Friday, August 10, 2012

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့၌ လောင်းကစားဝိုင်း ၀င်ဖမ်း

0 comments
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ စွမ်စော်ရပ်ကွက် ကောင်းထက်တည်းခိုခန်းအနီး ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းတခုအား ယခုလ ၈ ရက်နေ့ နေ့လည်ပိုင်းက မူစယ်အုပ်ချုပ်ရေးမှူး ဦးမြဟန် ဦးဆောင်သည့် အဖွဲ့မှ ၀င်ရောက် ဖမ်းဆီး ခဲ့ကြောင်း သိရသည် ။
gameလောင်းကစားဝိုင်း
မူစယ်မြို့၌ လောင်းကစားဝိုင်း ၄၀ ကျော်ခန့်ဖွင့်လှစ်ထားရာ ၄င်းသတင်း လွန်ခဲ့သည့်လလယ်ပိုင်းက သျှမ်းသံ တော်ဆင့်မှ ဖေါ်ပြခဲ့ပြီးနောက် လောင်းကစားရုံ အများစု ရပ်နားခဲ့ပြီး ကျန်ရှိသည့် ကစားဝိုင်းအား ဖမ်းဆီးမှု ပြုလုပ်ခြင်း ဖြစ်ကြောင်း မူစယ်မြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဖိုက်ကျူး ၊ ဂျင် ၊ ဘော်လုံး အစုံပါတဲ့ဝိုင်းပေါ့နော်။ မနေ့က ၁၂ နာရီခွဲမှာ ၀င်ဖမ်းတယ်။ လောင်းကစားနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အကုန်မိတယ်။ သူတို့က အိမ်ငှားနေတာဆိုတော့ ပိုင်ရှင်ကိုတော့ မမိဘူး။ ကိုယ်စား လှယ်ပေါ့နော် အဲလူကိုတော့ မိတယ်” ဟု ဆိုသည်။

၎င်းလောင်းကစားဝိုင်း ဖမ်းဆီးသည့်ကိစ္စနှင့် ပတ်သက်၍ တရားရုံးနှင့် ရဲဋ္ဌာနတို့၏ ဆောင်ရွက်မှုများအပေါ် မူစယ် ဒေသခံ များ စိတ်ဝင်စားနေကြောင်းလည်း သိရသည် ။

တရုတ် - မြန်မာနယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းတွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားရာ ယခု ရက်ပိုင်းအတွင်း ကျန်းဖုန်း ၊ လားရင်းရွာ တစ်ဘက်ကမ်း လွယ်ဂျယ်မြို့ရှိ လောင်းကစားဝိုင်းများလည်း ရပ်နားထားကြောင်း သိရသည် ။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here