Showing posts with label ပညာရေးသတင်း. Show all posts
Showing posts with label ပညာရေးသတင်း. Show all posts
Friday, March 14, 2014

နာမည်ကျော် ဗြိတိန် Harrow School မြန်မာတွင် ဖွင့်မည်

0 comments
14.3.2014

ကမ္ဘာပေါ်တွင် ငါးကျောင်းသာ ရှိပြီး ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီ၊ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း ပန်ဒစ်နေရူး၊ ဂျော်ဒန်ဘုရင် ဟူစိန်စသည့် ကမ္ဘာကျော် ပုဂ္ဂိုလ်များကို မွေးထုတ်ပေးခဲ့သော Harrow School ပုဂ္ဂလိက ကျောင်းကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်သွားမည် ဖြစ်ဖြစ်ကြောင်း ကျောင်းတာဝန်ယူ ဖွင့်လှစ်မည့် ရိုးမကုမ္ပဏီ ထံမှ သိရသည်။

အဆိုပါ ကျောင်းကို ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ်တွင် ရိုးမအုပ်စုက တည်ဆောက် ထားသည့် ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာ (Pan Hlaing Golf Estate) တွင် ဖွင့်လှစ်မည် ဖြစ်ကာ ဗြိတိန် သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပြီး Harrow International Management Services က တာဝန်ယူ စီမံခန့်ခွဲ သွားမည်ဟု အဆိုပါ ကုမ္ပဏီများ ထံမှ သိရှိရသည်။

ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာအတွင်းရှိ လေးဧက ကျယ်သည့် မြေနေရာတွင် အဆိုပါ စာသင်ကျောင်း ဖွင့်လှစ်ရန် အချို့ အချက်အလက် များကို အစိုးရပိုင်းနှင့် ညှိနှိုင်း ဆွေးနွေးမှုများ မပြီးပြတ်သေးကြောင်း Yoma Strategic Holdings ကုမ္ပဏီထံမှ သိရသည်။

နိုင်ငံခြားသားများ ပြည်တွင်းသို့ ပိုမို ဝင်ရောက်လာချိန် မြန်မာနိုင်ငံသား များလည်း အဆင့်မီ နိုင်ငံ တကာ ကျောင်းများတွင် အပ်နှံမှု များလာသောကြောင့် နိုင်ငံတကာ ကျောင်းပညာရေး ဈေးကွက်အတွင်း စီးပွားရေး လုပ်ငန်းရှင်များ ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ် လာကြခြင်း ဖြစ်နိုင်ကြောင်း အငြိမ်းစား အထက်တန်း ကျောင်းအုပ်ကြီး ဦးကျော်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ် ကလေး ၈ ဒသမ ၅ သန်း ရှိပြီး နိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် ထိပ်တန်း နိုင်ငံတကာကျောင်း ငါးကျောင်းတွင် ပညာ သင်ကြားနေသူ ကျောင်းသား အရေအတွက်မှာ ၃၂၀၀ ဦး ရှိသည်။

၁၅၇၂ ခုနှစ်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် စတင် တည်ထောင်ခဲ့သည့် Harrow School သည် လန်ဒန်တွင် နှစ်ကျောင်း၊ တရုတ်နိုင်ငံ၊ ဘေဂျင်းတွင် တစ်ကျောင်း၊ ဟောင်ကောင်တွင် တစ်ကျောင်းနှင့် ဘန်ကောက်တွင် တစ်ကျောင်းသာ ဖွင့်လှစ်ထားပြီး ဝင်စတန်ချာချီ အပါအဝင် ဗြိတိန် ဝန်ကြီး ချုပ် ခြောက်ဦး၊ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း ပန်ဒစ်နေရူး၊ ဂျော်ဒန်ဘုရင် ဟူစိန်၊ ထိုင်းဘုရင့် မျိုးနွယ်များနှင့် ကမ္ဘာကျော် အနုပညာရှင်များ၊ နိုင်ငံရေး ခေါင်းဆောင် များကို မွေးထုတ်ပေးခဲ့သည့် အစဉ်အလာရှိ ထိပ်တန်းကျောင်း တစ်ကျောင်း ဖြစ်သည်။

The Voice Weekly
Read more...
Thursday, March 13, 2014

အခြေခံပညာကျောင်းတွေအတွက် ကမ္ဘာ့ဘဏ်ရဲ့ အကူအညီ လာမယ့်ပညာသင်နှစ်စဖွယ်ရှိ

0 comments
13.3.2014

ရန်ကုန်၊ မဇ္ဈိမ။ ။ မြန်မာနိုင်ငံ၏ ပညာရေးဝန်ကြီးဌာနက အခြေခံပညာ အဆင့် ကျောင်းများ အတွက် ထောက်ပံ့ကြေး နှင့် ကျောင်းသားကျောင်းသူများအတွက် ပညာသင်ဆု ချီးမြင့်မည့် အစီအစဉ်ကို ကမ္ဘာ့ဘဏ်အကူအညီဖြင့် လာမည့်နှစ်တွင် စတင်အကောင် အထည်ဖော်ရန် ဆောင်ရွက်နေသည်ဟု ကမ္ဘာ့ဘဏ်မြန်မာ၏ အွန်လိုင်းစာမျက်နှာ တွင် ရေးသားထားသည်။

ထိုသို့ အကူအညီ အထောက်အပံ့များ ပေးရန်အတွက် ပြည်သူများထံက အကြံဥာဏ် ရယူ သည့် ဆွေးနွေး ပွဲ ကို ၂ဝ၁၄ခုနှစ် မတ်လ (ယခုလ)အတွင်း ကျင်းပသွားမည်ဟု ရေးသားထားသည်။

အကြံပြု ဆွေးနွေးပွဲကို NGOsများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါဝင်သည့် အကြံပြု ဆွေးနွေးပွဲကို ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် မတ်လ ၁၉ရက် နံနက် ၁ဝနာရီမှ ၁၂နာရီအထိ ပြုလုပ်မည်ဖြစ်သည်။

မဇ္ဈိမသတင်းဌာန
Read more...
Monday, February 17, 2014

" အင်္ဂလန်အောက်စဖို့တက္ကသိုလ်မှ ဆရာနှင့်ကျောင်းသားများ ရန်ကုန်တက္ကသိုလ် အဆောင်တွင် ကျောင်းသားများနှင့် အတူနေထိုင်၍ ဘာသာစကား သင်ပေးမည်"

0 comments
အင်္ဂလန်အောက်စဖို့ တက္ကသိုလ်မှ ကျောင်းသားနှင့် ဆရာများက ရန်ကုန်တက္ကသိုလ် အဆောင်၌ ကျောင်းသားများနှင့်အတူ နေထိုင်၍ အင်္ဂလိပ်ဘာသာစကား လေ့ကျင့်သင်ကြားပေး မည့်အစီအစဉ်ကို ပညာရေးဝန်ကြီးဌာနက မတ်လထဲတွင် စတင်အကောင် အထည်ဖော်သွားမည်ဟု ယင်းဝန်ကြီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က ပြောသည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပညာရေး ဝန်ကြီးဌာနက ဗြိတိန်တက္ကသိုလ် ၄ ခု နှင့် သီးခြားစီတွေ့၍ ၃ ရက်ကြာ ဆွေးနွေးခဲ့မှုတွင် သဘောတူညီမှု ရရှိခဲ့သော အချက်တစ်ခုဖြစ်ပြီး ၎င်းတို့လာရောက် နေထိုင်မှုသည် လချီကြာလိမ့်မည်ဟု ၎င်းက Popular
News သို့ ပြောသည်။

''ရက်အတိအကျကိုတော့ ဆက် ဆွေးနွေးရမှာပေါ့''ဟု ဒုတိယညွှန်ချုပ် ဒေါက်တာဇော်မြင့် က ပြောသည်။ အောက်စဖို့တက္ကသိုလ်နှင့် ကနဦး ဆွေးနွေးမှု သဘောတူညီချက်တွင် ယင်း တက္ကသိုလ်မှ အင်္ဂလိပ်ဘာသာ စကားသင် ဆရာတစ်ဦးနှင့် တက္ကသိုလ် ကျောင်းသား ၅ ဦးတို့က ရန်ကုန်တက္က သိုလ်တွင် ခေတ္တလာနေကြပြီး အစီအစဉ်ကို အကောင်အထည်ဖော်မည်ဟု သိရသည်။ အစိုးရသစ် တက်ပြီး ၂ နှစ်ကျော် အကြာတွင် ဘွဲ့ကြိုသင်တန်း များနှင့် ကျောင်းအဆောင်များကို ရန်ကုန်တက္က သိုလ်က ခွင့်ပြုမိန့်ဖြင့် ပြန်လည်ဖွင့်ခဲ့ပြီး ၎င်းမှာ အမေရိကန် ဂျွန်ဟော့ကင်းတက္က သိုလ်နှင့် ၂ဝ၁၃ ခုနှစ်တွင် ပူးပေါင်းမှု ပြုခဲ့သည့်တက္ကသိုလ်တစ်ခုလည်း ဖြစ် သည်ဟု သိရသည်။

လက်ရှိတွင် ဗြိတိန် တက္ကသိုလ်များနှင့်ပါ ထပ်မံပူးပေါင်း သွားမည့် အစီအစဉ်များကို ထပ်မံတိုး ချဲ့လိုက်ခြင်းလည်း ဖြစ်သည်။

အောက်စဖို့တက္ကသိုလ်က လာ ရောက်၍ အင်္ဂလိပ်ဘာသာစကား သင်ကြားပေးမည့် အစီအစဉ်အပြင် ရန် ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ကထိက၊ စာကြည့်တိုက်မှူး များပါဝင်သော သင်တန်းသား ၁၅ ဦး တို့ကို ခေါ်ယူသင်တန်းပေးသွားမည့် အစီအစဉ်နှင့် အခြားအစီအစဉ်တို့လည်း ရှိသည်ဟု ထပ်မံသိရသည်။

Popular Myanmar News Journal
Read more...
Monday, February 10, 2014

ပုဂ္ဂလိက ကျောင်းတိုင်းတွင် မူလတန်းနှင့် အလယ်တန်း ပြဋ္ဌာန်း စာအုပ်များ အခမဲ့ပေးမည်

