောင်က လွဲလို့.. ဘာသဲလွန်စ မှ မရခဲ့တော့ဘူး။
၂ နှစ်လောက်.. အားမလျှော့တမ်း စုံစမ်း နေခဲ့ရင်း.. နောက်ဆုံးမှာတော့. .သူ့အတွက် အန္တရယ်တွေ ၀ိုင်းနေတဲ့..တစိမ်းပြင်ပြင် ဖြစ်လာတဲ့ အခြေအနေတွေကြောင့်.. သြစကြီးယားသံရုံးရဲ့ အကူအညီနဲ့ သမီးလေး ၂ ယောက်အတွက် နိုင်ငံကူးလတ်မှတ် အတု လုပ်ပြီး မြန်မာနိင်ငံထဲက..ခိုးထွက် လာခဲ့တော့တာ..ကနေ့အထိ..အခု စာအုပ်ကို ရေးသားဖြစ်တဲ့ အထိပေါ့။ သီပေါစော်ဘွားစောဝ်ကြာဆိုင်ဟာ.. ၁၉၆၂ခုနှစ် စစ်အာဏာ အသိမ်းမှာ တခြားသော.. တိုးတက် ထက်မြတ်တဲ့ တိုင်းရင်းသား ခေါင်းဆောင် များနည်းတူ.. လက်စဖျောက် ခံခဲ့ရပြီးနောက် အင်ဂျီ တဖြစ်လဲ သုစန္ဒီမင်းသမီးလေး ဟာသမီးငယ် နှစ်ယောက်နှစ်အတူ မြန်မာပြည်မှ ထွက်ခွါလာခဲ့ရပါသည်။ သြစကြီးယားနိုင်ငံ ဗီယင်နာမြို့Schloss Laudon ဆိုတဲ့ ဇိမ်ခံ ဟော်တယ်ကြီး တခုရဲ့ ဧည့်ခန်းထဲကို နောက်ဆုံးသော မျှော်လင့်ချက်တွေ.. နာကျည်းမူတွေ နဲ့ အတူ သမီးလေး ၂ယောက်ကို လက်ဆွဲပြီး ဟော်တည်ရှေ့ မျက်ခင်းစိမ်းစိမ်းကို ဖြတ်၍ အထဲသို့ ၀င်လာတဲ့.. အမျိုးသမီးငယ် တယောက် အဲဒီ အမျိုးသမီးကတော့..တချိန်တုန်းက.. ရပ်ရွာလူထု က..ချစ်ခင်လေးစားခဲ့ကြတဲ့.. ရှမ်းမင်းသမီးတပါး ဖြစ်ခဲ့တဲ့ ..သြစကြီးယားနိုင်ငံသူ အင်ဂျီ ဖြစ်ပြီး.. သူလက်ဆွဲလာတဲ့ ကလေး ၂ယောက်ကတော့.. ကိန္ဒရာ နဲ့ အမရာ (ကိန္ဒရီ နဲ့ မာယာရီ) ဆိုတဲ့ ရှမ်း-သြစကြီးယန်း ကပြား သမီးလေး ၂ယောက်ပါ။ သူတို့ တွေ့ဖို့ ကြိုးစားခဲ့တဲ့ သူကတော့.. လန်ဒန်မြို့မှာ ဇိမ်ခံ ရင်း ..ဆေးကုဖို့ ရောက်နေတဲ့..မြန်မာပြည်က..ခေါင်းဆောင်ကြီး ဦးနေ၀င်း (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌ) ဖြစ်ပါသည်။ အဖြစ်အပျက်တွေက..ဆယ်စုနှစ် ကြာနေပြီ ဖြစ်ပေမဲ့.. အင်ဂျီ မှာ..သူ့ခင်ပွန်းသည်ရဲ့ ကံကြမ္မာ ဘယ်လို အဆုံးသပ်ခဲ့ရတယ် ဆိုတာ..သိဖို့အတွက်..ဇွဲမလျော့ပဲ တောက်လျှောက် ကြိုးစားနေခဲ့တယ်။ အခုလည်း.. သတ္တိတွေ အပြည့်နဲ့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် မေးဖို့..သူ ရောက်လာခဲ့ပြန်တယ်။ ဒါပေမဲ့..အခန်းထဲက..ထွက်မလာတဲ့..