Friday, September 14, 2012

၂၀၁၆ တွင် မြန်မာနိုင်ငံ၌ စက်မှုလုပ်ငန်းသုံး ယန္တရားကြီး၊ ယာဉ်များ တင်သွင်းမှုစီးရေတစ်သောင်းကျော်မည်ဟုအမေရိကန်ကုမ္ပဏီ ခန့်မှန်း

0 comments

မြန်မာနိုင်ငံတွင်း၌ တစ်ဟုန်ထိုးတိုးတက်လာနေသော သတ္တုတူးဖော် ရေးလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံ လမ်းတံတားဆိုင် ရာစီမံကိန်းကြီးများ တိုးတက်လာ မှုကြောင့် လာမည့် ၂၀၁၆ ခုနှစ် တွင် စက်မှုလုပ်ငန်းသုံး အကြီးစား စက်ယန္တရားကြီးများ၊ ကုန်တင် ယာဉ်ကြီးများတင်သွင်းမှု
စီးရေတစ်သောင်းကျော်အထိ ပိုမိုများ ပြားလာနိုင်ကြောင်း အမေရိကန်မှ Frost & Sullivan ကုမ္ပဏီက ပြောကြားလိုက်သည်။

ယင်းကုမ္ပဏီ၏ မော်တော် ယာဉ်နှင့် ပို့ဆောင်ရေးဆိုင်ရာ အာရှပစိဖိတ်ဒေသ၏ အကြံပေး ပညာရှင် မစ္စတာမာဆာကီဟွန်ဒါ က မြန်မာနိုင်ငံတွင် ၂၀၁၆ ၌ စက်မှုလုပ်ငန်းသုံး အကြီးစား ယန္တရားယာဉ်ကြီးများ တင်သွင်းမှု မှာ စီးရေ ၁၂,၇၀၀ အထိရှိလာနိုင် ကြောင်းဆိုသည်။ ၎င်းက နိုင်ငံ တွင်း၌ မှတ်ပုံတင်ထားသော ထရပ်ကားကြီးများအရေအတွက် မှာ ပြည်တွင်း၌ တပ်ဆင်မှုနှင့် ပြည်ပမှ တင်သွင်းမှုအပါအ၀င် ၂၀၁၆ ၌ လက်ရှိ စီးရေ ၄"၀၀၀ မှ ၁၀"၁၀၀ အထိ တိုးလာနိုင် ကြောင်းပြောသည်။

၎င်းက “ဒီတိုးတက်မှုဟာ မြေသယ်ထရပ်ကားကြီးတွေနဲ့ တခြားလုပ်ငန်းသုံး စက်ယန္တရားကြီးတွေ သုံးစွဲမှုက သတ္တုတွင်းလုပ်ငန်းနဲ့ အခြေခံအဆောက်အအုံ လုပ်ငန်းတွေမှာ တိုးတက်လာလို့ ဖြစ်ပါတယ်”ဟုပြောသည်။

မစ္စတာဟွန်ဒါက မြန်မာနိုင် ငံတွင် ၂၀၁၁ ၌ မှတ်ပုံတင်ထားသော ဘတ်စ်ကားအသစ် စီးရေ ၇၀၀ ခန့်ရှိပြီး ယင်းအရေအတွက်မှာ နိုင်ငံတွင်း ခရီးသည်များနှင့် အိမ်နီးချင်းနိုင်ငံများမှ ခရီးသည် များသွားလာမှု တိုးပွားလာသော ကြောင့် ၂၀၁၆ တွင် စီးရေ ၂,၆၀၀ အထိ ရှိလာနိုင်ကြောင်း ခန့်မှန်းပြောကြားသည်။

Frost & Sullivanကုမ္ပဏီ သည် ဈေးကွက်သုတေသန၊ ဖွံ့ ဖြိုးရေးနှင့် ဈေးကွက်မဟာဗျူဟာ ဆိုင်ရာ အကြံပေးကုမ္ပဏီတစ်ခု ဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ် မောင်တိန်ဗြူးတွင် အခြေစိုက်ကာ နိုင်ငံပေါင်း ၄၀ ကျော်တွင် ရုံးခွဲ များဖွင့်လှစ်ထားသည်။
From : The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here