Monday, August 20, 2012

သြဂုတ်လ ၁၉ ရက်က ဖြစ်ပေါ်ခဲ့သော လာရှိုးမြို့ ရေကြီးမှုကြောင့် လူလေးဦး မျောပါခဲ့ရာ သုံးဦးသာ ပြန်လည် ဆယ်ယူနိုင်ခဲ့

0 comments

လာရှိုးမြို့တွင်ဖြစ်ပေါ်ခဲ့သောရေကြီးမှုမှာ သြဂုတ်လ၂၀ရက်နေ့ မွန်းလွဲ၁နာရီခန့်တွင် ရေများပြန်လည် ကျဆင်း သွားပြီ ဖြစ်ကြောင်းနှင့်အိမ်ထဲတွင် ပိတ်မိနေသော၊သက်ကြီးရွယ်အိုများ၊ ကျမ်းမာရေး မကောင်း သူများနှင့်ကလေး သူငယ်များကို တပ်မတော်သားများနှင့် အခြားဌာန ဆိုင်ရာဝန်ထမ်းများက ကြိုးများဖြင့်ဆွဲ ၍ ကယ်ဆယ်ပေးခဲ့ ကြောင်း လားရှိုးမြို့ရှိဒေသခံတစ်ဦးက The Voice Weekly သို့ဆက်သွယ်ပြောကြား သည်။

သြဂုတ်လ ၁၉ ရက်က ဖြစ်ပေါ်ခဲ့သော ရေကြီးမှုကြောင့် လူလေးဦး မျောပါခဲ့ရာ သုံးဦးသာ ပြန်လည် ဆယ် ယူနိုင်ခဲ့ကြောင်းလည်း ၎င်း၏ ပြောကြားချက် အရ သိရသည်။

သတင်း
The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here