Thursday, August 9, 2012

ပင်းတယမြို့ ၊ ရေချမ်းစဉ်ကျေးရွာအနီးကားမှောက်

0 comments
ပင်းတယ သြဂုတ်၈
ပင်းတယမြို့မှာ လမ်းဆောက်လုပ်နေတဲ့ သန်းသုံးသန်း ကုမ္ပဏီက ကားတစ်စီးဟာ ပင်းတယမြို့နယ် ပွေးလှကျေးရွာကနေ လမ်းလုပ်ငန်းတွေလုပ်ပြီး ပြန်လာတုန်း ရေချမ်းစဉ်ကျေးရွာအနီးမှာ ကားမှောက်သွားတယ်လို့ ဒေသခံတစ်ဦးဆီမှသိရပါတယ်။
အဲ့ဒီလိုကားမှောက်မှုကြောင့် ယာဉ်မောင်နဲ့အတူလိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦးကတော့ နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သူကဆက်ပြောပါတယ်
“ ရေချမ်းစဉ်လမ်းကွေ့မှာကားမှောက်တာဗျ၊ ကောင်မလေးကယာဉ်မောင်းဘေးမှာလိုက်လာတော့ အဲ့ဒီခေါင်းခန်းဘယ်ဘက်ခြမ်းကားတစ်ကားပွင့်သွားပြီး လမ်းပေါ်ပြုတ်ကျသွားတာ။ အဲ့ဒီနေရာတင်ပဲပွဲချင်းပြီးသေသွားတာဗျာ” လို့ပြောပါတယ်။
သေဆုံးသွားတဲ့အမျိုးသမီးအလောင်းကိုတော့ဆေးရုံကိုပို့ထားတယ်လို့သိရပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here