Monday, August 20, 2012

တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်(၄၅ဝ)နှင့်အထက် ရရှိသူများ ကွန်ပျူတာတက္ကသိုလ်သို့ ထပ်မံလျှောက်ထားနိုင်

0 comments

၂ဝ၁၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မှတ် (၄၅ဝ)နှင့်အထက်ရရှိထားသူများသည်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားပြီးပါကလည်း
ရန်ကုန်နှင့် မန္တလေးရှိအဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်များတွင်ထပ်မံလျှောက် ထားနိုင်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက
သိရသည်။
“ရမှတ် (၄၅ဝ)နဲ့အထက်ရတဲ့သူတွေက အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ်အတွက် လျှောက်ချင်သေး တယ်ဆိုရင်   လျှောက်ထား  လို့ရပါတယ်။ မူလလျှောက်ထားတဲ့ တက္ကသိုလ်ဝင်ခွင့်ဦးစားပေးလျှောက် ထားတာတော့ ဦးစားပေး (၂)ဖြစ်သွားမှာပေါ့။ အရင်လျှောက်တဲ့ စာအိတ်နံပါတ်တော့ မှန်ဖို့လိုမယ်။ ဒါမှပြန်ချိတ်ဆက်လို့ရမှာ” ဟု မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာမီမီသက်တင် ကပြောသည်။


 အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ် အတွက်လျှောက်လွှာများကို သက်ဆိုင်ရာ ကွန်ပြူတာ တက္ကသိုလ်များတွင် စက်တင်ဘာ (၁၂)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပြီး မူလလျှောက်ထားခဲ့သော တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ၏ စာအိတ်နံပါတ်ကို တိကျစွာဖော်ပြရန် လိုအပ်ကြောင်း သိရသည်။

 အဆိုပါ တက္ကသိုလ်မှာ ယခုနှစ်ပညာသင်နှစ် (၂ဝ၁၂-၂ဝ၁၃)မှစ၍ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲအောင်မှတ် (၄၅ဝ)နှင့် အထက်ရရှိသူများ လျှောက်ထားနိုင်ကာတက္ကသိုလ်ဝင်တန်းအောင်မှတ် (၃၆၅) မှတ် ရရှိသူများမှာ ပုံမှန်ဖွင့်လှစ်နေကျ
ဘွဲ့ကြိုသင်တန်းများကို လျှောက်ထားနိုင်ကြောင်းသိရသည်။


အဆင့်မြင့်ကွန်ပြူတာတက္ကသိုလ်တွင်ဘွဲ့ကြိုသင်တန်းအမျိုးအစား(၇)မျိုးပါဝင်မည်ဖြစ်ပြီး Bachelor of Computer Sciences အတွက် ဘာသာရပ်(၄)ခု နှင့် Bachelor of Computer Technologyအတွက် ဘာသာရပ် (၃) ခုအား ရွေးချယ်တက်ရောက်နိုင်ပြီး ဘွဲ့ကြိုသင်တန်းကာလ(၅)နှစ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


 မြန်မာနိုင်ငံရှိ တက္ကသိုလ်များအား နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရန်Centre of Excellence
 များအဖြစ် နည်းပညာတက္ကသိုလ်များနှင့် ရန်ကုန်၊မန္တလေး ကွန်ပျူတာတက္ကသိုလ်များတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here