Sunday, August 19, 2012

တာလော့ဈေးအတွင်း ဖုန်းဆိုင်တစ်ဆိုင်မှ ဖုန်းများ ခိုးခံရမှုဖြစ်ပေါ်ခဲ့ပြီး တရားခံအား ဖမ်းဆီးရမိ

0 comments
တာချီလိတ်မြို့ တရုတ်တန်းဈေးတစ်ခုဖြစ်သော တာလော့ဈေးရှိ ဖုန်းများရောင်းသည့် ဆိုင်တစ်ဆိုင်တွင် ဖုန်းများ ခိုးခံရမှုဖြစ်ပေါ်ခဲ့သည်။


ဖုန်းများပျောက်ဆုံး ခိုးခံရမှုနဲ့ပတ်သက်ပြီး ဖုန်းဆိုင်မှ မြို့နယ်ရဲစခန်းသို့ သွားရောက် အမှုဖွင့်တိုင်ကြားခဲ့ရာ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ် မြင့်ထွေး နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များအပါအ၀င် အမှုစစ် ဒုရဲအုပ်
အောင်ဆန်းဦးတို့သည် အဖွဲ့နှစ်ဖွဲ့ခွဲ၍ အခိုးခံရသော ဖုန်းဆိုင်သို့သွားရောက်ကြည့်ရှု့စစ်ဆေးပြီး
မြို့ပေါ်ရပ်ကွက်များရှိ လက်ကိုင်ဖုန်းရောင်းဝယ်တတ်သူများ ဖုန်းပြုပြင်ရောင်းဝယ်ရေးဆိုင်များသို့ သွားရောက် စုံစမ်းခဲ့ကြပြီး ပျောက်ဆုံးသွားသော ဖုန်းအမျိုးအစား အရောင် ပုံသဏ္ဍာန်တို့အား ပေးထားခဲ့ပြီး အဆိုပါဖုန်းများ လာရောက်ရောင်းချပါက အမြန်ဆုံး အကြောင်းကြားပေးပါရန် မှာကြားခဲ့ကြသည်။


ထိုကဲ့သို့ စုံစမ်းမှုများပြုလုပ်နေစဉ်တွင် တာလော့ဈေးအတွင်း၌ လူငယ်တစ်ဦးသည် ဖုန်းများ လိုက်၍ ရောင်းချနေကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသဖြင့် လူငယ်တစ်ဦးရောင်းချခဲ့သော ဖုန်းမှာ ပျောက်ဆုံးနေသော ဖုန်းများထဲမှ တစ်လုံးဖြစ်တာကြောင့် ဆက်လက်၍ စုံစမ်းရာ တရားခံမှာ တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် ကချင်ရွာတွင် နေထိုင်သူဖြစ်ပြီး ၎င်းအား တာချီလိတ်မြို့ ခရစ်ယာန်သင်္ချိုင်း အတွင်း၌ သြဂုတ်လ (၁၇)ရက်နေ့ ညနေ ၇း၁၅မိနစ်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

တရားခံအနေဖြင့် ခိုးယူခဲ့သော ဖုန်းများမှာ
  1. အနက်ရောင် IPad ( ၁ )လုံး
  2. GSM/CASIO CXILIM စာတမ်းပါ ပန်းရောင်ခေါက်ဖုန်း ( ၁ )လုံး
  3. Iphone 4GS စာတမ်းပါ အဖြူရောင်ဖုန်း ( ၁ ) လုံး
  4. Nokia စာတမ်းပါ အဖြူရောင် ဖုန်းအသေး ( ၁ )လုံး
  5. Nokia စာတမ်းပါ အဖြူရောင် ဖုန်းအကြီး( ၁ )လုံး
  6. Nokia စာတမ်းပါ အပြာရောင် ဖုန်းအသေး ( ၁ )လုံး
  7. Nokia N800 စာတမ်းပါ အနက်ရောင်ဖုန်း ( ၁ )လုံး
  8. ဖုန်းဘတ်ထရီအပြား ( ၈ )လုံး
တို့ဖြစ်ကြသည်။

ဖုန်းဆိုင်ပိုင်ရှင်မှာ ရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ပြီးနောက် (၃)နာရီခန့်အကြာတွင် တရားခံအား
သေသက်ခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိပြီး ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here