0 comments


10.2.2014

ပညာရေးဝန်ကြီးဌာန လက်အောက် ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်းတိုင်း တွင် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ပြီး မူလတန်းနှင့် အလယ်တန်း ပြဋ္ဌာန်းစာအုပ်များ အခမဲ့ပေးမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက The Voice သို့ ပြောကြားသည်။

အခမဲ့ မူလတန်းနှင့် အလယ်တန်း ပညာရေးစနစ်တွင် အစိုးရ စာသင်ကျောင်းများသာမက ဘုန်းတော်ကြီးသင်ကျောင်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများပါ အကျုံးဝင်မည် ဖြစ်သောကြောင့် ပြဋ္ဌာန်း စာအုပ်များ အခမဲ့ပေးခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ယင်းအပြင် ပုဂ္ဂလိက ကျောင်းများရှိ မူလတန်းအဆင့် ကျောင်းသား များသည် ပြဋ္ဌာန်း စာအုပ်အပြင် ထောက်ပံ့ကြေး ကျပ်တစ်ထောင်စီနှင့် ဗလာစာအုပ်များပါ ရရှိမည် ဖြစ်ကြောင်း၊ အဆိုပါ မူလတန်း ကျောင်း သား များအတွက် ၂၀၁၃-၂၀၁၄ ပညာသင် နှစ်ကတည်းက ပြဋ္ဌာန်း စာအုပ်များ စတင်ပံ့ပိုးထားကြောင်း ၎င်းကပြောဆိုသည်။

သို့သော်လည်း ပညာနန်းတော် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းရှိ မူလတန်း ကျောင်းသားမိဘ တစ်ဦးကမူ ၂၀၁၃-၂၀၁၄ ပညာ သင်နှစ် ကျောင်းအပ်နှံစဉ်က ပုဂ္ဂလိက မူလတန်း ကျောင်းသား များ သည် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းထောက်ပံ့ကြေးများ အခမဲ့ မရရှိကြောင်း The Voice သို့ ပြောကြား သည်။
“ဖတ်စာအုပ်က အစိုးရပဲပေးတယ် ထင်တယ်။ ကျွန်တော်တို့ ကတော့ ကျောင်းကလည်းမရဘူး အပြင်ကနေ ဝယ်တာ” ဟု ၎င်းကဆိုသည်။

ပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်ကို စက်တင်ဘာလ ရောက်မှသာ ချထားပေးခြင်း ဖြစ်ပြီး ပြဋ္ဌာန်း စာအုပ်နှင့် ထောက်ပံ့ကြေးကိုလည်း သက်ဆိုင်ရာ ကျောင်းသား စာရင်း အလိုက် တစ်ဆင့်ထပ်ရသောကြောင့် အစိုးရ ကျောင်းများ ထက် နောက်ကျမှ ရရှိကြောင်း တာချီလိတ်မြို့ရှိ ရွှေမဟာပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း တာဝန်ခံ ဒေါက်တာဘိုင်အိုက ပြောကြားသည်။
“ကျောင်းတွေက အပြိုင်အဆိုင် လုပ်နေကြတာဆိုတော့ ကျောင်းဖွင့် ကတည်းက စာအုပ်တွေကို အခမဲ့ ပေးနေကြတာပါပဲ” ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်က စတင်၍ မူလတန်း ကျောင်းသား တိုင်းအတွက် ဗလာ စာအုပ်၊ ပြဋ္ဌာန်းစာအုပ်နှင့် ငွေကျပ် တစ်ထောင်စီ ထောက်ပံ့ခဲ့ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အလယ် တန်း အဆင့်ပြ ဋ္ဌာန်းစာအုပ်နှင့် ကျောင်းလခများကို အခမဲ့ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

သို့သော်အချို့သော အစိုးရကျောင်းများတွင် စာအုပ်ဖိုး သီးခြားကောက်ခံခြင်း မရှိသော်လည်း အလှူခံငွေ အဖြစ် ကောက် ခံနေမှုများ ရှိပြီး ယင်းကို ထိထိရောက်ရောက် တိုင်ကြားနိုင်ရန် စီစဉ်ပေးစေ လိုကြောင်း ကျောင်းသား မိဘများက ပြောဆိုသည်။

The Voice
Read more...
Thursday, December 26, 2013

ပညာရေးဝန်ကြီးဌာန မူကြိုဆရာများ နိုင်ငံဝန်ထမ်း ခန့်ထားရန် မူဝါဒရေးဆွဲ

0 comments


26.12.2013

ဝေးလံသော ဒေသများက အခြေခံပညာ မူလတန်းကျောင်းများတွင် ဖွင့်လှစ်ထားသော ရပ်ရွာ အခြေပြု ရှေးဦး ကလေးသူငယ် ပြုစုရေး ကျောင်းများက မူကြိုဆရာများ အစိုးရ ထောက်ပံ့စရိတ် ရရှိရေး မူဝါဒတစ်ရပ် ရေးဆွဲထားကြောင်း ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ ပညာရေး မြှင့်တင်မှု အကောင် အထည်ဖော်ရေး ကော်မတီဝင် များထံမှ စုံစမ်းသိရှိရသည်။

ပညာရေး ဝန်ကြီးဌာနက ဖွင့်လှစ်ထားသော ရပ်ရွာအခြေပြု ကျောင်းများတွင် မူကြိုဆရာမ ငါးထောင်ကျော် ရှိသော်လည်း ၎င်းတို့ အားလုံးအတွက် လစာ ထောက်ပံ့မှုကို ရပ်ရွာနှင့် နိုင်ငံတကာ အဖွဲ့အစည်း များကသာ ပံ့ပိုးပေးနေပြီး လက်ရှိ အချိန်ထိ ပညာရေးဝန်ကြီးဌာနက ထောက်ပံ့ထားခြင်း မရှိသေးသည့် အတွက် မူဝါဒ ရေးဆွဲရခြင်း ဖြစ်ကြောင်း အဆိုပါ ပညာရေးလုပ်ငန်း အဖွဲ့ဝင်တစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ရှေးဦး ကလေးသူငယ်ပြုစု စောင့်ရှောက်ရေး မူဝါဒတွင် ကျောင်းအခြေပြု မူကြိုဆရာများ၏ ကျွမ်းကျင်မှုနှင့် လိုအပ်ချက်များကို ဆန်းစစ်၍ နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်ထားရန်၊ မူကြို တစ်ခန်းလျှင် အနည်းဆုံး ဆရာ၊ ဆရာမ နှစ်ဦးနှုန်းနှင့် ကလေးသူငယ် အများဆုံး ၃၀ ဦးထိသာ လက်ခံသွားရန်အပြင် မူကြိုဆရာ၊ ဆရာမ ခန့်ထားရာတွင် ဒေသဘာသာစကား ကျွမ်းကျင်သူ၊ မိခင်ဘာသာစကား ကျွမ်းကျင်သူများကို ဦးစားပေးရန် တို့ကိုလည်း ထည့်သွင်းထားသည်။

ယင်းမူကြို ကျောင်းများတွင် အသက်သုံးနှစ်မှ လေးနှစ်ကျော် ကလေးသူငယ်များကို သင်ကြားပေးလျက် ရှိပြီး အသက်ငါးနှစ်ကျော်လျှင် ပညာရေးဝန်ကြီးဌာနက လာမည့် စာသင်နှစ်များတွင် ဖွင့်လှစ်မည့် မသင်မနေရ မူလတန်းကြိုတန်းကို တက်ရောက်ရမည် ဖြစ်သည်။

ရှေးဦး ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး ရပ်ရွာ အခြေပြုကျောင်း ဖွင့်လှစ်ခြင်းသည် နိုင်ငံ၏ ဆင်းရဲ မှု လျှော့ချရေး လုပ်ငန်းများကို တိုက်ရိုက် အကျိုးရှိပြီး ကလေးသူငယ်များ၏ ပညာရေး အတွက် လည်း အထောက်အကူ ဖြစ်နိုင်ကြောင်း ပညာရေး မြှင့်တင်မှု ကော်မတီ အကြံပေး အဖွဲ့ဝင် ဒေါက်တာ သိန်းလွင်က ပြောကြားသည်။

နိုင်ငံတစ်ဝန်း ပညာရေးဝန်ကြီးဌာန လက်အောက် အခြေခံပညာ မူလတန်းကျောင်း သောင်းချီ ထဲမှ ဝေးလံခေါင်သီသော ဒေသများတွင် ယခုနှစ်ဆန်းပိုင်း၌ ရပ်ရွာ အခြေပြုကျောင်း၂၈၁၉ ခု တည်ထောင်ထားပြီး နှစ်လယ်ပိုင်း၌ ၅၄၈ ကျောင်း ထပ်မံတိုးထားကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ သိရှိရသည်။

The Voice Weekly
Read more...
Monday, December 23, 2013

တက္ကသိုလ် ဗဟိုကောင်စီမူကြမ်း တက္ကသိုလ်ဆရာ၊ ဆရာမအသင်း ကန့်ကွက်

0 comments
23.12.2013

ပညာရေး ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ ရေးဆွဲထားသော တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရေး (မူကြမ်း) သည် ဒီမိုကရေစီ နည်းစနစ်နှင့် ကိုက်ညီမှု မရှိဟုဆိုကာ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တက္ကသိုလ်များ ဆရာ၊ ဆရာမ အသင်းက ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။

ဝန်ကြီးဌာနက တာဝန်ရှိသူများ ရေးဆွဲနေသော တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရေး (မူကြမ်း) ကို ရန်ကုန် တက္ကသိုလ်၊ ဘွဲ့နှင်းသဘင် ခန်းမတွင် ဒီဇင်ဘာလ၂၀ ရက်နေ့တွင် တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် ပထမဆုံးအကြိမ် ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ယင်းမူကြမ်းတွင် အဆင့်မြင့် ပညာရေးကဏ္ဍ၏ အဓိက သက်ဆိုင်သူ ကျောင်းသား ကျောင်းသူများနှင့် မိဘ၊ ဆရာများ ပါဝင်ခွင့် မပေးဘဲ ရေးဆွဲထားသော မူကြမ်းသာ ဖြစ်သည့်အပြင် မူကြမ်းပါ တက္ကသိုလ် ကောင်စီသည် အာဏာရှင်စနစ် ဆက်လက် တည်တံ့စေရန်နှင့် ဗဟိုချုပ်ကိုင်မှုကို ဆက်လက် ဖြစ်ပေါ်စေရန် ရည်ရွယ်ပုံ ပေါ်ကြောင်း အသင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တက္ကသိုလ် သင်ကြားရေးနှင့် သုတေသန လွတ်လပ်ခွင့်ကို ဗဟိုကောင်စီက ထိန်းချုပ်သည့် ပုံစံပေါ်လွင်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တက္ကသိုလ် ဖြစ်ပေါ်ရေးကို ဟန့်တားနေ၍ ကန့်ကွက်ကြောင်း ကြေညာချက်တွင် တင်ပြသွားသည်။

အစိုးရအဆက်ဆက် ပညာရေး ပြောင်းလဲမှုများ ဆက်တိုက် ဆောင်ရွက် နေသော်လည်း အများစုမှာ စမ်းသပ်ပညာရေး အဖြစ်သာ ရှိပြီး ပညာရေး အဆင့်အတန်းမှာလည်း ဒေသတွင်း နိုင်ငံများ ထက် နိမ့်ကျနေကြောင်း တက္ကသိုလ်များ ဆရာ၊ ဆရာမအသင်း ထုတ်ပြန်ချက်အရ သိရသည်။

တက္ကသိုလ် ဗဟိုကောင်စီ မူကြမ်း ကန့်ကွက်ကြောင်း ထုတ်ပြန်သည့် တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းတွင် ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန် တက္ကသိုလ်၊ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်)၊ ရတနာပုံ တက္ကသိုလ်၊ စစ်တွေ တက္ကသိုလ်နှင့် ရန်ကုန် အဝေးသင် တက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ ပါဝင်သည်။

The Voice
Read more...