တာဝန်ရှိသူကြီးက.. သူ့ဇနီး ဒေါ်ခင်မေသန်းကို လွှတ်ပြီး..စပ်ကြာဆိုင် မသေသေးပါဘူး..ကျန်းကျန်းမာမာ ရှိနေပါတယ် လို့.. အဖြေပေးလိုက်ပါတယ်။ ဒီအဖြေ စကားက..အခြေအမြစ်မရှိ သလို ဘယ်ကိုမှ ဆက်သွားစရာလည်း မရှိတော့တဲ့.. ငရဲကလာတဲ့ အလိမ်အညာ လမ်းဆုံးစကားတခုသာ ဖြစ်တယ်ဆိုတာ..သူသိပေမဲ့.. အခု ထက်ထိလည်း..သူ့ခင်ပွန်း အလောင်း ကို မတွေ့ခဲ့ရ။ တကယ်တော့.. ငယ်ရွယ် ထက်မြတ်တဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ဟာ.. ၁၉၆၂ ခုနှစ် စစ်အာဏာ အသိမ်းမှာ တခြားသော.. တိုးတက် ထက်မြတ်တဲ့ တိုင်းရင်းသားခေါင်းဆောင် များနည်းတူ.. လက်စဖျောက် ခံခဲ့ရတာပါ။ ဒီစာအုပ်ကို ဒုတိယ အိမ်ထောင်ဖြစ်တဲ့ ခင်ပွန်းသည်ရဲ့ အားပေးတိုက်တွန်းမူ နဲ့ ရေးသားထုတ်ဝေ ခဲ့တာဖြစ်ပြီး..အလင်းရောင် ပျောက်ကွယ်ရင်း..မှောင်စပြုနေတဲ့ ဗမာပြည်ရဲ့ ဖိနှိပ်ကန့်သတ်မူတွေကို ကမ္ဘာက သိအောင်..နောက်..သူ့ခင်ပွန်းစပ်ကြာဆိုင် ရဲ့ သူ့မြေသူ့ရေ အပေါ် တာဝန်ကျေခဲ့ပုံ.. နိုင်ငံရေး အမြင်ကျယ်ခဲ့ပုံတွေ..လူသားဆန်ခဲ့ပုံတွေကို မှတ်တင်းတင် ရစ်ဖို့ပါလို့ ဆိုထားပါတယ်။ ဒီစာအုပ်ကို ၁၉၉၄ မှာ ဟာဝိုင်ယီတက္ကသိုလ် စာအုပ်တိုက်က..ပုံနှိပ်ခဲ့ပါတယ်။ စာအုပ်ရဲ့ အတွင်းအဖုံးမှာ အမေရိကန်မှာ အခြေချ နေထိုင်နေတဲ့.. စာရေးသူ -အငြိမ်းစားကျောင်းဆရာမ ကြီး အင်ဂျီရဲ့ မဟာနဖူး ဆံထုံး မြင့်မြင့်ကြီးနဲ့ ဓါတ်ပုံ ကို ကြက်သရေ ရှိစွာ မြင်ရနိုင်ပါတယ်။ Burma lifeline ဆိုတဲ့ ဖောင်ဒေးရှင်းတခုကိုလည်း အင်ဂျီနဲ့ သူ့ဒုတိယခင်ပွန်းက မတည်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ုံသီပေါ စော်ဘွား စ၀်ကြာဆိုင်၏ ဟော်နန်းပုံ သျှမ်းပြည်မြောက်ပိုင်း ကိုလည်း စစ်အာဏာပိုင်များက မည်သူမှမ၀င်ရ အမိန့်ဖြင့် ချိတ်ပိတ်လိုက် ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သီပေါ စော်ဘွား စောဝ်ကြာဆိုင် နှင့်သုစန္ဒီ မင်းသမီး မိသားစုပုံ ဓါတ်ပုံဆေဟဲန်းနုမ် သျှမ်းအမျိုးသားတို့ အမြဲအမှတ်ရနေတဲ့ သီးချင်းလေးတပုဒ် ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်
Read more...

