Wednesday, August 29, 2012

ခိုလမ်မြို့နယ်တွင် မြန်မာ့ထုန်ကုန် ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပမည

0 comments

တောင်ကြီး ၊သြဂုတ် ၂၇
၂၀၁၂ ခုနှစ် သြဂုတတ်လ (၂၇) ရက်နေ့ကနေ စက်တင်ဘာလ (၃) ရက်နေ့အထိ ခိုလမ်မြို့နယ်ခွဲ၊ ရွှေစေတီဘုရားကွင်းပြင်တွင် အောက်သြဘာ ၀န်ဆောင်မှု ကုမ္ပဏီရဲ့ မြန်မာ့ထုတ်ကုန် ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ကျင်းပပြုလုပ်သွားမယ်လို့ သိရှိရပါတယ်။
ဒီကုန်စည်ပြပွဲနဲ့ ဈေးရောင်းပွဲတော်ကို နေ့စဉ် မနက် (၇) နာရီကနေည (၁၀)နာရီထိ ကုမ္ပဏီဝန်ထမ်း စုစုပေါင်း (၂၀၀) ခန့်တို့မှ ရောင်းချသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ ဈေးရောင်းပွဲတော်အပြင် ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ မိုးရာသီသုံး ထီး ၊ဖိနပ်၊ မိုးကာအင်္ကျီ၊ အ၀တ်အထည်အမျိုးမျိုးကို ရောင်းချသွားမယ်လို့ အောင်သြဘာ ၀န်ဆောင်မှု ကုမ္ပဏီရဲ့ အုပ်ချုပ်ရေးမှူး ဒါရိုက်တာ ဦးဇင်မင်းထက်က ပြောကြားသွားပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here