ကျောင်း အင်္ဂါရပ်ဖြင့် မညီညွှတ်သော ကိုယ်ပိုင်ကျောင်းများကို ပိတ်သိမ်းသည် အထိ အရေးယူတော့မည်

0 comments
23.12.2013

လက်ရှိ ဖွင့်လှစ်လျက်ရှိသည့် ကိုယ်ပိုင် ကျောင်းများ၌ ကိုယ်ပိုင်ကျောင်း အင်္ဂါရပ်ဖြင့် ညီညွတ်ခြင်း မရှိ သော ကျောင်းများကို ပြန်ပိတ် သိမ်းသည်အထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာနမှ သိရသည်။

ကိုယ်ပိုင်ကျောင်း အသစ် ဖွင့်လှစ်လိုသူများလာရောက် လျှောက်ထား ပါကလည်း အ သေးစိတ် စစ်ဆေးပြီးမှသာ လက်ခံတော့မည်ဖြစ်ကြောင်း၊ လက်ရှိ ဖွင့်လှစ်ထားသည့် ကိုယ် ပိုင်ကျောင်းတချို့မှာ ကိုယ်ပိုင် ကျောင်းလျှောက်ထားစဉ်က ပြုလုပ်ထား သည့် အချက်များ နှင့် ကျောင်းဖွင့်လှစ်ပြီးသည့် အချိန်နှင့် လွဲမှားနေသည့်အ ချက်များကို တွေ့ရှိနေရကြောင်း အမှတ် (၃)အခြေခံပညာဦးစီး ဌာနမှ တာဝန်ရှိသူအရာရှိတစ် ဦးက ပြောသည်။

''ဆရာတို့အနေနဲ့အစော ပိုင်းကတော့ ကိုယ်ပိုင်ကျောင်း တွေကို ပညာရေးလိုအပ်ချက် အရ အတင်းအကျပ် စစ်ဆေး ခြင်းမလုပ်ဘဲ သင့်တင့်မျှတတဲ့ စစ်ဆေးမှုတွေလုပ်ပြီး လက်ခံ ခဲ့တယ်။ နောက်ပိုင်း ကိုယ်ပိုင် ကျောင်းတွေက ကျောင်းစ လျှောက်တဲ့ အချိန်နဲ့ ကျောင်းဖွင့်ပြီးတဲ့အချိန်နဲ့ တခြားစီဖြစ် နေတယ်။ အပြောနဲ့အလုပ်တ ခြားစီ ဖြစ်နေတယ်။ ခုနောက် ပိုင်း တင်းတင်းကျပ်ကျပ် စစ် ဆေးသွားမယ် ။ ကျောင်း လာ လျှောက်တိုင်း ဖွင့်ခွင့်မပေးတော့ ပါဘူး။ ဖွင့်ထားပြီး သားကျောင်း တွေကို သေချာပြန် လိုက်စစ်ဆေး ဖို့ရှိပါတယ်။ ကိုယ်ပိုင်ကျောင်း အင်္ဂါရပ်နဲ့မညီရင်တော့ ဖွင့်ရ တော့မှာမဟုတ်ပါဘူး''ဟု အဆို ပါအရာရှိ ကပြောသည်။

ဆက်လက်၍ ယင်းက ရန်ကုန်ရှိ ကိုယ်ပိုင်ကျောင်း များထဲမှ ငါးနှစ်သက် တမ်းရရှိ နိုင်သည့် ကိုယ်ပိုင်ကျောင်းများ လည်း ရှိနေကြောင်း၊ နောက် ပိုင်းတွင်ဖွင့်လှစ်လာသည့် ကိုယ် ပိုင်ကျောင်းများသည် ကိုယ် ပိုင်ကျောင်း အင်္ဂါရပ်များနှင့် ညီစေရန် သေချာပြင်ဆင်ထား သည်ကိုလည်း တွေ့ရကြောင်း၊ လက်ရှိဖွင့်လှစ်ထားသည့် ကိုယ်ပိုင်ကျောင်းတချို့မှာ အရည်အသွေးညံ့ဖျင်းမှုကြောင့် တ ဖြည်းဖြည်း ပျောက်ကွယ် သွား နိုင်ကြောင်း ပြောကြားသည်။

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း မှ အကြံပေးအရာရှိ တစ်ဦးက ''တချို့ကျောင်းတွေက ပညာ ရေးနဲ့ မသက်ဆိုင်ဘဲ စုဆောင်း ထားတာလေးတွေနဲ့ ရှယ်ယာ ခေါ်လုပ်ကြတာမျိုးတွေ၊ ဘော် ဒါ သာသာလောက် ကို နည်း နည်းထပ်ချဲ့ပြီး ကိုယ်ပိုင် ကျောင်း လုပ်တာမျိုးတွေကြောင့် အရည် အသွေးပိုင်းပြဿ နာတွေ ဖြစ် နေရတာ။ ဒီလိုလိုက်စစ်မယ်ဆို တာကောင်းတယ်။ သန့်သွား တာပေါ့''ဟု ပြောသည်။

ပညာရေးဝန်ကြီးဌာနမှ ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ် ခွင့်ပေးထားခြင်းမှာ မြေနေရာ အကျယ်အဝန်း သတ်မှတ်ပေး ထားခြင်းမျိုးမရှိဘဲ ကျောင်း အတွင်းတွင် ကိုယ်ပိုင်ကျောင်း အင်္ဂါရပ်နှင့်ညီစေသည့် ပစ္စည်း များ ရှိနေရန်သာ လိုအပ် ကြောင်း၊ ပညာရေးဝန်ကြီးဌာန သည် ကိုယ်ပိုင်ကျောင်းများ ကို နေရာတစ်ခုတည်းတွင်သာ ဖွင့် လှစ်စေလိုကြောင်း သိရသည်။

ယင်းက ''တချို့ကျောင်း တွေက စီးပွားရေးသက်သက် ပဲ။ နှစ်ချိန်ကျောင်းတွေဖွင့်ပြီး ကျောင်းသား နှစ်ဆ ရအောင် လုပ်တဲ့ ကျောင်းမျိုးတွေရှိ တယ်။ သင်တော့ ဆရာတစ်ဦး တည်းကိုပဲ လစာပိုပေးပြီး နှစ် ချိန်သင်တာမျိုးတွေ ရှိတယ်။ အဲဒီလို တွေ လုပ်ကတည်းက ကိုယ်ပိုင်ကျောင်း မဟုတ်တော့ ဘူး။ ဆရာတို့ကျောင်းတွေကို ဝန်ကြီးဌာနက နေရာတစ်ခု တည်းမှာပဲ ဖွင့်စေချင်တာက စာသင်ဆောင်ရယ်၊ အုပ်ချုပ် ရေးဆောင်ရယ်၊ အိပ်ဆောင် တွေရယ်ကို တစ်စုတည်းမှာပဲ ထားတော့ ကျောင်းသားတွေ ကို ပိုကောင်းတဲ့ အုပ်ချုပ်ရေး ပေးနိုင်လို့ပါ''ဟုပြောသည်။ ကိုယ်ပိုင်ကျောင်းများကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ် ခွင့်ပေးခဲ့ပြီး စတင်ဖွင့်လှစ်ချိန် တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ကျောင်း၆ဝကျော် သာဖွင့် လှစ်ခဲ့ပြီး လက်ရှိအချိန်တွင် ကိုယ်ပိုင်ကျောင်းပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ထားရှိပြီးဖြစ် ကြောင်း သိရသည်။

အောင်သက်ကို
Yangon Media Group
Read more...

