Wednesday, August 29, 2012

သုံးနှစ် အရစ်ကျသွင်းပါက မော်ဒယ်မြင့် တက္ကစီကားသစ်များ ရရှိမည် ဟုဆို

0 comments
အငှားယာဉ် ဝယ်ယူ လိုသူများ အတွက် ကနဦး ကျပ်သိန်း ၄၀ ပေးချေကာ တစ်ရက်လျှင် ကျပ် ၁၃၀ဝ၀ ဖြင့်သုံးနှစ် အရစ်ကျပေးချေ ပြီးပါကToyota Belta, Toyota Caldina အပါအဝင် မော်ဒယ်မြင့် တက္ကစီ ကားများ ရရှိမည်ဖြစ်ကြောင်း Best Auto Service ကားကုမ္ပဏီ ထံမှ သိရသည်။
“ဒါဟာ အများပိုင် ကုမ္ပဏီ ဖြစ်ပါတယ်။ ရောင်းချမယ့် ပုံစံက တော့ ခိုင်လုံတဲ့ Customer ၊တကယ်လိုချင်တဲ့ Customer နဲ့ ကြိုတင်ငွေ အများဆုံးတင်သွင်းနိုင် တဲ့ Customer တွေကို ဦးစားပေးရောင်းချမှာပါ။ ပိုင်ရှင်တစ်ဦးကို Driver သုံးဦးစာ Register တင်ခွင့် ရှိပါတယ်” ဟုBest Auto Service ကားကုမ္ပဏီမှ မန်နေဂျာ ဦးစိုး တင့်က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောသည်။
အရစ်ကျရောင်းချသွားမည့် အငှားယာဉ်များမှာToyota Corolla Van၊ Toyota Caldina Van ကား မော်ဒယ် ၉၇ နှင့် ၂၀၁၀ အကြား အင်ဂျင်ပါဝါ (ဓာတ်ဆီ အင်ဂျင်) ၁၃၀ဝ စီစီ၊ ဒီဇယ်အင်ဂျင် ၂၅၀ဝ စီစီကားများ၊Toyota Probox၊ Toyota Belta ကားမော်ဒယ် ၂၀ဝ၆၊ ဝ၇၊ ဝ၉၊ အင်ဂျင်ပါဝါ ၁၃၀ဝ စီစီကားများနှင့် ၂၀ဝ၇ မော်ဒယ်အင်ဂျင်ပါဝါ ၁၃၀ဝ စီစီ၊ Nissan Ad-Van ကားများဖြစ်ပြီးမည်သည့်ကားမဆို ဈေးနှုန်းတစ်ခု တည်း ရောင်းချသွားမည် ဖြစ် ကြောင်း သိရသည်။
“ဒီကိစ္စက အောက်ကားပိုင်ရှင် တက္ကစီ ဝယ်ယူချင်သူတွေ အတွက် အထောက်အကူ ပြုပါတယ်။ ဘာ ဖြစ်လို့လဲ ဆိုတော့ အောက်ကား ရောင်းပြီး ရတဲ့ငွေက တက္ကစီတစ်စီး ပြန်ဝယ်ဖို့ မလွယ်ကူပါဘူး”ဟု အငှားယာဉ်မောင်းနှင်သူ တစ်ဦးက ဆိုသည်။
အများပိုင်ကုမ္ပဏီမှ တက္ကစီ များကို ကနဦးသိန်း ၄၀ ပေးသွင်း ကာ တစ်ရက်လျှင် ကျပ် ၁၃၀ဝ၀ နှုန်း သုံးနှစ် အရစ်ကျပေးသွင်းကာဝယ်ယူနိုင်ပြီး ကားများကို စနစ် တကျ မောင်းနှင်မှု ရှိ မရှိ ၊Driver နှင့် ကားပိုင်ရှင်များ စည်းကမ်း လိုက်နာမှု ရှိ မရှိ ကုမ္ပဏီက စစ် ဆေးသွားမည်ဖြစ်ကြောင်း၊ ယခု အခါ အငှားယာဉ်မောင်း များ၏ အုံနာကြေးမှာ ကျပ် ၁၅၀ဝ၀ ဝန်း ကျင်ရှိပြီး ကားစလစ် ဈေးများမှာ ကျပ်သိန်း ၇၀ ဝန်းကျင် အရောင်း အဝယ် ပြုလုပ်နေကြကြောင်း၊ မြန်မာနိုင်ငံအတွင်းတွင် ရန်ကုန် တိုင်းဒေသကြီးတစ်ခုသာ အငှား ယာဉ် အသုံးပြုကြကြောင်း သိရ သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here