Tuesday, August 21, 2012

ကလောမြို့နယ် စီမံကိန်းနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲကျင်းပ

0 comments
(ကလော သြဂုတ် ၂ဝ)
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလော မြို့နယ် စီမံကိန်းနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲကို သြဂုတ် ၁၈ ရက် နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ကျင်းပခဲ့ရာ တောင်ကြီး ခရိုင်မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် အဆင့် ဌာန ဆိုင်ရာ အကြီး အကဲများ၊ မြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  ပအိုဝ်း၊ ဓနု၊ တောင်ရိုး စာပေနှင့် ယဉ်ကျေးမှု အသင်းများမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင် များနှင့်  အစိုးရမဟုတ် သော အသင်း အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

အခမ်း အနားတွင် ပထမဦးစွာ တောင်ကြီး ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က အဖွင့်အမှာ စကား ပြောကြားပြီး ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက စီမံကိန်း လုပ်ငန်း များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက် နေမှုတို့ကို ရှင်းလင်း တင်ပြကြ ကြောင်း၊ ဆက်လက်ပြီး အခမ်း အနားသို့ တက် ရောက်လာကြသော စီးပွားရေးလုပ်ငန်း ရှင်များ၊ ဒေသခံများမှ မိမိတို့ သိရှိလို သော အချက်များကို ဆွေးနွေးတင်ပြ ကြရာ တာဝန်ရှိသူများ က ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပြီး အခမ်း အနားကို မွန်းလွဲ ၁ နာရီ တွင် ရုပ်သိမ်း ခဲ့ကြောင်း သိရ သည်။         
ref: မြ၀တီ   

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here