ပညာရေးဝန်ထမ်း ရာထူးတိုးနှင့် အပြောင်းအရွှေ့စာရင်း ဖေဖော်ဝါရီ တွင် ကြေညာမည်

0 comments
23.12.2013

ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန် သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

ရာထူးပြောင်းရွှေ့နှင့် ရာထူးတိုး စာရင်းများကို မြို့နယ် ပညာရေးမှူးရုံးက ထုတ်ပြန်သောစနစ်မှာ အစိုးရသစ် လက်ထက်တွင် ပထမဆုံး အကြိမ်ဖြစ်ပြီး ထုတ်ပြန်သော စာရင်းတွင် မပါဝင်သော သူများသည် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများထံ တိုက်ရိုက် တွေ့ဆုံ မေးမြန်းနိုင်ကြောင်း အခြေခံပညာရေး အသိုင်းအဝိုင်းက ပြောကြားသည်။

မူလတန်းကျောင်းအုပ်၊ အထက်တန်း၊ အလယ်တန်းနှင့် အလယ်တန်းပြမှ မူလတန်းကျောင်းအုပ် ရာထူးပြောင်းတို့အတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၁၆ ရက်နေ့အတွင်း မြို့နယ် ပညာရေးမှူး ရုံးသို့ လျှောက်ထား ရမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးရုံးများ၏ တင်ပြချက်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့က သဘောထား မှတ်ချက်များ ပေးနိုင်ကြောင်း ဆက်လက် ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာန၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စနစ်သစ်သည် ယခင်နှစ်များထက် ပွင့်လင်းမြင်သာမှု ပိုရှိလာပြီး လျှောက်ထားသူများ၏ လိုအပ်ချက် သတ်မှတ်ချက် များကိုလည်း စနစ်ကျစွာ ထုတ်ပြန် ထားကြောင်း ပညာရေးဝန်ထမ်းများက ဆိုသည်။

အစိုးရသစ်လက်ထက် အခြေခံပညာ ကဏ္ဍတွင် မူလတန်းပြဆရာ၊ ဆရာမများ ခန့်ထားရေး၊ မသင်မနေရ မူလတန်း ပညာရေး အကောင်အထည် ဖော်ခြင်းနှင့် ကျောင်းပြင်ပ ပညာရေးတို့ ဆောင်ရွက်ခဲ့သည့်အပြင် ပညာရေး အသုံးစရိတ်များပါ တိုးမြှင့် ပေးထားသော်လည်း လက်တွေ့ ထိရောက်မှု အပိုင်းတွင် အားနည်းနေသေးကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

The  Voice
Read more...
Friday, December 20, 2013

အခြေခံပညာ သင်ကြားနည်းစနစ် သုတေသန ပြုလုပ်ရန် ပညာရှင်အဖွဲ့ တိုက်တွန်း

0 comments



20.12.2013

အခြေခံပညာ မူလတန်းအဆင့် ကျောင်းသင်ခန်းစာ များတွင် သင်ကြားနေသော သင်ကြား နည်းစနစ် များကို သုတေသန ပြုလုပ်ပြီး ပြန်လည် ပြင်ဆင်ရန် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမရှိ ကလေးသူငယ် ဗဟိုပြု သင်ကြားရေးအဖွဲ့ (CCA) က တိုက်တွန်းထားကြောင်း အဆိုပါ အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

သင်ကြားနည်းစနစ် များကို သုတေသန ပြုခြင်းအားဖြင့် အားသာချက်၊ အားနည်းချက်များ ရှာဖွေ တွေ့ ရှိနိုင်သည့်အပြင် သင်ရိုးညွှန်းတမ်း လိုအပ်ချက်များကို ဆန်းစစ်နိုင်ပြီ ဖြစ်ကြောင်း ယင်းအဖွဲ့ အကြံပေး တာဝန်ခံတစ်ဦးက ပြောဆိုသည်။
“အခုဆရာတွေ သင်နေတဲ့ပုံက ကလေးတွေကို မေးခွန်း မမေးတတ်အောင် လုပ်သလိုမျိုး ဖြစ်နေတယ်။ ဒါဆရာတွေ အပြစ်လည်း မဟုတ်ဘူး။ ယန္တရားကြီး တစ်ခုလုံးက ပျက်နေတာကြောင့်ပါ” ဟု ၎င်းက ပြော ကြားသည်။

သင်ကြားနည်းစနစ် အပြောင်းအလဲအဖြစ် မြို့နယ် နှစ်ရာကျော်က ဆရာ၊ ဆရာမများကို ကလေးဗဟိုပြု ဆရာအတတ်သင် သင်တန်းများ ပေးထား ခဲ့သော်လည်း လက်တွေ့ ဆရာနှင့် ကျောင်းသားအချိုး ကွာဟ ချက်ကြောင့် အသုံးမဝင်ကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ကလေးသူငယ် ဗဟိုပြုသင်ကြားရေး အဖွဲ့သည် အခြေခံပညာရေး ဆိုင်ရာ ပညာရေးမူဝါဒ ရေးဆွဲခြင်း၊ ကလေးသူငယ် သင်ရိုးညွှန်းတမ်း မူဘောင်တွင် စံသတ်မှတ်ချက် ရေးဆွဲရာ၌ ကူညီ ပံ့ပိုးခြင်း တို့ ပြုလုပ်လျက်ရှိသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်း အဖွဲ့ဝင် တစ်ခု ဖြစ်သည်။

The Voice Weekly
Read more...
Saturday, December 7, 2013

နိုင်ငံတစ်ဝန်း မူလတန်း ကျောင်းတိုင်း ဆရာအနည်းဆုံး ငါးဦးခန့်မည်

0 comments


ရန်ကုန်၊ ဒီဇင်ဘာ ၆

အခြေခံပညာ ကဏ္ဍတွင် ကျောင်းသား ဦးရေအလိုက် ဆရာ၊ ဆရာမ ခန့်ထားသော စနစ်ကျင့်သုံးခဲ့ရာက ကျောင်းသားနှင့် ဆရာအချိုးမမျှဘဲ ဆရာ လိုအပ်ချက်ရှိသော မူလတန်း ကျောင်းများအတွက် ယခုနှစ်မှ စတင်ပြီး ကျောင်းတစ်ကျောင်းလျှင် ဆရာဦးရေ ငါးဦးအထိ တိုးခန့်ထားသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (အခြေခံ) ဒေါက်တာ စန်းလွင်က The Voice သို့ ပြောကြားသည်။

မူလတန်း အဆင့်ရှိ တန်းခွဲအလိုက် ဆရာခန့်ထားသော စနစ်ကို ပြောင်းလဲ ခဲ့သောကြောင့် ကျောင်းအုပ်ကြီး အပါအဝင် ဆရာ၊ ဆရာမ ငါးဦး ခန့်ထားခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။“ဆရာငါးယောက်ရှိတဲ့ ကျောင်းတွေလည်း ရှိမယ်၊ မရှိ တဲ့ ကျောင်းတွေလည်း ကျန်သေးတယ်။ ဒါတွေ မပြည့်ပြည့်အောင် ဖြည့်သွားမယ်” ဟု ဒုတိယဝန်ကြီး ဒေါက်တာ စန်းလွင် က ပြော ဆိုသည်။

ယခုနှစ် သြဂုတ်လခန့်တွင် ပညာရေး ဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း သက်ဆိုင်ရာ မြို့နယ်အလိုက် ဒေသခံ နေ့စားလပေး မူလတန်းပြ ဆရာ၊ ဆရာမ ၂၉,၅၃၅ ဦးကို ပထမဆုံးအကြိမ် ခန့်ထားခဲ့ကြောင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
“နောက်နှစ်တွေမှာလည်း ဒီလိုထပ် တိုးခန့်သွားဖို့ ရှိတယ်” ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (အခြေခံ) ဒေါက်တာ စန်းလွင်က The Voice သို့ ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ကျင်းပခဲ့သော ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေးတွင် ဆရာ၊ ဆရာမများ၏ လူမှုစီးပွားရေးကို ပံ့ပိုးပေးရန် ပညာရေး စနစ်ပြောင်းလဲရေးတွင် ဆရာ၊ ဆရာမ များ၏ကဏ္ဍမှာ အထူးအရေးပါသော နေရာတွင် ရှိကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အကြံပြု ပြောကြားသွားသည်။

ပညာရေး ဝန်ကြီးဌာနသည် ယခင်က ကျောင်းသား ၅၀ ရှိသော စာသင်ကျောင်း တစ်ကျောင်းတွင် ကျောင်းအုပ် တစ်ဦးနှင့် ဆရာ တစ်ဦး၊ ကျောင်းသား ၈၀ ရှိသော ကျောင်းတွင် ကျောင်းအုပ် တစ်ဦးနှင့် ဆရာနှစ်ဦး သတ်မှတ်ထားကြောင်း ပညာရေး အသိုင်းအဝိုင်း ထံမှ စုံစမ်းသိရှိရသည်။

ယင်းကြောင့် ကျောင်းသားနှင့် ဆရာအချိုးသည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် မူလတန်း အဆင့်၌ ၁း၂၉ ၊ အလယ်တန်း အဆင့်၌ ၁း၃၅ နှင့် အထက်တန်း အဆင့်၌ ၁း၂၄ တို့ ရှိခဲ့ကြောင်း၊ ယင်း ကိန်းဂဏန်းသည် ခန့်ထားသော ဆရာ၊ ဆရာမ ဦးရေနှင့် ကျောင်းသား ၊ ကျောင်းသူ များကို တွက်ချက်ထားခြင်း ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

The  Voice
Read more...

တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်း ရေးဆွဲပြီးဟုဆို

0 comments
ရန်ကုန်၊ ဒီဇင်ဘာ ၆

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တက္ကသိုလ်ပညာရေး ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီက အဆိုပါ မူကြမ်း နောက်ဆုံး အဆင့်ကို ရေးဆွဲပြီးစီးပြီ ဖြစ်ကြောင်း ယင်းကော်မတီ၏ အကြံပေး တာဝန်ခံ NLD ပညာရေး ကော်မတီမှ ဒေါက်တာသိန်းလွင် က The Voice သို့ ပြောကြားသည်။

ယင်းမူကြမ်းကို ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီ၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့က နိုဝင်ဘာလတွင် အတည်ပြုထားပြီး ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

အဆင့်မြှင့်ပညာရေး ကဏ္ဍတစ်ခုလုံး ခြုံငုံ ရေးဆွဲထားသော တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်း ရေးဆွဲ ပြီးသော်လည်း ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီက ရေးဆွဲနေသည့် အမျိုးသားပညာရေး ဥပဒေမူကြမ်း အတည်ပြုပြီးမှသာ ပြင်ဆင်မှုများ ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း ဒေါက်တာသိန်းလွင်က ဆိုသည်။
“အရေးကြီးဆုံးက အမျိုးသားပညာရေး ဥပဒေပါ။ သူနဲ့ ဆက်စပ်ပြီးတော့မှ တက္ကသိုလ် ပညာရေး ဥပဒေကို ဆက်လုပ်ရဖို့ လိုတယ်” ဟု ၎င်းကအကြံပြု ပြောကြားသည်။

အမျိုးသားပညာရေး ဥပဒေအတွက် ပညာရေး ဝန်ကြီးဌာနနှင့် ပြည်သူ့ လွှတ်တော်တို့အကြား သီးခြားရေး ဆွဲလျက် ရှိပြီး ၎င်းတို့ နှစ်ဖက် အဖွဲ့အစည်းများက လာမည့် ၂၀၁၄ ခုနှစ်တွင် အဆိုပါ ဥပဒေ မူကြမ်း နှစ်ခု လုံးကို အပြီးသတ် သွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။