ရှမ်းစကားသင်မယ်

0 comments
စက်တင်ဘာလ(၁၈)

ဤ ပို့လေးသည် သျှာမ်း နှင့် မြန်မာ နှစ်ဘာသာတွဲပြီး လေ့လာလွယ်အောင် ရေးသားထားပါသည်။ အစမှ အလယ်- အဆုံးထိအောင် အစီအစဉ်အတိုင်းလေ့လာသွားပါ ကလွယ်ကူစွာ တတ်မြောက်နိုင်ပါလိမ့်မည်။ သျှာမ်းအသံထွတ်နှင့် အနီးစပ်ဆုံးဖြစ်အောင်လည်း တတ်နိုင်သလောက် ကျိုးစားပြီး သတ်ပုံ သတ်ညွှန်းများရှာဖွေ၍ ပြုစုထားပါသည်။
  • (ပ)သတ်နှင့် (မ) သတ်ပါ သောစာလုံးများဆိုပြီး ပါးစပ်ပိတ်ရမည်။
  • ဥပမာ (ကမ်) CUM (ကပ်) CUP စာလုံးများ ပါးစပ်ပိတ်သံဖြစ်သည်။
  • (ယင်) ကို မသတ်လိုက်ရင် (YIEM) ယင်(မ်)-ငှါးသည်။ ပါးစပ်ပိတ်သံ။
  • (၀) မသတ်ပြီး (န) သတ်လိုက်ရင် (NON)(နောန်း) အိပ်သည်။ ပါးစပ်ပိတ်သံမဟုတ်။
  • (ကွာ) ကို (မ) သတ်လိုက်ရင် (ကွာမ်း) စာကား။ ကွာမ်းတိုင်း-သျှာမ်းစကား။
  • (လော)ကို တ. သတ်လိုက်ရင် (LOT) လောတ်နမ့်-ရေပိုက်။
  • (မေ) ကို တ. သတ်လိုက်ရင် (MEAT)မေတ့်-မိနစ်။
  • (ဆစ်)ကို ပ. သတ်လိုက်ရင် (SIP) ဆစ်(ပ်း)တစ်ဆယ်။
  • (ကော) ကို . ၀ သတ်လိုက်ရင် ကောင့်-ကိုး(အရေအတွက်)။
  • (ဆဲ) ကို န. သတ်လိုက်ရင် ဆဲန်-တစ်သိန်း
  • (ကော)ကို တ. သတ်လိုက်လို့ရှိရင် (COD)ကောတ်း-မွဲသည်။

အိမ်ထောင်ပရိဘောဂ

သျှမ်းမြန်မာ
ခင့်နေဟိန်းးခ့ါအိမ်ပေါ်တတ်ပါခင်ဗျား
ခေါင့်နိုင်းဟိန်းခ့ါအိမ်ထဲဝင်ပါခင်ဗျား
ခိုလိုင်မီးဖိုင်နိုက်လှေခါးဒီဖက်မှာရှိတယ်
တီးဆောက်တင် ခင့်လယ့်ဖိနပ်စီးတတ်ပါ
ထောက်ဆောက်တင် ခင့်ခါ့ဖိန်ပ်ချွတ်တတ်ပါခင်ဗျား
တီထောတ်ဆောက် မီးဖိုင်နိုက်ဖိနပ်ထားဖို့ဒီဖက်မှာ
နန့် နေတန်ခါ့ထိုင်ခုံ ပေါ်မှာထိုင်ပါခင်ဗျား
အောဝ်နမ့်နိမ့်ဝမ်(န်)မားလယ့်လက်ဖက်ရည်ယူုလာခဲ့ပါ
အောဝ်နမ့်နိမ့်ခုမ် မားလယ့်ရေနွေးကြမ်းယူလာခဲ့ပါ
