Sunday, August 19, 2012

လန်ဒန်မှ နယူးယော့ခ်သို့ အသံထက် ၆ ဆ မြန်သော လေယဉ်ဖြင့် တစ်နာရီဖြင့်အရောက်ပျံသန်းနိုင်မည်

0 comments

လန်ဒန်မှ နယူးယော့ခ်သို့ အသံထက် ၆ ဆ မြန်သော လေယဉ်ဖြင့် တစ်နာရီဖြင့်အရောက်ပျံသန်းနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။အမေရိကန်အာကာသအေဂျင်စီ နာဆာအဖွဲ့နှင့် ပင်တဂွန်စစ်ဌာနချုပ်တို့ ပူးတွဲသုတေသန ပြုလုပ်ထားသည့် X-51 A Waverider ဂျက်လေယာဉ် စမ်းသပ်မှု သည် သတ်မှတ်အမြန်နှုန်းဖြစ်သည့် အသံထက် ခြောက်ဆမြန်နှုန်းကို ရောက်ရှိခြင်းမရှိဟု အမေရိကန်လေတပ်က ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဂျက်လေယာဉ်သည် အသံထက် ခြောက်ဆမြန်နှုန်းဖြင့် သွားရန်စီစဉ်ထားပြီး လက်ရှိခရီးသည် လေယာဉ်များသုံးနာရီကြာ ပျံသန်းသည့် နယူးယောက်ခ်မှလန်ဒန်ခရီးစဉ်ကို တစ်နာရီအတွင်းသွားနိုင်မည်ဖြစ် ကြောင်းသိရသည်။ အဆိုပါ စမ်းသပ်မှု မအောင်မြင်ရခြင်းသည် ၎င်းယာဉ်တွင် တပ်ဆင်ထားသည့် ပဲ့ထိန်းတောင်ပံ တစ်ခုကြောင့်ဖြစ်ကြောင်း သိရသည်။

၎င်းလေယာဉ်ကို အရှည်မီတာ ၅ဝ ရှိသည့် B-52 ဗုံးကြဲလေယာဉ်မှ ပေ ၅ဝဝဝဝ အကွာအဝေးမှ ဖြုတ်ချစမ်း သပ်ခြင်းဖြစ်ပြီး အဆိုပါစမ်းသပ်မှုသည် နာဆာနှင့် ပင်တဂွန်စစ်ဌာနချုပ်တို့ ပူးပေါင်းပြီး မြန်နှုန်းမြင့်ဒုံးကျည်များ တည်ဆောက်ရန်နှင့် ခရီးသည်ဂျက်လေယာဉ် တည်ဆောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သတင်းဌာန တစ်ခုက ဖော်ပြထားကြောင်းသိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here