လက်ရှိ အချိန်တွင် ပညာရေးမြှင့်တင်မှု ကော်မတီက အမျိုးသားပညာရေး ဥပဒေ မူကြမ်းကို နိုင်ငံလုံး ဆိုင်ရာ ပညာရေး ပြုပြင် ပြောင်းလဲရေးကွန်ရက် (NNER) နှင့် ပူးပေါင်း ရေးဆွဲလျက်ရှိပြီး မူကြမ်းတွင် ထည့်သွင်းမည့် တိုင်းရင်းသား ဘာသာစကား သင်ကြားရေးနှင့် စီမံခန့်ခွဲရေး ကဏ္ဍတို့အတွက်မူ ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

The  Voice
Read more...
Thursday, November 28, 2013

ရန်ကုန်တက္ကသိုလ်တွင် အဆောင်နေ ပထမနှစ်ကျောင်းသား တစ်ထောင်ကျော် လက်ခံမည်

0 comments

28.11.2013

လာမည့် ပညာသင်နှစ်တွင် စတင်လက်ခံမည့် ရန်ကုန်တက္ကသိုလ် အဆောင်များတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ နေထိုင်သူ ပထမနှစ် ကျောင်းသား၊ ကျောင်းသူ ၁၄၀၀ ဦးကို လက်ခံသွားမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်၏ သင်တန်းရေးရာ ဌာနမှူး ဒေါက်တာလှဆွေက The Voice သို့ ပြောကြားသည်။

အဆောင် လက်ခံထားသည့် ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ် ပရိဝုဏ်အတွင်း အဆောင် ခုနစ်ဆောင်တွင် ထားရှိမည် ဖြစ်ပြီး ဖွင့်လှစ်မည့် အဆောင်များမှာ အင်းဝ၊ ပင်းယ၊ ပဲခူး၊ သထုံ၊ ရွှေဘိုနှင့် ဒဂုံဆောင်တို့ ဖြစ်ကြောင်း သင်တန်းရေးရာ ဌာနထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အဆောင်နေ ကျောင်းသားများသည် အမျိုးသား စီမံခန့်ခွဲမှု ကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာ၊ သိပ္ပံထူးချွန် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြောင်း ဒေါက်တာလှဆွေက ထပ်လောင်း ရှင်းပြ သည်။

လက်ရှိ ရန်ကုန်တက္ကသိုလ် ပထမနှစ် သင်တန်းတွင် ဝင်ခွင့်ရရှိသူ ၁၇၆ ဦးရှိပြီး ထိုထဲက ကျောင်းသား ၊ ကျောင်းသူ ၈၀ ဦးကျော်မှာ အဆောင်လျှောက်ထားခွင့် ရှိကြောင်း၊ ထပ်မံတိုးခေါ်မည့် ကျောင်းသား များထဲက ရန်ကုန်မြို့တော် ဧရိယာပြင်ပ ကျောင်းသား များလည်း လျှောက်ထားနိုင်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

အဆောင်နေ ကျောင်းသား တစ်ဦးလျှင် လစဉ်အဆောင်ခ ကျပ်တစ်သောင်းခွဲနှင့် စားသောက်စရိတ် ကျပ်ခြောက်သောင်း သတ်မှတ်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာနကအဆင့်မြင့်ပညာဦးစီးဌာနလက်အောက်တက္ကသိုလ်တိုင်းတွင်အဆောင်နေ ကျောင်း သား၊ ကျောင်းသူများကို ယခုနှစ် ပညာသင်နှစ်တွင် စတင်လက်ခံရန် တရားဝင် အကြောင်း ကြားထားသည်။

The Voice Weekly
Read more...
Tuesday, November 26, 2013

လာမည့် ပညာသင်နှစ်အတွက် အခြေခံပညာ သင်ရိုးညွှန်းတမ်း များ လျှော့ချထားဟုဆို

0 comments


26.11.2013

အခြေခံပညာ ကဏ္ဍအတွက် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ပြဋ္ဌာန်းစာအုပ် ဒီဇိုင်းအသစ် များတွင် အတန်းအလိုက် သင်ရိုး ညွှန်းတမ်းများ လျှော့ချ ပေးထားကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ပညာရေး ဝန်ထမ်းတစ်ဦးက The Voice သို့ ပြော ကြားသည်။

လက်ရှိ သင်ရိုးညွှန်းတမ်း များတွင် အကြောင်းအရာ တူနေသော သင်ခန်းစာများ၊ ခေတ်စနစ်နှင့် ကိုက်ညီမှု မရှိသော သင်ခန်းစာ များကို ပယ်ဖျက်ထားပြီး ယင်းသို့ သင်ခန်းစာများ လျှော့ချခြင်းကို အစိုးရသစ် လက်ထက် မတိုင်ခင် ပြင်ဆင်ခြင်း မရှိခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။“သင်ရိုးညွှန်းတမ်း အားလုံးရဲ့ ၂၀ ရာခိုင်နှုန်း ဝန်းကျင်ကို ပြင်ထားတယ်။ သင်ခန်းစာတွေ များတယ်ပြော လို့ အခု လျှော့ပေးလိုက်တာ” ဟု ၎င်းက ပြောဆိုသည်။

ပညာရေးဝန်ကြီးဌာန၏ အစိုးရ သင်ရိုးညွှန်းတမ်း များသည် နိုင်ငံတကာ စံညွှန်းနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးသည့်အပြင် သင်ကြား နည်းစနစ်နှင့် စာမေးပွဲ စစ်ဆေးနည်း များကိုလည်း သင်ရိုး နှင့်အတူ ပြင်ဆင်ရန် လိုအပ်ကြောင်း ပညာရေး လေ့ လာ စောင့်ကြည့်သူများက သုံးသပ် ပြောကြားသည်။

ယင်းအပြင် အစိုးရ စာသင်ကျောင်းများ၏ တွဲဖက်သင်ရိုးဝင် ဘာသာရပ် အချိန်မှာ အာဆီယံ ဒေသတွင်း နိုင်ငံများတွင် အနည်း ဆုံး ဖြစ်ပြီး တွဲဖက်သင်ရိုးဝင် ဘာသာရပ်သင်ချိန်တွင် သင်ရိုးဝင် ဘာသာရပ်များ သင်ကြားခြင်းကြောင့် ဘက်စုံ ထူးချွန်သူများ မထွက် ရှိကြောင်း ဘက်စုံ လွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး အတွဲ (၁) အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပညာရေး ဝန်ကြီးဌာနက လက်ရှိ အချိန်တွင် သင်ရိုးညွှန်းတမ်း ပြင်ဆင် ရေးဆွဲရေးအတွက် သင်ရိုးညွှန်းတမ်း မူဘောင် မူကြမ်း ရေးဆွဲ လျက် ရှိပြီး ယခုနှစ် ဒီဇင်ဘာလအတွင်း ပြည်သူလူထုနှင့် ပညာရှင်များထံ ချပြသွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

စာရွက်အသားနှင့် စာအုပ် အရွယ်အစား ပြောင်းလဲထားသော အခြေခံပညာ ပြဋ္ဌာန်း စာအုပ်အသစ် များကို လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်ရောင်းချသွားရန် စီစဉ်ထားသည်။

The Voice
Read more...
Monday, November 25, 2013

တိုင်းရင်းသားဒေသများရှိ တက္ကသိုလ်များတွင် မူးယစ်ဆေးဝါးပျံ့  နှံ့မှု အရှိန်အဟုန်မြင့်မားနေဟုဆို

0 comments
25.11.2013

 ဒေသခံ တိုင်းရင်းသားများက ဆေးကျောင်း များဟု အမည်ပြောင်းခေါ်ရ သည် အထိ တိုင်းရင်းသားဒေသ များရှိ တက္ကသိုလ်များတွင် မူးယစ် ဆေးဝါးပျံ့နှံ့မှုအရှိန်အဟုန် မြင့် မားနေကြောင်း ပအိုးဝ်အမျိုး သား အဖွဲ့ချုပ် ၏ပြောကြားမှု အရသိရသည်။ ''အခု မူးယစ်ဆေးဝါးက အရင်က မီဒီယာတွေ မလွတ်လပ် လို့လူတွေ  သိပ် မသိတာ။ ဒါပေမဲ့ ပြည်နယ်ကလူတွေကတော့ အ ကုန်သိတယ်။ ဒီမူးယစ်ဆေးဝါး အခြေအနေ ဘယ်လောက် အထိ ဆိုးနေ တယ် ဆိုတာကိုပေါ့။ ပြည်နယ်တွေမှာရှိ တဲ့တက္ကသိုလ်တွေမှန်သမျှကို ပြည် နယ်က လူတွေ က ဆေးကျောင်း လို့ခေါ်တယ်''ဟု ပအိုးဝ်အမျိုး သားအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးခွန်သိန်းဖေ က ပြောသည်။

''နည်းပညာ တက္ကသိုလ်ကို လဲ ဆေးကျောင်းပဲ။ ကွန်ပျူတာ တက္ကသိုလ်ကိုလဲ ဆေးကျောင်း ပဲခေါ်ကြတယ်။ ဘာဖြစ်လို့လဲဆို ရင် ဒီနေရာတွေမှာ မူးယစ်ဆေး ကို  အနာဂတ်လူငယ်တက္ကသိုလ် ကျောင်းသားတွေက လွတ်လွတ် လပ်လပ် ရောင်း ပြီး လွတ်လွတ်လပ် လပ်သုံးစွဲနေလို့ပါပဲ''ဟု တောင် ကြီးမြို့အခြေစိုက် ပအိုးဝ်အမျိုး သားအဖွဲ့ချုပ်မှ အတွင်းရေးမှူး က နိုဝင်ဘာ၂၂ရက်က ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြော သည်။ အထက်ပါ မူးယစ်ဆေးနှင့် ပတ်သက်ပြီး တိုင်းရင်း သား ဒေသ များရှိ လက်ရှိအဖြစ်အပျက်ကို ပြောကြားမှုသည် နိုဝင်ဘာ၂၂ ရက်က ရန်ကုန်မြို့တွင်ပြုလုပ် သည့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများတွေ့ ဆုံပွဲကို ယင်းတို့တက်ရောက်လာ စဉ် ပြောခဲ့ခြင်း ဖြစ် သည်။