အောဝ်နမ့်ကတ်း မားလယ့်ရေအေး ယူလာပါ
အောဝ်နမ့်အွန် မားလယ့်ရေနွေးယူလာပါ
ဆိုင်ကောက်မားလယ်ခွက်ထဲထည့်လာပါ
ဆိုင်ဝမ် မားလယ်ပန်းကန်ထဲ ထည့်လာပါ
အောဝ်ငွဲ မားလယ်ခရားအိုးယူလာ
ငွဲတန်ဝိုက် နေဖိန်စားပွဲပေါ်မှာ ခရားအိုးတင်ထားသည်
ဖိန် ဆီစိန်လေးဒေါင့်စားပွဲ
ဖိန်မွန်းစားပွဲဝိုင်း
တန်ငုံးငဲက်အမှီပါသောထိုင်ခုံ
တန်ကောဝ်းထိုင်ခုံနိမ့်
တန်ယောဝ်းထိုင်ခုံအရှည်
တန်ပဲန့်ပျဉ်ထိုင်ခုံ
တန်ဝိုင်ဆန်ကြိမ်ကုလားထိုင်
တန်တုဝ့်ခေါက်ကုလားထိုင်
ဖိန်တုပ့်ခေါက်စားပွဲ
မော့ဝိုက်တိုင့်ခိန်ခေါဝ်ကြောင်အိမ်အောက်မှာအိုးထားသည်
ဝမ်(န်)ခေါမ်ဝိုက်နိုင်းခိန်ကြောင်အိမ်ထဲမှာ ပန်းကန်မှောက်ထားသည်
စေါ့ဆိုင်ဝိုက်နိုင်းဝမ်(န်)ပန်းကန်ထဲမှာဇွန်းထည့်ထားသည်
ထူကော့မီးဆောင်ကူတူလည်းနှစ်စုံရှိတယ်
ဝမ်ဖယ်မီးဟာမိုင်ပန်းကန်ပြားငါးချပ်ရှိတယ်
ဝမ်ဖတ်းဟန့်လီတဲ့ဟင်းပန်းကန်သိပ်လှတယ်
ဝမ်မွန်းကော့ပါးပန်းကန်လုံးလည်းပါတယ်
စော့တောင်းကန်းယောင်းကြေးဇွန်းအရှည်
စော့မေ့ကန်းပေါ(တ်)ကြွေဇွန်းအတို
စော့နမ့်နိမ့် အန်လိတ်လဖက်ရည်ဇွန်းအသေး
မစ်အွန်တန်နေခိန်စင်းတုံးပေါ်မှာဓါးငယ်တင်ထားတယ်
ဟင်း(မ်း)ခိန်မီးပုံးဖိုင်းကြောင်အိမ်နားမှာမီးဖိုရှီတယ်
ဖလုံဝိုက်တိုင့်ခိန်ကြောင်အိမ်အောက်မှာဓါးမ ထားတယ်
မော့နမ့်ကတ်းကော့မီးရေချမ်းအိုးလည်းရှိတယ်
ပုံနမ့်ဆမ်လုတ်ရေပုံးသုံးလုံး
နိုင်းလုတ်မီးကူနွန်းအခန်းထဲမှာကုတင်ရှိသည်
ကူနွန်းလုံလန်နင့်ကုတင်အကြီးတစ်လုံး
ဖါဆေနာလီနာမွေ့ရာသိပ်ထူတယ်
မွန်ဟိုတမ်းလီလီခေါင်းအုံးကောင်းကောင်းထား
ဖါဟုမ်တုပ့်ဝိုက်ယောဝ့်စောင်ခေါက်ထားပြီ
ဟောင်းဖါကော(ပ်း)ဆေ၀ိုက်အိပ်ရာခင်း -ခင်းထားသည်
ဆွတ်စါ နိုက်ဆုန်နာဇာခြင်ထောင်သိပ်မြင့်တယ်
ယောဝ်းကော့ောဝ်းရှည်လည်းရှည်တယ်
ဆိ တီလိုင်မားဘယ်မှာဝယ်လာသလဲ
