Thursday, August 9, 2012
0 comments

၁-၈-၂၀၁၂ နေ့ အမျိုးသား လွှတ်တော် အစည်းအဝေးမှ လာဘ်ပေး လာဘ်ယူ ပပျောက်ရေး
လာဘ်ပေး လာဘ်ယူနှင့် ဆုံးရှုံး နစ်နာမှူ ဥပဒေကြမ်းကို အတည်ပြု ကြောင်း ဆုံးဖြတ် ခဲ့ပါသည်။ လာဘ်ပေး လာဘ်ယူမှုနှင့် ပက်သက်၍ ကျွန်တော်၏ အတွေ့အကြုံ အသိအမြင် များအရ ဆွေးနွေး တင်ပြစရာ အချက်လေးတခုကို တွေ့ခဲ့ပါသည်။
နိုင်ငံတော် အစိုးရမှ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ကိစ္စအား အရေး ထားဆောင်ရွက် မှုများ မှာလည်း အထင် အရှား ဖြစ်ပါသည်။ ပြည်သူများ အနေဖြင့် လာဘ်ပေး  လာဘ်ယူကိစ္စများကို ဝိုင်းဝန်း ကာကွယ် ကူညီဖော် ထုတ်ပေးရေးမှာ နိုင်ငံတော်၏ ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် အလွန်အရေး ပါလှပေသည်။ လာဘ်ပေး လာဘ်ယူ ပြုလုပ်ရာတွင် တရားစီရင်ရေး မဏ္ဍိုင်မှ လွဲ၍ အခြားသော ဌာနများတွင် လာဘ်ပေး လာဘ်ယူ မှုကြောင့် အဓိကနိုင်ငံတော်တွင် ဆုံးရှုံး နစ်နာ မှုများ ဖြစ်ရ ပါသည်။ တရား စီရင်ရေး မဏ္ဍိုင်ဖြစ်သော ရဲစခန်း၊ ဥပဒေရုံးနှင့် တရားရုံးတို့တွင် လတ်တလော တိုက်ရိုက် ဆုံးရှုံး နစ်နာသူမှ တာဝန်ရှိဝန်ထမ်းများ၏ တရားလို(သို့မဟုတ်) တရားခံသာ ဖြစ်ပါသည်။ အမှန်တကယ် ဆုံးရှုံးနစ်နာသူမှ တာဝန်ရှိဝန်ထမ်းများ၏ တရားလို (သို့မဟုတ်) တရားခံများနှင့် ရင်းနှီးပေါင်းဖက်ပြီး ဘက်လိုက်ဆောင်ရွက် နေမှုများအား သက်ဆိုင်ရာ အထက်အဖွဲ့အစည်းများအား ဖော်ထုတ် တိုင်တန်းခဲ့ကြပါသည်။
သက်ဆိုင်ရာ အထက်အဖွဲ့အစည်းများ မှလည်း အရေးတယူ စစ်ဆေးဖော်ထုတ်ပြီး အကျင့်ပျက်ဝန်ထမ်းများကို အရေးယူမှုများကိုလည်း တွေ့ ရှိနေရပါသည်။ ယင်းကျင့်ပျက် ဝန်ထမ်းများ၏ လ်ုပဆောင်ချက်များသည် လုပ်ပိုင်ခွင့်အာဏာ ဥပဒေ ကျွမ်းကျင် ပိုင်နိုင်မူကို အလွဲသုံးစားပြု ဘက်လိုက်ဆောင်ရွက် ထားခြင်းကြောင့် ဥပဒေနှင့် အညီဟု ဆိုရန် အကြောင်းမရှိပေ။ ထို့ကြောင့် တရားလို (သို့မဟုတ်) တရားခံများတွင် ကိုယ်တိုင် ကုစား၍ မရသော ဆုံးရှုံးနစ်နာမှုများ ကြီးစွားရှိနေပါသည်။ ဥပမာ ရဲစခန်းမှ တာဝန်ရှိသူသည် ကျင့်ဝတ်ကျင့်ထုံးနှင့် အညီ မပြုလုပ်ဘဲ ဘက်လိုက်၍ တရားရုံး၌ ယင်းအမှုအား ရဲစခန်း ဥပဒေ ရုံးတို့၏ တင်ပြချက်အတိုင်း ဆက်လက် စစ်ဆေးနေခြင်းကြောင့် တရားလို (သို့မဟုတ်) တရားခံများမှာ နစ်နာပါသည်။
ထိုဆုံးရှုံးနစ်နာမှုများကို သက်ဆိုင်ရာ ဌာနများ အနေဖြင့် ဥပဒေနှင့်အညီ လမ်းညွှန်ကုစားပေးမှု၌ လွန်စွာ အားနည်းလှ ပါသည်။ ထို အကျင့်ပျက် ဝန်ထမ်းများ၏ တာဝန်မဲ့ လုပ်ဆောင်မှုကြောင့် အမှန်တကယ် ဆုံးရှုံးနစ်နာမှုများကို လည်း သက်ဆိုင်ရာ အထက်အဖွဲ့အစည်းများမှ တာဝန်ယူဖြေရှင်းပေးခြင်းဖြင့် နိုင်ငံသားတိုင်း၏ မူလ အခွင့်အရေးနှင့် ရှိရင်းစွဲ ဥပဒေပါ အခွင့်အရေးများကို အပြည့်အဝ ခံစားရရှိနိုင်ခြင်းဖြင့် နိုင်ငံသားတိုင်း ဒီမိုကရေစီ အခွင့်အရေး အပြည့်အဝ ရရှိနိုင်မည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
nyunt win

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here