လက်ရှိတွင် နိုင်ငံပိုင်သတင်း စာများနှင့်မီဒီယာများတွင် မူးယစ် ဆေးဖမ်းဆီးရမိမှုများကို ခပ်စိပ် စိပ်တွေ့မြင် လာရသော်လည်း ယင်း အခြေအနေများသည် တစ်နိုင်ငံ လုံးရှိ မူယစ်ဆေးထုတ်လုပ်မှု၏ ၁ဝရာခိုင်နှုန်း ခန့်သာ ရှိနိုင်ကြောင်း ယင်းကခန့်မှန်းသည်။ ထိုအပြင် မူးယစ်ဆေးကို နှိမ်နင်းသည်ဆိုသည့် လက်တွေ့ ဆောင်ရွက် မှုများကို ဖော်ပြနေ သော်လည်း ထိုဆောင်ရွက်ချက် များက ထိရောက်သည့်ဆောင် ရွက်မှုများမဟုတ်ကြောင်း ယင်း တို့၏ တိုင်းရင်း သားဒေသ များ တွင် တွေ့မြင်ရသည့်အခြေအနေ များနှင့် ခြုံငုံပြောကြားသည်။

''ဘိန်းပင်ကို ဓားနဲ့ခုတ်တာ ကိုပြလိမ့်မယ်။ အဲဒီကျန်တဲ့ဘိန်း ပင်အငုတ်ကို မြေဩဇာကြဲလိုက် ရင် နောက်ထပ် အတက် ငါးပင် ထွက်လာတဲ့အတွက် မထိရောက် ပါဘူး''ဟု မူးယစ်ဆေးနှိမ်နင်းမှု အတွက် လုပ်ကိုင်မှုများ ကိုထောက် ပြလိုက် သည်။ ''ဘိန်းပင်ကိုမီးရှို့တာ ခင် ဗျား တွေ့ရလိမ့်မယ်။ ဒါပေမဲ့ အဲဒီ ဘိန်းပင်က ဘိန်းစီးခြစ်ပြီး သား အပင်တွေကို ရှို့တာ''ဟု ယင်းက ဆက်လက်ပြောသည်။

ယခုအခြေအနေများသည် ထိရောက်သည့်အရေးယူမှုများ မရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှု မရှိခြင်းများက အဓိ ကဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့် ဘိန်း မစိုက်ပျိုးရပါက အခြားသီးနှံများ ကိုစိုက်ပျိုးနိုင်ကြောင်း၊ လွယ်လွယ် နှင့် စိုက်ပျိုး ခွင့်ရ နေခြင်း များက နိုင်ငံအနှံ့ ဘိန်းခင်းများကိုတိုး ပွားစေရခြင်း၏ အကြောင်း ရင်း ဖြစ်ကြောင်း ဦးခွန်သိန်းဖေက ထောက်ပြပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတွင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ နှင့် တနင်္သာရီ၊ ကရင်ပြည်နယ်နှင့် မွန်ဒေသများမှလွဲပြီး ကျန်နေရာ များတွင် ဘိန်းစိုက်ပျိုးနေကြောင်း ယင်းက ပြောသည်။ ''မွန်နဲ့ကရင်တောင် ဘိန်း စိုက်တယ်၊ မစိုက်ဘူးက မသေချာ ဘူး''ဟု ယင်းက ထပ်မံပြောသည်။ လက်ရှိ တွင် ကုလသမဂ္ဂ ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ သည် ကမ္ဘာ့တွင် ဘိန်းထုတ်လုပ် မှုဒုတိယအများဆုံးနိုင်ငံအဖြစ် တည်ရှိနေကြောင်း သိရသည်။

ကျော်ဇေယျ
YMG
Read more...

ကျောင်းပြင်ပ အလယ်တန်းသင်ရိုး မူကြမ်း ၂၀၁၅ ခုနှစ် မတိုင်မီ ဝန်ကြီးဌာန တင်မည်

0 comments
25.11.2013

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (UNESCO) နှင့် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပ ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းပြင်ပ အလယ်တန်း ပညာရေးအတွက် သင်ရိုးညွှန်းတမ်း မူကြမ်းကို ၂၀၁၅ ခုနှစ် မတိုင်မီ ပညာရေး ဝန်ကြီးဌာနသို့ တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါ ကျောင်းပြင်ပ အလယ်တန်း သင်ရိုး ရေးဆွဲရေး အဖွဲ့ဝင် ဦးခင်မောင်ထွေးက The Voice သို့ ပြောကြားသည်။

လက်ရှိ ရေးဆွဲနေသော ကျောင်းပြင်ပ အလယ်တန်းပညာ သင်ရိုးညွှန်းတမ်း မူကြမ်းမှာ ပထမအဆင့် ပြီးစီးသွားပြီ ဖြစ်သော်လည်း UNESCO ၏ သုံးသပ်ချက်နှင့် ပြင်ဆင်ချက်များ စစ်ဆေးရန် ဒီဇင်ဘာလတွင် ယင်းအဖွဲ့သို့ တင်ပြမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “ဒီသင်ရိုးမှာ ကျောင်းသားတွေ အတွက် အပြင်က ရှစ်တန်းအောင် အဆင့်နဲ့ ညီအောင်လည်း လုပ်ရတယ်။ ကျောင်းဆက် မတက်နိုင်တဲ့ သူတွေအတွက် ပြင်ပလုပ်ငန်း အခြေခံလည်း ထည့်စဉ်းစားရတယ်” ဟု ဦးခင်မောင်ထွေးက ရှင်းပြသည်။

အဆိုပါ ကျောင်းပြင်ပ အလယ်တန်းသင်ရိုး မူကြမ်းတွင် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ကွန်ပျူတာ၊ ပန်းချီ၊ အခြေခံ စက်မှုလက်မှုနှင့် အိမ်တွင်း လက်မှုသင်တန်းများ အပါအဝင် ဘာသာရပ် ခြောက်ခု ထည့်သွင်း ထားကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များက စိတ်ကြိုက် ဘာသာရပ် သုံးခုကို ရွေးချယ်တက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကျောင်းပြင်ပ အလယ်တန်း ပညာရေးသင်တန်း ကာလမှာ သုံးနှစ် ကြာမြင့်မည် ဖြစ်ကြောင်း ယင်းသင်ရိုး ညွှန်းတမ်း ရေးဆွဲသူများထံမှ သိရသည်။“ကျောင်းပြင်ပ မူလတန်းကျောင်း ပြီးသွားတဲ့ သူတွေက ပုံမှန် အလယ်တန်း အဆင့် ကျောင်းတွေကို တက်လို့ရတယ် ဆိုပေမယ့် ဒီလို ညနေပိုင်း တက်လို ရတဲ့ ကျောင်းတွေပေါ်တော့ ပိုကောင်းတာပေါ့” ဟု ကျောင်းပြင်ပ မူလတန်း ပညာရေး၏ စီမံချက် မန်နေဂျာ ဦးထွန်းကြည်က သုံးသပ်သည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်က ကျောင်းသား၊ ကျောင်းသူ ရှစ်ထောင်ကျော် အောင်မြင် ခဲ့ကြသော်လည်း အောင်မြင်သူများ၏ ၂၇ ရာခိုင်နှုန်းသာ အခြေခံပညာ အလယ်တန်း ကျောင်းများသို့ တက်ရောက်နိုင်ပြီး အများစုမှာ မိသားစုရေးရာ အခက်အခဲ များကြောင့် ဆက်လက် ပညာသင်ကြားနိုင်ခြင်း မရှိကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။
 
The  Voice
Read more...
Saturday, November 23, 2013

တက္ကသိုလ်များ ဗဟိုကောင်စီ ဥက္ကဋ္ဌရာထူး ပြောင်းလဲမည်

0 comments
23.11.2013

နှစ်ပေါင်း ၅၀ ကျော် သက်တမ်းရှိ တက္ကသိုလ်များ ဗဟိုကောင်စီ ဥက္ကဋ္ဌ ရာထူးကို ခေတ်အဆက်ဆက် ပညာရေး ဝန်ကြီးများကသာ တာဝန်ယူခဲ့ရာက အစိုးရသစ် လက်ထက် ပညာရေးစနစ် တွင် ကောင်စီ ဝင်များထဲမှ ရွေးချယ် ခန့်အပ်ရန် စီစဉ်နေကြောင်း မိတ္ထီလာ စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခ ချုပ် ဒေါက်တာ တင်ဝင်းက The Voice သို့ ပြောကြားသည်။

ယင်းအပြင် လတ်တလော ကျင်းပထားသော ကောင်စီ အစည်းအဝေးများ၌ ကောင်စီ ဥက္ကဋ္ဌကို အစိုးရ အဖွဲ့က တိုက်ရိုက် ခန့်အပ်နိုင်ကြောင်း ဆွေးနွေးခဲ့သည့် အတွက် ဥက္ကဋ္ဌရာထူး အပြောင်းအလဲတွင် ခန့်ထားမည့်သူကို ဆုံးဖြတ်ချက် မချရသေးကြောင်း ၎င်းကပြောဆိုသည်။

တက္ကသိုလ်များ ဗဟိုကောင်စီ ဥက္ကဋ္ဌကို ပညာရေးဝန်ကြီးက တာဝန်ယူသည့်အတွက် ကောင်စီ မူဝါဒ များသည် ပညာရေးဝန်ကြီးဌာန လက်အောက်သို့ ရောက်ရှိသွားကြောင်း၊ ယင်းသို့ရာထူး အပြောင်းအလဲ ဖြစ်မည်ဆိုလျှင် တက္ကသိုလ်များ စီမံအုပ်ချုပ်ရေးနှင့် မူဝါဒများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရနိုင် မည် ဖြစ်ကြောင်း ဒေါက်တာ တင်ဝင်းက ထပ်လောင်း ပြောဆိုသည်။“ပညာရေးနဲ့ အုပ်ချုပ်ရေး ပိုင်းကိုတော့ ကောင်စီက လွတ်လွတ်လပ်လပ် လုပ်နိုင်သွားမယ်။ ဘဏ္ဍာရေးပိုင်းကိုတော့ မသေချာသေးဘူး” ဟု ၎င်းကဆိုသည်။

အစိုးရသစ် လက်ထက်တွင် ပထမဆုံးအကြိမ် တက္ကသိုလ်များ ဗဟိုကောင်စီ ဥက္ကဋ္ဌ ရာထူးကို ပညာရေး ဝန်ကြီးက လွှဲပြောင်းပေးခြင်းသည် တက္ကသိုလ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရန် စတင်ခြင်းပင် ဖြစ်ကြောင်း သက်တမ်းရင့် ပညာရေး ဝန်ထမ်းများက သုံးသပ်ကြသည်။