ဖွိဖတ်းတူ ၀ိုက်လယ့်တံခါးဖွင့်ထားပါ
အစ်ဖတ်တူ လီလီလယ်တံခါးကောင်းကောင်းပိတ်ထားပါ
ခတ်တောယောဝ့် စန်အောက်သော့ခတ်ပြီးမှထွက်ပါ
ကတ်ဆော ဆိုင်ဝိုက်နိုင်းထောင်းအိပ်ထောင်ထဲမှာသော့ထည့်ထား
ထောင်းဆေ မီးလိုင်လုတ်အိပ်ထောင်ဘယ်နှစ်လုံးရှိလဲ
မော်နုံ့ကွန်တိုင်းဟားသျှမ်းဘောင်းဘီဝိတ်တတ်သလား
ဆေ့ဟောင်းနိုင်း တတ်ဝိုက်ချွေးခံ အင်္ကျီလှမ်းထားသည်
ပန်ယိမ်လိတ်လေ့ ကမ်းနင့်လွှခဏပေးငှါးပါ
ပန်ပါးတန်းသျှူလယ်ဆောက်ပါပေးပါနော်
ခေါန့်စောက်းတယ့် မီးယူတူကတော့ရှိတယ်
အန်တိုက်နမ့် ကော့မီးရေချိန်လည်းရှိတယ်
ခိုက်ယင်(မ်)ပါး မိုက်ထတ်းပေတန်ပါငှါးချင်တယ်
ကမ်စင်း မီးဆမ်လဲမ်ခဲတန်သုံးခေါင်းရှိတယ်
ကမ်လောတ် ကော့မီးပေါလ်ပင်လည်းရှိတယ်
ကမ်စင်း(မ်)တဲ့ အမ်မီးဖေါင်တိန်တော့မရှိဘူး
ဖိန်တဲမ့်လိတ် ဟန်လီစာရေးခုံလှတယ်
တမ်းတီနိုင်း ဟောင့်ခက်ဧည့်ခန်းထဲမှာ ထားတယ်
တမ်းတန် လောမ့်ဟောပ်ဝိုက်ထိုင်ခုံဝိုင်းရံထားသည်
တန်ဝိုင်ဆန် လောန့်လောန့်အားလုံးကြိမ်ထိုင်ခံတွေဘဲ
ယေစုမ် မီးဟုတ်လုက့်တစ်စုံမှ ခြောက်လုံးရှိတယ်
ဟောင့်ခက်မီးဖိုင်နောက်ဧည့်ခမ်းအပြင်ဖက်မှာရှိတယ်
ဟောင်နောန်း မီးတန်းနိုင်းအိပ်ခန်းအတွင်းမှာရှိတယ်
ဝမ်းဟိန်း ကွာန်နာအိမ်ဝင်းသိပ်ကျယ်တယ်
နောင်နမ့် မီးဆမ်နောင်ရေကန်သုံးကန်ရှိတယ်
လောတ်နမ့်ဆိစ်(ပ်)စောတ်ဝိုက်အားလုံးရေပိုက်သွုယ်ထားတယ်
မီးတီဆုန်ကွာန့်ကွာန့်အုတ်နံရံမြင့်မြင့်ကာထားတယ်
ဖတ်တူလိတ် ဖိုင်နောက်အပြင်ဖက်က သံတံခါး
ဖတ်တူပဲန် ဖိုင်နိုင်းအတွင်းမှာ ပျဉ်တံခါး
ခိုလိုင်မီးလိုင်တီလှေခါး ဘယ်နှစ်နေရာရှိသလဲ
ဟူးလိုင်းမီးလိုင်ဟူးပြူတင်းပေါက် ဘယ်နှစ်ပေါက်ရှိသလဲ

ဆက်လက်ဖော်ပြပေးပါမည်။
Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here