Tuesday, August 21, 2012

ဌာနဆိုင်ရာ ၀န်ထမ်းများ ခန့်အပ်ရာတွင် ဒေသခံတိုင်းရင်းသားများကို ဦးစားပေးရန် တိုင်းရင်းသားပါတီခြောက်ခုက တိုက်တွန်း

0 comments
ဌာနဆိုင်ရာ ၀န်ထမ်းများ ရွေးချယ်ခန့်ထားခြင်း၊ ပြောင်းရွှေ့တာဝန်ချထားခြင်း၊ရာထူး တိုးမြှင့်ခန့်ထားခြင်းပြုရာတွင် သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသားများကို ဦးစားပေးခန့် ထားဆောင်ရွက်သွားရန် တိုက်တွန်းသ ည့် အချက် အပါ အ၀င် အချက်ခြောက်ချ က်ပါ ကြေညာချက် ကိုညီနောင်တိုင်းရ င်းသားပါတီခြောက်ပါတီက ယနေ့ ထုတ်ပြန် လိုက်သည်။ညီနောင် တိုင်းရင်း သားပါတီများအနေဖြင့် ယခုထုတ်ပြန်ချက်သည် (၁၁)ကြိမ်မြောက် ဘုံသဘောထား ထုတ်ပြန်ချက် တစ်ခုဖြစ်ပြီး သဘောထားထု တ်ပြန် ချက်ကို နိုင်ငံတော်သမ္မတ မှစ၍ အားလုံးသိရှိနိုင်ရန် ထုတ်ပြန်မည်ဟု ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်ကပြောကြားသည်။

သဘောထားထုတ်ပြန်ချက်တွင် ပြည်တွင်းငြိမ်းချမ်းရေး အမှန်တကယ်ရရှိရေးအတွက် ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် နိုင်ငံတော် သမ္မတ၏ အမိန့်ညွှန်ကြားချက်များကို တပ်မတော်မှ လေးစားလိုက်နာရန်တိုက်တွန်းသည့်အချက်လည်းပါဝင်သည်။
ထို့အပြင် တိုင်းရင်းသားဘာသာစာပေကို သင်ကြားခွင့်ပြုထားပြီးဖြစ်ရာ တိုင်းရင်းသားစာပေပိုမိုလေ့လာနိုင်ရေး အထောက်အကူဖြစ်စေရန်အ
တွက် နေ့စဉ် (သို့မဟုတ်) အပတ်စဉ် သတင်းစာ၊ ဂျာနယ်စာစောင်တို့ကို မိမိတို့ဒေသအလိုက် သက်ဆိုင်ရာတိုင်းရင်းသားဘာသာစာပေဖြင့် ထုတ်
ဝေခြင်းပြုသွားမည်ဟုလည်းသိရသည်။ မြန်မာစကားမတတ်သော တိုင်းရင်းသားစာပေသင်ကြားပြီးကလေးများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဗဟုသုတများ တိုးပွားနိုင်စေရန် နေ့စဉ်ထုတ်သတင်းစာ၊ ဂျာနယ်များကို ထုတ်ဝေသွားမည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ
ဥက္ကဋ္ဌဦးနိုင်ငွေသိန်းကပြောသည်။
သတင်းစာ (သို့မဟုတ်) ဂျာနယ်များ ထုတ်ဝေရန်အတွက် အမြန်ဆုံးဆောင်ရွက်သွားမည်ဟုလည်း ဦးဇိုဇမ်က ပြောကြားသည်။ ညီနောင်တိုင်းရင်းသားပါတီများတွင် ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီတို့ပါဝင်သည်။

From -7DayNewsJournal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here