လက်ရှိ အချိန်တွင် ပညာရေး ဝန်ကြီးဌာနက တက္ကသိုလ်များ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ဝင်ခွင့် ရွေးချယ်ရေး စနစ် တို့ကို ပြင်ဆင်လျက် ရှိပြီး လာမည့် ၂၀၁၅ ခုနှစ် မတိုင်မီ အာဆီယံ ဒေသတွင်း ပညာရေး စနစ် တစ်ခု ဖြစ်လာရန် ဆောင်ရွက်နေကြောင်း နိုင်ငံတော် သမ္မတ၏ လမ်းညွှန်ချက်နှင့် ဖွဲ့စည်းထားသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်အထိ ပညာရေး ဝန်ကြီးဌာန အပါအဝင် အခြားဝန်ကြီးဌာန လက်အောက် အဆင့်မြင့်ပညာ တက္ကသိုလ်အားလုံး ၁၆၄ ခု ရှိကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

The The Voice Weekly
Read more...
Thursday, November 21, 2013

တက္ကသိုလ်၊ ကောလိပ်များတွင် အဆောင်ပြန်ထားမည်

0 comments
21.11.2013

၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည့် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် များ၊ ကောလိပ် များတွင် တက်ရောက်မည့် ကျောင်းသားများအတွက် တက္ကသိုလ် အဆောင်များ ပြန်လည် ထားရှိ ပေးတော့မည် ဖြစ်သည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များသို့ စည်ပင်သာယာ နယ်နိမိတ် ပြင်ပမှ လာရောက် ပညာသင်မည့် ကျောင်းသူ၊ ကျောင်းသား အသစ်များကို ဦးစားပေးကာ စီစဉ်လျှက်ရှိသည် ဟု နိုဝင်ဘာလ ၂၁ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်း ပညာရေး တက္ကသိုလ် ၊ မြစ်ကြီးနားတက္ကသိုလ်တို့မှ အတန်းအားလုံး၏ ကျောင်းသူ၊ကျောင်းသားများအတွက် အဆောင် ထားပေး မည်ဖြစ်ကာ ကျန်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အချို့တွင်မူ ပထမနှစ် ကျောင်းသူ ၊ ကျောင်းသား များကို ဦးစားပေးကာ အဆောင်စီစဉ်ပေးမည်ဟု ပါရှိသည်။

ယင်းသို့ အဆောင်စီစဉ်ပေးရာတွင် ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်များ ကဲ့သို့ ကျောင်း အဆောင်ရှိသော တက္ကသိုလ်များ ရှိသော်လည်း အဆောင်မရှိသေးသော တက္ကသိုလ်များတွင်မူ အဆောက် အအုံသစ်များ တိုးချဲ့ဆောက်လုပ်ပြီးဖြစ်ကာ အဆောင်အဖြစ်အသုံးပြုနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။ လာမည့်ပညာသင်နှစ်များတွင် အဆောင်သစ်များ တိုးချဲ့နိုင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များကို ဖိတ်ခေါ် သွားမည် ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် အဆောင်နေကျောင်းသားများ စားသောက်ရေးအတွက် သင့်တင့်သောနှုန်းထားများ စီစဉ်ပေး မည် ဟု လည်း သိရသည်။

တက္ကသိုလ်၊ ကောလိပ်များတွင် ၁၉၉၆ခုနှစ်အထိ အဆောင်များထားရှိပြီး ၁၉၉၆ခုနှစ် ဒီဇင်ဘာလ ၂ရက်တွင် ကျောင်းသား သပိတ်ဖြစ်ပြီး ရက်ပိုင်းအကြာတွင် ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ် ၊ ဆေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်အပါအဝင် တက္ကသိုလ် ၊ ကောလိပ်အားလုံး၏ အဆောင်များကို ပိတ်လိုက်သည်မှာ ယနေ့အထိပင်ဖြစ်သည်။

Mizzima - News in Burmese
Read more...
Friday, November 15, 2013

အမျိုးသားပညာရေး ဥပဒေကြမ်း ပြုပြင်ပြောင်းလဲရန် ခက်ခဲသော ကဏ္ဍများရှိနေသေးကြောင်း ပညာ ရှင်တစ်ဦးထောက်ပြ

0 comments


အမျိုးသားပညာရေး ဥပဒေမူကြမ်းကို သဘောတူညီချက်အချို့ ရရှိခဲ့သော်လည်း ပြုပြင်ပြောင်းလဲရန် ခက်ခဲနေသော ကဏ္ဍများ ရှိနေသေးကြောင်း နေပြည်တော်တွင် သုံးရက်ကြာကျင်းပသော ဆွေးနွေးပွဲ များနှင့် ပတ်သက်၍ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) မှဒေါက်တာ သိန်းလွင်က သဘောထားထုတ်ပြန်သည်။

NNER ၏မူဝါဒနှင့် ကိုက်ညီမှုရှိစေရန် "အတွေးအခေါ်မှန်ကန်ရန်" ဆိုသည့် အချက်အား "အတွေးးအ ခေါ်လွတ်လပ်မှုရှိရန်"၊ "အခမဲ့မသင်မနေရမူလတန်း" အစား၊ "အခမဲ့ မသင်မနေရအလယ်တန်း" ဖြစ်ရန်၊ မသန်စွမ်းကလေးများအား အခြား ကလေးများနှင့် တန်းတူသင်ခွင့်ရရန်၊ မသက်မွေးဝမ်း ကျောင်းပညာနှင့် တက္ကသိုလ်ပညာကို တန်းတူတန်ဖိုးထားရန်၊ ဆရာအတတ် ပညာတွင် ရှေးဦးကလေး သူငယ်ပညာရေး၊ မူကြိုပညာရေး၊ လယ်/ထက် ပညာရေးစသည့် ပညာရပ်များကို တန်းတူ တန်ဖိုးထား ရန်၊ ဝါသနာအလျောက် ရွေးချယ်သင်ယူခွင့်ရရှိရန်၊ တက္ကသိုလ်နှင့် ဘာသာရပ်များကို ကျောင်းသား ကိုယ်တိုင် ရွေးချယ်ခွင့်ရှိရန်၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်ရှိရန်၊ ပညာရေးအဆင့်အသီးသီးတွင် ပညာရေးနှင့် သက်ဆိုင်သူများ၏ ပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့်ရရှိရန် အချက်များကို အဆိုပါဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။

၎င်းအချက်များအနက် အချို့ကိုသဘောတူညီမှုရရှိခဲ့သော်လည်း ရှေးဦးကလေးသူငယ်ပညာရေး၊ အသက်မွေးဝမ်းကျောင်း၊ ဘာသာရပ်ပေါင်းစုံသင်ကြားသည့် တက္ကသိုလ်များ ထူထောင်ရေး၊ တိုင်းရင်း သားဘာသာစကားများကို ကျောင်းသုံးဘာသာစကားအဖြစ် အသုံးပြုရေး၊ ကျောင်းအုပ်ချုပ်မှုကော်မ တီဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရရှိရေး၊ ပညာရေးဆိုင်ရာ အဆုံးအဖြတ်များတွင် ဆရာ များ၊ မိဘများနှင့် ရွာသူရွာသားများ ပါဝင်ခွင့် ရရှိရေးကိစ္စများတွင် စိုးရိမ်မှုနှင့်နားမလည်မှုများ ရှိနေသေး ကြောင်း ဒေါက်တာသိန်းလွင်ကဆိုသည်။

သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ပညာရေးကော်မတီဝင်များ၊ ဝန်ကြီးဌာနတာဝန်ရှိ သူများ၊ ပြင်ပပညာရှင်များ၏ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်ခဲ့သော NNER အနေဖြင့် အမျိုးသားပညာရေးဥပဒေကို ပညာရေးနှင့် သက်ဆိုင်သူအားလုံး၏ အကြံဉာဏ်များပါဝင်၍ ပြည်သူလူ ထုလိုလားသော ဥပဒေဖြစ်စေလိုကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြည်သူ့လွှတ်တော်၏ အမျိုးသားပညာရေး ဥပဒေအတည်မပြုမီ တက္ကသိုလ်၊ ကောလိပ်များကို ကိုင် တွယ်နေသည့် ဝန်ကြီးဌာန ၁၃ ခုနှင့် တိုင်ပင်ညှိနှိုင်းခြင်း၊ ပြည်သူ့လွှတ်တော်ဥပဒေ မူကြမ်းအဖွဲ့သို့ တင်ပြခြင်းနှင့် ပြည်သူလူထုသို့ ချပြခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူ့ဆန္ဒနှင့် မကိုက်ညီ သော အချက်များကို ပြင်ဆင်ခွင့်ရရှိနိုင်မည်ဖြစ်သည်။

7Day Daily
Read more...
Wednesday, November 13, 2013

မြန်မာနိုင်ငံ တက္ကသိုလ် ပညာရေးစနစ်တွင် အမျိုးသား၊ အမျိုးသမီး ခွဲခြားခေါ်ယူနေခြင်းမှာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို အပြည့်အ၀ လိုက်နာမှု မရှိခြင်းဟု အမျိုးသမီး လူ့အခွင့်အရေး အဖွဲ့အစည်းများ ပြောကြား

0 comments
13.11.2013

မြန်မာနိုင်ငံ တက္ကသိုလ် ပညာရေးစနစ်တွင် အမျိုးသား၊ အမျိုးသမီး ခွဲခြားခေါ်ယူနေခြင်းမှာ အမျိုးသမီးများ အပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကုလသမဂ္ဂ သဘောတူစာချုပ်ကို အပြည့်အ၀ လိုက်နာမှု မရှိခြင်းဟု အမျိုးသမီး လူ့အခွင့်အရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ က ပြောကြား သည်။

လက်ရှိ တက္ကသိုလ် အများစု၏ ၀င်ခွင့်ခေါ်ယူမှုတွင် ကျား၊ မ အမျိုးအစားပေါ် မူတည်၍ ခွဲခြား သတ်မှတ် ခေါ်ယူနေခြင်းသည် အမျိုးသမီးများမှာ အမျိုးသားများနှင့် တန်းတူအခွင့်အရေး မရရှိသေးခြင်း ကို ပြသကြောင်း ကျား၊ မ တန်းတူညီမျှရေး ကွန်ရက်မှ ဒေါ်မေစပယ်ဖြူက ပြောကြားသည်။

"မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးခဲ့တဲ့ ကုလသမဂ္ဂ သဘောတူစာချုပ်ထဲမှာ အမျိုးသမီးများအပေါ် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ခွဲခြားဆက်ဆံမှု လုံးဝမရှိစေရဘူးဆိုတဲ့ အချက်ပါပါတယ်။ အမျိုးသမီးတွေကို ပညာရေးဘက်မှာဆိုရင် တက္ကသိုလ်ဝင်ခွင့်မှာ အမျိုးသမီးဖြစ်လို့ ဒီတက္ကသိုလ် မတက်ရဘူး။ ဒီအလုပ်အကိုင်ကို မရွေးချယ်ရဘူး ဆိုတာတွေက အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းနဲ့ ကြည့်မယ်ဆိုရင် အမျိုးသမီးတွေကို တိုက်ရိုက်ခွဲခြား ဆက်ဆံလိုက်တာပါပဲ။ စာချုပ်မှာ လက်မှတ်ရေးထိုး ထားပေမယ့် အပြည်ပြည်ဆိုင်ရာ စံချိန်၊ စံညွှန်းကို နိုင်ငံအစိုးရ အနေနဲ့ အပြည့်အ၀ လိုက်နာခြင်း မရှိသေးပါဘူး" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် အများစုတွင် အမျိုးသားဝင်ခွင့် အမှတ်ထက် အမျိုးသမီး ၀င်ခွင့်အမှတ်များမှာ ပိုမိုမြင့်မားထားခြင်းနှင့် အချို့တက္ကသိုလ်များတွင် အမျိုးသမီးများ တက်ရောက်ခွင့် မပြုထားခြင်း တို့သည်လည်း နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု မရှိကြောင်း အရပ်ဘက် အဖွဲ့အစည်းများကလည်း ပြောကြားသည်။

"အခု တက္ကသိုလ်တွေမှာ ကြည့်မယ်ဆိုရင် အမျိုးသမီး လုံးဝတက်လို့ မရနိုင်တဲ့ တက္ကသိုလ်ရှိတယ်။ အမျိုးသား တက်လို့မရတဲ့ တက္ကသိုလ်ဆိုတာ မရှိဘူး။ အမှတ်မှာဆိုရင်လည်း အမျိုးသမီး ၀င်ရခက်ခဲအောင် အမှတ် ၂၀ လောက် မြှင့်ထားတဲ့ တက္ကသိုလ် ခြောက်ခုလောက် ရှိတယ်။ အမျိုးသား ၀င်ရခက်ခဲအောင် အရမ်းအမှတ်မြှင့်ထားတဲ့ တက္ကသိုလ် မရှိဘူး။ ဒါတွေကို ကြည့်ခြင်း အားဖြင့် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို နေရာသိပ်မပေးချင်တာတွေ၊ လုပ်ပိုင်ခွင့် သိပ်မပေးချင် တာတွေကို တွေ့နေရပါတယ်။ နိုင်ငံတကာမှာဆိုရင် ဒါမျိုးမရှိပါဘူး။ ဒါဟာ ကျား၊ မ ခွဲခြားဆက်ဆံခြင်း ခံရတယ်လို့ မြင်ပါတယ်" ဟု အခရာ အမျိုးသမီး လူမှုအဖွဲ့အစည်း တည်ထောင်သူ ဒေါ်ထားထားက ဆိုသည်။

အဆိုပါ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကုလသမဂ္ဂ သဘောတူ စာချုပ်ကို ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံ အပါအ၀င် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများက ပူးပေါင်း ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group
Read more...
Tuesday, November 12, 2013

မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် သြစတြေးလျ တက္ကသိုလ်တို့ ပူးပေါင်း၍ အဆင့်မြင့်ပညာကဏ္ဍ မြှင့်တင်မည့် စာချုပ်များ ပထမဆုံးအကြိမ် ချုပ်ဆိုမည်

0 comments
                                     (ဆေးတက္ကသိုလ် (မန္တလေး)အား တွေ့ရစဉ်)

မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်များ ပူးပေါင်း၍ အဆင့်မြင့် ပညာ ကဏ္ဍ မြှင့်တင်မည့် စာချုပ်များကို ပထမဦးဆုံးအကြိမ် ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် ဆစ်ဒနီတက္ကသိုလ်ခွဲ တစ်ခုဖြစ်သည့် Sydney Medical School ဆေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်ရာတွင် အဆင့်မြင့် ပညာကဏ္ဍ၌ တက္ကသိုလ် အချင်းချင်း ပူးပေါင်း၍ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့် တင်နိုင်ရန် အချက်အလက်များ ဖလှယ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ ပါမောက္ခများအား ပညာတော်သင် စေလွှတ်ခြင်းနှင့် အဆင့်မြင့်ပညာ ကဏ္ဍတွင် သုတေသန လုပ်ငန်းများအား ယင်း တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ယင်းတက္ကသိုလ်မှ မန္တလေး ဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်များနှင့် စာချုပ်များချုပ် ဆိုခဲ့ပြီး မြန်မာနိုင်ငံတွင်ရှိသော ရန်ကုန်ဆေးတက္ကသိုလ် အပါအ၀င် အခြားဆေးတက္ကသိုလ် များနှင့်လည်း တက္ကသိုလ် များအကြား အဆင့်မြင့် ပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် စာချုပ်များ ဆက်လက်ချုပ်ဆို သွားမည်ဖြစ်သည်။

''မြန်မာနိုင်ငံမှာရှိတဲ့ ဆေးတက္ကသိုလ် အတော်များများနဲ့ သူတို့က ပူးပေါင်းကြမှာ ဖြစ်ပါတယ်။ ဒါပထမ ဦးဆုံး အကြိမ် ပူးပေါင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။ နောက်ထပ် နိုင်ငံတကာ တက္ကသိုလ်တွေနဲ့လည်း တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်တွေ ရှိပါတယ်'' ဟု မန္တလေး ဆေးတက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ထို့ပြင်နိုင်ငံတကာရှိ ပြင်သစ်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ အီတလီနိုင်ငံရှိ ထိပ်တန်း တက္ကသိုလ်များ မှ ဆေး တက္ကသိုလ်များ အပါအ၀င် မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် တက္ကသိုလ် အချင်းချင်း အဆင့်မြင့် ပညာ ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းထားကြောင်း သိရသည်။

ထို့ပြင် မန္တလေးတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ မန္တလေး ဆေးတက္ကသိုလ်တို့မှ ကျောင်းသား ၊ ကျောင်းသူ များအား ယင်းထိပ်တန်း တက္ကသိုလ်များသို့ ပညာတော်သင်များ စေလွှတ်ခဲ့ကြောင်းလည်း သိရသည်။

''ဆေးတက္ကသိုလ်မှာက ကျောင်းသား ကျောင်းသူဦးရေနဲ့ ပစ္စည်းကိရိယာအင်အား ဆရာအင်အား မလုံလောက်တာက တော်တော်ကြာနေပြီ။ ကျွန်တော်တို့ကဆိုရင် မိုက်ခရိုစကုပ် (အနုကြည့်မှန်ပြောင်း) တစ်လုံးကို လူ ၁၀ ယောက်လောက် တိုးဝှေ့ကြည့်ရတယ်။ ဒုတိယနှစ် ခန္ဓာဗေဒသင်တော့လည်း ဘော်ဒီ (အလောင်း) တစ်ခုကို လူ ၃၀၊ ၄၀ လောက် ၀ိုင်းကြည့်ရတယ်။ အခုလို ပူးပေါင်းအဆင့် မြှင့်မယ်ဆိုတာ ကြိုဆိုရမှာပါ'' ဟု ၂၀၁၂ ခုနှစ်တွင် ဆေးပညာ ဘွဲ့ရရှိထားသူ အထွေထွေရောဂါကု ဆရာဝန် ဒေါက် တာအောင်ဖြိုးသန့်က ပြောကြားခဲ့သည်။

''လွန်ခဲ့တဲ့ နှစ်တွေတုန်းက ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့တဲ့ အတွက် ကျွန်တော်တို့ တိုင်းပြည်မှာ နောက်ကျကျန်နေခဲ့ရတဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ အခုလို ပြည်ပက တက္ကသိုလ်တွေ နဲ့ ပြန်လည်ပူးပေါင်း လုပ်ဆောင်သွားမယ်ဆိုတာ အလွန်ကောင်းတဲ့ လက္ခဏာပါ။ နိုင်ငံတကာမှာ ပညာ ရပ်ဆိုင်ရာတွေက ခေတ်နဲ့အညီ တိုးတက်နေပြီး သုတေသန ရလဒ်တွေပေါ် မူတည်ကာ တိုးတက် မှုတွေလည်း အများကြီး ဖြစ်နေတယ်'' ဟု မာရီစတုပ် အင်တာနေရှင်နယ်မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က ဆိုသည်။

''အရင်အစိုးရ လက်ထက်တုန်းကတော့ ဒေသတွင်း နိုင်ငံအချို့နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိခဲ့တယ်။ ဒါပေမယ့် ကျောင်းတစ်ခုနှစ်ခုနဲ့ လုပ်တာမျိုးပဲ ရှိခဲ့တယ်။ အခုလို တစ်နိုင်ငံလုံး ဆေးကျောင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာမျိုး သိပ်မရှိခဲ့ဘူး။ အဓိက မြန်မာနိုင်ငံက ဆေးကျောင်းတွေမှာ သင်ကြားမှု ပုံစံတွေ၊ သုတေသန ပြုလုပ်ချက်တွေက ရလာတဲ့ လေ့လာမှုတွေ လုပ်တဲ့အပိုင်း အားနည်းနေ တယ်။ သင်ရိုးတွေကတော့ အတူတူပဲ။ ဒါပေမယ့် သုတေသန ပြု လုပ်ပြီး လေ့လာတဲ့ အပိုင်းက ပြည်ပ တက္ကသိုလ်တွေ က အရမ်းအားကောင်းတော့ ဒါတွေကို ပြန်လုပ်စေ ချင်တယ်'' ဟု ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာစည်သူက ဆိုသည်။
 
EMG

Read more...
 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here